Part-7
"Tiffany ရေ မင်း အသက်ရှိသေးလား....."
Taeyeon အသံကြောင့် Fany မနေ့ညက ဖြစ်ခဲ့တဲ့အကြောင်းတွေ ပြန်တွေးနေရာက သတိပြန်ဝင်လာခဲ့သည်
"မင်း ဘာဖြစ်နေတာလည်း....ဟိုဟာမက မင်းကို ဘယ်ခေါ်သွားတာလည်း.. ."
Taeyeon မေးခွန်းကြောင့် Fany မှာ Sica သူမကို နမ်းတဲ့အချိန်ကို ပြန်တွေးမိသွားပြန်သည်
"Fany....Fany....Tiffany..."
"Oh sorry ငါ တွေးမိနေလို့....."
"ဘာတွေ တွေးနေတာလည်း......"
Taeyeon မေးတော့ Fany ပြုံးပြီး Taeyeon လက်ကိုဆွဲကာ အိမ်အပြင်သို့ ခေါ်သွားလေသည်
"Yah ကိုယ့်ကို အိမ်ထဲက နှင်ထုတ်တာလား...."
Taeyeon နှုတ်ခမ်းစူပြီး မေးလိုက်တော့
"မဟုတ်ပါဘူး Fany ပင်ပန်းလာလို့ အနားယူချင်ပြီလေ....ပြီးတော့ နောက်ကျနေပြီလေ မိန်းကလေးနဲ့ ယောင်္ကျားလေးက လက်မထပ်ရသေးဘဲ တစ်အိမ်ထဲ အတူနေ မရဘူးလေ အထူးသဖြင့် ဒီလိုညမျိုးပေါ့....."
Fany ထိုသို့ ပြောပြီး စနောက်လိုက်သည်
"Ok ok ကိုယ် သိပါပြီ မင်းကို respect ပေးရမှာပေါ့ ဒါဆို ကိုယ် ပြန်တော့မယ်နော်....."
Fany နှုတ်ခမ်းကို နမ်းပြီး Taeyeon နှုတ်ဆက်ကာ ထွက်သွားလေသည်
Fanyကတော့ အိမ်ထဲ ပြန်ဝင်လာပြီး ကုတင်ပေါ် ပစ်လှဲကာ သူနဲ့ Sica လက်ထပ်ပွဲအကြောင်း စဉ်းစားနေ၏
"အား......"
Fany စိတ်ညစ်ပြီး ရုတ်တရက် ထအော်လိုက်သည်
ဒီလိုနဲ့ တစ်ပတ်ကြာပြီးနောက် Wedding dayသို့ ရောက်လာလေသည်
Fany သက်ပြင်းချပြီး ခံစားချက်မဲ့တဲ့ ရုပ်ကြီးနဲ့ သူ့ကို စောင့်နေတဲ့ Sicaဆီသို့ သွားလိုက်သည်
Mr.Hwangမှာ Sicaဆီ သူ့သမီးကို အပ်လိုက်သည်
Jetiလည်း လက်ချင်းတွဲပြီး ဖာသာဆီသို့ သွားကြသည်
ဖာသာ ပြောတဲ့စကားတွေ နားထောင်ပြီး မေးခွန်းတွေ ဖြေပြီးနောက်
"သတို့သမီးကို နမ်းလို့ရပြီ....."
Sica တဖြည်းဖြည်း အနားကို တိုးလာတော့ Fanyမှာ သူ့ကိုနမ်းမယ်ထင်နေ၏.....
"မင်းကို ထပ်နမ်းမယ် ထင်နေတာလား ....ဟဟ .....ဆုတောင်းလေ ငါ့ရဲ့ လှပတဲ့ နှုတ်ခမ်းကို ထပ်ပြီး မဖြုန်းတီးချင်ဘူး...."
Sicaတိုးတိုးလေး ကပ်ပြောလေ၏.......Krystalမှာတော့ သူ့အမက Fanyကို နမ်းတယ်ဆိုပြီး အရမ်းပျော်နေ၏
မင်္ဂလာပွဲပြီးတော့ Fanyမှာ Taeyeon,Yuriတို့ကို မနှုတ်ဆက်ခင် Sicaမှာ ကားပေါ်ဆွဲခေါ်သွားပြီး သူ့အဘိုးဝယ်ပေးတဲ့ မင်္ဂလာ လက်ဖွဲ့ အိမ်သို့ ခေါ်သွားလေသည်
Fanyမှာ နန်းတော်ကြီးသမျှ ခမ်းနားတဲ့ အိမ်ကြီးကို ပါးစပ်အဟောင်းသားဖြင့် ကြည့်နေ၏
"မင်းရဲ့ ပစ္စည်းတွေကို မနက်ဖြန် ယူလာပေးမယ်တဲ့ ခုတော့ Krystal ပေးတဲ့ အ၀တ်အစားတွေဘဲ ၀တ်နှင့်...."
Sicaပြောပြီး အိမ်ထဲသို့ ၀င်သွားလေသည်
Fany အိမ်ထဲကို ၀င်တော့ အိမ်ထဲမှာ အိမ်ဖော်တွေ မရှိသောကြောင့် အံ့သြနေ၏
"ဟင် ဒီလိုအိမ်ကြီးထဲမှာ အိမ်ဖော်တွေလည်း မရှိပါလား 💭"
"အိမ်ဖော်တွေ ခေါ်မထားဘူး သိလား......"
Sicaမှာ Fanyရဲ့ အတွေးတွေကို သိနေတဲ့လူတစ်ယောက်လို ချက်ချင်း ပြောလိုက်သည်
"Waeyo?"
"ဘာလို့လည်းဆိုတော့ သူတို့လုပ်ရမယ့် အလုပ်တွေကို မင်းတစ်ယောက်တည်း လုပ်ရမှာမို့လို့...."
"ဘာ နင် ရူးနေလား ငါက အိမ်ဖော်နဲ့ တူနေလို့လား Jessica ...ash...တကယ်ဘဲ ငါ့ကို စိတ်တိုအောင်လုပ်နေတယ်....."
Fany ခြေဆောင့်ပြီး ပြောလိုက်သည်
"ငါ့ရဲ့ အိမ်ဖော်အဖြစ် နေတာ မင်းအတွက် အသင့်တော်ဆုံးဘဲလေ......."
"Fuck you Jessica....."
"No no မင်း fuck တာ မခံချင်ဘူး မခံချင်လို့ အခန်းခွဲအိပ်တာ အိုကေ မင်းအခန်းမင်းနေ ငါ့အခန်းထဲ ခြေချဖို့ မစဉ်းစားနဲ့ ဒါဘဲ...."
Sica ပြောပြီး တံခါးကို ဆောင့်ပိတ်ကာ အခန်းထဲဝင်သွားတော့
"ငါကလည်း နင့်ကို FUCK ချင်လွန်းလို့ ....ထွီ အလကားပေးတောင် မ fuckဘူး အမလေး စိတ်တိုလိုက်တာ...."
Fany သူ့ဒေါသ သူထိန်းပြီး တခြားအခန်းထဲသို့ ၀င်သွားလေသည်
Bạn đang đọc truyện trên: Truyen3h.Co