Part 20
#zawgyi
"ဘယ္လုိလုပ္မွ စိတ္ဆုိးေျပမွာလည္း Tae Taeရ......"
Taeyeon အိမ္ျပန္ေရာက္တဲ့အထိ ႐ုပ္တည္နဲ႔ ေနေနလုိ႔ Tiffany Aegyoအသံလုပ္ၿပီး ေမးလုိက္သည္
"Please chawကို ခြင့္လႊတ္ေပးပါ Tae Tae က Tiffanyကုိ ခြင့္လႊတ္ေပးႏုိင္မလားဟင္ "
Tiffany မ်က္ေတာင္ေလးပုတ္ခတ္ပုတ္ခတ္လုပ္ၿပီး Aegyo လုပ္ျပေသာအခါ Taeyeon ႐ုပ္တည္နဲ႔ ဆက္မေနႏုိင္ဘဲ အရည္ေပ်ာ္သြားခဲ့သည္
"ဒီကုိလာခဲ့ "
Taeyeon လက္ဆန္႔ေပးထားေတာ့ Taeyeon ရင္ခြင္ထဲ Fany ေျပးဝင္သြားသည္
Taeyeonလည္း Tiffanyကို တင္းတင္းၾကပ္ၾကပ္ ဖက္ထားေလသည္
"ေနာက္တစ္ခါ ဘယ္ေကာင္ေလးနဲ႔မွ အ့ဲလုိမလုပ္ရဘူးေနာ္ ၾကားလား "
"ဟုတ္ "
"အခု ကုိယ္တုိ႔အခန္းထဲမွာ သြား နားေနလုိက္ ကုိယ္ အလုပ္သြားလုိက္အုံးမယ္ "
"ကုိယ္တုိ႔အခန္း....chawက Seoyeon အခန္းမွာေနတာေလ...... "
"အခုကစၿပီး ကုိယ့္အခန္းမွာေနၿပီး ကုိယ္နဲ႔အိပ္ရမယ္ နားလည္လား "
"ဟုတ္ "
Tiffanyကို ဖက္ၿပီး Taeyeonနမ္းမလုိ႔႐ွိေသး Bell သံေၾကာင့္ လန္႔သြားတယ္
"ဘယ္သူလည္း မသိဘူး..."
Taeyeon တံခါးဖြင့္လုိက္ေတာ့ ေဆးေသတၱာႀကီးကုိင္ၿပီး သူမကုိျပံဳးျပေနတ့ဲ ဆရာဝန္ Yuriကို ေတြ႔ရေလသည္
"Yuri ဘာလာလုပ္တာလည္း "
"Tiffany ကို စစ္ေဆးၾကည့္ခ်င္လုိ႔ '
Yuri ေျပာၿပီး အိမ္ထဲဝင္လုိက္သည္
"Chawကို ဘာလုိ႔လည္း "
"Tiffany မင္းက လူတစ္ေယာက္အျဖစ္ လုံးဝေျပာင္းလဲသြားေၾကာင္း ငါတုိ႔လည္း မေသခ်ာဘူးကြာ အခုမွ ေျပာင္းလဲခါစရွိေသးတယ္ ဒါမုိ႔လုိ႔ ထပ္ေသခ်ာေအာင္ အတည္ျပဳခ်င္လုိ႔ "
Yuriေျပာၿပီး ဆုိဖာမွာ ထုိင္လုိက္သည္
"Tae...အကယ္၍ တစ္ခုခုမွားယြင္းသြားရင္ေရာ....chaw လူျဖစ္မွာမဟုတ္ေတာ့ရင္ေရာ......အ႐ုပ္မဘဲ ျပန္ျဖစ္သြားရင္ေရာ....chawေလ Tae ကို တစ္ေယာက္တည္း မထားႏုိင္ခဲ့ဘူး "
"မထားခ့ဲပါနဲ႔ ကုိယ္တုိ႔လက္ထပ္ၾကၿပီး အတူေနၾကမယ္ေလေနာ္ "
"အမေလး ေစာင္အတြဲေတြ ေဆးထုိးသတ္လုိက္ရ ငါ့ေ႐ွ႕လာ႐ုိေနတယ္ ေဝါ့ '
Yuriတစ္ေယာက္ ႐ုိေနတဲ့အတြဲကုိ အျမင္ကတ္လာလုိ႔ ေအာ္လုိက္သည္
"Hee sorry "
"ကဲ ဒါဆုိ Tiffany မင္းရဲ႕လက္ကုိ ေဖာက္ၿပီးေသြးယူခ်င္တယ္ ဘာလုိ႔လည္းဆုိေတာ့ ေသြးစစ္ခ်င္လုိ႔ "
"Nae ရပါတယ္ "
"နာမယ္ေနာ္ ရလား "
"ရပါတယ္ "
Tiffanyဆီက ခြင့္ျပဳခ်က္ရလုိ႔ Yuriလည္း အပ္ကုိယူၿပီး Tiffany လက္ညိဳးကုိေဖာက္လုိက္သည္
ေသြးထြက္လာေတာ့ ေသြးကုိ ယူၿပီး ဖန္ျပားေပၚတင္လုိက္သည္
"Wow Tiffanyက မေၾကာက္တတ္ဘူးဘဲ "
"တကယ္ေျပာရရင္ နာကုိမနာတာ...."
"ဟုတ္ပါၿပီ ဒါကုိ ဓာတ္ခြဲခန္းကုိ ယူသြားစစ္ၾကည့္မယ္ ၿပီးရင္ ရလဒ္ကုိ ဖုန္းဆက္အေၾကာင္းၾကားမယ္ေလေနာ္ "
"Ok Yuri gomawo...."
"ရပါတယ္....ဒါဆုိ သြားေတာ့မယ္ေနာ္ ..."
Yuriလည္း ျပန္သြားေရာ Taeyeon သက္ျပင္းခ်ၿပီး
"ဘာမွျဖစ္မွာမဟုတ္ပါဘူး စိတ္မပူနဲ႔ေနာ္ Fany....ကုိယ္ companyကို ျပန္သြားလုိက္အံုးမယ္...ေစာေစာ ျပန္ခဲ့မယ္ေနာ္ "
Taeyeon companyမွာ အလုပ္ေတြ႐ွိေသးလုိ႔ အိမ္ကေနထြက္လာခဲ့သည္
Company ေရာက္ေသာအခါ Taeyeon အလုပ္ေတြဆက္လုပ္ေနသည္
ထုိစဥ္ Yuriဆီက ဖုန္းဝင္လာသည္
"Hello..."
"Taeyeon.... စမ္းသပ္ခ်က္ရၿပီ...."
"ဟင္ ဟုတ္လား.....ဘာတဲ့လည္း "
"Tiffanyရဲ႕ ေသြးထဲမွာ ဘာ ဆဲလ္မွ မေတြ႔ရဘူး.....ၾကည့္ရတာ သူအခုထိ အ႐ုပ္မျဖစ္ေနတုံးထင္တယ္......"
"ဘာ.....Yuri နင္ ေသခ်ာေရာစစ္ၾကည့္ရဲ႕လား "
"ငါ အႀကိမ္ႀကိမ္စစ္တယ္....ဒါေပမယ့္ လုံးဝဆဲလ္ေတြကို မေတြ႔ရဘူး Tae.....သူက အခုထိ အ႐ုပ္မျဖစ္ေနတုံးထင္တယ္ "
"သူ လူအျဖစ္ ေျပာင္းလဲလာတာ နင္တုိ႔လည္းေတြ႔ရဲ႕သားနဲ႔ "
"Tae....သူက အ႐ုပ္မဘဲေလ မင္းဖန္တီးထားတဲ့အ႐ုပ္မ လူအျဖစ္ဘယ္လုိေျပာင္းလာလည္း ငါမသိေပမယ့္ တစ္ေန႔က် ေဘးထြက္ဆုိးက်ိဳးျဖစ္လာမွာ အ့ဲက် မင္းထပ္ခံစားေနရမွာဆုိးလုိ႔ ငါေျပာတာ...."
"ငါ သူ႔ကုိခ်စ္တယ္ဟ Yuriရ...."
"ငါသိပါတယ္ အ့ဲတာေၾကာင့္ သတိလွမ္းေပးတာ....."
Taeyeonမွာ Yuriနဲ႔ဖုန္းေျပာၿပီး စိတ္ညစ္လုိ႔ ဘာမွမလုပ္ႏုိင္ဘဲ ျဖစ္ေနသည္
#Unicode
"ဘယ်လိုလုပ်မှ စိတ်ဆိုးပြေမှာလည်း Tae Taeရ......"
Taeyeon အိမ်ပြန်ရောက်တဲ့အထိ ရုပ်တည်နဲ့ နေနေလို့ Tiffany Aegyoအသံလုပ်ပြီး မေးလိုက်သည်
"Please chawကို ခွင့်လွှတ်ပေးပါ Tae Tae က Tiffanyကို ခွင့်လွှတ်ပေးနိုင်မလားဟင် "
Tiffany မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်ပြီး Aegyo လုပ်ပြသောအခါ Taeyeon ရုပ်တည်နဲ့ ဆက်မနေနိုင်ဘဲ အရည်ပျော်သွားခဲ့သည်
"ဒီကိုလာခဲ့ "
Taeyeon လက်ဆန့်ပေးထားတော့ Taeyeon ရင်ခွင်ထဲ Fany ပြေးဝင်သွားသည်
Taeyeonလည်း Tiffanyကို တင်းတင်းကြပ်ကြပ် ဖက်ထားလေသည်
"နောက်တစ်ခါ ဘယ်ကောင်လေးနဲ့မှ အဲ့လိုမလုပ်ရဘူးနော် ကြားလား "
"ဟုတ် "
"အခု ကိုယ်တို့အခန်းထဲမှာ သွား နားနေလိုက် ကိုယ် အလုပ်သွားလိုက်အုံးမယ် "
"ကိုယ်တို့အခန်း....chawက Seoyeon အခန်းမှာနေတာလေ...... "
"အခုကစပြီး ကိုယ့်အခန်းမှာနေပြီး ကိုယ်နဲ့အိပ်ရမယ် နားလည်လား "
"ဟုတ် "
Tiffanyကို ဖက်ပြီး Taeyeonနမ်းမလို့ရှိသေး Bell သံကြောင့် လန့်သွားတယ်
"ဘယ်သူလည်း မသိဘူး..."
Taeyeon တံခါးဖွင့်လိုက်တော့ ဆေးသေတ္တာကြီးကိုင်ပြီး သူမကိုပြုံးပြနေတဲ့ ဆရာဝန် Yuriကို တွေ့ရလေသည်
"Yuri ဘာလာလုပ်တာလည်း "
"Tiffany ကို စစ်ဆေးကြည့်ချင်လို့ '
Yuri ပြောပြီး အိမ်ထဲဝင်လိုက်သည်
"Chawကို ဘာလို့လည်း "
"Tiffany မင်းက လူတစ်ယောက်အဖြစ် လုံးဝပြောင်းလဲသွားကြောင်း ငါတို့လည်း မသေချာဘူးကွာ အခုမှ ပြောင်းလဲခါစရှိသေးတယ် ဒါမို့လို့ ထပ်သေချာအောင် အတည်ပြုချင်လို့ "
Yuriပြောပြီး ဆိုဖာမှာ ထိုင်လိုက်သည်
"Tae...အကယ်၍ တစ်ခုခုမှားယွင်းသွားရင်ရော....chaw လူဖြစ်မှာမဟုတ်တော့ရင်ရော......အရုပ်မဘဲ ပြန်ဖြစ်သွားရင်ရော....chawလေ Tae ကို တစ်ယောက်တည်း မထားနိုင်ခဲ့ဘူး "
"မထားခဲ့ပါနဲ့ ကိုယ်တို့လက်ထပ်ကြပြီး အတူနေကြမယ်လေနော် "
"အမလေး စောင်အတွဲတွေ ဆေးထိုးသတ်လိုက်ရ ငါ့ရှေ့လာရိုနေတယ် ဝေါ့ '
Yuriတစ်ယောက် ရိုနေတဲ့အတွဲကို အမြင်ကတ်လာလို့ အော်လိုက်သည်
"Hee sorry "
"ကဲ ဒါဆို Tiffany မင်းရဲ့လက်ကို ဖောက်ပြီးသွေးယူချင်တယ် ဘာလို့လည်းဆိုတော့ သွေးစစ်ချင်လို့ "
"Nae ရပါတယ် "
"နာမယ်နော် ရလား "
"ရပါတယ် "
Tiffanyဆီက ခွင့်ပြုချက်ရလို့ Yuriလည်း အပ်ကိုယူပြီး Tiffany လက်ညိုးကိုဖောက်လိုက်သည်
သွေးထွက်လာတော့ သွေးကို ယူပြီး ဖန်ပြားပေါ်တင်လိုက်သည်
"Wow Tiffanyက မကြောက်တတ်ဘူးဘဲ "
"တကယ်ပြောရရင် နာကိုမနာတာ...."
"ဟုတ်ပါပြီ ဒါကို ဓာတ်ခွဲခန်းကို ယူသွားစစ်ကြည့်မယ် ပြီးရင် ရလဒ်ကို ဖုန်းဆက်အကြောင်းကြားမယ်လေနော် "
"Ok Yuri gomawo...."
"ရပါတယ်....ဒါဆို သွားတော့မယ်နော် ..."
Yuriလည်း ပြန်သွားရော Taeyeon သက်ပြင်းချပြီး
"ဘာမှဖြစ်မှာမဟုတ်ပါဘူး စိတ်မပူနဲ့နော် Fany....ကိုယ် companyကို ပြန်သွားလိုက်အုံးမယ်...စောစော ပြန်ခဲ့မယ်နော် "
Taeyeon companyမှာ အလုပ်တွေရှိသေးလို့ အိမ်ကနေထွက်လာခဲ့သည်
Company ရောက်သောအခါ Taeyeon အလုပ်တွေဆက်လုပ်နေသည်
ထိုစဉ် Yuriဆီက ဖုန်းဝင်လာသည်
"Hello..."
"Taeyeon.... စမ်းသပ်ချက်ရပြီ...."
"ဟင် ဟုတ်လား.....ဘာတဲ့လည်း "
"Tiffanyရဲ့ သွေးထဲမှာ ဘာ ဆဲလ်မှ မတွေ့ရဘူး.....ကြည့်ရတာ သူအခုထိ အရုပ်မဖြစ်နေတုံးထင်တယ်......"
"ဘာ.....Yuri နင် သေချာရောစစ်ကြည့်ရဲ့လား "
"ငါ အကြိမ်ကြိမ်စစ်တယ်....ဒါပေမယ့် လုံးဝဆဲလ်တွေကို မတွေ့ရဘူး Tae.....သူက အခုထိ အရုပ်မဖြစ်နေတုံးထင်တယ် "
"သူ လူအဖြစ် ပြောင်းလဲလာတာ နင်တို့လည်းတွေ့ရဲ့သားနဲ့ "
"Tae....သူက အရုပ်မဘဲလေ မင်းဖန်တီးထားတဲ့အရုပ်မ လူအဖြစ်ဘယ်လိုပြောင်းလာလည်း ငါမသိပေမယ့် တစ်နေ့ကျ ဘေးထွက်ဆိုးကျိုးဖြစ်လာမှာ အဲ့ကျ မင်းထပ်ခံစားနေရမှာဆိုးလို့ ငါပြောတာ...."
"ငါ သူ့ကိုချစ်တယ်ဟ Yuriရ...."
"ငါသိပါတယ် အဲ့တာကြောင့် သတိလှမ်းပေးတာ....."
Taeyeonမှာ Yuriနဲ့ဖုန်းပြောပြီး စိတ်ညစ်လို့ ဘာမှမလုပ်နိုင်ဘဲ ဖြစ်နေသည်
Bạn đang đọc truyện trên: Truyen3h.Co