Part 21
3years later.....
"Say Ah.... Joy ...."
Fanyပြောတော့ ကလေးမလေးမှာ ပါးစပ်ဟပြီး Fanyကျွေးတာကို စားလိုက်သည်
"Aigoo သမီးလေးကို တော်တော်အရွယ်ရောက်လာပြီ ထင်နေတာ ခုထိ Omar ကျွေးတာ စားနေတုံးလား "
Taeyeon ရောက်လာပြီး ကလေးပေါက်စ Joyရဲ့ ပါးနှစ်ဖက်ကို နမ်းလိုက်သည်
"Appa ရေခဲမုန့် ဝယ်ကျွေး "
Taeyeonကို ဖက်ပြီး Joy ပူဆာလိုက်သည်
Joyမှာ puppy eyesလေးနဲ့ အသနားခံနေတော့လည်း Taeyeonမှာ မနေနိုင်ဘဲ
"Ok ok Appa ဝယ်ကျွေးမယ်လေနော် "
"Yeah ဒါမှ Appaကွ...."
Joy ပျော်လို့ ခုန်ပေါက်နေသည်
"ကဲ အရင်ဆုံး ထမင်းလေး ကုန်အောင် စားပါအုံး သမီးရဲ့ "
Fany သူ့သမီးရဲ့ နှုတ်ခမ်းပေါ်က ထမင်းလုံးကို ဖယ်ရင်း ပြောလိုက်သည်
"စားချင်ဘူး "
Joy နှုတ်ခမ်းစူပြီး ပြောလိုက်သည်
"ထမင်း မစားဘူးဆိုရင် Appaနဲ့ Omarက ရေခဲမုန့်ဝယ်မကျွေးဘူးနော် "
Joy နှုတ်ခမ်းစူပြီး Fanyကို ကြည့်နေသည်
"Aigoo မင်းတို့သားအမိက တကယ် ချွတ်စွတ်ဘဲ လိုချင်တာ မရမချင်း နှုတ်ခမ်းကို အဲ့လိုစူနေတာ "
Taeyeon ဟိုးအရင်က အကြောင်းကို သတိရပြီး ပြောလိုက်သည်
Fany မွေးနေ့ မတိုင်ခင်မှာ shopping ထွက်ရင်း ဆွဲကြိုးလေး တစ်ကုံးကို တွေ့ပြီး Taeyeonကို ပူဆာခဲ့သည်
Taeyeonက ပိုက်ဆံမလောက်လို့ မနက်ဖြန်မှ ဝယ်ပေးမယ်ပြောတော့ မဝယ်ပေးမချင်း Fanyမှာ နှုတ်ခမ်းစူကာ ဆိုင်ရှေ့ရပ်နေခဲ့သည်
Taeyeon အတိတ်ကို ပြန်တွေးပြီး သဘောကျစွာရယ်လိုက်သည်
"ဘာရယ်နေတာလည်း Tae"
"ဘာမှမဟုတ်ဘူး "
Taeyeonပြောပြီး Fanyရဲ့ နှုတ်ခမ်းလေးကို နမ်းလိုက်သည်
"Ahhhhh Appa နဲ့ Omar နမ်းနေကြတယ် "
Joyမှာ သူမရဲ့ လက်သေးသေးနဲ့ သူမမျက်နှာကို ကာပြီးအော်လိုက်သည်
"No No Appaတို့ မနမ်းပါဘူး "
Jessica မှာ ရုံးခန်းထဲက စာရင်းတွေကြည့်ရင်း တံခါးခေါက်သံကြောင့်
"ဝင်ခဲ့ပါ "
"Mrs.Jung ကျွန်တော်တို့ Tiffanyကို ရှာတွေ့ပါပြီ "
ထိုစကားကြောင့် Sica ချက်ချင်းဘဲ ထိုင်ရာကနေ ထရပ်လိုက်သည်
"LAမှာ ရှာတွေ့ခဲ့ပါမယ် "
"Ok ဒီနေ့ meetingတွေ အလုပ်တွေ အကုန်ဖျက်ပြီး LAသွားမယ် လေယာဉ်ကို ချက်ချင်းပြင်ထား "
"Nae "
Sicaလည်း အဝတ်အစားတောင် မလဲဘဲ လေဆိပ်ကို ထွက်လာခဲ့သည်
သူမရဲ့ Private လေယာဉ်ပေါ်ရောက်တော့ သူမရဲ့ အင်္ကျီအိတ်ထောင်ထဲက Fany ပုံကို ထုတ်ကြည့်ပြီး
"ငါ မင်းဆီ လာနေပြီ Fany.....နောက်ထပ် အမှားမျိုး ထပ်မလုပ်မှာမို့ ....."
"Appa သမီးကို ကစားကွင်းလိုက်ပို့ပေး "
ရေခဲမုန့်စားရတာ အားမရလို့ Joyမှာ ကစားကွင်းသွားချင်ကြောင်း ပူဆာနေသည်
"Joy...သမီး "
Fanyက Joyကို ဆူမလို့ရှိသေး Taeyeonက ဝင်တား လိုက်သည်
"ကလေးကို မဆူပါနဲ့ Fanyရယ် မူကြိုပိတ်ရက်ဘဲ သူလည်း အိမ်ထဲမှာ နေရတာ ပျင်းမှာပေါ့ ကိုယ်လည်း အလုပ်နားရက်ဆိုတော့ ကစားကွင်းသွားရအောင်လေ "
Fanyမှာ ကလေးကို အရမ်းအလိုလိုက်တဲ့ Taeyeonကို ကြည့်ပြီး သက်ပြင်းချလိုက်သည်
"အား ကယ်ကြပါအုံး "
Roller coaster စီးပြီး အာပြဲနဲ့အော်နေတဲ့ Taeyeon အသံကြောင့် Joyတို့ သဘောကျပြီး ရယ်နေ၏
"Appa နောက်တစ်ခါ စီးရအောင် "
"No No ထပ်စီးရရင် Appa အသက်ပျောက်ပြီ "
Taeyeon သစ်ပင်ခြေရင်းမှာ အန်ရင်း ငြင်းလိုက်သည်
"Tae အဆင်ပြေလား joy သမီး ဒီမှာ Appaကို ခဏစောင့်ပေးနော် Omar Appaအတွက် ရေခဲမုန့်သွားဝယ်လိုက်အုံးမယ် "
"သမီးအတွက် တစ်ခု "
"No ခုန ကစားကွင်းမလာခင်က စားထားတာလေ မရဘူးနော် "
"ကျွေးလိုက်ပါ Fanyကလည်း "
"ကလေးက ချောင်းဆိုးလိမ့်မယ်ရှင့် ဇွတ်အလိုလိုက်မနေနဲ့ "
Fany သူ့ယောင်္ကျားကို ငေါက်ပြီး ထွက်သွားသည်
Joyရဲ့ ငိုမဲ့မဲ့ရုပ်လေးကို Taeyeon မကြည့်ရက်တာနဲ့
"Joyလေး Appaတို့ Mickey Mouse ဦးထုပ်လး ဝယ်မလား "
"Yeah......."
Fany ရေခဲမုန့်ဝယ်ပြီး ပြန်လာတော့ Joyတို့ကို မတွေ့တာနဲ့ စိတ်ပူသွားသည်
"Tae Taeများ မူးလဲသွားတာလား "
"Fany Ah "
Taeyeon အော်သံကို Fanyကြားလို့ လှည့်ကြည့်တော့ Mickey Mouse ဦးထုပ်လေးတွေနဲ့ Taeyeonတို့ သားအဖကို တွေ့ရသည်
"မင်းအတွက် တခုဝယ်လာတယ် ရော့ "
Fanyကို ဥိးထုပ်လေး ဆောင်းပေးပြီး
"လာ မိသားစု ဓာတ်ပုံ ရိုက်ရအောင် "
Taeyeonတို့ မိသားစုမှာ ပျော်နေပေမယ့် Sicaမှာတော့ Fanyကို တွေ့ရဖို့ စိတ်တက်ကြွ အားသန်နေသည်....
ကဲ Jeti လား Taenyလား Reader ကြိုက်တာပြော😛
Bạn đang đọc truyện trên: Truyen3h.Co