Truyen3h.Co

Living Doll

Part 18

KimFany059

#zawgyi

Tiffanyမွာ Taeyeonရဲ႕ companyနားက ပန္းျခံထဲတြင္ အဘြားအုိတစ္ေယာက္ကုိ လုိက္႐ွာေနသည္

ထုိအဘြားအုိကုိေတြ႔ရမွ သူ႔စိတ္ထဲ ျဖစ္ေနတဲ့ ဒိြဟေတြကို Tiffany ေျဖ႐ွင္းႏုိင္မွာလုိ႔ ယုံၾကည္ေနသည္

သိပ္ၾကာၾကာမ႐ွာလုိက္ရ ကေလးငယ္တစ္ေယာက္ကို ဒန္းလႊဲေပးေနတဲ့ အဘြားအုိကို ေတြ႔လုိက္ရသည္

"အဘြား......"

အဘြားအုိလည္း Tiffanyကို ေတြ႔ေတာ့ ျပံဳးၿပီး

"သမီး အဘြားကုိ လာ႐ွာမယ္ဆုိတာ သိေနတယ္......"

"ေမးစရာေလး႐ွိလုိ႔ပါ "

"ေကာင္းပါၿပီ လာ ဟုိဘက္သြားထုိင္ရေအာင္....."

ခုံတန္း႐ွည္တြင္ Tiffany ထုိင္လုိက္ၿပီး

"သမီးစိတ္ထဲ အပုိင္းအစေတြဘဲ ႐ွိၿပီး ဘာမွမမွတ္မိေတာ့ဘူး စဥ္းစားလုိ႔လည္းမရဘူး ဦးေႏွာက္တစ္ခုလုံးေပါက္ထြက္ေတာ့မလုိ ခံစားရတယ္ အ့ဲတာ အဘြားက ကူညီေပးႏုိင္မယ္ထင္လုိ႔....."

"ကဲ သမီး မ်က္လုံးမွိတ္ထားလုိက္ "

အဘြားအုိကေျပာေတာ့ Tiffany မ်က္လုံးမွိတ္လုိက္သည္.....ထုိ႔ေနာက္ အဘြားအုိသည္ သူမ၏ လက္ကုိ Tiffany ေခါင္းေပၚတင္လုိက္သည္

Tiffany ခ်က္ခ်င္းဘဲ အိပ္ေပ်ာ္သြားေလသည္

Flashback...........

"ကဒ္ .......break time ေန႔လည္စာ စားၿပီး ဆက္႐ုိက္မယ္ "

တက္သစ္စ မင္းသမီးေလးျဖစ္တဲ့ Tiffany တစ္ေယာက္ စီနီယာေတြနဲ႔လည္း ထမင္းဝုိင္းအတူမစားရဲေတာ့ companyက ေပးတဲ့ ကားေပၚတြင္ မန္ေနဂ်ာနဲ႔ အတူ ထမင္းစားဖုိ႔ျပင္ေနသည္

ထုိစဥ္ Tiffanyတုိ႔ ႐ုိက္ကြင္းထဲ စုတ္စုတ္ျပတ္ျပတ္သူဖုန္းစား အဘြားအုိတစ္ေယာက္ ဝင္လာသည္

" သူဖုန္းစားမက ဘယ္လုိဝင္လာတာလည္း ေမာင္းထုတ္လုိက္စမ္း "

ဒါ႐ုိက္တာ အမိန္႔ေၾကာင့္ ႐ုိက္ကြင္းက ဝန္ထမ္းေတြလည္း သူဖုန္းစားအဘြားကုိ ေမာင္းထုတ္ၾကသည္

Tiffanyလည္း ကားေပၚကေန အားလုံး ျမင္ၿပီးေနာက္ မၾကည့္ရက္လုိ႔ ကားေပၚက ဆင္းၿပီး သူမလက္ထဲက ထမင္းဘူးကုိ အဘြားအုိအား ေပးလုိက္သည္

"အဘြား ေရာ့ပါ ေန႔လည္စာမစားရေသးဘူးမဟုတ္လား ဆာေနမွာေပါ့ ဒီထမင္းဘူးေလး ယူလုိက္ေနာ္ "

အဘြားအုိမွာ Tiffanyကုိၾကည့္ၿပီး

"သမီးေလးကေရာ.....အဘြားကုိေပးလုိက္ရင္ သမီးေန႔လည္စာ..."

"အုိ သမီးအတြက္ စိတ္မပူပါနဲ႔ အဘြားရယ္ သမီးက တစ္ျခားမုန္႔ဝယ္စားလုိ႔ရပါတယ္ ၿပီးေတာ့ေလ တစ္မ်ိဳးမထင္ပါနဲ႔ေနာ္ ဒီမွာ အဘြားအတြက္ လုိအပ္တာေလးဝယ္ဖုိ႔ "

Tiffany သူမအိတ္ထဲက ေငြတစ္ခ်ိဳ႕ထုတ္ၿပီး ေပးလုိက္သည္

"သာဓု သာဓုပါကြယ္ ငါ့သမီးေလး အခုလုိ လွဴ ဒါန္းရတဲ့အက်ိဳးကုိ တစ္ေန႔ျပန္ခံစားရပါေစလုိ႔ အဘြားဆုေတာင္းေပးပါတယ္"

အဘြားရဲ႕ ဆုေတာင္းစကားကုိ Tiffany နားမလည္ေပမယ့္ ပီတိျဖစ္ေနမိသည္

"Yah Tiffany ​ေန႔လည္စာကုိ သူ႔ေကြၽးေတာ့ နင္က ဘာသြားစားမွာလည္း companyကလည္း ဘာမွလုပ္ေပးတာမဟုတ္ဘဲ "

"တစ္ရက္တစ္ေလေလာက္ ေန႔လည္စာမစားဘဲ ေနတာ ဘာမွမျဖစ္ပါဘူး Oppaရယ္ chaw လည္း ဝိတ္က်တာေပါ့..... "

"႐ုိက္ကြင္းျပန္စမယ္ေဟ့......"

Rookie ေပါက္စ Tiffany....အရံမင္းသမီးအျဖစ္န႔ဲ သ႐ုပ္ေဆာင္ရင္း ပရိတ္သတ္အားေပးမႈလက္ခံရ႐ွိၿပီး ေခါင္းေဆာင္မင္းသမီးအျဖစ္သုိ႔ ေရာက္သြားသည္

တစ္ေန႔တြင္ ထုိင္းမွ နာမည္ႀကီး မင္းသား Nickhun နဲ႔ Drama တစ္ကား႐ုိက္ရေလသည္

ထုိကားတြင္ Tiffany နဲ႔ Nickhun တုိ႔အတြဲက ခ်စ္ဖို႔ေကာင္းလြန္းေသာေၾကာင့္ ပရိတ္သတ္ေတြမွာ Shipရင္း အျပင္မွာ လက္ထပ္ဖုိ႔အထိပါ လြန္လြန္ၾကဴးၾကဴး စိတ္ကူးယဥ္ေနၾကသည္

ေၾကာ္ျငာေတြကလည္း လူသိမ်ားခ်င္လုိ႔ Tiffany တုိ႔ကုိ ေခၚသုံးၾကသည္

တစ္ေန႔တြင္ Tiffany တစ္ေယာက္ Instagram ၾကည့္ေနတုံး သတင္းတစ္ခုေၾကာင့္ လန္႔သြားေလသည္

KhunFany Dating လုပ္ေနေၾကာင္း သက္ဆုိင္ရာ Entertainmentမ်ားက အတည္ျပဳ........

"ဟင္....မျဖစ္ဘူး CEOဆီ ဖုန္းဆက္မွျဖစ္မယ္....."

Tiffany သူမ CEOဆီ ဖုန္းဆက္လုိက္သည္

"Hello....."

"CEO....Chaw Tiffanyပါ အခုေတြ႔ခ်င္လုိ႔ရလား "

"ေအး ငါလည္းေျပာစရာ႐ွိတာနဲ႔ အေတာ္ဘဲ ႐ုံးခန္းကုိလာခဲ့ "

Tiffanyလည္း သူမ အိမ္ကေန အျမန္ထြက္လာၿပီး CEOဆီ သြားလုိက္သည္

"CEO ဒီသတင္းက အမွန္မွ မဟုတ္တာကို ဘာလုိ႔ အတည္ျပဳတာလည္း....chawက သူ႔ကိုိ သေဘာမက်ဘူးေလ "

"Tiffany.... မင္း စီးပြားေရးအေၾကာင္းကုိ နားမလည္ေသးဘူးဘဲ..... မင္း ဒီအႏုပညာေလာကထဲမွာ ေနမယ္ဆို သေဘာက်က် မက်က် Fan ေတြအႀကိဳက္ ေရလုိက္ငါးလုိက္ေနရမယ္....အခု မင္းနဲ႔ Nickhunကို ေၾကာ္ျငာေတြ producer ေတြ အမ်ားႀကီး လာငွါးၾကတယ္ေလ.....Rookie ဘဝတုံးကလုိ မဟုတ္ေတာ့ဘူး ေန႔ရက္တုိင္းဟာ မင္းအတြက္ လက္ဖ်ားေငြသီးျဖစ္ေနမယ့္အခ်ိန္ သေဘာက်တယ္မက်ဘူးက အေရးႀကီးလားေျပာ "

"ဒါေပမယ့္ "

"ဘာမွ အထြန္႔မတက္နဲ႔.....ဆက္ၿပီးအထြန္႔တက္မယ္ဆုိ ငါ့ဘက္ကေန မင္းကုိ Activity အားလုံးပိတ္ခ်ပစ္မယ္......နားလည္လား "

Tiffanyလည္း ခ်ိန္းေျခာက္ခံရၿပီး မတတ္ႏုိင္ဘဲ CEO သေဘာအရ ပရိတ္သတ္ေတြ ျမင္ႏုိင္တဲ့ ေကာ္ဖီဆုိင္မုန္႔ဆုိင္ေတြတြင္ Nickhunနဲ႔ ဒိတ္ေနရသည္

Tiffany က Nickhunကို သေဘာမက်ေပမယ့္ Nickhunကေတာ့ Tiffanyကို ေတာ္ေတာ္ေလး ခ်စ္႐ွာသည္ 

Tiffanyကေတာ့ အလုပ္သေဘာအရတြဲေနေပမယ့္ ေတာ္ေတာ္ေလးေတာ့ စိတ္ညစ္ေနသည္

"ဟင္ We got Married ႐ုိက္ရမယ္ ဟုတ္လား CEO "

"ေအးေလ သူမ်ားေတြလည္း ဒီလို႐ုိက္ေနက်ကို ဘာျဖစ္တာလည္း"

Tiffany အတင္းအၾကပ္ခုိင္းခံရေသာေၾကာင့္ တစ္ေန႔တစ္ျခား စိတ္ဓာတ္ေတြက်လာသည္.....

သတ္ေသဖုိ႔အထိပါ ႀကိဳးစားဖူးေပမယ့္ မန္ေနဂ်ာ Oppaေရာက္လာၿပီး ေတြ႔သြားလုိ႔ Cardထဲမွ လစာေတြအကုန္ျဖတ္ခံရသည္

We got married ႐ုိက္ရာမွ မိသားစုအိမ္သြားလည္ရာတြင္ ႏွစ္ဖက္မိဘလုံးက သေဘာက်ေနေသာေၾကာင့္ သူမတုိ႔ကုိ လက္ထပ္​ေပးဖုိ႔ထိပါ စီစဥ္ေပးၾကသည္

ကိစၥ​ေတြ အႄကီးႀကီးျဖစ္လာေတာ့လည္း Tiffany ျငင္းမရေတာ့ေပ.....ေရြးခ်ယ္စရာမ႐ွိတာနဲ႔ လက္ထပ္ပြဲ က်င္းပခဲ့သည္

လက္ထပ္မယ့္ေန႔တြင္ မဂၤလာခန္းမ သြားမယ့္ လမ္းတြင္ မီးပိြဳင့္မိေနတုံး Tiffany သူမတုိ႔ ကားေဘးနားလာရပ္တဲ့ ေနာက္ကားတစ္စီးကုိ လွမ္းၾကည့္မိလုိက္သည္

ထိုကားထဲ႐ွိေနသူက တစ္ျခားမဟုတ္ Kim Taeyeon နဲ႔ ကုိယ္ဝန္သည္ Seolhyun ပင္ျဖစ္သည္

Taeyeonက Seolhyunကို ေရဘူးေပး ေခြၽးသုတ္ေပး ေသခ်ာဂ႐ုစုိက္ေပးေနတာၾကည့္ၿပီး Tiffany မသိလုိက္ဘဲ ျပံဳးမိသြားသည္...........

Taeyeonတုိ႔ကား ထြက္သြားေတာ့ လမ္းတစ္ဖက္က Tiffanyကို ျပံဳးျပေနတဲ့ သူဖုန္းစားအဘြားကုိ Tiffanyေတြ႔ေတာ့ ျပန္ျပံဳးျပၿပီး ႏႈတ္ဆက္လုိက္သည္

"အဘြားက ခုထိ ငါ့ကုိမွတ္မိေနေသးတာဘဲ "

မီးစိမ္းလုိ႔ ကားဒ႐ုိင္ဘာ ဆက္သြားစဥ္ လမ္းတစ္ဖက္မွ ကုန္တင္ကားတစ္စီးက ေရာက္လာၿပီး Tiffany တုိ႔ မဂၤလာေဆာင္ကားကုိ ဝင္တုိက္လုိက္သည္

End of flash

Tiffany အိပ္ရာကေန လန္႔ႏုိးလာသည္

"သတိရလာၿပီလား....."

"Chaw chaw အိမ္မက္မက္ေနတာလားဟင္...."

"မင္း အရင္ကအေၾကာင္းေတြ သတိရေအာင္လုပ္ေပးလုိက္တာပါ "

"အ အဘြားက သူဖုန္းစားအဘြား မဟုတ္လား "

"ဟုတ္တယ္....တစ္နည္းေျပာရရင္ လူေတြက ေစတနာနဲ႔လွဴ တာကုိ လက္ခံၿပီး သူတုိ႔မသိစိတ္ကျဖစ္ခ်င္တာေတြ ျဖည့္စည္းေပးတဲ့ နတ္သမီးေပါ့ "

"ဟင္.....ဒါဆုိ ႐ုပ္႐ွင္ေတြထဲကလုိေပါ့.."

"ဟုတ္တယ္.....ငါ့သမီးက အ့ဲလူကုိတစ္ကယ္မခ်စ္ဘဲ စိတ္ဆင္းရဲေနတာေတြ႔ရေတာ့ အဘြားက ဝင္ကူညီေပးတာပါ "

"ေဆး႐ုံကေပ်ာက္တာက "

"အဘြား လာခုိးသြားတာပါ ၿပီးက် သမီး သတိေမ့ေနတုံး သမီးရဲ႕စိတ္ဝိညာဥ္ကို သမီးမသိစိတ္က သေဘာက်ေနတဲ့ Kim Taeyeonရဲ႕ အ႐ုပ္မထဲထည့္လုိက္တာပါ...ၿပီးက် သမီး မင္းသမီးျဖစ္ခဲ့တာေၾကာင္းကုိ အဘြားက အားလုံးစိတ္ထဲက ဖ်က္ပစ္လုိက္တယ္ ဘာလုိ႔လည္းဆုိေတာ့ ငါ့သမီးေလး လြတ္လြတ္လပ္လပ္ေနႏုိင္ေအာင္လုိ႔..."

"ဒါ ဒါဆုိ...."

"ခုဆုိ သမီးလည္း႐ွင္းသြားေလာက္ေရာေပါ့ ....အဘြားလည္း ကိစၥေလးေတြ႐ွိလုိ႔သြားလုိက္အုံးမယ္ "

အဘြားႀကီးလည္း Tiffanyကို ႏႈတ္ဆက္ၿပီး ပန္းျခံက ထြက္လာေလသည္

#TBC

#Unicode

Tiffanyမှာ Taeyeonရဲ့ companyနားက ပန်းခြံထဲတွင် အဘွားအိုတစ်ယောက်ကို လိုက်ရှာနေသည်

ထိုအဘွားအိုကိုတွေ့ရမှ သူ့စိတ်ထဲ ဖြစ်နေတဲ့ ဒွိဟတွေကို Tiffany ဖြေရှင်းနိုင်မှာလို့ ယုံကြည်နေသည်

သိပ်ကြာကြာမရှာလိုက်ရ ကလေးငယ်တစ်ယောက်ကို ဒန်းလွှဲပေးနေတဲ့ အဘွားအိုကို တွေ့လိုက်ရသည်

"အဘွား......"

အဘွားအိုလည်း Tiffanyကို တွေ့တော့ ပြုံးပြီး

"သမီး အဘွားကို လာရှာမယ်ဆိုတာ သိနေတယ်......"

"မေးစရာလေးရှိလို့ပါ "

"ကောင်းပါပြီ လာ ဟိုဘက်သွားထိုင်ရအောင်....."

ခုံတန်းရှည်တွင် Tiffany ထိုင်လိုက်ပြီး

"သမီးစိတ်ထဲ အပိုင်းအစတွေဘဲ ရှိပြီး ဘာမှမမှတ်မိတော့ဘူး စဉ်းစားလို့လည်းမရဘူး ဦးနှောက်တစ်ခုလုံးပေါက်ထွက်တော့မလို ခံစားရတယ် အဲ့တာ အဘွားက ကူညီပေးနိုင်မယ်ထင်လို့....."

"ကဲ သမီး မျက်လုံးမှိတ်ထားလိုက် "

အဘွားအိုကပြောတော့ Tiffany မျက်လုံးမှိတ်လိုက်သည်.....ထို့နောက် အဘွားအိုသည် သူမ၏ လက်ကို Tiffany ခေါင်းပေါ်တင်လိုက်သည်

Tiffany ချက်ချင်းဘဲ အိပ်ပျော်သွားလေသည်

Flashback...........

"ကဒ် .......break time နေ့လည်စာ စားပြီး ဆက်ရိုက်မယ် "

တက်သစ်စ မင်းသမီးလေးဖြစ်တဲ့ Tiffany တစ်ယောက် စီနီယာတွေနဲ့လည်း ထမင်းဝိုင်းအတူမစားရဲတော့ companyက ပေးတဲ့ ကားပေါ်တွင် မန်နေဂျာနဲ့ အတူ ထမင်းစားဖို့ပြင်နေသည်

ထိုစဉ် Tiffanyတို့ ရိုက်ကွင်းထဲ စုတ်စုတ်ပြတ်ပြတ်သူဖုန်းစား အဘွားအိုတစ်ယောက် ဝင်လာသည်

" သူဖုန်းစားမက ဘယ်လိုဝင်လာတာလည်း မောင်းထုတ်လိုက်စမ်း "

ဒါရိုက်တာ အမိန့်ကြောင့် ရိုက်ကွင်းက ဝန်ထမ်းတွေလည်း သူဖုန်းစားအဘွားကို မောင်းထုတ်ကြသည်

Tiffanyလည်း ကားပေါ်ကနေ အားလုံး မြင်ပြီးနောက် မကြည့်ရက်လို့ ကားပေါ်က ဆင်းပြီး သူမလက်ထဲက ထမင်းဘူးကို အဘွားအိုအား ပေးလိုက်သည်

"အဘွား ရော့ပါ နေ့လည်စာမစားရသေးဘူးမဟုတ်လား ဆာနေမှာပေါ့ ဒီထမင်းဘူးလေး ယူလိုက်နော် "

အဘွားအိုမှာ Tiffanyကိုကြည့်ပြီး

"သမီးလေးကရော.....အဘွားကိုပေးလိုက်ရင် သမီးနေ့လည်စာ..."

"အို သမီးအတွက် စိတ်မပူပါနဲ့ အဘွားရယ် သမီးက တစ်ခြားမုန့်ဝယ်စားလို့ရပါတယ် ပြီးတော့လေ တစ်မျိုးမထင်ပါနဲ့နော် ဒီမှာ အဘွားအတွက် လိုအပ်တာလေးဝယ်ဖို့ "

Tiffany သူမအိတ်ထဲက ငွေတစ်ချို့ထုတ်ပြီး ပေးလိုက်သည်

"သာဓု သာဓုပါကွယ် ငါ့သမီးလေး အခုလို လှူ ဒါန်းရတဲ့အကျိုးကို တစ်နေ့ပြန်ခံစားရပါစေလို့ အဘွားဆုတောင်းပေးပါတယ်"

အဘွားရဲ့ ဆုတောင်းစကားကို Tiffany နားမလည်ပေမယ့် ပီတိဖြစ်နေမိသည်

"Yah Tiffany နေ့လည်စာကို သူ့ကျွေးတော့ နင်က ဘာသွားစားမှာလည်း companyကလည်း ဘာမှလုပ်ပေးတာမဟုတ်ဘဲ "

"တစ်ရက်တစ်လေလောက် နေ့လည်စာမစားဘဲ နေတာ ဘာမှမဖြစ်ပါဘူး Oppaရယ် chaw လည်း ဝိတ်ကျတာပေါ့..... "

"ရိုက်ကွင်းပြန်စမယ်ဟေ့......"

Rookie ပေါက်စ Tiffany....အရံမင်းသမီးအဖြစ်နဲ့ သရုပ်ဆောင်ရင်း ပရိတ်သတ်အားပေးမှုလက်ခံရရှိပြီး ခေါင်းဆောင်မင်းသမီးအဖြစ်သို့ ရောက်သွားသည်

တစ်နေ့တွင် ထိုင်းမှ နာမည်ကြီး မင်းသား Nickhun နဲ့ Drama တစ်ကားရိုက်ရလေသည်

ထိုကားတွင် Tiffany နဲ့ Nickhun တို့အတွဲက ချစ်ဖို့ကောင်းလွန်းသောကြောင့် ပရိတ်သတ်တွေမှာ Shipရင်း အပြင်မှာ လက်ထပ်ဖို့အထိပါ လွန်လွန်ကြူးကြူး စိတ်ကူးယဉ်နေကြသည်

ကြော်ငြာတွေကလည်း လူသိများချင်လို့ Tiffany တို့ကို ခေါ်သုံးကြသည်

တစ်နေ့တွင် Tiffany တစ်ယောက် Instagram ကြည့်နေတုံး သတင်းတစ်ခုကြောင့် လန့်သွားလေသည်

KhunFany Dating လုပ်နေကြောင်း သက်ဆိုင်ရာ Entertainmentများက အတည်ပြု........

"ဟင်....မဖြစ်ဘူး CEOဆီ ဖုန်းဆက်မှဖြစ်မယ်....."

Tiffany သူမ CEOဆီ ဖုန်းဆက်လိုက်သည်

"Hello....."

"CEO....Chaw Tiffanyပါ အခုတွေ့ချင်လို့ရလား "

"အေး ငါလည်းပြောစရာရှိတာနဲ့ အတော်ဘဲ ရုံးခန်းကိုလာခဲ့ "

Tiffanyလည်း သူမ အိမ်ကနေ အမြန်ထွက်လာပြီး CEOဆီ သွားလိုက်သည်

"CEO ဒီသတင်းက အမှန်မှ မဟုတ်တာကို ဘာလို့ အတည်ပြုတာလည်း....chawက သူ့ကို သဘောမကျဘူးလေ "

"Tiffany.... မင်း စီးပွားရေးအကြောင်းကို နားမလည်သေးဘူးဘဲ..... မင်း ဒီအနုပညာလောကထဲမှာ နေမယ်ဆို သဘောကျကျ မကျကျ Fan တွေအကြိုက် ရေလိုက်ငါးလိုက်နေရမယ်....အခု မင်းနဲ့ Nickhunကို ကြော်ငြာတွေ producer တွေ အများကြီး လာငှါးကြတယ်လေ.....Rookie ဘဝတုံးကလို မဟုတ်တော့ဘူး နေ့ရက်တိုင်းဟာ မင်းအတွက် လက်ဖျားငွေသီးဖြစ်နေမယ့်အချိန် သဘောကျတယ်မကျဘူးက အရေးကြီးလားပြော "

"ဒါပေမယ့် "

"ဘာမှ အထွန့်မတက်နဲ့.....ဆက်ပြီးအထွန့်တက်မယ်ဆို ငါ့ဘက်ကနေ မင်းကို Activity အားလုံးပိတ်ချပစ်မယ်......နားလည်လား "

Tiffanyလည်း ချိန်းခြောက်ခံရပြီး မတတ်နိုင်ဘဲ CEO သဘောအရ ပရိတ်သတ်တွေ မြင်နိုင်တဲ့ ကော်ဖီဆိုင်မုန့်ဆိုင်တွေတွင် Nickhunနဲ့ ဒိတ်နေရသည်

Tiffany က Nickhunကို သဘောမကျပေမယ့် Nickhunကတော့ Tiffanyကို တော်တော်လေး ချစ်ရှာသည် 

Tiffanyကတော့ အလုပ်သဘောအရတွဲနေပေမယ့် တော်တော်လေးတော့ စိတ်ညစ်နေသည်

"ဟင် We got Married ရိုက်ရမယ် ဟုတ်လား CEO "

"အေးလေ သူများတွေလည်း ဒီလိုရိုက်နေကျကို ဘာဖြစ်တာလည်း"

Tiffany အတင်းအကြပ်ခိုင်းခံရသောကြောင့် တစ်နေ့တစ်ခြား စိတ်ဓာတ်တွေကျလာသည်.....

သတ်သေဖို့အထိပါ ကြိုးစားဖူးပေမယ့် မန်နေဂျာ Oppaရောက်လာပြီး တွေ့သွားလို့ Cardထဲမှ လစာတွေအကုန်ဖြတ်ခံရသည်

We got married ရိုက်ရာမှ မိသားစုအိမ်သွားလည်ရာတွင် နှစ်ဖက်မိဘလုံးက သဘောကျနေသောကြောင့် သူမတို့ကို လက်ထပ်ပေးဖို့ထိပါ စီစဉ်ပေးကြသည်

ကိစ္စတွေ အကြီးကြီးဖြစ်လာတော့လည်း Tiffany ငြင်းမရတော့ပေ.....ရွေးချယ်စရာမရှိတာနဲ့ လက်ထပ်ပွဲ ကျင်းပခဲ့သည်

လက်ထပ်မယ့်နေ့တွင် မင်္ဂလာခန်းမ သွားမယ့် လမ်းတွင် မီးပွိုင့်မိနေတုံး Tiffany သူမတို့ ကားဘေးနားလာရပ်တဲ့ နောက်ကားတစ်စီးကို လှမ်းကြည့်မိလိုက်သည်

ထိုကားထဲရှိနေသူက တစ်ခြားမဟုတ် Kim Taeyeon နဲ့ ကိုယ်ဝန်သည် Seolhyun ပင်ဖြစ်သည်

Taeyeonက Seolhyunကို ရေဘူးပေး ချွေးသုတ်ပေး သေချာဂရုစိုက်ပေးနေတာကြည့်ပြီး Tiffany မသိလိုက်ဘဲ ပြုံးမိသွားသည်...........

Taeyeonတို့ကား ထွက်သွားတော့ လမ်းတစ်ဖက်က Tiffanyကို ပြုံးပြနေတဲ့ သူဖုန်းစားအဘွားကို Tiffanyတွေ့တော့ ပြန်ပြုံးပြပြီး နှုတ်ဆက်လိုက်သည်

"အဘွားက ခုထိ ငါ့ကိုမှတ်မိနေသေးတာဘဲ "

မီးစိမ်းလို့ ကားဒရိုင်ဘာ ဆက်သွားစဉ် လမ်းတစ်ဖက်မှ ကုန်တင်ကားတစ်စီးက ရောက်လာပြီး Tiffany တို့ မင်္ဂလာဆောင်ကားကို ဝင်တိုက်လိုက်သည်

End of flash

Tiffany အိပ်ရာကနေ လန့်နိုးလာသည်

"သတိရလာပြီလား....."

"Chaw chaw အိမ်မက်မက်နေတာလားဟင်...."

"မင်း အရင်ကအကြောင်းတွေ သတိရအောင်လုပ်ပေးလိုက်တာပါ "

"အ အဘွားက သူဖုန်းစားအဘွား မဟုတ်လား "

"ဟုတ်တယ်....တစ်နည်းပြောရရင် လူတွေက စေတနာနဲ့လှူ တာကို လက်ခံပြီး သူတို့မသိစိတ်ကဖြစ်ချင်တာတွေ ဖြည့်စည်းပေးတဲ့ နတ်သမီးပေါ့ "

"ဟင်.....ဒါဆို ရုပ်ရှင်တွေထဲကလိုပေါ့.."

"ဟုတ်တယ်.....ငါ့သမီးက အဲ့လူကိုတစ်ကယ်မချစ်ဘဲ စိတ်ဆင်းရဲနေတာတွေ့ရတော့ အဘွားက ဝင်ကူညီပေးတာပါ "

"ဆေးရုံကပျောက်တာက "

"အဘွား လာခိုးသွားတာပါ ပြီးကျ သမီး သတိမေ့နေတုံး သမီးရဲ့စိတ်ဝိညာဉ်ကို သမီးမသိစိတ်က သဘောကျနေတဲ့ Kim Taeyeonရဲ့ အရုပ်မထဲထည့်လိုက်တာပါ...ပြီးကျ သမီး မင်းသမီးဖြစ်ခဲ့တာကြောင်းကို အဘွားက အားလုံးစိတ်ထဲက ဖျက်ပစ်လိုက်တယ် ဘာလို့လည်းဆိုတော့ ငါ့သမီးလေး လွတ်လွတ်လပ်လပ်နေနိုင်အောင်လို့..."

"ဒါ ဒါဆို...."

"ခုဆို သမီးလည်းရှင်းသွားလောက်ရောပေါ့ ....အဘွားလည်း ကိစ္စလေးတွေရှိလို့သွားလိုက်အုံးမယ် "

အဘွားကြီးလည်း Tiffanyကို နှုတ်ဆက်ပြီး ပန်းခြံက ထွက်လာလေသည်

#TBC

Bạn đang đọc truyện trên: Truyen3h.Co