Part-8
Fany သူနဲ့ မရင်းနှီးတဲ့ အခန်းမှာ နိုးလာသည် .....
အိပ်ရာက နိုးနိုးချင်း Taeyeonဆီ ဖုန်းခေါ်ဖို့ အရင်တွေးမိသည်.....
သို့သော်လည်း သူမ လက်ထပ်ထားတာကို သတိရမိပြီး အိပ်ရာက ထကာ ရေချိုးလိုက်သည်
ထို့နောက် Krystal ၀ယ်ပေးထားတဲ့ ဂါဝန်အနီရောင်လေးကို ၀တ်လိုက်တော့ ဂါဝန်မှာ တော်တော်လေးတိုပြီး ရင်ဘတ်ကလည်း ဟိုက်နေသေး၏
"Oh gosh....Krystal ဘယ်လိုအ၀တ်အစားတွေ ၀ယ်ပေးနေတာလည်းဟ...."
Fany ဂါဝန် ၀တ်ရင်း ညည်းညူလိုက်သည်
ထို့နောက် အခန်းထဲက ထွက်လာပြီး မနက်စာ စားဖို့ Dinning Roomထဲ ၀င်သွားလေသည်
ရေခဲသေတ္တာကို ဖွင့်ကြည့်တော့ အရွက်တချို့ရယ် ကြက်ဥတွေနဲ့ ပေါင်မုန့်တွေကို တွေ့ရလေသည်
Sicaလည်း အိမ်ပေါ်ကနေ ဆင်းလာပြီး Dinning Roomဘက်ကို လျှောက်လာသည်
ဒီနေ့ အလုပ်မရှိသောကြောင့် သူ့သူငယ်ချင်းတွေနဲ့ တွေ့ဖို့ Sica ဆုံးဖြတ်ထားသည်
Dinning Roomထဲ မ၀င်ခင် တစ်ယောက်တည်း မနက်စာပြင်နေတဲ့ Fany ကို မြင်ပြီး sica ခြေလှမ်းတွေ ရပ်တန့်သွားလေသည်
တိုမြှောက်နေတဲ့ ဂါဝန်ကြောင့် ဖြူဖွေးနေတဲ့ Fany ခြေသလုံးကို ကြည့်ပြီး Sica တံတွေးမျိုချမိသွားသည်
စိတ်ကူးထဲ Fany ကို ပြစ်မှားမိနေတာကို Sica သတိထားမိပြီး အတွေးတွေကို ရပ်ပစ်လိုက်သည်
Fany မနက်စာပြင်ဆင်ပြီး နောက်လှည့်လိုက်တော့ Sicaကို တွေ့ရလေသည်
Sicaကို မုန်းပေမယ့်လည်း မနက်စာ အတူစားဖို့ခေါ်ရန် Fany တွေးလိုက်သည်
"Jessica ငါ ပေါင်မုန့်ကြက်ဥကြော်ထားတယ် နင်ရော စားအုံးမလား.. ..."
"Omo မင်းက ငါ့အတွက် မနက်စာ ပြင်ပေးထားတာလား ဟာ ငါတော့ နှလုံးခုန်ရပ်တော့မယ်....."
Sica ပြောင်ချော်ချော်ပြောတော့ Fany မျက်မှောင်ကြုတ်ပြီး
"Sorry ငါ စိတ်ကူးပြောင်းသွားပြီ နင့်ဘာသာနင် မနက်စာ လုပ်စားလိုက်တော့ ....ချီးထုပ်မ....."
"ငါ အပြင်သွားတော့မှာ...မင်း ဖွထားတဲ့ ကြက်ဥခွံတွေ ရှင်းထားနော် ငါ အမှိုက်တွေကို ကြည့်မရဘူး......အာ မင်းလည်း အမှိုက်လိုဘဲ သိလား နေအုံး ငါ ထပ်ပြောအုံးမယ် အဲ့ဂါဝန်မ၀တ်နဲ့...မင်းနဲ့ လိုက်လည်းမလိုက်ဘူး "
Sica ဂါဝန်ကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်
"စိတ်ပူမနေနဲ့ ငါ့အ၀တ်အစားတွေရောက်လာရင် ဒီဂါဝန်ကို ချက်ချင်းဘဲ ချွတ်ပစ်မှာ နေပါအုံး ငါ့ဟာငါ ဒီဂါဝန် ၀တ်တာ ဘာဖြစ်လဲ နင်နဲ့ ဘာဆိုင်လို့လည်း....."
"ငါ့မျက်လုံးထဲ ကိုးလိုးကန့်လန့်ကြီးဟ ဒီလောက် လှတဲ့ ဂါဝန်ကို မင်းမို့ ဖျက်စီးရက်တယ်...."
Fany စိတ်တိုပြီး ဇွန်းကို ဘုန်းခနဲမြည်အောင် စားပွဲခုံပေါ် ပစ်ချပြီး
"နင် မနက်စာ မစားဘူးဆိုလည်း ဒီက ထွက်သွားပေးပါလား နင့်ကို မြင်ရင် လူသတ်ချင်စိတ် ပေါက်လာလို့ပါ......"
Fany စကားကြောင့် Sica တဟားဟားနဲ့ သဘောကျစွာ ရယ်လိုက်သည်
"ဘာလည်းဟ ရူးနေတာလား....💭💭"
"ငါပြောတဲ့ထဲ ရယ်စရာပါနေတာလား Jessica.. ."
"Kill me or Fuck me?"
"ဘာ နှာဗူးမ နင့်ခေါင်းထဲ ဦးနှောက် အစား အဲ့အကြောင်းတွေဘဲ ရှိတာလား.....မနက်စာကို အေးဆေးစားချင်ပါတယ်ဆို နင်က ဖျက်စီး....တောက် ငါမှားတာပါ နင့်ကို မနက်စာ အတူစားဖို့ မခေါ်သင့်ဘူး "
Fany မနက်စာကို အမှိုက်ပုံး လွှင့်ပစ်ပြီး ၀ုန်းဒိုင်းကြဲကာ Dinning Roomထဲက ထွက်သွားလေသည်
"အမလေး ကြောက်ဖုတ်ကောင်းလိုက်တာ...."
Sica ပခုံးတွန့်ပြီး ပြောလေသည်
Taeyeon : Fany အဆင်ပြေရဲ့လား
Fany : ဘာကိုလည်း
Taeyeon : ဟိုကောင်နဲ့ အတူနေတာလေ.......ကိုယ်ပြောချင်တာက တစ်အိမ်တည်းနေတာ...
Fany : မဆိုးပါဘူး သူ့ကို တစစီ စုတ်ဖြဲပစ်ချင်ရုံပါ
Taeyeon : Aigoo မင်းအစား ကိုယ် သတ်ပေးရမလား ကိုယ့်မင်းသမီး လက်ကို သွေးမစွန်းစေချင်ဘူး
Fany : Aigoo ငါ့ရဲ့ မင်းသားလေး လက်ကိုလည်း သွေးမစွန်းစေချင်ဘူး.. ..
Taeyeon : ကိုယ့်ကို ရင်ခုန်အောင် လုပ်နေပြန်ပြီ
Fany : လွမ်းလိုက်တာ
Taeyeon : ကိုယ်လည်း မင်းကို အရမ်းလွမ်းတယ်....ကိုယ်သာ သူ့လို ချမ်းသာ ရင် မင်းနဲ့ အခုချိန် အတူရှိနေလောက်ပြီ
Taeyeon စကားကြောင့် Fany အရမ်းဝမ်းနည်းသွားတယ်....စကားမပြောဘဲ ခဏတိတ်ဆိတ်သွားတော့
Taeyeon : Fany....မင်းရှိသေးလား
Fany : ရှိပါတယ်ရှင့်
Taeyeon : အရမ်းချစ်တယ် သိလား ကိုယ် Meeting စတော့မှာမို့ ဖုန်းချလိုက်တော့မယ်နော်
Fany : အင်းပါ အရမ်းချစ်တယ်.. ...
Fanyလည်း ဖုန်းချပြီး ပျင်းတာနဲ့ Tvဖွင့်ကာ ရုပ်ရှင်ကြည့်နေ၏
Sicaကတော့ ထုံးစံအတိုင်း Barတွင် သူ့သူငယ်ချင်းတွေနဲ့ သောက်စားနေ၏
"မင်း ဘာလို့ Tiffanyကို အရမ်းမုန်းနေတာလည်း သူက အရမ်းလှတာကို ငါသာ မင်းနေရာမှာဆို Tiffanyကို ဖင်အအေးပတ်အောင်ကို ဖူးဖူးမှုတ်ထားမှာ "
"ဒါဆို မင်း သူ့ကို ယူလိုက်လေ Hyoyeon....."
"တကယ်လား ...."
"ငါ့လာမမေးနဲ့ သူ့ဘဲ သွားမေး "
"Oh သူ့မှာဘဲ ရှိတာလား သွားပြီ...."
Hyoyeon စိတ်ညစ်တဲ့ပုံစံနဲ့ ပြောလိုက်သည်
Sica အရက်သောက်ပြီး ပြန်လာတော့ ဧည့်ခန်းထဲ ရုပ်ရှင်ကြည့်ရင်း အိပ်ပျော်နေတဲ့ Fanyကို တွေ့ရလေသည်
Sica Dramaထဲကလို Fanyကို ပွေ့ချီပြီး အခန်းထဲမခေါ်သွားဘဲ Fany ကို မမြင်ချင်ယောင်ဆောင်ကာ အခန်းထဲသို့ ၀င်သွားလေသည်
Bạn đang đọc truyện trên: Truyen3h.Co