Part 17
#zawgyi
"Hello "
"ဘာ ဘယ်လို "
"Nickhun "
#TBC
#UNICODE
Taeyeon ရဲ့ အဝတ်တွေကို Tiffany ခေါက်သိမ်းပြီး သူ့ဘီဒိုထဲ ထည့်ပေးနေသည်
Taeyeonကလည်း Company မှာ အစည်းအဝေးရှိလို့ ဆိုပြီး အိမ်မှာရှိမနေပေ
အရင်ရက်ပိုင်းကတော့ Tiffany ဘေးနား Taeyeon အမြဲရှိနေပေးခဲ့ပေမယ့် Nickhun ကြောင့် စိတ်ရှုပ်နေမယ်ဆိုတာလည်း Tiffany သိနေပါတယ်
Nickhunကြောင့် ယခုဆို Tiffanyနား အစောင့်တွေတောင် Taeyeon ထားပေးထားသည်
Tiffanyလည်း စိတ်ရှုပ်နေသည် ဘာလို့ဆို Nickhunက သူ့ယောင်္ကျားဆိုပြီး ပြောနေခြင်းကြောင့် ဖြစ်သည်
"ပန်းခြံမှာ တွေ့ခဲ့တဲ့ အဘွားကိုလိုက်ရှာရမယ် သူကတော့ အဖြေသိမှာ သေချာတယ် "
အဘွားအိုကို လိုက်ရှာဖို့ Tiffany စိတ်ဆုံးဖြတ်လိုက်သည်
Taeyeonကတော့ သူမကို စိတ်တိုနေမယ်ဆိုတာ Tiffany သိပေမယ့် Tiffanyမှာတော့ ရွေးချယ်စရာမရှိပေ
အတွေးတွေက Tiffanyကို ဝါးမျိုနေပြီး သူ့ကိုယ်သူ ဘယ်သူလည်းဆိုတာ Tiffany တကယ် သိချင်မိသည်
ထို့ကြောင့် အခန်းပြတင်းပေါက်ကနေ အစောင့်တွေ မသိအောင် ခုန်ချ ဆင်းပြီး ထွက်ပြေးသွားတယ်
Taeyeon meeting ပြီးလို့ ကော်ဖီသောက်နေတုံး လက်ထဲက ကော်ဖီခွက်က ရုတ်တရက် အောက်ကို ပြုတ်ကျသွားသည်
တစ်ခုခု ဖြစ်တော့မယ်ဆိုတာ Taeyeon သိလို့ စိတ်တွေ လှုပ်ရှားနေသည်
ထိုစဉ် Taeyeonဆီသို့ ဖုန်းဝင်လာသည်
"Hello "
"Boss.....Tiffany အိမ်က ထွက်ပြေးသွားလို့ "
အစောင့်တစ်ယောက်ရဲ့ စကားကြောင့် Taeyeon ခေါင်းတစ်ခုလုံး ပေါက်ထွက်သွားတော့မလို ခံစားသွားရတယ်
"ဘာ ဘယ်လို "
"မမလေး Tiffany က အခန်းပြတင်းပေါက်ကနေ ခုန်ချပြေးသွားတာ "
"မင်းတို့ကို ငါက ဘာလုပ်ဖို့ စောက်ဆံကုန်ခံပြီး ငှါးထားတာလည်း ဟမ် အသုံးမကျလိုက်တာ ခုချက်ချင်း ဆိုးလ်တစ်မြို့လုံးကို မြေလှန်ရှာ "
Taeyeon ချက်ချင်းဘဲ Companyကနေ Tiffanyကိုရှာဖို့ ထွက်လာလိုက်သည်
Companyရှေ့တွင် မတွေ့ချင်ဆုံးသော Nickhunကို တွေ့ရလို့ Taeyeon ပိုစိတ်တိုသွားသည်
"အလောတကြီးနဲ့ ဘယ်သွားမလို့လည်း "
Nickhunနား Taeyeon သွားပြီး
"Tiffany ပျောက်သွားတာ မင်းလက်ချက်ဆို ငါ မင်းကို အသက်ရှင်ရက်မထားဘူး "
"ဘာလား Tiffanyက မင်းအိမ်မှာ မဟုတ်ဘူးလား "
"မင်း ခေါ်သွားတာ မဟုတ်ဘူးလား "
"သိတောင် မသိဘူး Tiffany ခုထိ ကလေးဆန်နေပြန်ပြီ "
"အဲ့တာ အရေးမကြီးဘူး သူ့ကိုရှာရမယ် လာ ကားထဲဝင် '
"အံမယ် ဘာလို့ဝင်ရမှာလည်း ငါ့မှာလည်း ကားရှိတယ် ငါ့မိန်းမကို ငါ့ဘာသာ ရှာမယ် "
"Nickhun "
Nickhunကို ဇွတ်ခေါ်ရခြင်းမှာ တစ်ခြားမဟုတ် မတော်လို့ Tiffanyကို သူ အရင်တွေ့ပြီး ပြန်ခေါ်သွားမှာ Taeyeon စိတ်ပူလို့ပင် ဖြစ်သည်
ကားလမ်းမပေါ်တွင် စိတ်လှုပ်ရှားနေပြီး ကားမောင်းနေတဲ့ Taeyeonကို Nickhun ကြည့်နေသည်
"ဘာလို့လည်း ... မင်းဆီက တစ်စုံတစ်ယောက် ထွက်ပြေးသွားတဲ့ ခံစားချက်ကို သိရက်နဲ့ ဘာလို့ ငါ့ဆီကနေ Tiffanyကို ခေါ်ချင်နေတာလည်း Taeyeon "
"အဲ့တာက ငါမေးရမှာပါ ငါနဲ့ Tiffanyက တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ချစ်ကြတယ်...Tiffanyက အခု မင်းကိုချစ်လို့လား.....ဒါဆို ဘာလို့ငါ့ဆီကနေ Tifffany ကို ခေါ်ချင်နေရတာလည်း "
Taeyeon စကားမှန်နေလို့ Nickhun ခေါင်းငိုက်စိုက်ဖြစ်သွားတယ်
"ဒါပေမယ့် Taeyeon....သူက ငါ့မိန်းမလေကွာ မင်းသူနဲ့လည်း အတူနေပြီးပြီဘဲ မိန်းကလေးချင်း လက်ထပ်လို့မှ မရတာ "
"ဒီမှာမရရင် ငါ LGBT လက်ခံတဲ့နိုင်ငံထိ သွားမယ် Tiffanyနဲ့လက်ထပ်မယ် ရှင်းလား "
"Thaiမှာ ရှိတဲ့ Tiffany မိဘတွေလည်း သူ့သမီးကို လွမ်းနေမှာ..... "
Nickhun စကားကြောင့် Taeyeon စဉ်းစားလိုက်သည်......Tiffanyက တကယ်ဘဲ Nickhun ရဲ့ Tiffanyလား ဒါမှမဟုတ် အရုပ်မဘဲလား......Taeyeon စိတ်တွေရှုပ်ထွေးနေတယ်
Bạn đang đọc truyện trên: Truyen3h.Co