Part 25
"သမီးရဲ့ Omma ဒါမှမဟုတ် Appa"
Jessi ပြုံးပြီး ပြောတော့ Joyကို Fany သူ့ဘေးနားပြန်ဆွဲခေါ်ကာ
"Jessica ဘာလို့ အဓိပ္ပာယ် မရှိတဲ့ စကားတွေ လျှောက်ပြောနေတာလည်း "
"ငါ အကြောင်းစုံကို သေချာသိပြီးပြီ Tiffany "
"ဒီကလေးက နင့်ကလေး မဟုတ်ဘူး "
Jessiကို မကြည့်ဘဲ Fany ပြောလိုက်တော့ Fany ညာပြောနေတာကို Jessi သိပြီး ပြုံးကာ ဒူးညွှန်ပြီး Joyကို ကြည့်လိုက်သည်
"Baby Joy.....ငါက သမီးရဲ့ မေမေဖေဖေပါ "
အပြစ်ကင်းတဲ့ မျက်လုံးလေးနဲ့ သူမကို ကြည့်နေတဲ့ Joy ပေါက်စကို ကြည့်ပြီး Jessi တော်တော်အူယားနေသည်
"အဓိပ္ပာယ် မရှိတာတွေ မပြောနဲ့ ချီးထုပ်ကောင်"
Fany ကျိန်ဆဲတော့ Joyရဲ့ နားရွက်လေးကို Jessiလက်နဲ့ ကာပြီး
"ဟေး ဟေး ကလေးရှေ့မှာ မကျိန်ဆဲနဲ့လေ "
Taeyeon အနောက်ကနေ ရန်ဖြစ်နေတဲ့ နှစ်ယောက်ကိုကြည့်ရင်း အပြစ်မရှိတဲ့ ကလေးက မကြားသင့်တာတွေ ကြားရမှာဆိုးပြီး
"Joyလေးရေ Appa ပြန်လာပြီ "
Taeyeon အသံလည်းကြားရော Joy မှာ ပျော်ပြီး Taeyeonဆီ ပြေးသွားလေသည်
"Appa"
"Ommaတို့ နှစ်ယောက်တည်း လွတ်လွတ်လပ်လပ် စကားပြောပါစေ Appa တို့ ဒန်းသွားစီးရအောင်လာ "
Joyကို ပွေ့ချီပြီး Taeyeon ထွက်သွားသည်
ထိုအခါမှ Jessiကို အိမ်ထဲဝင်ဖို့ Fany ခေါ်လိုက်သည်
အိမ်ထဲကိုရောက်တော့ ထိုင်ခုံပေါ်တွင် Jessi ထိုင်လိုက်သည်
"ဘာပြောချင်သေးတာလည်း Jessi"
လက်ပိုက်ပြီး အောက်နှုတ်ခမ်းကို ဖိကိုက်ကာ သူမကို ရန်တွေ့နေတဲ့ Fanyကို Jessiကြည့်ပြီး
"Oh Hotလိုက်တာ Fanyရာ အာ Jessiရေ နှာဘူးထနေတာ လျော့ သူ့ကို အရင် တောင်းပန်ရမယ်လေ💨"
Jessi မှာ Fany ကို ပြစ်မှားမိနေတဲ့ သူ့စိတ်ကိုသူ ထိန်းလိုက်သည်
"ငါ မင်းကို တောင်းပန်ချင်တာပါ မင်းအပေါ် မကောင်းတာတွေ လုပ်ခဲ့သမျှ ငပွေလုပ်မိတာတွေ ကလေးကို မင်းတစ်ယောက်တည်း စောင့်ရှောက်ခဲ့ရတာတွေ အားလုံး အတွက် တောင်းပန်ပါတယ် "
Jessi သူမကို တောင်းပန်နေတာ နားထောင်ပြီး Fany ရင်တွေခုန်လာသည်....Jessiက အရင်ကလိုဘဲ သူမကို ရင်ခုန်နိုင်အောင် လုပ်နိုင်သေးသည်
"Fany....ငါ့ကို ဒုတိယအခွင့်အရေးလေး ပေးပါလား လွန်ခဲ့တဲ့ နှစ်တွေက ငါ့အမှားတွေ အကုန်ပြန်ပြင်ပါမယ် "
Fanyရဲ့ လက်ကို ဆုပ်ကိုင်ပြီး Jessi တောင်းဆိုလိုက်သည်
"ငါ နင့်ကို ဒုတိယအခွင့်အရေးလေး ပေးချင်ပေမယ့် Taeyeon ကို သစ္စာ မဖောက်နိုင်တော့ဘူး....သူက ငါလိုအပ်ချိန်တိုင်း ငါ့အနား အမြဲရှိပေးတယ်လေ "
Fanyမှာ Jessiကို လက်ခံချင်ပေမယ့် Taeyeon ထပ်ပြီး အသည်းကွဲမှာကိုလည်း မလိုလားပေ ...Joyမမွေးခင်ကတည်းက ခုလိုအရွယ်ထိ မှဲ့တစ်ပေါက်မစွန်းအောင် သူတို့သားအမိကို Taeyeon ဂရုစိုက်စောင့်ရှောက်ပေးခဲ့သည်......
ထို့ကြောင့် Taeyeonကို ဒီတိုင်း ပစ်မထားရက်ပေ...
"Taeyeon ကို စိတ်ပူတာလား သူပြောပြလို့ ငါသိတာ....."
"..."
"ငါနဲ့အတူ ကိုရီးယားကို ပြန်လိုက်ခဲ့ပါလား "
"Taeyeonကို မေးလိုက်အုံးမယ် "
Fany စကားကြောင့် Jessi သက်ပြင်းချပြီး
"Ok ok "
Taeyeonမှာ Joyကို ချီပြီး ဒန်းစီးနေသော်လည်း စိတ်က Fanyဆီမှာ......နောက်ဆုံး လက်လွှတ်ရမယ့်အချိန် ရောက်လာပြီဆိုတာ Taeyeon လက်ခံရတော့မည်
"မင်းအမေနဲ့ငါကတော့ သူငယ်ချင်းအနေနဲ့ဘဲ ရေစက်ပါတယ်ထင်ပါတယ်....."
Flashback
Korea ကနေ Taeyeonတို့ ထွက်ပြေးလာပြီးနောက် LAတွင် အိမ်တစ်လုံးဝယ်ကာ Fanyတို့ အတူနေုကြသည်
ကုတင်ပေါ်တွင် Taeyeon ကို Fany ဖက်ထားရင်း
"Tae Tae တကယ် ကျေးဇူးတင်ပါတယ်......Fanyကို စိတ်မပျက်ဘဲ ကူညီပေးခဲ့လို့ တကယ်ပါ.......ကျေးဇူးတင်ပါတယ် ဒါပေမယ့်.....Tae ကို နောက်ထပ် နာကျင်အောင် မလုပ်နိုင်ဘူးလို့ Fany အာမ မခံရဲဘူး.........ဒီတော့ Fanyတို့ အဆင့်မတက်ဘဲ ဒီတိုင်းလေးဘဲ နေရအောင်လေနော်.......နော် Tae....."
End of Flashback
Taeyeon အတိတ်ကို ပြန်တွေးနေရင်း Joyလေး သူ့လက်ကနေ ဘယ်ရောက်သွားမှန်းမသိလို့ ပန်းခြံတစ်ခုလုံး လိုက်ရှာလေသည်
"Joy....Joy......Joyရေ.... ကျစ် ဒီကလေးက သူ့အမေအတိုင်းဘဲ ငါ့ကို တစ်ယောက်တည်း ထားခဲ့ပြီး ထွက်ပြေးပြန်ပြီ "
Joyကို Taeyeon လိုက်ရှာရင်း တစ်နေရာရောက်တော့ ခုံတန်းပေါ်မှာ ကောင်မလေးတစ်ယောက်နဲ့ ရေခဲမုန့် စားနေတဲ့ Joyကို တွေ့ရလေသည်
"Joy သမီးလေး......."
Taeyeon Joyဆီ ပြေးသွားပြီး ဖက်လိုက်သည်
ကောင်မလေးမှာ Taeyeonကို ကြည့်ပြီး
"ဒီကလေးရဲ့ အုပ်ထိန်းသူလား "
"ဟုတ်ပါတယ် ဒန်းစီးရင်းပျောက်သွားလို့ "
"လိပ်ပြာတွေ လိုက်ဖမ်းနေတာတွေ့လို့ ပျောက်သွားမှာဆိုးလို့ ကျွန်မ ရေခဲမုန့်နဲ့ ချော့ခေါ်ထားတာ "
"ကျေးဇူးပါဗျာ "
Taeyeon ကောင်မလေးကို ကျေးဇူးတင်စကားပြောပြီး Joyကို ချီကာ ထွက်လာခဲ့သည်.....
#TBC
Bạn đang đọc truyện trên: Truyen3h.Co