Part 10
#Unicode ver
Tiffany သတိလစ်သွားတော့ Taeyeon အမြန်ဘဲ Tiffanyကို အိမ်ပြန်ခေါ်လာလိုက်သည်
အရုပ်မဖြစ်နေတော့ ဆေးရုံကို သွားပြရင်လည်း ဆရာဝန်က သူမကို အရုပ်မှန်းသိပြီး အဆင်ပြေမည်မဟုတ်လို့ အိမ်ကိုသာ ခေါ်လာခဲ့သည်
"Boss....companyကို အမြန်ပြန်လာပါ.....Mr.Jungက Bossနဲ့ တွေ့ချင်လု့ိတဲ့ "
Taeyeon ခက်ခဲတဲ့ အခြေအနေကြောင့် သူမ နဖူးကိုဘဲ သူမ လက်နဲ့ဖိပြီး ဘာလုပ်ရမလည်း တွေးနေသည်
ခရစ်စမတ် ရာသီမို့ အရုပ် company ကလည်း ရှုပ်ယှက်ခတ်နေသည်..... Tiffanyကိုလည်း ဒီလိုအခြေအနေမှာ ထားခဲ့လို့ အဆင်မပြေ....
"ငါ ခဏနေ လာခဲ့မှာမို့ Mr.Jungကို ခဏထိန်းထားပေးပါ "
Taeyeon သူ့တပည့်ကိုပြောပြီး ထိုင်ခုံမှာ ပစ်ထိုင်လိုက်သည်
ကုတင်ပေါ်တွင် အိပ်ပျော်နေတဲ့ Tiffany ကို Taeyeon စိုက်ကြည့်နေသည်
"အရုပ်မတွေက အိပ်တတ်လို့လား? အခုတလော Tiffany အစားအသောက်တွေ စားသောက်နေတယ်....အရုပ်တွေက စားတတ်လို့လား.......Tiffany မင်း တစ်ခုခုတော့ ဖြစ်နေပြီ "
Taeyeon ထိုင်ရာက ထပြီး Tiffanyရဲ့ ဆံပင်လေးတွေကို သပ်ပေးနေသည်
ထိုစဉ် Tiffany နဖူးက ပူနေတာကို Taeyeon ခံစားမိတော့ ပိုလန့်သွားတယ်
Tiffany လက်လေးကလည်း ပန်းရောင်လေးပိုသန်းလာတာကို Taeyeon သတိထားမိသွားတယ်
Tiffany.....လူ အဖြစ်....ပြောင်းလဲနေပြီလား?
သို့သော် Taeyeonမှာ သံသယမဝင်ဘဲ သူမဟာ Tiffanyကို လူနဲ့တူအောင် ဖန်တီးထားလို့ဆိုပြီးဘဲ တွေးလိုက်သည်
"မတတ်နိုင်ဘူး Tiffanyကို ခဏထားခဲ့ရမှာဘဲ "
Tiffanyကို စောင်ခြုံပေးပြီး Taeyeon လှည့်ထွက်သွားသော Tiffany တစ်စုံတစ်ခုကို ရေရွတ်နေသံ Taeyeon ကြားရသည်
"ငါ တောင်းပန်ပါတယ် "
Taeyeon Tiffanyကို တစ်ချက်လှမ်းကြည့်ပြီး
"Fany ah ကိုယ် အလုပ်က အရေးကြီးနေလို့ပါ တောင်းပန်ပါတယ် အမြန်ပြန်လာခဲ့မယ်နော် "
Taeyeon ပြောပြီး သူ့ companyသို့ သွားလိုက်သည်
"Happy Birthday my baby girl "
ယောင်္ကျားတစ်ယောက်က သေတ္တာဗူးလေးကိုင်ပြီး Tiffanyကို လှမ်းပေးသည်
အသံပိုင်ရှင်က ယောင်္ကျားဖြစ်နေလို့ Taeyeon မဟုတ်တာတော့ Tiffany သေချာသိသည်
ထိုယောင်္ကျားကို သေချာကြည့်တော့လည်း မျက်နှာက ဝါးတားတားဖြစ်နေတယ်
"ဘာလေးလည်း....."
"ဖွင့်ကြည့်လိုက် "
Tiffany ဗူးလေးကို ဖွင့်ကြည့်တော့ အရုပ်မလေးဖြစ်နေသည်
"Oh my god အရုပ်မလေးက ချစ်စရာလေး..... "
"အခုတော့ အရုပ်မလေးဘဲ ယူထားအုံးနော် Baby....ကိုယ် အဆင်သင့်ဖြစ်တဲ့အခါကျ ကလေးယူကြတာပေါ့....."
"အွန်းပါ "
"လာ ဒါဆို အပြင်သွားရအောင် "
Tiffany အမည်မသိ အမျိုးသားလက်ကို တွဲပြီး ကော်ဖီဆိုင်ကနေ အပြင်ကို ထွက်....ကုန်တင်ကားတစ်စီးက ဘရိတ်ပေါက်ပြီး Tiffanyတို့ကို ဝင်တိုက်လေသည်
"Tiffany...."
"Nickhun......"
ခြောက်ခြားစရာကောင်းတဲ့ အိမ်မက်ကနေ Tiffany လန့်နိုးလာလေသည်
#TBC
#zawgyi ver
"Boss....companyကို အမြန်ပြန်လာပါ.....Mr.Jungက Bossနဲ့ တွေ့ချင်လို့တဲ့ "
"ငါ တောင်းပန်ပါတယ် "
"ဘာလေးလည်း....."
"ဖွင့်ကြည့်လိုက် "
"အွန်းပါ "
"Tiffany...."
"Nickhun......"
#TBC
Bạn đang đọc truyện trên: Truyen3h.Co