Truyen3h.Co

Living Doll

Part 21

KimFany059

#zawgyi

Taeyeon အလုပ္လည္း ၿပီးေရာ Company ကေန အိမ္ကုိ တန္းျပန္လာသည္

စိတ္ထဲမွာလည္း Yuriေျပာတ့ဲ စကားေတြၾကားၿပီး သူ႔သမီးကို ဆုံး႐ႈံးရသလုိမ်ိဳး Tiffanyကို ဆုံး႐ႈံးရမွာ Taeyeon ေၾကာက္သည္

Taeyeon သူမ အိမ္ေ႐ွ႕ေရာက္ေရာက္ခ်င္း သူမဖုန္းသံျမည္လာသည္

Taeyeon ဖုန္းေခၚသူကုိ ၾကည့္ၿပီး မ်က္ေမွာင္ၾကဳတ္သြားတယ္......

"ေအးေျပာ မင္း ဘာလုိခ်င္လုိ႔လည္း Seolhyun "

"Good Evening Taeyeon....ေနေကာင္းရဲ႕လား "

"ငါ မင္းနဲ႔ဟာသေတြ ေျပာေနဖို႔ အခ်ိန္မ႐ွိဘူး မင္း ဘာလုိခ်င္ ဘာျဖစ္ခ်င္ေနျပန္တာလည္း ဟမ္ "

"တုိ႔ လုိခ်င္တာ တစ္ခုတည္း Kim Taeyeonကုိ လုိခ်င္တာ.....တုိ႔ကုိ ျပန္လက္ခံလုိ႔ မရဘူးလား ဟင္...အရင္ကလုိ ရွင့္ကုိ နာက်င္ေအာင္ မလုပ္ေတာ့ဘူးလုိ႔ ကတိေပးပါတယ္....ၿပီးေတာ့ ရွင့္ႏွလုံးသားထဲ တုိ႔႐ွိေနေသးတယ္လုိ႔ ယုံၾကည္ေနေသးတယ္  "

"ဟာသေတြ ေျပာမေနနဲ႔ Seolhyun ငါ မင္းကုိ မခ်စ္ေတာ့တာၾကာၿပီ မင္းကုိ ခ်စ္မိလုိ႔ေတာင္ ငါ ေနာင္တရမိေသးတယ္ '

"ရွင့္ရဲ႕ ေမွာ္အ႐ုပ္မေလးေၾကာင့္ တုိ႔ကုိ မခ်စ္ေတာ့တာလား Taeyeon "

Seolhyun စကားေၾကာင့္ Taeyeon အရမ္းလန္႔သြားတယ္.....

"မင္း မင္း ဘာေျပာလုိက္တယ္ "

"ငွက္ကေလးတစ္ေကာင္က လာေျပာတာပါ Taeyeonက သူလုပ္ထားတဲ့ ပလက္စတစ္အ႐ုပ္မေလးကုိ ခ်စ္ေနတာတဲ့ "

"ေအး ဟုတ္တယ္ သူက အျပင္ပန္းက ပလက္စတစ္ဆုိေပမယ့္ မင္းလုိ ႏွလုံးသားက ပလက္စတစ္ ျဖစ္ေနတာ မဟုတ္ဘူး Seolhyun "

Taeyeon ေဒါသထြက္ၿပီး ေျပာတဲ့စကားေၾကာင့္ တစ္ဖက္က Seolhyun ရယ္လုိက္သည္

"ခစ္ခစ္ Taeyeon...႐ွင့္စကားေတြက တုိ႔ကုိ နာက်င္မယ္ထင္ေနတာလား ....႐ွင္ ဘာေျပာေျပာ ႐ွင့္ကုိ ခ်စ္ေနလုိ႔ နာရေကာင္းမွန္းေတာင္ မသိေတာ့ဘူး "

"မင္း ႐ူးေနတာဘဲ "

"႐ွင္သာ တုိ႔ဆီ ျပန္မလာရင္ ပုိ႐ူးသြားမွာ ေသခ်ာတယ္.....ဘယ္လုိလုပ္ရမလည္း ႐ွင့္ေဘးနားက လူက အ႐ုပ္မပါလုိ႔ တစ္ကမၻာလုံး သိေအာငိ ေျပာရမလား....အ့ဲလုိ ေျပာရင္ ဘယ္သူမွ ယုံမွာေတာ့ မဟုတ္ဘူး "

"ေအး သိရင္ ၿပီးေရာ '

"အ့ဲဒါေၾကာင့္ တုိ႔မွာ အစီအစဥ္ေလး တစ္ခု႐ွိတယ္ေလ ခစ္ခစ္ ႐ွင့္အတြက္ေတာ့ မဟုတ္ဘူး ႐ွင့္ရဲ႕ ခ်စ္လွစြာေသာ ဘာဘီအ႐ုပ္မေလးအတြက္ "

"Tiffanyကုိ တစ္ခုခုလုပ္လုိ္က္တာနဲ႔ ငါက မင္းကုိ ျပန္ခ်စ္မယ္ထင္ေနတာလား ႐ူးပါ့ကြာ "

"တုိ႔ကို ေလွာင္ထားအုံးေပါ့ Tae.......တုိ႔ အစီအစဥ္ စတာနဲ႔ တုိ႔ဆီ ေလးဘက္ေထာက္ၿပီးကုိ လာမယ့္သူက..... ႐ွင္ဘဲ "

"ငါ မေၾကာက္ဘူး Tiffanyကုိ ငါ အျမဲတမ္း ကာကြယ္ေပးမွာ "

"႐ွင္ အျမဲတမ္း ကာကြယ္မေပးႏုိင္ပါဘူး "

Taeyeon ေျပာရင္း ေဒါသပုိထြက္လာလို႔ ဖုန္းခ်ပစ္လုိက္သည္

ထုိ႔ေနာက္ စိတ္ေတြပုိ႐ႈပ္လာလုိ႔ သူမဆံပင္ကုိ လက္န႔ဲ႐ႈပ္ဖြပစ္လုိက္သည္

"Tae....."

Taeyeon သူ႔နာမည္ေခၚသံၾကားလုိ႔ လွမ္းၾကည့္ေတာ့ တံခါးေပါက္မွာ ရပ္ၿပီး သူမကုိ လက္ေဝွ့ယမ္းျပေနတဲ့ Tiffanyကုိ ေတြ႔ရေလသည္

Taeyeonလည္း ျပံဳးၿပီး ကားေပၚက ဆင္းကာ Tiffanyကုိ ေျပးဖက္ေလသည္

"ဘာလုိ႔ အျပင္ထြက္လာတာလည္း "

"Tae ကားသံၾကားရတာ ၾကာၿပီ အထဲဝင္မလာေသးလုိ႔ စိတ္ပူလုိ႔ ထြက္ၾကည့္တာ '

"အၾကာႀကီး ေစာင့္လုိက္ရလား "

Taeyeon ေမးေတာ့ Tiffany ခ်စ္စရာေကာင္းေအာင္ ေခါင္းညိတ္ျပသည္

ထုိ႔ေနာက္ Taeyeonကုိ Tiffany ခပ္တင္းတင္းဖက္လုိက္သည္

Taeyeonလည္း Tiffanyကို ျပန္ဖက္ရင္း Yuriေျပာတဲ့ စကားေတြ ျပန္ၾကားေယာင္လာသည္

"မင္းကုိ မဆုံးရွုံးရဖုိ႔ ငါ ဘာလုပ္ရလုပ္ရ လုပ္မယ္ Tiffany......ငါ မင္းကုိ အဆုံးထိ ကာကြယ္သြားမယ္ 💭💭"

"Fany...အျပင္မွာ ေအးတယ္ လာ အထဲဝင္ၾကစုိ႔ "

Tiffany လက္ကုိ တြဲၿပီး Taeyeon အိမ္ထဲ ဝင္လာသည္

"Tae....တစ္ခုခုျဖစ္ေနတာလား "

"ဟင္ "

"စိတ္နဲ႔လူနဲ႔မကပ္ေနသလိုဘဲ "

"Wae... "

Taeyeon ေမးၿပီး Tiffanyကုိ ဆြဲကာ ကုတင္ေပၚေခၚလုိက္သည္

Taenyတုိ႔ ႏွစ္ေယာက္လုံး ကုတင္ေပၚ လွဲအိပ္ေနၾကသည္

"ကုိယ္ စိတ္နဲ႔လူနဲ႔ မကပ္တာ မင္း ဘယ္လုိသိလည္း "

"Laptopႀကီးကုိဘဲ စုိက္ၾကည့္ေနတာေလ ၿပီးက် စာလည္းမ႐ုိက္ဘဲနဲ႔ "

Tiffany ေျပာၿပီး Taeyeon ရင္ဘက္ေပၚအိပ္လုိက္သည္

"ကုိယ္ ေတြးေနတာ "

"ဘာေတြ ေတြးေနတာလည္း "

"ကုိယ္ မင္းကုိ လက္ထပ္ခြင့္ေတာင္းတဲ့အခါ အရမ္းေပ်ာ္ေနမယ့္အေၾကာင္းေလး........"

"Tae...."

"Hummm"

"အကယ္၍ chaw လူျပန္ျဖစ္မလာဘူးဆုိရင္ေရာ...."

"မင္း လူျဖစ္ျဖစ္ အ႐ုပ္ျဖစ္ေနေန မင္းကုိ ကုိယ္က အျမဲခ်စ္ေနမွာ ဒါမုိ႔လုိ႔ ေပါက္ကရ မေတြးဘဲ အိပ္ၾကစုိ႔ေလေနာ္....."

Taeyeon ေျပာၿပီး Tiffany နဖူးေလးကုိ နမ္းလုိက္သည္

ထုိ႔ေနာက္ Tiffanyကုိ ဖက္ၿပီး စိတ္ပူစရာေတြကို ေမ့ပစ္ကာ အိပ္ေလသည္

#TBC

#Unicode

Taeyeon အလုပ်လည်း ပြီးရော Company ကနေ အိမ်ကို တန်းပြန်လာသည်

စိတ်ထဲမှာလည်း Yuriပြောတဲ့ စကားတွေကြားပြီး သူ့သမီးကို ဆုံးရှုံးရသလိုမျိုး Tiffanyကို ဆုံးရှုံးရမှာ Taeyeon ကြောက်သည်

Taeyeon သူမ အိမ်ရှေ့ရောက်ရောက်ချင်း သူမဖုန်းသံမြည်လာသည်

Taeyeon ဖုန်းခေါ်သူကို ကြည့်ပြီး မျက်မှောင်ကြုတ်သွားတယ်......

"အေးပြော မင်း ဘာလိုချင်လို့လည်း Seolhyun "

"Good Evening Taeyeon....နေကောင်းရဲ့လား "

"ငါ မင်းနဲ့ဟာသတွေ ပြောနေဖို့ အချိန်မရှိဘူး မင်း ဘာလိုချင် ဘာဖြစ်ချင်နေပြန်တာလည်း ဟမ် "

"တို့ လိုချင်တာ တစ်ခုတည်း Kim Taeyeonကို လိုချင်တာ.....တို့ကို ပြန်လက်ခံလို့ မရဘူးလား ဟင်...အရင်ကလို ရှင့်ကို နာကျင်အောင် မလုပ်တော့ဘူးလို့ ကတိပေးပါတယ်....ပြီးတော့ ရှင့်နှလုံးသားထဲ တို့ရှိနေသေးတယ်လို့ ယုံကြည်နေသေးတယ်  "

"ဟာသတွေ ပြောမနေနဲ့ Seolhyun ငါ မင်းကို မချစ်တော့တာကြာပြီ မင်းကို ချစ်မိလို့တောင် ငါ နောင်တရမိသေးတယ် '

"ရှင့်ရဲ့ မှော်အရုပ်မလေးကြောင့် တို့ကို မချစ်တော့တာလား Taeyeon "

Seolhyun စကားကြောင့် Taeyeon အရမ်းလန့်သွားတယ်.....

"မင်း မင်း ဘာပြောလိုက်တယ် "

"ငှက်ကလေးတစ်ကောင်က လာပြောတာပါ Taeyeonက သူလုပ်ထားတဲ့ ပလက်စတစ်အရုပ်မလေးကို ချစ်နေတာတဲ့ "

"အေး ဟုတ်တယ် သူက အပြင်ပန်းက ပလက်စတစ်ဆိုပေမယ့် မင်းလို နှလုံးသားက ပလက်စတစ် ဖြစ်နေတာ မဟုတ်ဘူး Seolhyun "

Taeyeon ဒေါသထွက်ပြီး ပြောတဲ့စကားကြောင့် တစ်ဖက်က Seolhyun ရယ်လိုက်သည်

"ခစ်ခစ် Taeyeon...ရှင့်စကားတွေက တို့ကို နာကျင်မယ်ထင်နေတာလား ....ရှင် ဘာပြောပြော ရှင့်ကို ချစ်နေလို့ နာရကောင်းမှန်းတောင် မသိတော့ဘူး "

"မင်း ရူးနေတာဘဲ "

"ရှင်သာ တို့ဆီ ပြန်မလာရင် ပိုရူးသွားမှာ သေချာတယ်.....ဘယ်လိုလုပ်ရမလည်း ရှင့်ဘေးနားက လူက အရုပ်မပါလို့ တစ်ကမ္ဘာလုံး သိအောငိ ပြောရမလား....အဲ့လို ပြောရင် ဘယ်သူမှ ယုံမှာတော့ မဟုတ်ဘူး "

"အေး သိရင် ပြီးရော '

"အဲ့ဒါကြောင့် တို့မှာ အစီအစဉ်လေး တစ်ခုရှိတယ်လေ ခစ်ခစ် ရှင့်အတွက်တော့ မဟုတ်ဘူး ရှင့်ရဲ့ ချစ်လှစွာသော ဘာဘီအရုပ်မလေးအတွက် "

"Tiffanyကို တစ်ခုခုလုပ်လိုက်တာနဲ့ ငါက မင်းကို ပြန်ချစ်မယ်ထင်နေတာလား ရူးပါ့ကွာ "

"တို့ကို လှောင်ထားအုံးပေါ့ Tae.......တို့ အစီအစဉ် စတာနဲ့ တို့ဆီ လေးဘက်ထောက်ပြီးကို လာမယ့်သူက..... ရှင်ဘဲ "

"ငါ မကြောက်ဘူး Tiffanyကို ငါ အမြဲတမ်း ကာကွယ်ပေးမှာ "

"ရှင် အမြဲတမ်း ကာကွယ်မပေးနိုင်ပါဘူး "

Taeyeon ပြောရင်း ဒေါသပိုထွက်လာလို့ ဖုန်းချပစ်လိုက်သည်

ထို့နောက် စိတ်တွေပိုရှုပ်လာလို့ သူမဆံပင်ကို လက်နဲ့ရှုပ်ဖွပစ်လိုက်သည်

"Tae....."

Taeyeon သူ့နာမည်ခေါ်သံကြားလို့ လှမ်းကြည့်တော့ တံခါးပေါက်မှာ ရပ်ပြီး သူမကို လက်ဝှေ့ယမ်းပြနေတဲ့ Tiffanyကို တွေ့ရလေသည်

Taeyeonလည်း ပြုံးပြီး ကားပေါ်က ဆင်းကာ Tiffanyကို ပြေးဖက်လေသည်

"ဘာလို့ အပြင်ထွက်လာတာလည်း "

"Tae ကားသံကြားရတာ ကြာပြီ အထဲဝင်မလာသေးလို့ စိတ်ပူလို့ ထွက်ကြည့်တာ '

"အကြာကြီး စောင့်လိုက်ရလား "

Taeyeon မေးတော့ Tiffany ချစ်စရာကောင်းအောင် ခေါင်းညိတ်ပြသည်

ထို့နောက် Taeyeonကို Tiffany ခပ်တင်းတင်းဖက်လိုက်သည်

Taeyeonလည်း Tiffanyကို ပြန်ဖက်ရင်း Yuriပြောတဲ့ စကားတွေ ပြန်ကြားယောင်လာသည်

"မင်းကို မဆုံးရှုံးရဖို့ ငါ ဘာလုပ်ရလုပ်ရ လုပ်မယ် Tiffany......ငါ မင်းကို အဆုံးထိ ကာကွယ်သွားမယ် 💭💭"

"Fany...အပြင်မှာ အေးတယ် လာ အထဲဝင်ကြစို့ "

Tiffany လက်ကို တွဲပြီး Taeyeon အိမ်ထဲ ဝင်လာသည်

"Tae....တစ်ခုခုဖြစ်နေတာလား "

"ဟင် "

"စိတ်နဲ့လူနဲ့မကပ်နေသလိုဘဲ "

"Wae... "

Taeyeon မေးပြီး Tiffanyကို ဆွဲကာ ကုတင်ပေါ်ခေါ်လိုက်သည်

Taenyတို့ နှစ်ယောက်လုံး ကုတင်ပေါ် လှဲအိပ်နေကြသည်

"ကိုယ် စိတ်နဲ့လူနဲ့ မကပ်တာ မင်း ဘယ်လိုသိလည်း "

"Laptopကြီးကိုဘဲ စိုက်ကြည့်နေတာလေ ပြီးကျ စာလည်းမရိုက်ဘဲနဲ့ "

Tiffany ပြောပြီး Taeyeon ရင်ဘက်ပေါ်အိပ်လိုက်သည်

"ကိုယ် တွေးနေတာ "

"ဘာတွေ တွေးနေတာလည်း "

"ကိုယ် မင်းကို လက်ထပ်ခွင့်တောင်းတဲ့အခါ အရမ်းပျော်နေမယ့်အကြောင်းလေး........"

"Tae...."

"Hummm"

"အကယ်၍ chaw လူပြန်ဖြစ်မလာဘူးဆိုရင်ရော...."

"မင်း လူဖြစ်ဖြစ် အရုပ်ဖြစ်နေနေ မင်းကို ကိုယ်က အမြဲချစ်နေမှာ ဒါမို့လို့ ပေါက်ကရ မတွေးဘဲ အိပ်ကြစို့လေနော်....."

Taeyeon ပြောပြီး Tiffany နဖူးလေးကို နမ်းလိုက်သည်

ထို့နောက် Tiffanyကို ဖက်ပြီး စိတ်ပူစရာတွေကို မေ့ပစ်ကာ အိပ်လေသည်

Bạn đang đọc truyện trên: Truyen3h.Co