Part 16
Mr.Jungနဲ့ Krystalတို့ သူတို့အိမ် ခဏပြန်သွားတော့ Sica အကြောင်းပြချက်မရှိဘဲ အလုပ်မသွားဘဲ နေလိုက်သည်
ထို့နောက် အခန်းထဲက ထွက်လာပြီး Fanyကို လိုက်ရှာတော့ ဧည့်ခန်းထဲ ရုပ်ရှင်ကြည့်နေတာကို တွေ့လိုက်ရသည်
Fany လက်ထဲက Tv ရီမုကို ဆွဲယူပြီး Sica Tv ပိတ်လိုက်သည်
"Yah ဘာလုပ်တာလည်း"
"Super Sunday မှာ ဘာလို့ပျင်းစရာကောင်းတဲ့ Tvကြည့်နေမှာလည်း Tiffanyရ "
"ငါ့ဟာငါ ဘာကြည့်ကြည့်ပေါ့ "
"Come on "
Fanyကို ဆွဲထူပြီး အိမ်ပြင်သို့ Sica ခေါ်လာသည်
"Yah yah ဘာလုပ်မလို့လည်း"
"ဒီနေ့က တနင်္ဂနွေနေ့လေ ဘေးဘီ"
Sica ပြောင်ချော်ချော်ပြောပြီး Fanyကို ကားပေါ်တင်လိုက်သည်။
"ဘယ်ကိုသွားမလို့လည်း"
"ငါလည်း မသိဘူးလေ"
Sicaပြောပြီး ကားစက်နှိုးကာ ခြံထဲက မောင်းထွက်လာသည်
"Jessica ဘယ်သွားမလို့လည်း"
"ငါတို့ Date လုပ်မလို့လေ "
"Date ဟုတ်လား ငါ အတည်မေးနေတာနော် "
"ငါလည်း အတည်ပြောနေတာဘဲ '
"ဒါဆို ဘယ်သွားမှာလည်း"
"Neverland "
Sica ကားမောင်းရင်း Fanyကို မျက်စိမှိတ်ပြလိုက်သည်
Ring Ring Ring.....
Phမြည်သံကြောင့် နှစ်ယောက်လုံး ဖုန်းပေါ်အာရုံရောက်သွားသည်
ဖုန်းခေါ်တဲ့သူက Taeyeonဖြစ်နေလို့ Fanyပိုပြီး လန့်သွားတယ်
Sicaကို တိတ်တိတ်နေဖို့ Fany အချက်ပြပြီး ဖုန်းကိုင်လိုက်သည်
Fany: hello
Taeyeon: Fany လေး....ကိုယ်ပါ ဒီနေ့ ကိုယ်တို့တွေ့ရအောင်
Fany: ဒိနေ့လား မ မရဘူး Fany နေမကောင်းချင်သလိုလို ဖြစ်နေလို့
Taeyeon: အာ နေမကောင်းဘူးလား ဒါဆို ကိုယ်လာခဲ့မယ်လေ
Fany: ရ ရပါတယ် ခရီးပန်းလာလို့ ထင်ပါတယ် အနားယူလိုက်ရင် သက်သာသွားမှာပါ
Taeyeon: အင်းပါ ဟုတ်ပါပြီ ဆေးသေချာသောက်နော် ကိုယ့်အချစ်ကလေး ဖျားသွားမှာ တအားစိတ်ပူတယ် သိလား
Fany: အင်းပါ
Taeyeon: အရမ်းလွမ်းတယ်
Fany: အတူတူဘဲ
Taeyeon: ဆေးသောက်ပြီး အိပ်တော့နော် အချစ်ကလေး အရမ်းချစ်တယ်
Fany : အရမ်းချစ်တယ် boo
Taeyeon လည်း ဖုန်းချလိုက်ရော လိမ်ပြောမိလို့ အပြစ်ရှိသလို ခံစားရပြီး Fany သက်ပြင်းချလိုက်သည်
"မင်း ကောင်လေးလား "
Fanyကို မကြည့်ဘဲ Sica မေးလိုက်သည်
"နင်နဲ့ မဆိုင်ပါဘူး"
"Honey အဲ့လို သွေးအေးအေးနဲ့ မပြောပါနဲ့ မင်းနဲ့မလိုက်ဖက်ဘူး ဟော ပြောရင်း ရောက်တော့မယ်"
"ဘယ်နေရာလည်း"
"ကစားကွင်းလေ ကားပေါ်က ဆင်းတော့ ရောက်ပြီ"
"Wae နင်က ဒီလိုနေရာတွေ မကြိုက်ဘူးမလား"
"မင်းကတော့ ကြိုက်တယ်လေ ဟုတ်ဘူးလား အထူးသဖြင့် Dateလေ "
"ပိတ်ရက်ပေမယ့် လူတွေလည်း မရှိဘူးရော်"
ကစားကွင်းထဲ ဘယ်သူမှမရှိလို့ Fany အံ့သြနေသည်
"ဒီ ကစားကွင်းကို ငါ တရက်ငှါးလိုက်တာလေ "
Sicaပြောပြီး Fanyလက်ကို ဆွဲကာ ရဟက်ဘက် ခေါ်သွားသည်
ရဟက်ပေါ် သူတို့ရောက်သွားတော့
"ငါ ဒီလိုနေရာတွေကြိုက်မှန်း နင်ဘယ်လိုသိလည်း '
"ငါ့မှာ အဆက်အသွယ်တွေ ရှိပါတယ်"
Fany အပေါ်ဆုံးကိုရောက်တော့ အပေါ်စီးကနေ မြို့မြင်ကွင်းကို ကြည့်ပြီး သက်ပြင်းချလိုက်သည်
"ငါ ဒီကို မရောက်တာ ဆယ့်ငါးနှစ်ရှိပြိ"
"ဘာလို့လည်း "
"ငါ့အမေက ဒီလိုနေရာတွေမှာ ပိုက်ဆံဖြုန်းတာမကြိုက်ဘူး ငါ ငယ်ငယ်ကတည်းက အိမ်ကအဘွားတို့နဲ့နေရတာ အဖေနဲ့အမေက အလုပ်ကိစ္စနဲ့ ခရီးထွက်တယ် အချိန်ပြည့် ငွေဘဲရှာနေတာ အမေကဆို ငါ့ကိုမေ့လုနီးပါးဘဲ အဘွားတို့လက်ပေါ် ငါကြီးလာခဲ့တာ အမေ ဘယ်လောက် ငွေမက်လည်းဆိုတာ မိန်းကလေးချင်း နင်နဲ့ လက်ထပ်ရတဲ့အထိဘဲလေ"
Fanyပြောရင်း မျက်ရည်တွေကျလာသည် Fany မျက်ရည်တွေကို Sica သုတ်ပေးရင်း
"ငါနဲ့ လက်ထပ်ရတာ မင်း နောင်တရနေပြီလား"
"အဲ့လိုမဟုတ်"
Fany စကားမဆုံးသေး fanyရဲ့ နှုတ်ခမ်းကို Sica နမ်းလိုက်သည်
Sicaနဲ့ လက်ထပ်ရလို့ Fany သူ့မိဘတွေကို စိတ်တိုလို့ပြောဆိုခဲ့ပေမယ့် အခုကျ ဘာလို့ Sicaကို မငြင်းနိုင်တယ်ဆိုတာ Fany သူ့ကိုယ်သူမသိတော့ပေ
Bạn đang đọc truyện trên: Truyen3h.Co