Final
Fanyနဲ့ Jessiမှာ Taeyeonနဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်ပြီး ဘာပြောရမှန်းမသိပေ......
Joyမှာတော့ ကစားကွင်းထဲ ကစားခဲ့ပြီး ပင်ပန်ကားမောလို့ အိပ်ပျော်နေသည်
"ကဲ......"
ထူးဆန်းပြီး နေရခက်နေတဲ့ ပတ်ဝန်းကျင်အခြေအနေကို Taeyeonကဘဲ ပြုပြင်တဲ့အနေနဲ့ စကားစပြောလိုက်သည်
"Tae Tae....."
Fany ပြောရခက်နေတဲ့အချိန် Jessiက ဖြတ်ပြောလိုက်သည်
"ငါတို့ ကိုရီးယားကို ပြန်ကြမလို့ "
Jessi အဲ့လိုပြောမှာကို Taeyeon ကြိုသိလို့ စိတ်မပါပေမယ့် ဟန်ဆောင်ပြီး ပြုံးလိုက်သည်
"Tae ရော Fanyတို့နဲ့အတူ Korea ကို ပြန်လိုက်ခဲ့ပါလား "
Fanyမှာ Exနဲ့ မိန်းမကြားမှာ နေရထိုင်ရခက်နေပြီး စကားတွေကလည်း ထစ်နေသည်
"တော်ပါပြီ ငါ ဒီမှာဘဲ နေခဲ့တော့မယ် ပြီးတော့ ငါ Jessica ကို မုန်းတယ်ဆိုတာ သိတယ်မလား သူ့မျက်နှာ မြင်ရရင် အကုသိုလ်ရတယ်....Jessica နောက်တစ်ခါ Fanyကို နာကျင်အောင် ထပ်လုပ်ရင် မင်းဘာသာမင်း မိန်းကလေးမကလို့ ဘာနေနေ ငရဲကို ပို့ပစ်မယ် "
Taeyeon စကားကြောင့် Jessi မျက်နှာမဲ့သွားတော့ Fany ရယ်ပြီး Taeyeonဆီ သွားကာ Taeyeonကို ဖက်လိုက်သည်
"Hey ငါ့ရှေ့မှာ တစ်ခြားယောင်္ကျားတစ်ယောက်ကို ဖက်စရာလား"
"Fany ဘယ်တော့ပြန်မှာလည်း "
"ခု ပြန်မှာ "
Jessi ထပ်ပြီး စကားကိုဖြတ်ပြောတော့ Fany အံ့သြပြီး
"Hey ငါ အဝတ်အစားတွေ မထုပ်ရသေးဘူးလေ "
"Joyကိုသာ ခေါ်ခဲ့ပါ ကျန်တာ Koreaရောက်ရင် Krystal စီစဉ်ပေးလိမ့်မယ်......"
"Ok ok ပြန်တော့မယ်ဆိုလည်း အမြန်ပြန်ကြ ငါ အလုပ် သွားရအုံးမယ်........ "
Taeyeon စိတ်မရှည်တဲ့ လေသံနဲ့ ပြောလိုက်ပေမယ့် သူ့မျက်လုံးထဲက မျက်ရည်တွေကို Fany သတိထားမိသည်......
"Tae....."
"သွားပါ စိတ်ဖြောင့်ဖြောင့်နဲ့သာ ချန်ခဲ့လိုက်ပါ........ငါ ဘာမှမဖြစ်ပါဘူး နင် အခုလို လုပ်နေရင် ငါ့အတွက် ပိုခက်ခဲမှာ Tiffany...... နင့်ကို လက်မလွှတ်နိုင်ဘဲ ဖြစ်နေလိမ့်မယ် ငါ စိတ်ကို ထိန်းးထားတုံး Jessi နောက် နင် လိုက်သွား "
Taeyeon ပြောပြီး သူ့အခန်းထဲ ပြေးဝင်သွားလေသည်
Taeyeonအတွက် Fany စိတ်မကောင်းဖြစ်သော်လည်း Joyကို ပွေ့ချီပြီး Jessiနောက်ကို လိုက်သွားလေသည်.....
Taeyeonကတော့ လိုက်ကာလေး ကာထားတဲ့ ပြတင်းပေါက်ကနေ Fanyတို့ကို ခိုးကြည့်ရင်း မျက်ရည်ကို ထိန်းမထားနိုင်တော့ပေ.....
"Good Bye Tiffany "
Koreaကို Jetiတို့ ပြန်ရောက်တော့ ကလေးတစ်ယောက် ပါလာတဲ့ သတင်းက အားလုံး ကြားမှာ နာမည်ကြီးနေသည်
Mr.Jungလည်း သတင်းသိပြီး မသေခင် မြေးချီရမယ်ဆိုပြီး အရမ်းပျော်နေသည်
မီဒီယာတွေနဲ့ သတင်းစား ရှင်းလင်းရေးလုပ်ပြီး သူမတို့ အကြောင်းတွေ အားပါးတရ ပြောနေတဲ့ Jessiကို ကြည့်ပြီး Fany အံ့သြမိသည်......
"Jessi တော်တော်လေး ပြောင်းလဲသွားတာဘဲ......."
Taeyeonမှာတော့ Fanyတို့ သားအမိ မရှိတော့ ဟာတာတာဖြစ်နေတဲ့ အိမ်ကို ကြည့်ပြီး အထီးကျန်နေသည်
အလုပ်လုပ်တော့လည်း အလုပ်ထဲ စိတ်မပါ......... အမြဲတမ်း ငူငူငိုင်ငိုင်နဲ့ ဖြစ်နေမိသည်
"Sir coffeeရပါပြီ "
Taeyeon coffeeဆိုင်မှာ တန်းစီရင်း အတွေးလွန်နေသောကြောင့် coffeeဆိုင်က ဝန်ထမ်းမလေးပြောတာကို မကြားပေ
"Thanks you "
ကောင်မလေးတစ်ယောက် ရောက်လာပြီး coffeeခွက်ကို ယူကာ Taeyeon လက်ကို ဆွဲပြီး ထိုင်ခုံဘက်သို့ ခေါ်သွားသည်
"Hey ဘာလို့ ငိုင်နေတာလည်း နေမကောင်းလို့လား "
Taeyeon သူမကို လက်ဆွဲပြီး ခေါ်လာတဲ့ ကောင်မလေးကို ကြည့်တော့
"ဟင် ဟိုတခါက..... "
"ဟုတ်တယ် ကလေးလေးနဲ့ အဖေ မဟုတ်လား "
"ဟုတ်ပါတယ် "
"ဒါနဲ့ ကလေးရော "
"သူ့အဖေ အရင်းဆီ ပါသွားပြီ "
ထိုအခါမှ ကောင်မလေးမှာ သူမေးတာ မှားသွားမှန်းသိပြီး အားနာသွားသည်
"အာ အားနာလိုက်တာ "
"ရပါတယ် "
"ကျွန်မ နာမည်က Yoonaပါ ခင်လို့ရတယ်မလား "
"ရပါတယ် ကျွန်တော်က Taeyeon...... "
Yoonaနဲ့ စကားပြောရင်း Taeyeon စိတ်ညစ်တာတွေ မတွေးမိဘဲ Yoonaရဲ့ ဟာသကြားမှာ ရယ်မောနေမိသည်
"Jessi နင်ခေါ်လို့သာ လိုက်လာတယ် Joyလေး "
"Joyကို စိတ်မပူပါနဲ့ Krystalတို့ သေချာ ဂရုစိုက်ပေးမှာပါ ".
Fanyမှာ Jessiခေါ်လို့ ဂရိကို လိုက်လာပေမယ့် သူ့သမီးလေးကို စိတ်မချပေ.....
Jessiတို့ ဂရိက အိမ်ရှေ့ကိုရောက်တော့ Jessi ဘာမှမပြောဘဲ ကားပေါ်ကဆင်းပြေးပြီး အိမ်ထဲကို ဝင်သွားသည်
တော်တော်ကြာတဲ့ထိ ထွက်မလာလို့ Fanyလည်း ကားပေါ်က ဆင်းပြီး အိမ်ထဲ ဝင်သွားတော့ တစ်အိမ်လုံးက မှောင်မဲနေသည်
"Jessi နင် ဘယ်မှာလဲ..... ဟာသလုပ်မနေနဲ့ လာ ထွက်လာခဲ့ "
ရုတ်တရက် မီးတွေလင်းလာပြီး နှင်းဆီပန်း ပန်းရောင်တွေ ပျံ့ကြဲနေတဲ့ ဧည့်ခန်းထဲ ဂစ်တာ တစ်လုံးနဲ့ သူမကို ပြုံးကြည့်နေတဲ့ Sicaကို တွေ့ရသည်
"Jessi "
Wise men say
Only fools rush in
But I can't help falling
Shall I stay?
Would it be a sin?
For I can't help falling
Like a river flows
Surely to the sea
Darling, so it goes
Some things are meant to be
Take my hand
Take my whole life too
For I can't help falling in love with you
Like a river flows
Surely to the sea
Darling, so it goes
Some things are meant to be
Take my hand
Take my whole life, too
For I can't help falling in love with you
Falling in love with you
I've been falling for you, baby
I, I can' help falling
I just can't help falling in love
I, I can' help falling
I just can't help falling in love
I just can't help falling in love
I just can't help falling in love
ဂစ်တာလေး တီးပြီး သီချင်းဆိုနေတဲ့ Jessiကို ကြည့်ရင်း Fany မျက်ရည်တွေဝဲလာသည်
"Tiffany ငါ နင့်ကို အရမ်းချစ်တယ်......အရင်က ငါ့အမှားတွေကို ခွင့်လွှတ်ပေးပါလား......နော် ကျန်ရှိနေတဲ့ ငါ့ဘဝကို နင်နဲ့အတူ လက်တွဲဖြတ်သန်းချင်တယ် "
"ငါလည်း နင့်ကိုချစ်တယ် Jessi......"
Fany eyesmile လေးပေါ်အောင် ပြုံးရင်း Jessi ကို ပြေးဖက်လိုက်သည်
သူတို့နှစ်ယောက်ရဲ့ အချစ်တွေ စတင်ခဲ့တဲ့ ဂရိမှာဘဲ သူတို့ရဲ့ အချစ်တွေကို Jessiတို့ အသက်ပြန်သွင်းလိုက်ကြသည်
The End......
မကောင်းမကန်း ficလေးကို အဆုံးထိ ဖတ်ပေးကြလို့ ကျေးဇူးတင်ပါတယ် ❤ကျွန်တော် ဇာတ်သိမ်းဆို အမြဲလိုအပ်တာ သိပါတယ် ဒါကြောင့်လည်း ကျွန်တော် ကြိုးစားပြီး ရေးနေလို့ အမှားပါရင်လည်း ခွင့်လွှတ်ပါနော်
Bạn đang đọc truyện trên: Truyen3h.Co