Part 5
"Taeyeon "
"မင်း ဘယ်သူလည်း မင်း ဒီမှာ ဘာလုပ်နေတာလည်း သူခိုးလား "
Taeyeon မေးနေပေမယ့် Fanyကတော့ အူကြောင်ကြောင်နဲ့ Taeyeon ကို ကြည့်နေသည်
"ရဲခေါ်လိုက်ရမလား "
"နေပါအုံး chaw ရှင်းပြပါရစေ Chawက Tiffanyပါ Seoyeonလေးရဲ့ အရုပ်မပါ "
Tiffany စကားကြောင့် Taeyeon တဟားဟားနဲ့ရယ်လေသည်
"ငါ ပြောတဲ့စကားထဲ ရယ်စရာများ ပါသွားတာလား "
"ဒီမယ် မိန်းကလေး မင်း ဘယ်သူဘဲ ဖြစ်ဖြစ် ငါ့ကို လာပြီး အကြောင်ရိုက်မလှည့်စားပါနဲ့ အရုပ်မက ဒီမှာလေ "
Taeyeon ပြောပြီး ဖန်အိမ်လေးကို ဖွင့်လိုက်တော့ အရုပ်မကို မတွေ့ရပေ
"အယ် ဘယ်ရောက်သွားတာလည်း ဟေ့ ဟိုကောင်မလေး အရုပ်မကို ဘယ်မှာ ဝှက်ထားတာလည်း ငါ တကယ် ရဲခေါ်မှာနော် "
Taeyeon အရုပ်မကို မတွေ့ရသောကြောင့် စိတ်တိုပြီး Fanyကို အော်လေသည်
"Chawက တကယ် Tiffanyပါ Seoyeonရဲ့ အရုပ်မလေးပါ "
"ဒီမယ် ကောင်မလေး ၂၁ရာစုမှာ ငါ့ကို အရူးလာမလုပ်စမ်းပါနဲ့ ဒီတော့ အရုပ်မကို ဘယ်မှာဝှက်ထားလည်းဆိုတာ ပြောပြ ဒါဆို ရဲကို မခေါ်ဘဲ မင်းကို အေးဆေးလွှတ်ပေးမယ် "
Tiffanyမှာ ဘာမှမပြောဘဲ မီးဖိုခန်းဘက် ဝင်သွားလေသည်
"Hey hey ဘာလို့ သူများအိမ်ထဲ လျှောက်သွားနေတာလည်း "
Taeyeon မီးဖိုခန်းဘက် လိုက်ဖို့လုပ်ပေမယ့် ဓားကိုင်ပြီး ထွက်လာတဲ့ Tiffany ကြောင့် လန့်သွားသည်
"အာ စိတ်ကိုဖြည်းဖြည်းချင်းလျော့ပြီး ဓားကို ချလိုက်ပါ ငါတို့ အေးဆေးစကားပြောမယ်လေနော် "
"ဘာမှမပြောဘဲ ဒီတိုင်း ကြည့်နေပါ chaw အရုပ်မဆိုသာ သက်သေပြမယ် "
Tiffany ပြောပြီး သူမရဲ့လက်ကို ဓားနဲ့ လှီးပြလေသည်
"အား မင်း ဘာလုပ်တာလည်း "
Taeyeonမှာ မျက်လုံးမှိတ်ပြီး အသားကုန်အော်လေသည်
"မျက်လုံးဖွင့်ကြည့်ပါအုံး Taeyeon "
Tiffany စကားကြောင့် Taeyeon မျက်လုံးတစ်ဖက်ဖွင့်ကြည့်လိုက်တော့ Tiffany လက်မှာ သွေးတွေထွက်နေတာကို မတွေ့ရပေ
Taeyeon အရမ်းအံ့သြသွားလို့ Tiffanyဆီက ဓားကိုယူပြီး Tiffany လက်ကို ဓားနဲ့လှီးကြည့်သည်
သွေးမထွက်တဲ့အပြင် ပလက်စတစ်အသားတွေဖြစ်နေတော့ ပြဲသွားလို့ Taeyeon တော်တော်လေးအံ့သြနေမိသည်
"Chawကို ခု ယုံပြီလား "
Tiffany မေးပေမယ့် Taeyeon ပြန်မဖြေနိုင် မျက်လုံးအပြူးသားနဲ့ Tiffanyကို ကြည့်နေမိသည်
"Taeyeon "
ကျောက်ရုပ်ကြီးလို ဖြစ်နေတဲ့ Taeyeonကို Tiffany တို့ကြည့်တော့ ဘုန်းခနဲ ကြမ်းပြင်ပေါ်သို့ Taeyeon လဲကျသွားသည်
"အမလေး သတ္တိခဲကြီးရဲ့ သတိမေ့သွားတာလား "
သတိလစ်နေတဲ့ Taeyeonကို Tiffany ပွေ့ချီပြီး ဆိုဖာပေါ်သို့ တင်ပေးလိုက်သည်
ထို့နောက် Tiffany သူမရဲ့ ကွဲနေတဲ့ ပလက်စတစ်ကို စေ့အောင်ကပ်ဖို့ ကော်ဘူးလိုက်ရှာလေသည်
ကော်ဘူးကိုလည်းတွေ့ရော Tiffany သူမအသားကို ကပ်ဖို့ကြိုးစားနေသည်
"Hey ကူညီပေးရအုံးမလား "
ရုတ်တရက် သူမနောက် ရောက်လာတဲ့ Taeyeonကြောင့် Tiffany လန့်သွားသည်
"သတိရလာပြီလား ရပါတယ် မကူညီပါနဲ့ တော်ကြာ ထပ်သတိမေ့သွားလို့ ထပ်ချီနေရအုံးမယ် "
Taeyeon လည်း Tiffany လက်ထဲက ကော်ဘူးကို ယူပြီး Tiffany လက်က ဓားခြစ်ရာတွင် လိမ်းပေးလေသည်
"မင်းကို ချက်ချင်း မယုံမိလို့ Sorryပါ ခုတော့ ငါ့ကြောင့် မင်းလက်ကိုတောင် မင်း ဓားနဲ့လှီးနေရပြီ "
"ရပါတယ် Chawသာ Taeyeonနေရာမှာဆို Taeyeonလို ဖြစ်မိမှာဘဲ "
Tiffany Eyesmileလေးပေါ်အောင် ပြုံးရင်း ပြောလိုက်သည်
"မင်းက လူအဖြစ်ပြောင်းသွားတော့ ငါ မမှတ်မိတော့တာ ပိုလှလာပြီး အာ ပိုပြီးလည်း ချစ်ဖို့ကောင်းလာတယ် "
Taeyeon သူ့ဘာသာသူ ပြောပြီး ရှက်နေသည်
ပလက်စတစ် အရုပ်မလေး Tiffanyမှာလည်း Taeyeon စကားကြောင့် ရင်တွေခုန်လာသည်
"ဟာ ဘာဖြစ်တာလည်း ငါက အရုပ်မလေ ရင်ခုန်စရာမှမရှိတာ 🤔🤔"
"Tiffany "
"ဟင် "
"ဘာတွေ အတွေးလွန်နေတာလည်း "
"Taeyeon shii Chawကို ဘာလို့ ယုံလိုက်တာလည်း Chawက လိမ်ပြောနေရင်ရော "
"လိမ်စရာမရှိပါဘူး မင်းလက်က ငါ့ logoက အသက်ဘဲလေ ငါ မင်းကို စပြီး ဖန်တီးတုံးက logoလေးထည့်ထားတာ မင်းက ငါတို့သားအမိအတွက် Special ဘဲလေ"
"ဒါဆို Chawကို လွှင့်မပစ်ဘူးပေါ့နော် "
"Seoyeonရဲ့ တန်ဖိုးရှိတဲ့အရုပ်မလေးကို ငါက ဘယ်လိုလွှင့်ပစ်ရက်မှာလည်း မင်း ဒီမှာဘဲ ဆက်နေပါ ဒါနဲ့ ဟိုနေ့က အိမ်ကို သန့်ရှင်းရေး လုပ်ပေးထားတာ မင်းလား "
Taeyeon မေးတော့ Tiffany မှာ ခေါင်းညိတ်ပြသည်
"အရာအားလုံး အတွက် ကျေးဇူးတင်ပါတယ် Tiffany "
Taeyeonရဲ့ နွေးထွေးတဲ့ အပြုံးကြောင့် Tiffany ထူးဆန်းတဲ့ ခံစားချက်မျိုး ခံစားနေရသည်.....
#TBC
Unicode Ver🔹🔹🔹🔹

Author unicodeနဲ့ Zawgyi verနှစ်ခုလုံး ကြိုးစားရေးထားပါတယ် Unicode သုံးတဲ့သူဒေ ဖတ်လို့ရအောင် Mm font translate appနဲ့ ရေးထားပါတယ်
Bạn đang đọc truyện trên: Truyen3h.Co