Truyen3h.Co

Marriage

Part 17

KimFany059

Taeyeon မှာ သူ့ချစ်သူ Fany နေမကောင်းဘူးဆိုတဲ့အတွက်ကြောင့် ဆေးဝယ်ပြီး Fanyတို့ အိမ်ဘက်ကို ထွက်လာသည်

Fanyတို့ အိမ်ရှေ့ရောက်တော့ Taeyeonမှာ Fanyကို ဖုန်းခေါ်လိုက်သည် ....Fanyက ဖုန်းမကိုင်သောကြောင့် Fanyအိပ်ပျော်နေတယ် ထင်ပြီး Taeyeon လှည့်ပြန်မယ်လုပ်တော့ ကားတစ်စီး Fanyတို့ အိမ်ရှေ့ရပ်လာတာကို တွေ့လိုက်ရသည်

Taeyeonလည်း သစ်ပင်အကွယ်ကနေ ချောင်းကြည့်တော့ ကားပေါ်မှာ Fanyနဲ့ Jessicaတို့ kissing ပေးနေတာကို တွေ့လိုက်ရသည်

ထိုမြင်ကွင်းကို မြင်တော့ Taeyeon အရမ်းဒေါသထွက်သွားသည်

ကားပေါ်ကဆင်းပြီး နှစ်ယောက်သား လက်ချင်းတွဲသွားတာ မြင်တော့ စိတ်တိုလွန်းပြီး Taeyeon လက်ထဲက ဆေးထုတ်ကို လွှင့်ပြစ်လိုက်သည်

Taeyeon နှလုံးသား တစ်ခုလုံး စုတ်ဖြဲခံရသလို နာကျင်နေ၏....စိတ်ညစ်ညစ်နဲ့ Barဘက်ကို Taeyeon ရောက်လာသည်....

Taeyeon barဘက်ကို တစ်ခါမှမရောက်ဖူးပါ အရင်က Fany စိတ်ဆိုးမှာဆိုးလို့ Barဘက် ခြေဦးတောင် မလှည့်ပေမယ့် ယခုတော့ သူလုပ်ချင်တာကိုသာ Taeyeon သူ လုပ်တော့မည်

Taeyeon Barတွင် အရက်တွေကို လူမှန်းသူမှန်းမသိအောင် အလွန်အကျွံ သောက်ပြီး မူးနေသည်

Fany အိမ်ပြန်ရောက်ပြီး သူမအခန်းထဲတွင် အဝတ်အစားတွေ လဲပြီးနောက် ဖုန်းကိုကြည့်လိုက်တော့ Taeyeon ရဲ့ Missed callတွေကို တွေ့ရလေသည်

ထို့ကြောင့် ဖုန်းပြန်ဆက်သောအခါ

"Hello"

တစ်ဘက်က ဖုန်းပြန်ဖြေတဲ့အသံက မိန်းကလေးအသံဖြစ်နေလို့ Fany လန့်သွားတယ် သို့သော်လည်း စိတ်ကို သေချာထိန်းပြီး

"Hello....Kim Taeyeonရဲ့ ဖုန်းမဟုတ်ဘူးလား"

"Nae ဟုတ်ပါတယ် ကျွန်မ ဖုန်းပြန်ဖြေလို့ တစ်မျိုးတော့ မထင်ပါနဲ့ သူက အခု Barမှာ မူးပြီးမှောက်နေလို့ ဖုန်းမြည်နေတာနဲ့ စိတ်ပူမှာဆိုးလို့ ကိုင်ပေးတာပါ "

"Aww ဟုတ် ကျေးဇူးတင်ပါတယ် အခုက ဘယ်​​ Barလည်း မသိဘူး"

Fanyလည်း အိမ်ထဲက အမြန်ပြေးထွက်ပြီး Car Driverကို ကောင်မလေးပြောတဲ့ barဆီသို့ မောင်းပို့ခိုင်းလေသည်

Barထဲ ပြေးဝင်လာတဲ့ Fanyကို ကောင်မလေး တစ်ယောက်က လက်ပြပြီး

"ဒီမှာပါ "

"ကျေးဇူးပါနော် ကူညီပေးလို့ "

"ရပါတယ် "

Fanyလည်း ကောင်မလေးကို ကျေးဇူးတင်စကားပြောပြီး Taeyeonကို တွဲကာ ကားဆီသို့ ခေါ်ခဲ့လိုက်သည်

ထို့နောက် ကား driverကို Taeyeon ရဲ့အိမ်သို့ မောင်းခိုင်းလေသည်

Taeyeonကို အခန်းထဲထိ လိုက်ပို့ပေးပြီး Fanyပြန်သွားမယ်လုပ်တော့ Taeyeonက Fanyရဲ့ လက်ကို လှမ်းဆွဲလိုက်သည်

"Please Fany ah....ငါကို မဖြတ်ပါနဲ့နော် ပြီးတော့ ဟိုကောင်မကို မချစ်ပါနဲ့............... မင်း ငါ့ကိုချစ်တာမဟုတ်လား"

Taeyeonပြောရင်း မျက်ရည်တွေကျလာသည်

"မင်း သူ့ကိုပြန်နမ်းလိုက်တာ ငါတွေ့တယ်.....မင်းတို့နှစ်ယောက်လုံး ပျော်ရွှင်ပြီး လက်တွဲထားတာလည်း ငါတွေ့တယ် ငါ ထင်တာကလေ မင်းတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် မုန်းတယ်လို့....ငါ ထင်ခဲ့တာ "

"တောင်းပန်ပါတယ် Fany တောင်းပန်ပါတယ် Taeရယ်......"

Fany တောင်းပန်ပြီး ပြန်ထွက်မယ်လုပ်တော့ Taeyeon Fanyလက်ကို လွှတ်မပေးပေ

"ဒီညတော့ ငါ့ဘေးမှာ နေပေးပါ "

Fanyလည်း ရုန်းမရတဲ့အဆုံး ကားဆရာကို ဖုန်းဆက်ပြီး ပြန်ခိုင်းလိုက်သည်

Meanwhile

Sicaမှာ Fanyထွက်သွားတာ ကြာပြီး ပြန်မလာသေးလို့ အိမ်ရှေ့ထွက်စောင့်နေ၏

ကားရောက်လာတော့ ကားဆရာသာတွေ့ပြီး Fanyကို မတွေ့သောကြောင့်

"Fany ဘယ်မှာလဲ "

"မမလေးက Barတစ်ခုကို သွားခိုင်းပြီး အဲ့ကမူးနေတဲ့ ကောင်လေးကို ခေါ်ပြီး သူ့အိမ်​ ခေါ်သွားတယ်ဗျာ့ ပြီးတော့ ကျွန်တော့်ကို ပြန်ခိုင်းတယ်"

"ဘာ ခင်ဗျားက မူးနေတဲ့ ယောင်္ကျားတစ်ယောက်တည်း ရှိတဲ့အိမ်မှာ Tiffanyကို ထားခဲ့တာ ဟုတ်လား"

"တောင်းပန်ပါတယ် "

"မလိုဘူး ပေး ကားသော့ ခင်ဗျား အလုပ်ထွက်လိုက်တော့"

Sica ကားဆရာကို အလုပ်ထုတ်ပြီး Fanyဆီ ဖုန်းခေါ်လေသည်

Fanyက ဖုန်းမကိုင်သောကြောင့် Sica စိတ်တွေရှုပ်ထွေးလာပြီး

"အား.....ဘာလို့ဖုန်းမကိုင်တာလည်း Fanyရ......."

Sicaလည်း ဆက်မစောင့်တော့ဘဲ အိမ်ထဲပြန်ဝင်ကာ ဝိုင်တွေသောက်ပစ်လိုက်သည်

Next Morning

Taeyeon အိပ်ရာကနိုးလာတော့ ဆိုဖာပေါ် အိပ်ပျော်နေတဲ့ Fanyကို တွေ့ရလေသည်

"သူ ဘယ်လိုလုပ် ဒီရောက်.....အာ"

Taeyeon မနေ့ညကအကြောင်းတွေ ပြန်သတိရသွားသည်

Taeyeon အသံကြောင့် Fany နိုးလာတယ်

"နိုးပြီလား Tae....လန်းဆန်းသွားအောင် ရေချိုးလိုက်အုံး....Fany မနက်စာပြင်ပေးထားမယ်"

Fanyပြောပြီး Kitchen ထဲ ဝင်သွားသည်

နှစ်ယောက်သား တိတ်ဆိတ်စွာနဲ့ မနက်စာစားပြီးနောက်

"Kim Taeyeon.....Fany ပြောစရာရှိတယ်"

"ဘာများလည်း"

Taeyeon မျက်ခုံးပင့်ပြီး မေးလိုက်သည်

"Fany.......Taeနဲ့ လမ်းခွဲချင်တယ်"

"ဘာဖြစ်လို့လဲ "

"မသိဘူး Fany ခံစားချက်တွေ ရှုပ်ထွေးနေတယ်"

"မင်း သူ့ကိုချစ်လား "

"မသိဘူး အဲ့တာကြောင့် Fany ခံစားချက်တွေကို သေချာအောင် လုပ်ချင်တာ"

Fanyပြောရင်း မျက်ရည်တွေဝဲလာသည်

Taeyeon မျက်ရည်မကျအောင် ထိန်းထားရင်း ထိုင်ရာက ထလိုက်သည်

"Fany တောင်းပန်ပါတယ် Tae...."

Taeyeon ခေါင်းခါပြပြီး Fanyရဲ့ မျက်ရည်တွေကို သုတ်ပေးသည်

"တောင်းပန်စရာ မလိုပါဘူး မင်း ငိုနေတာ ကိုယ် မကြည့်ရက်ဘူး......မင်းသဘောအတိုင်း ကိုယ် လမ်းခွဲပေးမယ်နော် ကိုယ် မင်းကို အရမ်းချစ်ပေမယ့် မင်းပျော်နေတာပဲ မြင်ချင်တာပါ ဒါကြောင့်......... ကိုယ်တို့ချစ်သူ မဟုတ်တော့လည်း Best friend လိုနေလို့ရတယ်မလား "

"ရပါတယ်...."

"ဒါဆိုလည်း သွားတော့လေ သူ စောင့်နေတယ်မဟုတ်လား......ငါနဲ့ ဘာမှမဖြစ်ခဲ့ဘူးဆိုတာ ပြောပြလိုက်အုံးနော် သူ အထင်လွဲနေမယ်"

Fany ဘာမှဆက်မပြောဘဲ အိမ်ထဲကပြေးထွက်သွားတော့ Fanyနောက်ကို Taeyeon ပြေးလိုက်ပြီး
"Tiffany ...."

Fany အနောက်ကိုလှည့်ကြည့်တော့ Taeyeon သူမကို ပြေးဖက်သည်

"နောက်ဆုံးအနေနဲ့ နမ်းချင်လို့ပါ"

Taeyeon ပြောပြီး Fanyကို နမ်းလိုက်တယ်.....ဒီအနမ်းဟာ.....Taenyတို့အတွက်....နောက်ဆုံး အနမ်းပင်ဖြစ်သည်.....

ဘာလို့မှန်းမသိ ဒိအပိုင်းရေးရင်း ဝမ်းနည်းလာတာ....Readerတို့ရော.....ကိုယ်ချစ်တဲ့သူကို ဒီလိုမျိုးဘဲ လက်လွှတ်ပေးမှာလား....ကျွန်တော်ကတော့ မရဘူးထင်တယ်....

Bạn đang đọc truyện trên: Truyen3h.Co