Truyen3h.Co

Marriage

Part 22

KimFany059

Jessi LAကို ရောက်တော့ လိပ်စာအတိုင်း ကားမောင်းပြီး Fany အိမ်ကို သွားလိုက်သည်

လိပ်စာထဲက Fanyရဲ့ အိမ်ရှေ့ကိုရောက်တော့ တံခါးခေါက်ဖို့ Jessi တွေးလိုက်သည်

သို့သော်လည်း ဘေးနားက ပြတင်းပေါက်ကို တွေ့ပြီး ပြတင်းပေါက်ကနေ အတွင်းကို ချောင်းလိုက်တော့ Jessi မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် လန့်သွားလေသည် 

Fanyက ကလေးတစ်ယောက်ကို ထမင်းခွံ့ကျွေးပြီး Taeyeonက အိပ်ခန်းထဲက ထွက်လာပြီး Fanyတို့ဆီ လျှောက်လာသည်

"ဘယ်လို သူတို့ ကလေးရသွားပြီလား "

Jessi ဆက်ကြည့်တော့ ကလေးက Taeyeon ဆီပြေးသွားပြီး Taeyeon ရဲ့ ခြေထောက်ကို ဖက်လိုက်သည်

Fanyက ကလေးဆီလျှောက်သွားပြီး ကလေးရဲ့ ပါးစပ်က ပေနေတာတွေကို လက်ကိုင်ပုဝါနဲ့ သုတ်ပေးသည်

Taeyeonက ပြုံးပြီး Fanyရဲ့ နှုတ်ခမ်းကို နမ်းလိုက်တာကို Jessi မြင်ပြီး အရမ်းဒေါသထွက်သွားသည်

ဒါကြောင့် သူ ကားပေါ်ပြန်တက်ကာ ခြေဦးတည့်ရာ သွားလိုက်သည်

Krystalလည်း LAကို Jessi လိုက်သွားတဲ့ အကြောင်းသိပြီး သူ့အမပေါက်ကရတွေ ထပ်လုပ်မှာဆိုးလို့ စိတ်ပူပြီး LAကို လိုက်သွားသည်

"Kry ah မင်း သိပ်ပြီး ဖိအားများနေတာဘဲ ငါ မင်းကအကြီးလား Jessiက အကြီးလားဆိုတာ မသဲကွဲတော့ဘူး "

"Shut up Amber ဒီလိပ်စာရှိရာကို မောင်း "

Krystalလည်း လိပ်စာထဲက အိမ်ရှေ့ကို ရောက်တော့  အိမ်တံခါးကို ခေါက်လိုက်သည်

Knock Knock

"Omma တံခါးခေါက်သံကြားရတယ် အိမ်ရှေ့မှာ ဘယ်သူရောက်နေတာလည်း မသိဘူး "

အိမ်ထဲက ကလေးအသံကြောင့် Krystal အံ့သြသွားသည်

အိမ်တံခါးဖွင့်လိုက်တော့ ကလေးကို ချီထားတဲ့ Fanyကို မြင်ပြီး Krystalမှာ ပါးစပ်ဟောင်းလောင်းဖြင့်.......

"Krystal?"

"Chawတို့ အိမ်ထဲ ဝင်လို့ရလား Unnie "

Fany သက်ပြင်းချပြီး

"Ok"

Fanyလည်း Krystalနဲ့ Amberကို အိမ်ထဲသို့ ဝင်ခိုင်းလေသည်

"ထိုင်လေ...."

Amberကတော့ Joyလေးကိုခေါ်ပြီး ဧည့်ခန်းထဲက အရုပ်တွေနဲ့ဆော့ပေးနေသည်

Krystalကတော့ ဆိုဖာမှာ ထိုင်ရင်း Joyကို စိုက်ကြည့်နေသည်

"Joy က Jessiနဲ့တူတာဘဲ 💭"

"Krystalက Unnie အိမ်ကို ဘယ်လိုရှာတွေ့တာလည်း "

"အဲ့တာက အရေးမကြီးပါဘူး အဲ့ကလေးမလေးက ဘယ်သူ့ကလေးလည်း "

"ငါနဲ့ Taeyeon ကလေးလေ....."

Krystalရဲ့ အကြည့်ဆွေကို မျက်နှာလွှဲပြီး Fany ဖြေလိုက်သည်

"Fany Unnie အလိမ်မတော်လိုက်တာ 💭"

"Jessi နဲ့ တူတယ်နော် "

"Ah မဖြစ်နိုင်တာ ဘယ်လိုလုပ် Jessiနဲ့တူရမှာလည်း Jessiနဲ့ ရတာမှ မဟုတ်တာ "

"ဟုတ်လို့လား "

"မိန်းကလေးချင်း ဘယ်လို ကိုယ်ဝန် ရမှာလည်း "

"နည်းပညာတွေ တိုးတက်နေပြီလေ Unnieရယ်...."

"လိုရင်းကိစ္စကို ပြောပါ "

"Jessi အကြောင်း "

"သူ့အကြောင်းဆိုရင် Unnie နားမထောင်ချင်ဘူး Krystal ဒါကြောင့် ပြန်ပါတော့ "

"မဟုတ်ဘူး Unnie သူ့အကြောင်းဘဲ ပြောပြချင်တာပါ Unnieကို သူနဲ့ ပြန်ပေါင်းခိုင်းတာလည်း မဟုတ်ဘူး chaw ပြောတာလေးကို နားထောင်ပေးပါ "

Fanyလည်း သက်ပြင်းချလိုက်ပြီး

"ဘာပြောချင်တာလည်း "

"သူက Unnieကို တကယ်ချစ်တာပါ Unnie ထားသွားတဲ့နေ့ကစပြီး သူ အရင်လို မပွေမရှုပ်တော့ဘဲ တည်တည်ငြိမ်ငြိမ်နဲ့ အားကိုးရတဲ့သူ ဖြစ်အောင် ကြိုးစားခဲ့တာ "

"Aww တကယ်ချစ်လို့ဘဲ Unnieကို အေးတိအေးစက် ဆက်ဆံပြီး ရှုပ်ပွေတာပေါ့နော် Krystal "

"သူ အေးတိအေးစက် ဆက်ဆံတာက.....Unnie သူ့ကို တကယ်ချစ်မိသွားမှာဆိုးလို့ပါ fake wedding ဆိုတော့ စာချုပ်သက်တမ်း ပြည့်သွားတဲ့အခါ အလဲလဲအကွဲကွဲ ဖြစ်မှာဆိုးလို့ "

"ဟုတ်ပြီလေ ဒါဆို ရှင်းနေတာဘဲ သုံးနှစ်ကျော်ပြီဆိုတော့ စာချုပ်သက်တမ်းလည်း ပြည့်လောက်ပြီ သူနဲ့ ထပ်ပတ်သက်စရာလည်း မလိုတော့ဘူးလေ "

"Unnie သဘောပါ Chawက သူ Unnieကို တကယ်ချစ်ခဲ့ကြောင်း နေ့တိုင်း Unnieပုံလေးကြည့်ပြီး တတွတ်တွတ်ပြောရင်း ငိုနေတာတွေ ကြည့်နေတွေ့နေရတော့...... Unnieကို သူ မချစ်ဘူး ထင်မှာဆိုးလို့ "

"Koreaကနေ ဒီထိ တကူးတက လာပြောပေးလို့ ကျေးဇူးပါ Krystal ပြောစရာမရှိဘူးဆိုလည်း ပြန်ပါတော့ Unnie လုပ်စရာတွေရှိသေးတယ် "

Krystal လည်း သက်ပြင်းချကာ Amberကို ခေါ်ပြီး Fanyဆီက ထွက်လာလိုက်သည်

Bạn đang đọc truyện trên: Truyen3h.Co