Final
Bang...
Bang
သေနတ် နှစ်ချက် ဆင့်ပစ်သံကြောင့် Winter မျက်လုံးမှိတ်ထားရာက ဖွင့်လိုက်တော့ သွေးအိုင်ထဲ လဲကျနေတဲ့ Rockyနဲ့ သူ့ကိုသေနတ်နဲ့ချိန်ထားတဲ့ကောင်ရဲ့ အသက်မဲ့နေသော ခန္ဓာကိုယ်ကို တွေ့ရလေသည်
"Rocky...."
Winter အရမ်းလန့်ပြီး Rockyကို ပြေးပွေ့ချီလိုက်သည်
"Rocky...."
"Rockyက မင်းကို ကယ်လိုက်တာ သူက ပြေးခုန်ပြီး ကာလိုက်တော့ သူ့ကိုမှန်သွားတာ "
"Rocky..."
"Winter..ကားပေါ်အမြန်တက်တော့ "
Mike စိတ်မရှည်တော့ပေ အသက်အန္တာရယ်ကြားထဲ ခွေးကိုဖက်ငိုနေတာ မဟုတ်သေး
"Rocky...အသက်ရှင်သေးတယ် "
"Winter အဲ့စောက်ခွေးကို ယူပြီး ကားပေါ်တက်ဟ ဒီနေရာမှာ ဘယ်သူတောင်းစားကိုမှမယုံရဘူး "
Mike သူယုံရတဲ့ တပည့်တစ်ချို့နဲ့ Winterကို ကာထားပေးသည်
Winteလည်း သူ့ခွေးလေးကို ပွေ့ချီပြီး ကားဘက်သို့ ပြေးသွားလေသည်
"ငါ ကားမောင်းနိုင်တယ် "
"အနောက်မှာ ငြိမ်ငြိမ်ထိုင်လိုက်ပြီး Karina ဆီ ဖုန်းခေါ် ...Ken ငါတို့ဘက်က လူဘယ်နှယောက်ထိသွားလဲ "
"သုံးယောက်ထိသွားတယ် "
"တောက် "
ကားထဲမှာ ရုတ်တရက်တိုက်ခိုက်ခံကလို့ ဝရုန်းသုန်းကားဖြစ်နေတယ်
Winterကတော့ Rockyလေးကို ကြည့်ပြီး ရင်ထဲတို့ဆစ်ကြီး ဖြစ်နေ၏
"မသေရဘူးနော် သေလို့မရဘူး Rocky "
ကြောက်ရွံ့မှုတွေက လည်ပင်းထဲထိတက်လာသည် Rocky က သူ့အတွက် အခင်ဆုံးအကောင်းဆုံး သူငယ်ချင်းတစ်ယောက်ဆိုလျှင်လည်းမမှားပေ
ခွေးပေါက်လေးကို ဆုံးရှုံးရမှာကြောက်စိတ်နဲ့ဖက်ထားမိတာ သူ့ဝမ်းဗိုက်နာလာတာတောင် သတိမထားမိပေ
"မင်း ဖြတ်ကျော်နိုင်ပါတယ် "
Winterပြောပြီး Rockyရဲ့ခေါင်းလေးကို ဖွဖွလေးပုတ်လိုက်သည်
"အရမ်း သတ္တိရှိတဲ့ကလေးလေး Mommyကို ကယ်ပေးလို့ ကျေးဇူးတင်ပါတယ် ချစ်တယ်နော် သိတယ်မလား Rocky..Mommyအနားမှာနေပေးပါကွယ် "
ထိုစဥ် Karinaဆီက ဖုန်းဝင်လာလေသည်
"Baby အဆင်ပြေလား ထိခိုက်တာတွေရှိလား "
Winter ဘာမှပြန်မဖြေနိုင်ဘဲ ငိုနေမိသည်
"Minjeong.... ဖြေစမ်းပါကွာ "
"Rocky ထိခိုက်ထားတယ် "
"Mike တို့ကိုပြောပြတယ် "
"ငါ အဆင်ပြေမပြေ မသိတော့ဘူး ဘာလို့ အခုလိုထပ်ဖြစ်ရတာလဲ "
"တို့ အခု အဲ့ဒီကောင်ကို ခြေရာခံမိပြီ စိတ်ချပါ တို့ သူ့ကိုရအောင်သတ်မယ် "
Winter ဗိုက်က အရင်ကထက် ပိုနာကျင်လာတယ် ဒါပေမယ့် တိရစ္ဆာန် ဆေးခန်းမရောက်ခင်အထိ သီးခံထားနေတယ်
"အခု တိရစ္ဆာန် ဆေးခန်းရောက်ပြီတဲ့ "
"ကားထဲမှာဘဲနေနော် "
"Rockyအတွက် ငါရှိနေမှ ဖြစ်မှာ "
Winterမှာ Karinaရဲ့ စကားကို နားမထောင်ဘဲ ပေတေနေလေရဲ့
"ကျစ် "
"Gin မင်း ဒီမှာ စောင့်ပြီး Rockyကို ကြည့်နေ ကျန်တဲ့သူတွေက Winterနဲ့ဆေးရုံသွားဖို့ ငါနဲ့လိုက်ခဲ့ "
"ငါ ဆေးရုံမသွားချင်ဘူး Mike "
"မသွားလို့ မရဘူး နင့်အောက်ကို နင်ငုံ့ကြည့်အုံး ရေမြွှာပေါက်နေပြီ "
Mikeရဲ့စကားကြောင့် ဖုန်းတစ်ဖက်က Karinaလည်း အရမ်းလန့်သွားတယ်
"Minjeong သောက်ခွေးအတွက်နဲ့ တို့ကလေးအသက်ကို မလဲနဲ့နော် "
Winterလည်း Mikeနောက်ကို လိုက်သွားသည်
"တို့လာခဲ့..."
"ခေါင်းဆောင်..... ကျွန်တော်တို့ ရှာတွေ့ပြီ "
သူတို့တစ်မိသားစုလုံးကို သတ်ပြီး အခု Winterကိုပါ အန္တရာယ်ပေးချင်နေတဲ့ သူကို နောက်ဆုံး ရှာတွေ့ခဲ့ပြီဘဲ
"တို့ လောလောဆယ် မလာနိုင်သေးဘူး Yizhuoဆီ ဖုန်းဆက်လိုက်နော် "
Karina ပြောပြီး ဖုန်းချလိုက်သည် အခုချက်ချင်းသွားပြီး လက်စသတ်မှဖြစ်မှာလေ မဟုတ်ရင် သူ့ဇနီးကိုရော သူ့ကလေးကိုပါ သတ်ဖို့ထပ်ကြိုးစားနေအုံးမှာ
ဆေးရုံကုတင်ပေါ်တွင် Winter တစ်ယောက် လူးလှိမ့်အော်ဟစ်နေ၏
"Yu Jiminနင့်ကို သတ်မယ် လူယုတ်မာ ကြီး ငါ့ကို တအားလုပ် ပြီး အခု ကလေးပါ မွေးခိုင်းနေတယ် အီးးးးးးးးးး နောက်တစ်ခါ ကလေးလိုချင်တယ် ပြောရင် နင့်ဖင်ကိုဆောင့်ကန်ပစ်မယ် "
Yizuoမှာ သူ့သူငယ်ချင်းလက်ကို ကိုင်ပြီး အားပေးနေရင်း သူငယ်ချင်းရဲ့ ဆဲဆိုသံတွေကြောင့် တခွီးခွီးနဲ့ရယ်လေသည်
"လုပ်တုံးကလုပ်ပြီး အခု ဘယ်ရောက်သွားလဲ ဟမ် Karina Yu နင့်ကို လုပ်ပစ်မယ် အားးးးးး "
Mikeမှာလည်း Winter ဆဲဆိုသမျှအားလုံးကို Karinaဆီ စာပို့ကာ တင်ပြနေသည်
အချိန်ကား မနက် တစ်နာရီထိုးချေပြီ
ကလေးပေါက်စလေးက နှစ်ခြိုက်စွာ အိပ်ပျော်နေပေမယ့် အိပ်မပျော်နိုင်သူက Winter
Karinaက လာခဲ့မယ်ဆိုပြီး အခုထိ ရောက်မလာသေးလို့ Winter အရမ်း စိတ်ပူနေမိသည်
ကလေးလေးက ထိခိုက်မှုမရှိဘဲ မွေးဖွားခဲ့သည့်အပြင် Yizhuoနဲ့အတူ Mikeတို့ကပါ ကြည့်ရှုစောင့်ရှောက်နေလို့ ကလေးအတွက် စိတ်အေးရသည်
ထို့အတူ Rockyကလည်း ခွဲစိတ်မှုအောင်မြင်ပြီး အသက်ရှင်တယ်တဲ့
သို့သော်လည်း စာမလာသတင်းမကြားရသူက Karina.....
Mikeပြောတာတော့ ရှာတွေ့ပြီမို့ ကိစ္စတွေသွားရှင်းတယ်ဆိုဘဲ
အခုထိ ပြန်မလာသေးတာတော့ ရင်လေးစရာကောင်းလွန်းတယ်မလား
သွေးတွေစိမ့်ထွက်နေတဲ့ ဗိုက်ကို လက်နဲ့ဖိထားပြီး ဆေးရုံထဲ ဒယိမ်းဒယိုင်နဲ့ ဝင်လာသူက Karina.....
"သခင်မ Karina ရောက်လာပြီ...."
အခန်းရှေ့က သတင်းပေးတဲ့သူကြောင့် Winter အရမ်းပျော်ပြီး ကုတင်ပေါ်က ပြေးဆင်းလိုက်သည်
Karina ဆေးရုံအခန်းတံခါးကို ဖွင့်ဖွင့်ချင်း Winterက သူ့အပေါ်သို့ တက်ခုန်ခွသည်
"Jiminnie..."
"Minjeong.... "
"နင် မသေဘူး.... ငါ ငါ အရမ်းစိတ်ပူနေခဲ့တာ သိလား နင်သေသွားမှာကို အရမ်းကြောက်နေတာ "
Winterက ပြောပြီး ငိုတော့ Karina သူ့ဒဏ်ရာကိုလည်း သတိမရ သူ့သမီးကိုလည်း သတိမရတော
သူ့ကလေးလေး Minjeongကိုသာ အငိုတိတ်အောင် ချော့ရသည်
"မငိုပါနဲ့ Minjeongရယ် တို့ လက်စားချေနိုင်ခဲ့ပြီသိလား မင်း စိတ်အေးလက်အေးနဲ့နေလို့ရပြီကွယ့် "
"ငါ နင့်အတွက် အရမ်း ဂုဏ်ယူတယ် ဖေဖေ Yunhoတို့လည်း ကောင်းကင်ဘုံကနေ ဂုဏ်ယူနေမှာ Jimin....."
"တို့ သမီးလေး Giselleကို ပြပါအုံး "
Winterမှာ Karina ပေါ်က ဆင်းပေးလိုက်သည်
Karinaလည်း သူ့သမီးလေးကို ပွေ့ချီချင်နေမှာဘဲလေ
Karinaကတော့ အိပ်ပျော်နေတဲ့ သူ့သမီးလေးကို ကြည့်ပြီး တခစ်ခစ်နဲ့ရယ်ကာ သဘောကျနေတယ်
နောက်ဆုံးတော့ Underground လောကကနေ Karina ထွက်လာနိုင်ခဲဲ့ပြီး ချစ်ဇနီးလေးရယ် သမီးလေးအတွက် ရိုးရိုးသားသားနဲ့ နေထိုင်ခဲ့ပြီလေ.....
Bonus
"Win...နင့်သမီးလေးကို ငါ့ပေး...."
"သေလိုက် Yizhuo "
Karina သတင်းစာဖတ်ရင်း Yizhuoကို ကျိန်ဆဲလိုက်သည်
"ငါ တကယ် နင့်သမီးလေးကို ချစ်တာဟ "
"အသက်က ထက်ဝက်လောက်ကွာနေတာ "
"ဘာဖြစ်ဖြစ် Karina နင့်သမီးက ငယ်ကတည်းက ငါ့လက်ပေါ်ကြီးပြင်းလာတာ အခုလည်း ငါ့ရင်ခွင်ထဲမှာဘဲ ကြီးပျင်းသင့်တယ် "
"နင် အကြံနဲ့ ငါ့သမီးကိုထိန်းခဲ့တာလား "
Winterနဲ့ Giselleမှာ မီးဖိုခန်းထဲ ဟင်းချက်ရင်း Karinaနဲ့Yizhuoတို့ ရန်ဖြစ်နေတာကို ရယ်မောနေကြသည်
#the end
finally အဆုံးသတ်သွားပါပြီ စိတ်ရှည်ရှည်နဲ့ အကြာကြီး နှစ်တွေအကြာကြီး စောင့်ဖတ်ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ် မေ့မပစ်ဘဲ updateလာတောင်းပေးကြသူများကိုလည်း အများကြီး ကျေးဇူးတင်ပါတယ် ခင်ဗျားလေးတို့ကြောင့် ဆက်ရေးနိုင်တာပါ See you another fic
#zawgyi
Bang...
Bang
"Rocky...."
"Rocky...."
"Rocky..."
"Rocky...အသက်ရှင်သေးတယ် "
"ငါ ကားမောင်းနိုင်တယ် "
"သုံးယောက်ထိသွားတယ် "
"တောက် "
"Rocky ထိခိုက်ထားတယ် "
Winter ဗိုက်က အရင်ကထက် ပိုနာကျင်လာတယ် ဒါပေမယ့် တိရစ်ဆာန် ဆေးခန်းမရောက်ခင်အထိ သီးခံထားနေတယ်
"အခု တိရစ်ဆာန် ဆေးခန်းရောက်ပြီတဲ့ "
"ကားထဲမှာဘဲနေနော် "
"ကျစ် "
"တို့လာခဲ့..."
"Jiminnie..."
"Minjeong.... "
နောက်ဆုံးတော့ Underground လောကကနေ Karina ထွက်လာနိုင်ခဲ့ပြီး ချစ်ဇနီးလေးရယ် သမီးလေးအတွက် ရိုးရိုးသားသားနဲ့ နေထိုင်ခဲ့ပြီလေ.....
Bonus
"သေလိုက် Yizhuo "
#the end
Bạn đang đọc truyện trên: Truyen3h.Co