Part 9
#Zawgyi
"Tiffany လာလေ "
"ခဏ Tae....."
"ရပါတယ်......မင်းကို နာကျင်ခံစားရအောင် လုပ်ခဲ့တဲ့သူကို မြဲမြဲမှတ်ထား အသည်းစွဲအောင်မှတ်ထား......ဘာလို့လည်းဆိုတော့ သူက မင်းကို ဒီထက်ပိုပြီး သန်မာအောင် အမှားတွေကို သတိထားရှောင်မိအောင် သင်ပေးခဲ့လို့ဘဲ "
"Tae Tae"
"Omm "
"ဟုတ်တယ်......"
"Yeah....."
"မင်္ဂလာပါ ကလေးမလေး "
"မင်းက လူမဟုတ်ဘူးမလား "
"Chawကို ချစ်တဲ့သူ.....?"
"Tiffany....."
Tiffany တစ်ဖက်ကို ပြန်လှည့်တော့ အဘွားကြီးက မရှိတောပေ့ Tiffanyလည်း လိုက်ရှာမယ်လုပ်တော့ Taeyeonက Tiffany လက်ကို လှမ်းဆွဲသည်
ဒုတ်...ဒုတ်..ဒုတ်.. ..
Tiffany....Tiffany!
Tbc
#unicode
Taeyeon တို့ companyကို ရောက်တော့ companyက ဝန်ထမ်းတွေက Taeyeonတို့ကို ဝိုင်းကြည့်နေကြသည်
"Wow ကောင်မလေးက လှလိုက်တာ Bossရဲ့ ချစ်သူလား မသိဘူး "
"အရုပ်မလေးလို လှလိုက်တာ..... "
"မတရားလိုက်တာ Bossကို ငါ ကြံမလို့ပါဆို "
"Bossရဲ့ မိန်းမဟောင်း ဒီသတင်းသိသွားရင် ဘယ်လိုဖြစ်သွားမလည်း! "
Taeyeon ဝန်ထမ်းတွေ ပြောစကားကို မကြားချင်ယောင်ဆောင်ပြီး ဓာတ်လှေကားကို စောင့်နေရင်း Tiffany သူ့နားမှာ မရှိလို့ လှည့်ကြည့်တော့ Tiffanyမှာ စင်တာအလည်လောက်မှာ ရပ်နေသည်
"Tiffany လာလေ "
"ခဏ Tae....."
Taeyeonကို လက်ကာပြပြီး ဝန်ထမ်းတွေကို Lisa ကြည့်လိုက်သည်
"အားလုံးဘဲ မင်္ဂလာပါ chawက Taeyeonရဲ့ သူငယ်ချင်း Tiffanyပါ ဒါကြောင့် အကြောင်းမသိဘဲ သူ့ရဲ့ အရင်မိန်းမအကြောင်း ဇွတ်မပြောကြပါနဲ့ ဘာလို့လည်းဆိုတော့ သူ့ကို နာကျင်စေလို့ပါ နားလည်ကြလားမသိဘူး "
Tiffany ပြောတာတွေ နားထောင်ပြီး Taeyeon စိတ်ထဲ တစ်မျိုးဖြစ်သွားတယ်
အမှန်တိုင်း ပြောရရင် Seolhyunနဲ့ ပတ်သက်ပြီး Taeyeon ဂရုမစိုက်ဘူး ဝန်ထမ်းတွေ ဘယ်လိုအတင်းတုပ်တုပ် Taeyeon မကြားချင်ယောင်သာ ဆောင်ပြီး ဂရုမစိုက်ဘဲ နေခဲ့သည်
Taeyeon သက်ပြင်းချကာ Tiffany လက်ကို ဆွဲပြီး ဓာတ်လှေကားထဲ ခေါ်သွားလေသည်
Taeyeon ရဲ့ ရုံးခန်းကို ရောက်သောအခါ
"Tiffany မင်း ဒီလိုလုပ်စရာမလိုဘူး သိလား "
"ဒါပေမယ့် Taeကို နာကျင်အောင်လုပ်ခဲ့တဲ့သူကို..... Taeရှေ့ ပြောစရာမလိုဘူးလေ....သူတို့လုပ်နေတာ မဟုတ်သေးဘူး "
Tiffanyက သစ္စာဖောက်ခံခဲ့ရတဲ့ ခံစားချက်ကို သိမှမသိတာ ......Tiffany ပြောတာ မှန်ပေမယ့်လည်း Taeyeon တစ်ယောက်တည်း နာကျင်ခံစားချင်တယ် ဘယ်သူ့ကိုမှ သူလုပ်ခဲ့တဲ့အမှားထဲ
ဆွဲထည့်ပြီး မခံစားစေချင်ပါ
"ရပါတယ်......မင်းကို နာကျင်ခံစားရအောင် လုပ်ခဲ့တဲ့သူကို မြဲမြဲမှတ်ထား အသည်းစွဲအောင်မှတ်ထား......ဘာလို့လည်းဆိုတော့ သူက မင်းကို ဒီထက်ပိုပြီး သန်မာအောင် အမှားတွေကို သတိထားရှောင်မိအောင် သင်ပေးခဲ့လု့ိဘဲ "
"Chaw နားလည်ပါပြီ....ခုနကအတွက် တောင်းပန်ပါတယ်"
"ရပါတယ် မင်း တွေးတာလည်း မှန်တာဘဲလေ "
Tiffanyရဲ့ ခေါင်းလေးကိုပွတ်ပြိး Taeyeon ပြောလိုက်သည်
Taeyeon အလုပ်လုပ်နေတာတွေကို ငါးနာရီလောက် ထိုင်ကြည့်နေရတော့ Tiffany ပျင်းလာသည်
"Tae Tae"
"Omm "
"Chaw အပြင်ခဏထွက် လမ်းလျှောက်ချင်လို့ ရလား "
"မင်းက ဘယ်မှလဲ မသွားတတ်ဘဲနဲ့....မရဘူး "
"Seoyeonနဲ့ တူတူထိုင်နေကြ ပန်းခြံရှိတယ်လေ အဲ့မှာ ထိုင်နေလို့မရဘူးလား ဒီမှာ ထိုင်နေရတာ ကြာတော့ ပျင်းလာလို့"
"Companyရှေ့က ပန်းခြံလား "
"ဟုတ်တယ်......"
"Ok Ok ခဏသွားပြီး ပြန်လာနော် မကြာစေနဲ့ "
"Yeah....."
Tiffany ပျော်ပြီး ပန်းခြံသို့ သွားလိုက်သည်
ပန်းခြံရောက်တော့ ကစားနေကြတဲ့ကလေးတွေရယ် ကြည်နူးနေတဲ့အတွဲတွေကို Tiffany ကြည့်နေသည်.....
ထို့နောက် ခုံတန်းလျားရှည်မှာ ထိုင်လိုက်သောအခါ အဘွားအိုတစ်ယောက်လည်း Tiffanyဘေးနားရောက်လာသည်
"မင်္ဂလာပါ ကလေးမလေး "
Tiffanyလည်း အဘွားကြီးကို လှည့်ကြည့်တော့
"မင်းက လူမဟုတ်ဘူးမလား "
အဘွားကြီးရဲ့စကားကြောင့် Tiffany လန့်သွားသည်
"စိတ်မပူပါနဲ့ အဘွားက ဘယ်သူ့ကိုမှ လျှောက်မပြောပါဘူး "
"အ....အ..အဘွားက ဘယ်လိုသိတာလည်း "
"သမီးလိုလူမျိုး တွေ့ဖူးလို့လေ...အရင်က သာမန်အရုပ်ဘဲ ဘယ်လိုလှုပ်ရှားရလည်းဆိုတာ မသိဘူးမလား ....သမီးကိုချစ်တဲ့သူရဲ့ ဆုတောင်းတွေကြောင့် သမီးလူဖြစ်လာရတာ မလား....... "
"Chawကို ချစ်တဲ့သူ.....?"
"Tiffany....."
Taeyeon အသံကြောင့် Tiffany စကားပြောရာကရပ်ပြီး အသံကြားရာကို လှည့်ကြည့်လိုက်သည်
"မင်း သွားတာကြာပြီမို့ ငါ လိုက်ရှာနေတာ "
Tiffany တစ်ဖက်ကို ပြန်လှည့်တော့ အဘွားကြီးက မရှိတောေ့ပ Tiffanyလည်း လိုက်ရှာမယ်လုပ်တော့ Taeyeonက Tiffany လက်ကို လှမ်းဆွဲသည်
"မင်းက အခု ငါ့စကားကို နားမထောင်တာလား......"
ဒုတ်...ဒုတ်..ဒုတ်.. ..
Fany ရုတ်တရက် သူမရင်ဘတ်ထဲက နှလုံးခုန်သံကို သတိထားမိလာသည်
"မဖြစ်နိုင်တာ ငါကအရုပ်မလေ ဘယ်လိုလုပ်......"
Tiffany နှလုံးခုန်မြန်ပြီး မေ့လဲသွားလေသည်....
Tiffany....Tiffany!
#tbc
Bạn đang đọc truyện trên: Truyen3h.Co