Truyen3h.Co

Living Doll

Part 6

KimFany059

Taeyeon တစ်ယောက် အရုပ်ကနေ လူဖြစ်အောင် ပြောင်းလို့ရလား ပြောင်းနည်းတွေကို အင်တာနက်ပေါ်တွင် ရှာကြည့်နေသည်

"ငါက စုန်းလည်း မဟုတ် ကဝေလည်း မဟုတ်ဘဲ အရုပ်က ဘယ်လိုအသက်ဝင်လာတာလည်း မဖြစ်နိုင်ပါဘူး......Tiffanyလည်း သိမှာမဟုတ်ဘူး သူ့ကြည့်ရတာ အူကြောင်ကြောင်နဲ့ "

"ကြယ်ကြွေတဲ့အချိန် ဆုတောင်းရင် ဆုတောင်းပြည့်တယ်ဆိုဘဲ အံမယ် မဖြစ်နိုင်တာ ပုံပြင်တွေပါ "

Taeyeon အင်တာနက်ပေါ်က စာတစ်ကြောင်းကို ဖတ်ရင်း သဘောကျပြီး ရယ်လိုက်သည်

သို့သော် ချက်ချင်းပင် Tiffany အရုပ်မလေးကို ပြုလုပ်ခဲ့တဲ့ ရက်တွင် ကြယ်ကြွေခဲ့လား သိချင်တာနဲ့ ရှာလိုက်သည်

"Oh my god....."

Taeyeon သူ အရုပ်လုပ်ခဲ့တဲ့နေ့မှာ ကြယ်နှစ်လုံးတောင် ကြွေခဲ့ကြောင်း အင်တာနက်ပေါ်တွင် သိလိုက်ရပြီး တော်တော်အံ့သြနေသည် ထို့အပြင် သူမရဲ့ ဆုတောင်းတွေကိုပါ သတိရလာသည်

"ကျေးဇူးပြုပြီး ငါ့သမီးလေးကို ပျော်အောင်လုပ်ပေးပါ သူမရဲ့ အမေအရင်းလို စောင့်ရှောက်ပေးပါ Tiffany "

"Ah ဒါဆို ငါ့ဆုတောင်းက တကယ်ဖြစ်လာတာလား "

Taeyeon စိတ်ရှုပ်လာလို့ Laptopကို ပိတ်ပြီး အခန်းပြင် ထွက်လာခဲ့သည်

အခန်းအပြင်ထွက်လာတော့ ကြမ်းတိုက်နေတဲ့ Tiffanyကို တွေ့ရလေသည်

"မင်း မပင်ပန်းဘူးလား တစ်မနက်လုံး အိမ်သန့်ရှင်းရေး လုပ်နေတာ ဘာမှလည်း မစားရသေးဘူးကို မဆာဘူးလား "

"အဲ့လိုမျိုးတွေ မခံစားရဘူး ဘာလို့လည်းဆိုတော့ chawက အရုပ်မလေ အရုပ်မရဲ့ အဘိဓာန်မှာ ဆာတာတွေ ဘာတွေ ဘာခံစားချက်မှ မရှိဘူး "

Tiffany စကားကြီးစကားကျယ်ပြောနေတာကြည့်ပြီး Taeyeon ရယ်ချင်လာသည်

"ကဲ ဒါဆိုလည်း ငါ အဘိဓာန်အသစ် ဝယ်ပေးမယ် အခု နားလိုက်တော့ "

Taeyeon ပြောပြီး Tiffanyလက်ကို ဆွဲကာ မီးဖိုခန်းဘက်သို့ ခေါ်သွားလေသည်

"နေအုံး အိမ်သန့်ရှင်းရေးက မပြီးသေးဘူးလေ အိမ်က ညစ်ပတ်နေရင် ရှင် နေမကောင်းဖြစ်နေမယ် ရှင့်ကို ဂရုစိုက်ပါမယ်လို့ Seoyeonကို chaw ကတိပေးထားတယ် "

"ငါလည်း မင်းကို ဂရုစိုက်​ပေးမယ်လို့ သူ့ကို ကတိပေးထားတယ် ဒီတော့ ထိုင် "

Taeyeon ပြောဖို့ Fanyလည်း ထိုင်ခုံပေါ် ဝင်ထိုင်လိုက်သည်

"Good girl ကဲ မင်း ဘာစားချင်လည်း "

"မသိဘူးလေ chaw တစ်ခါမှမစားဖူးဘူး "

Tiffany ပခုံးတွန့်ပြပြီး ပြောတော့ Taeyeonလည်း သူမရဲ့ အောက်နှုတ်ခမ်းကို ဖိကိုက်ပြီး ဘာကျွေးရမလည်း စဉ်းစားနေသည်

"Seoyeonနဲ့ တစ်ခါမှ မစားဖူးဘူးလား "

"မစားဖူးဘူးလေ chaw က ညမှ လူအဖြစ်ပြောင်းပြီး သူ့ကိုပုံပြင်တွေဖတ်ပြပြီး ချော့သိပ်တာ "

Tiffany စကားကြောင့် Taeyeon သူ့သမီးအတွက် အားနာမိပြီး ဝမ်းနည်းမိသည်

အလုပ်ဘဲ ကြိုးစားလုပ်နေလို့ Seoyeon  ကို အများကြီး ဂရုမစိုက်နိုင်ခဲ့ပေ

"Sorryပါ Tiffany.....ငါ့ကြောင့် မင်း လူအဖြစ် ပြောင်းခဲ့ရတာ ငါ ဆုတောင်းခဲ့လို့"

"Chaw သိပါတယ် "

"ဟင် "

Taeyeonကို Tiffany ပြုံးပြပြီး

"Seoyeon လေးရဲ့ အမေကိုယ်စား  chawကို ဂရုစိုက်ခိုင်းတာလေ chaw သိပါတယ် "

"မင်း ငါ့ကို စိတ်မဆိုးဘူးလား "

"စိတ်ဆိုးစရာ ဘာရှိလို့လည်း မဆိုးပါဘူး "

"ကဲ ဒါဆို ပထမဆုံး အနေနဲ့ မင်း ဘာစားကြည့်ချင်လည်း "

Tiffany တစ်ချက်စဉ်းစားပြီး

"Chawကို Seoyeon စားနေကြ မုန့်လေး လုပ်ကျွေးပါလား "

"ပိုင်မုန့်လား "

Tiffany ခေါင်းညိတ်ပြတော့ Taeyeon လက်ဖျောက်တီးပြီး

"Ok ခဏစောင့် "

Taeyeonမှာ ပန်ကိတ်လုပ်ရင်း စိတ်လှုပ်ရှားနေတယ်......သူ့ သမီးလေး ပထမဆုံး မုန့်စားတာကို ကြည့်ပြီး စိတ်လှုပ်ရှားနေတဲ့ ခံစားချက် မျိုး ယခု ခံစားရနေသည်

"ကဲ ရပါပြီ သုံးဆောင်လို့ ရပါပြီ "

Taeyeon ပန်ကိတ်ကို ယူပြီး ပန်းကန်ပြားထဲ ထည့်ကာ Tiffanyရှေ့ ချပေးလေသည်

"Tae....chaw ပါးစပ်က ပလက်စတစ်နဲ့လုပ်ထားတာလေ .....ဘယ်လိုလုပ် ...."

"မပူပါဘူး စားကြည့် "

Tiffanyလည်း သူ့​ရှေ့က ခက်ရင်းကို ကောက်ကိုင်ပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်

"Tae....ခက်ရင်းက ဘယ်လိုသုံးရတာလည်း "

Tiffany စကားကြောင့် Taeyeon ရယ်ပြီး

"ကဲ ငါပြမယ် "

Taeyeon ခက်ရင်းကို ကောက်ကိုင်ပြီး ပိုင်မုန့်ကိုဖဲ့ကာ ယူလိုက်သည်

"အာ....ပါးစပ်ဟ "

Tiffany ပါးစပ်ဟ​တော့ ပိုင်မုန့်ကို Tiffany ပါးစပ်ထဲသို့ ထည့်လိုက်သည်

Tiffanyလည်း ပိုင်မုန့်ကို ဝါးပြီး မျိုချလိုက်သည်

"ဘယ်လိုလည်း "

"အမ်.အရသာတော့ ရတယ် ဘာမှန်းမသိဘူး...."

"ရပါတယ် ဖြည်းဖြည်းပေါ့ တဖြည်းဖြည်းနဲ့ မင်း လူဖြစ်လာမှာပါ "

Tiffany ဘာမှမပြောဘဲ Taeyeonကို စိုက်ကြည့်နေလို့ Taeyeon များ စကားမှားပြောမိပြီလားဆိုပြီး စိတ်ပူသွားသည်

"Tiffany.....'

"အကယ်၍ chaw သာ လူဖြစ်ခဲ့မယ်ဆိုရင် "

"သူက လူဖြစ်ချင်နေတာလား? 💭💭"

"Chaw သာ လူဖြစ်ခဲ့ရင် Seoyeon လေးကို ကယ်နိုင်ခဲ့မှာ "

Tiffany ပြောရင်း မျက်ရည်တွေ ကျလာသည်

Taeyeonမှာ Tiffany က သူ့သမီးကို တော်တော်ချစ်ရှာတာဘဲဆိုပြီး တွေးရင်း စိတ်မကောင်းဖြစ်နေသည်

"မငိုပါနဲ့..... မင်းက Seoyeon အပေါ် တာဝန်ကျေခဲ့ပါတယ် ခု Seoyeonလေးလည်း ကောင်းရာဘုံ ရောက်နေမှာပါ........"

Tiffany ကို ဖက်ပြီး Taeyeon နှစ်သိမ့်ပေးလိုက်သည် 

Bạn đang đọc truyện trên: Truyen3h.Co