Part 35
"Giselleကို လုံခြုံအောင်ထားပါ "
Winter သူ့ဗိုက်ကလေးကို ပွတ်ရင်း Yunhoရဲ့ စကားကို ပြန်ကြားယောင်နေသည်
Yunhoက မှန်တယ်... သူ အဲ့ကောင်က ထပ်ပေါ်လာပြီး ထပ်ပြီး သတ်ဖို့ ကြိုးစားအုံးမှာ
Winter တွေးပြီး သူ့သေနတ်ကို ပိုက်ဆံအိတ်ထဲ ထည့်လိုက်သည်
"Madam ....ခွေးလေးအတွက် သဲသောင်ပြင်ကို သွားအုံးမလား "
"သွားမယ် Mike "
"ok ပြင်ဆင်လိုက်မယ် "
Winter ပိုက်ဆံအိတ်ထဲက သေနတ်ကို သူ့ဘောင်းဘီခါးကြားထဲ ပြန်ထည့်လိုက်သည်
ထို့နောက် သင်္ဘောက ကမ်းကိုကပ်လိုက်ပြီး Winterမှာ Rockyနဲ့အတူ ကမ်းခြေသို့ ဆင်းသွားလိုက်သည်
Rockyမှာ အပေါ့စွန့်အလေးစွန့် လုပ်နေစဥ် Winterကတော့ သဲထဲခြေချောင်းလေးတွေ တိုးဖွရင်း ဆော့ကစားနေသည်
ထိုစဥ် Karinaကပါ သင်္ဘောပေါ်က ဆင်းလာသည်
"တို့ကို မနှိုးပါ့လား "
"ငါ့မှာ သေနတ်ပါပါတယ် Jiminရဲ့ "
"မနက်စာ အသင့်ဖြစ်နေပြီ လာ "
Karinaမှာ Winter ရဲ့ လက်ကိုဆွဲခေါ်သွားသည်
"Baby မင်းမျက်လုံးတွေ ယောင်နေပါ့လား ဘာဖြစ်တာလဲ "
မနက်စာ စားရင်း Karinaမှာ သူ့ကောင်မလေးကို ကြည့်ပြီး တစ်ခုခုမှားနေတာသိလို့ မေးလိုက်သည်
Winterမှာ မကြားချင်ယောင်ဆောင်နေသည်
"baby အဆင်ပြေရဲ့လား တို့ကိုပြောပါအုံးကွယ် "
Karinaမှာ သူ့မိန်းမဆီက အဖြေရဖို့ ကြိုးစားနေသည်
"အဆင်ပြေပါတယ် "
Winter ပြန်ဖြေပြီး ကိတ်မုန့်ကိုလှမ်းယူသည်
သို့သော် Karina က ထိုကိတ်မုန့်ကို ဆွဲယူလိုက်သည်
"Damn it... Jimin ငါ တကယ် အဆင်ပြေပါတယ်ဆို "
"ဟင့်အင်း မင်း အဆင်မပြေဘူး ကမ်းခြေဆင်းပြီး လေညှင်းခံတာကို သေနတ်ယူသွားရလောက်တဲ့ထိ မင်းအဆင်ပြေမနေဘူး Minjeong "
"တကယ်တော့ ငါ အိမ်မက်ဆိုးမက်ခဲ့လို့ "
"သူတို့နဲ့ ပတ်သက်ပြီးတော့လား "
"ဟုတ်တယ် ဖေဖေ Yunhoက သူတို့နဲ့ ပတ်သက်ပြီး အိမ်မက်ထဲထိ သတိလာပေးတာ အဲ့ကောင်က သူ့အလုပ်ကို လက်စသတ်ဖို့ ပြင်နေတယ်ဆိုပြီး "
"အဲ့တာ အိမ်မက်ဆိုးတစ်ခုပါ Minjeong "
Karinaက Winterကို နှစ်သိမ့်ဖို့ ကြိုးစားသည်
"မဟုတ်ဘူး အဲ့လိုဖြစ်မယ်ဆိုတာ နင်လည်းသိတယ်မဟုတ်လား ဒါကြောင့်မို့လို့ ငါ့ကို သေနတ်ပစ်တတ်အောင် နင်သင်ပေးခဲ့တာလေ "
"အရင်က အဖြစ်မျိုး ဖြစ်မလာအောင် တို့ကြိုးစားနေပါတယ် "
"အဲ့ဒီအောက်တန်းစား အသက်ရှင်နေဖို့ကို မထိုက်တန်ဘူး တကယ် သေသင့်တာ နင်လေ သူ့ကို သတ်ပစ်သင့်တာ Jimin...သူ ရှိနေသ၍ ငါမလုံခြုံဘူး "
Karinaမှာ Winter ပြောတာ နားထောင်ပြီး တိတ်ဆိတ်သွားတယ်
စက္ကန့်အတော်ကြာပြီးနောက် Karina ပြုံးသွားတယ်
"ဘာလဲဟ အဲ့စောက်ကောင်သေအောင်သတ်ဖို့ ပြောနေတာကို နင်က ဘာလို့ ပြုံးပြနေတာလဲ "
"မင်းကို ကြည့် ရတာ မြေအောက်လောကဘုရင်ရဲ့ မိန်းမလိုဘဲ ဆိုးသွမ်းနေတာ "
"အရင်တုံးက မြေအောက်လောကဘုရင်ပေါ့ကွယ် ဟီး"
"တို့အကုန် စုံစမ်းပြီးပြီ ပြီးတော့ တို့လည်း စီစဥ်ထားတာတွေလည်း ရှိတယ် အဲ့တာမို့ စိတ်မပူပါနဲ့ နော် "
Karinaရဲ့ စကားကြောင့် Winter ခေါင်းညိတ်လိုက်သည်
****
အချိန်တွေ ကုန်ဆုံးလာတာ Winterရဲ့ မီးဖွားမယ့်အချိန်တောင် နီးကပ်လို့လာပြီ
မမဗိုက် Winterကတော့ Rockyလေးကို ခေါ်ပြီး BNW ကားပေါ်ကို တက်လာတယ်
"ဘယ်သွားမှာလဲ Winter "
"Spaသွားမှာ Yizhuoတို့ကို ဝင်ခေါ်ရအောင် "
Mikeလည်း ခေါင်းငြိတ်ပြပြီး ကားစက်နှိုးလိုက်သည်
Winterမှာ Rockyရဲ့ခေါင်းလေးကို ဖွဖွလေးပွတ်ပြီး Yizhuoဆီသို့ သူ လာနေပြီဖြစ်ကြောင်း Message ပို့လိုက်တယ်
ထို့နောက် Yizhuoတို့ဆီ သွားလိုက်သည်
Yizhuoဆီရောက်တော့ တရုတ်မလေးနဲ့ သူ့အမေက အရှေ့ထွက်လို့တောင်စောင့်နေကြသည်
Yizhuoက Winterဘေးနား ဝင်ထိုင်ပြီး Victoria ဆိုတဲ့ Yizhuoအမေက Rockyဘေးနား ဝင်ထိုင်သည်
"Giselle ရော...ဘယ်လိုလဲ "
Winter ရဲ့ ဗိုက်ကလေးကို ပွတ်ရင်း Yizhuoမေးလိုက်သည်
"ဒီရက်ပိုင်း သူအရမ်း တက်ကြွနေတယ် ငါ့ဗိုက်ကို ခဏခဏကန်တာဟယ် "
"Spaမှာ ငါ waiting roomထဲကဘဲစောင့်နေမယ်နော် ကောင်မလေးတို့...Winter ဖုန်းပါလာတယ်မလား "
Winterလည်း သူ့ပိုက်ဆံအိတ်ထဲ ဖုန်းပါလာလား မပါလာလား စစ်ပြီး ခေါင်းညိတ်ပြလိုက်တယ်
ထို့နောက် Spaထဲသို့ ဝင်လိုက်ကြသည်
Spaတွင် အနှိပ်ခံပြီးနောက် Winterတို့ သုံးယောက် လက်သည်းအလှဖော်ဖို့ ပြင်ဆင်နေကြသည်
"ဗိုက်ဆာတယ် Yizhuo "
"ဘာစားမှာလဲ "
"ဘာဂါနဲ့ အာလူးချောင်းကြော် "
"ငါတွေ့သမျှ ဗိုက်ကြီးသည်ထဲ နင်ဂျီအကျဆုံး "
"နင်နော်...."
Yizhuoတို့ ရယ်မောပြီး Mikeဆီ ထွက်လာကြတယ်
Rockyလေးမှာ Winterကို မြင်တော့ Mikeကိုယ်ပေါ်ကနေ ဆင်းလာပြီး Winterဆီ ပြေးလာသည်
Winterလည်း Rockyလေးကို ပွေ့ချီလိုက်သည်
"Mike ငါ ဘာဂါနဲ့ အာလူးချောင်းကြော် စားချင်လို့ "
"ဒီအပတ်ထဲတင် မင်း ဘာဂါစားတာ သုံးခါရှိပြီနော် "
"ငါ့ကို မဝေဖန်နဲ့ "
"ဝေဖန်တာ မဟုတ်ဘူး ပြောပြတာ "
"Mike နင် Jiminကို သွားမပြောနဲ့ "
"မပြောပါဘူး အစီအရင်ခံရုံပါ "
"ဟာ ငါ့ပါးစပ်ထဲ ထည့်သမျှ သူ့ကို အကုန်အစီရင်ခံစရာမှ မလိုတာကို "
"Karina အမိန့်ကို နာခံတာပါ "
Winterလည်း ပြောမနိုင်တာနဲ့ Mikeကို လွှတ်ပေးလိုက်လေသည်
****
အခုကတော့ အိမ်ပြန်လမ်းမှာပါ.....
ဘာဂါစားပြီးနောက် Yizhuoတို့ကို ပြန်ပို့ပြီး အိမ်ကိုပြန်လာတဲ့ အိမ်ပြန်လမ်းတွင် ဖြစ်သည်
ကားပေါ်တွင် Mikeကို ကြည့်ရင်း Winter တွေးမိသည်
Mikeကို သိလာတာ တော်တော်ကြာပြီဘဲ ....
Mikeက Karinaရဲ့ ကိုယ်ရံတော်အဖြစ် Yunhoက လေ့ကျင့်ပေးခဲ့တာလေ....
Karinaကို ကာကွယ်ပေးရင်း Mike ခဏခဏ ထိခိုက်ဒဏ်ရာရဖူးတယ်
ပြီးတော့ Winter ဘဝတစ်လျှောက်လုံး Karinaပြီးရင် Mikeနဲ့ ကုန်ဆုံးရတာလေ
သူ့ဘေးနား ရှိနေရပြီး ကာကွယ်ပေးရတာကိုး
"Mike အခုမှ တွေးမိတာ နင် ငါ့ကိုခဏခဏကယ်ခဲ့တယ်နော် အဲ့အတွက် တစ်ခါမှ နင့်ကို ငါ ကျေးဇူးမတင်ဖူးခဲ့ဘူး "
"ငါ့အလုပ်ငါလုပ်တာပါ "
"ဘာလို့ ဒီအလုပ်ကိုလုပ်ရတာလဲ "
"ငါ့အလုပ်ဖြစ်လို့လေ "
"မဟုတ်ဘူးလေ နင်ဘာလို့ ဒီအလုပ်ကို ရွေးချယ်ခဲ့တာလဲ ပိုက်ဆံကြောင့်လား "
Mike ပြန်မဖြေဘဲ ခဏတာတိတ်ဆိတ်သွားတယ်
"ငါ့အဖေနဲ့ ငါက အိမ်ခြေရာမဲ့လေ လမ်းပေါ်မှာဘဲနေပြီး ငတ်တစ်လှည့်ပြတ်တစ်လှည့်ပေါ့ အဲ့ဘဝကနေ Karinaရဲ့အဖေက ငါတို့်ကို ကယ်တင်ခဲ့တာ နင်သိလား နင့်အမြင်မှာတော့ မြေအောက်လောကမှာ Karinaတို့ Yu business က အရမ်းဆိုးပြီးလူတွေသတ်တယ်မလား တကယ်တမ်းပြောရရင် တကယ် Gangတွေကပိုဆိုးတယ် သူတို့ အဖွဲ့သားတွေကို ဆေးတွေစမ်းသပ်တယ် အေး အဖွဲ့ထဲက ထွက်တာဖြစ်ဖြစ် သစ္စာဖောက်တာဖြစ်ဖြစ် ရှိလာရင် အဲ့လူရဲ့ အမေ...ညီမ...အစ်မတွေကို ဖမ်းပြီး မုဒိန်းကျင့်တယ် သူတို့အတွက် လူ့အသက်က ချီးလောက်တောင် တန်ဖိုးမရှိဘူး သူတို့ကိုးကွယ်တာ ပိုက်ဆံ အာဏာ တကယ် ငါပြောတာယုံ Yu familyက လူသတ်တယ် ဒါပေမယ့် သူတို့က မကောင်းတဲ့သူတွေကိုဘဲ သတ်တာ...Karina...သူက ပိုသနားဖို့ကောင်းတာ ငယ်ငယ်လေးရှိသေးတယ် ငရဲလမ်းကိုလျှောက်ခဲ့ရတယ် သူ့အဖေက သူ့ကို ရက်ရက်စက်စက် trainပေးခဲ့တာတွေမြင်ရင် နင်ငိုမှာ သေချာတယ် "
Mikeရဲ့စကားကြောင့် Winter ကြက်သီးထလာတယ်
"ငါတို့မြေအောက်လောကမှာ ခံစားချက်ဆိုတဲ့အရာက အားနည်းချက်ဘဲ Karinaကတော့ သွေးအေးအေးနဲ့အကုန်ဖြေရှင်းနိုင်ခဲ့တယ် အဲ့တာကြောင့်ဘဲ လူတိုင်းက သူ့ကိုကြောက်ကြတာ မိန်းကလေးဖြစ်ပြီး လက်ကိုသွေးစွန်းတဲ့အထိရက်စက်ကြမ်းကြုတ်လို့ မြေအောက်လောကဘုရင်မဖြစ်လာတယ် အင်း နင့်ကြောင့်ဘဲ ကပေါက်တိကပေါက်ချာတွေဖြစ်ကုန်တာ "
"ဒီတော့ ငါ့အမှားလို့ပြောချင်တာလား Mike "
"လူတော်တော်များများက Karinaကို သာမန်မိသားစုဘဝနဲ့မနေနိုင်ဘူးလို့ တွေးကြတယ် ယူဆကြတယ် ဒါပေမယ့် သူ နင့်ကိုရွေးချယ်ခဲ့တယ် နင့်ကို လက်မလွှတ်ခဲ့ဘူး နင့်ကို ဆုံးရှုံးရမှာကြောက်လို့ သူ့လောကကို စွန့်လွှတ်ခဲ့တယ် "
"Mike...ငါ မွန်းကြပ်လာလို့ ခဏလောက် လမ်းဆင်းလျှောက်လို့ရလား "
"ရတာပေါ့ "
Mikeလည်း ကားရပ်လိုက်ပြီး Winter နဲ့အတူ ကားပေါ်ကနေ ဆင်းလာသည်
တစ်ခြားသက်တော်စောင့်တွေလည်း Mikeတို့နဲ့ မလှမ်းမကမ်းကနေ လိုက်လာကြသည်
"Winter နင်အဆင်ပြေလား Karinaကို ဖုန်းဆက်ပေးရမလား "
"မဆက်နဲ့ရတယ် အခု သန့်ရှင်းတဲ့လေကို ရှုလိုက်ရတော့ စိတ်ကနည်းနည်းလန်းသွားပြီ "
Winter လယ်ကန်သင်းထဲ လမ်းလျှောက်ရင်း ပြောလိုက်တယ်
ဒိုင်း ဒိုင်း
ရုတ်တရက် ထွက်ပေါ်လာတဲ့ သေနတ်သံတွေကြောင့် Winterတို့ လန့်သွားတယ်
Rockyကဆို လန့်ပြီး ထွက်တောင်ပြေးသွားသည်
Mikeကသေနတ်ကို အမြန်ဆွဲထုတ်ပြီး အသံကြားရာဘက်ကို ချိန်ကာ Winter ကို ကာကွယ်လိုက်သည်
"Win...ရော့ ကားသော့ ကားဆီအမြန်ပြေး "
Mike က ကားသော့ကို Winterဆီပေးလိုက်သည်
Winter လည်း ကားဆီကို အမြန်သွားစဥ် ကားရှေ့မှာ Sharoto က ပိတ်ရပ်နေသည်
Sharotoဆိုတာ သက်တော်စောင့်ထဲက တစ်ယောက်ပင်ဖြစ်သည်
Sharotoက ပြုံးပြီး သေနတ်ကိုထုတ်ကာ Winterကို ချိန်လိုက်သည်
"နင်...နင် သစ္စာဖောက် "
Winter ဒေါသထွက်ပြီး သူ့အိတ်ထဲက သေနတ်ကို ထုတ်မယ်လုပ်စဥ် Sharotoက သေနတ်နဲ့ပစ်လိုက်သည်
"Good Bye မမဗိုက် "
Bang.....
#tbc
#zawgyi
"Giselleကို လုံၿခဳံေအာင္ထားပါ "
Winter သူ႕ဗိုက္ကေလးကို ပြတ္ရင္း Yunhoရဲ႕ စကားကို ျပန္ၾကားေယာင္ေနသည္
Yunhoက မွန္တယ္... သူ အဲ့ေကာင္က ထပ္ေပၚလာၿပီး ထပ္ၿပီး သတ္ဖို႔ ႀကိဳးစားအုံးမွာ
Winter ေတြးၿပီး သူ႕ေသနတ္ကို ပိုက္ဆံအိတ္ထဲ ထည့္လိုက္သည္
"Madam ....ေခြးေလးအတြက္ သဲေသာင္ျပင္ကို သြားအုံးမလား "
"သြားမယ္ Mike "
"ok ျပင္ဆင္လိုက္မယ္ "
Winter ပိုက္ဆံအိတ္ထဲက ေသနတ္ကို သူ႕ေဘာင္းဘီခါးၾကားထဲ ျပန္ထည့္လိုက္သည္
ထို႔ေနာက္ သေဘၤာက ကမ္းကိုကပ္လိုက္ၿပီး Winterမွာ Rockyနဲ႕အတူ ကမ္းေျခသို႔ ဆင္းသြားလိုက္သည္
Rockyမွာ အေပါ့စြန့္အေလးစြန့္ လုပ္ေနစဥ္ Winterကေတာ့ သဲထဲေျခေခ်ာင္းေလးေတြ တိုးဖြရင္း ေဆာ့ကစားေနသည္
ထိုစဥ္ Karinaကပါ သေဘၤာေပၚက ဆင္းလာသည္
"တို႔ကို မႏွိုးပါ့လား "
"ငါ့မွာ ေသနတ္ပါပါတယ္ Jiminရဲ႕ "
"မနက္စာ အသင့္ျဖစ္ေနၿပီ လာ "
Karinaမွာ Winter ရဲ႕ လက္ကိုဆြဲေခၚသြားသည္
"Baby မင္းမ်က္လုံးေတြ ေယာင္ေနပါ့လား ဘာျဖစ္တာလဲ "
မနက္စာ စားရင္း Karinaမွာ သူ႕ေကာင္မေလးကို ၾကည့္ၿပီး တစ္ခုခုမွားေနတာသိလို႔ ေမးလိုက္သည္
Winterမွာ မၾကားခ်င္ေယာင္ေဆာင္ေနသည္
"baby အဆင္ေျပရဲ႕လား တို႔ကိုေျပာပါအုံးကြယ္ "
Karinaမွာ သူ႕မိန္းမဆီက အေျဖရဖို႔ ႀကိဳးစားေနသည္
"အဆင္ေျပပါတယ္ "
Winter ျပန္ေျဖၿပီး ကိတ္မုန့္ကိုလွမ္းယူသည္
သို႔ေသာ္ Karina က ထိုကိတ္မုန့္ကို ဆြဲယူလိုက္သည္
"Damn it... Jimin ငါ တကယ္ အဆင္ေျပပါတယ္ဆို "
"ဟင့္အင္း မင္း အဆင္မေျပဘူး ကမ္းေျခဆင္းၿပီး ေလညွင္းခံတာကို ေသနတ္ယူသြားရေလာက္တဲ့ထိ မင္းအဆင္ေျပမေနဘူး Minjeong "
"တကယ္ေတာ့ ငါ အိမ္မက္ဆိုးမက္ခဲ့လို႔ "
"သူတို႔နဲ႕ ပတ္သက္ၿပီးေတာ့လား "
"ဟုတ္တယ္ ေဖေဖ Yunhoက သူတို႔နဲ႕ ပတ္သက္ၿပီး အိမ္မက္ထဲထိ သတိလာေပးတာ အဲ့ေကာင္က သူ႕အလုပ္ကို လက္စသတ္ဖို႔ ျပင္ေနတယ္ဆိုၿပီး "
"အဲ့တာ အိမ္မက္ဆိုးတစ္ခုပါ Minjeong "
Karinaက Winterကို ႏွစ္သိမ့္ဖို႔ ႀကိဳးစားသည္
"မဟုတ္ဘူး အဲ့လိုျဖစ္မယ္ဆိုတာ နင္လည္းသိတယ္မဟုတ္လား ဒါေၾကာင့္မို႔လို႔ ငါ့ကို ေသနတ္ပစ္တတ္ေအာင္ နင္သင္ေပးခဲ့တာေလ "
"အရင္က အျဖစ္မ်ိဳး ျဖစ္မလာေအာင္ တို႔ႀကိဳးစားေနပါတယ္ "
"အဲ့ဒီေအာက္တန္းစား အသက္ရွင္ေနဖို႔ကို မထိုက္တန္ဘူး တကယ္ ေသသင့္တာ နင္ေလ သူ႕ကို သတ္ပစ္သင့္တာ Jimin...သူ ရွိေနသ၍ ငါမလုံၿခဳံဘူး "
Karinaမွာ Winter ေျပာတာ နားေထာင္ၿပီး တိတ္ဆိတ္သြားတယ္
စကၠန့္အေတာ္ၾကာၿပီးေနာက္ Karina ၿပဳံးသြားတယ္
"ဘာလဲဟ အဲ့ေစာက္ေကာင္ေသေအာင္သတ္ဖို႔ ေျပာေနတာကို နင္က ဘာလို႔ ၿပဳံးျပေနတာလဲ "
"မင္းကို ၾကည့္ ရတာ ေျမေအာက္ေလာကဘုရင္ရဲ႕ မိန္းမလိုဘဲ ဆိုးသြမ္းေနတာ "
"အရင္တုံးက ေျမေအာက္ေလာကဘုရင္ေပါ့ကြယ္ ဟီး"
"တို႔အကုန္ စုံစမ္းၿပီးၿပီ ၿပီးေတာ့ တို႔လည္း စီစဥ္ထားတာေတြလည္း ရွိတယ္ အဲ့တာမို႔ စိတ္မပူပါနဲ႕ ေနာ္ "
Karinaရဲ႕ စကားေၾကာင့္ Winter ေခါင္းညိတ္လိုက္သည္
****
အခ်ိန္ေတြ ကုန္ဆုံးလာတာ Winterရဲ႕ မီးဖြားမယ့္အခ်ိန္ေတာင္ နီးကပ္လို႔လာၿပီ
မမဗိုက္ Winterကေတာ့ Rockyေလးကို ေခၚၿပီး BNW ကားေပၚကို တက္လာတယ္
"ဘယ္သြားမွာလဲ Winter "
"Spaသြားမွာ Yizhuoတို႔ကို ဝင္ေခၚရေအာင္ "
Mikeလည္း ေခါင္းၿငိတ္ျပၿပီး ကားစက္ႏွိုးလိုက္သည္
Winterမွာ Rockyရဲ႕ေခါင္းေလးကို ဖြဖြေလးပြတ္ၿပီး Yizhuoဆီသို႔ သူ လာေနၿပီျဖစ္ေၾကာင္း Message ပို႔လိုက္တယ္
ထို႔ေနာက္ Yizhuoတို႔ဆီ သြားလိုက္သည္
Yizhuoဆီေရာက္ေတာ့ တ႐ုတ္မေလးနဲ႕ သူ႕အေမက အေရွ႕ထြက္လို႔ေတာင္ေစာင့္ေနၾကသည္
Yizhuoက Winterေဘးနား ဝင္ထိုင္ၿပီး Victoria ဆိုတဲ့ Yizhuoအေမက Rockyေဘးနား ဝင္ထိုင္သည္
"Giselle ေရာ...ဘယ္လိုလဲ "
Winter ရဲ႕ ဗိုက္ကေလးကို ပြတ္ရင္း Yizhuoေမးလိုက္သည္
"ဒီရက္ပိုင္း သူအရမ္း တက္ႂကြေနတယ္ ငါ့ဗိုက္ကို ခဏခဏကန္တာဟယ္ "
"Spaမွာ ငါ waiting roomထဲကဘဲေစာင့္ေနမယ္ေနာ္ ေကာင္မေလးတို႔...Winter ဖုန္းပါလာတယ္မလား "
Winterလည္း သူ႕ပိုက္ဆံအိတ္ထဲ ဖုန္းပါလာလား မပါလာလား စစ္ၿပီး ေခါင္းညိတ္ျပလိုက္တယ္
ထို႔ေနာက္ Spaထဲသို႔ ဝင္လိုက္ၾကသည္
Spaတြင္ အႏွိပ္ခံၿပီးေနာက္ Winterတို႔ သုံးေယာက္ လက္သည္းအလွေဖာ္ဖို႔ ျပင္ဆင္ေနၾကသည္
"ဗိုက္ဆာတယ္ Yizhuo "
"ဘာစားမွာလဲ "
"ဘာဂါနဲ႕ အာလူးေခ်ာင္းေၾကာ္ "
"ငါေတြ႕သမွ် ဗိုက္ႀကီးသည္ထဲ နင္ဂ်ီအက်ဆဳံး "
"နင္ေနာ္...."
Yizhuoတို႔ ရယ္ေမာၿပီး Mikeဆီ ထြက္လာၾကတယ္
Rockyေလးမွာ Winterကို ျမင္ေတာ့ Mikeကိုယ္ေပၚကေန ဆင္းလာၿပီး Winterဆီ ေျပးလာသည္
Winterလည္း Rockyေလးကို ေပြ႕ခ်ီလိုက္သည္
"Mike ငါ ဘာဂါနဲ႕ အာလူးေခ်ာင္းေၾကာ္ စားခ်င္လို႔ "
"ဒီအပတ္ထဲတင္ မင္း ဘာဂါစားတာ သုံးခါရွိၿပီေနာ္ "
"ငါ့ကို မေဝဖန္နဲ႕ "
"ေဝဖန္တာ မဟုတ္ဘူး ေျပာျပတာ "
"Mike နင္ Jiminကို သြားမေျပာနဲ႕ "
"မေျပာပါဘူး အစီအရင္ခံ႐ုံပါ "
"ဟာ ငါ့ပါးစပ္ထဲ ထည့္သမွ် သူ႕ကို အကုန္အစီရင္ခံစရာမွ မလိုတာကို "
"Karina အမိန့္ကို နာခံတာပါ "
Winterလည္း ေျပာမနိုင္တာနဲ႕ Mikeကို လႊတ္ေပးလိုက္ေလသည္
****
အခုကေတာ့ အိမ္ျပန္လမ္းမွာပါ.....
ဘာဂါစားၿပီးေနာက္ Yizhuoတို႔ကို ျပန္ပို႔ၿပီး အိမ္ကိုျပန္လာတဲ့ အိမ္ျပန္လမ္းတြင္ ျဖစ္သည္
ကားေပၚတြင္ Mikeကို ၾကည့္ရင္း Winter ေတြးမိသည္
Mikeကို သိလာတာ ေတာ္ေတာ္ၾကာၿပီဘဲ ....
Mikeက Karinaရဲ႕ ကိုယ္ရံေတာ္အျဖစ္ Yunhoက ေလ့က်င့္ေပးခဲ့တာေလ....
Karinaကို ကာကြယ္ေပးရင္း Mike ခဏခဏ ထိခိုက္ဒဏ္ရာရဖူးတယ္
ၿပီးေတာ့ Winter ဘဝတစ္ေလွ်ာက္လုံး Karinaၿပီးရင္ Mikeနဲ႕ ကုန္ဆုံးရတာေလ
သူ႕ေဘးနား ရွိေနရၿပီး ကာကြယ္ေပးရတာကိုး
"Mike အခုမွ ေတြးမိတာ နင္ ငါ့ကိုခဏခဏကယ္ခဲ့တယ္ေနာ္ အဲ့အတြက္ တစ္ခါမွ နင့္ကို ငါ ေက်းဇူးမတင္ဖူးခဲ့ဘူး "
"ငါ့အလုပ္ငါလုပ္တာပါ "
"ဘာလို႔ ဒီအလုပ္ကိုလုပ္ရတာလဲ "
"ငါ့အလုပ္ျဖစ္လို႔ေလ "
"မဟုတ္ဘူးေလ နင္ဘာလို႔ ဒီအလုပ္ကို ေ႐ြးခ်ယ္ခဲ့တာလဲ ပိုက္ဆံေၾကာင့္လား "
Mike ျပန္မေျဖဘဲ ခဏတာတိတ္ဆိတ္သြားတယ္
"ငါ့အေဖနဲ႕ ငါက အိမ္ေျခရာမဲ့ေလ လမ္းေပၚမွာဘဲေနၿပီး ငတ္တစ္လွည့္ျပတ္တစ္လွည့္ေပါ့ အဲ့ဘဝကေန Karinaရဲ႕အေဖက ငါတို့္ကို ကယ္တင္ခဲ့တာ နင္သိလား နင့္အျမင္မွာေတာ့ ေျမေအာက္ေလာကမွာ Karinaတို႔ Yu business က အရမ္းဆိုးၿပီးလူေတြသတ္တယ္မလား တကယ္တမ္းေျပာရရင္ တကယ္ Gangေတြကပိုဆိုးတယ္ သူတို႔ အဖြဲ႕သားေတြကို ေဆးေတြစမ္းသပ္တယ္ ေအး အဖြဲ႕ထဲက ထြက္တာျဖစ္ျဖစ္ သစၥာေဖာက္တာျဖစ္ျဖစ္ ရွိလာရင္ အဲ့လူရဲ႕ အေမ...ညီမ...အစ္မေတြကို ဖမ္းၿပီး မုဒိန္းက်င့္တယ္ သူတို႔အတြက္ လူ႕အသက္က ခ်ီးေလာက္ေတာင္ တန္ဖိုးမရွိဘူး သူတို႔ကိုးကြယ္တာ ပိုက္ဆံ အာဏာ တကယ္ ငါေျပာတာယုံ Yu familyက လူသတ္တယ္ ဒါေပမယ့္ သူတို႔က မေကာင္းတဲ့သူေတြကိုဘဲ သတ္တာ...Karina...သူက ပိုသနားဖို႔ေကာင္းတာ ငယ္ငယ္ေလးရွိေသးတယ္ ငရဲလမ္းကိုေလွ်ာက္ခဲ့ရတယ္ သူ႕အေဖက သူ႕ကို ရက္ရက္စက္စက္ trainေပးခဲ့တာေတြျမင္ရင္ နင္ငိုမွာ ေသခ်ာတယ္ "
Mikeရဲ႕စကားေၾကာင့္ Winter ၾကက္သီးထလာတယ္
"ငါတို႔ေျမေအာက္ေလာကမွာ ခံစားခ်က္ဆိုတဲ့အရာက အားနည္းခ်က္ဘဲ Karinaကေတာ့ ေသြးေအးေအးနဲ႕အကုန္ေျဖရွင္းနိုင္ခဲ့တယ္ အဲ့တာေၾကာင့္ဘဲ လူတိုင္းက သူ႕ကိုေၾကာက္ၾကတာ မိန္းကေလးျဖစ္ၿပီး လက္ကိုေသြးစြန္းတဲ့အထိရက္စက္ၾကမ္းၾကဳတ္လို႔ ေျမေအာက္ေလာကဘုရင္မျဖစ္လာတယ္ အင္း နင့္ေၾကာင့္ဘဲ ကေပါက္တိကေပါက္ခ်ာေတြျဖစ္ကုန္တာ "
"ဒီေတာ့ ငါ့အမွားလို႔ေျပာခ်င္တာလား Mike "
"လူေတာ္ေတာ္မ်ားမ်ားက Karinaကို သာမန္မိသားစုဘဝနဲ႕မေနနိုင္ဘူးလို႔ ေတြးၾကတယ္ ယူဆၾကတယ္ ဒါေပမယ့္ သူ နင့္ကိုေ႐ြးခ်ယ္ခဲ့တယ္ နင့္ကို လက္မလႊတ္ခဲ့ဘူး နင့္ကို ဆုံးရႈံးရမွာေၾကာက္လို႔ သူ႕ေလာကကို စြန့္လႊတ္ခဲ့တယ္ "
"Mike...ငါ မြန္းၾကပ္လာလို႔ ခဏေလာက္ လမ္းဆင္းေလွ်ာက္လို႔ရလား "
"ရတာေပါ့ "
Mikeလည္း ကားရပ္လိုက္ၿပီး Winter နဲ႕အတူ ကားေပၚကေန ဆင္းလာသည္
တစ္ျခားသက္ေတာ္ေစာင့္ေတြလည္း Mikeတို႔နဲ႕ မလွမ္းမကမ္းကေန လိုက္လာၾကသည္
"Winter နင္အဆင္ေျပလား Karinaကို ဖုန္းဆက္ေပးရမလား "
"မဆက္နဲ႕ရတယ္ အခု သန့္ရွင္းတဲ့ေလကို ရႈလိုက္ရေတာ့ စိတ္ကနည္းနည္းလန္းသြားၿပီ "
Winter လယ္ကန္သင္းထဲ လမ္းေလွ်ာက္ရင္း ေျပာလိုက္တယ္
ဒိုင္း ဒိုင္း
႐ုတ္တရက္ ထြက္ေပၚလာတဲ့ ေသနတ္သံေတြေၾကာင့္ Winterတို႔ လန့္သြားတယ္
Rockyကဆို လန့္ၿပီး ထြက္ေတာင္ေျပးသြားသည္
Mikeကေသနတ္ကို အျမန္ဆြဲထုတ္ၿပီး အသံၾကားရာဘက္ကို ခ်ိန္ကာ Winter ကို ကာကြယ္လိုက္သည္
"Win...ေရာ့ ကားေသာ့ ကားဆီအျမန္ေျပး "
Mike က ကားေသာ့ကို Winterဆီေပးလိုက္သည္
Winter လည္း ကားဆီကို အျမန္သြားစဥ္ ကားေရွ႕မွာ Sharoto က ပိတ္ရပ္ေနသည္
Sharotoဆိုတာ သက္ေတာ္ေစာင့္ထဲက တစ္ေယာက္ပင္ျဖစ္သည္
Sharotoက ၿပဳံးၿပီး ေသနတ္ကိုထုတ္ကာ Winterကို ခ်ိန္လိုက္သည္
"နင္...နင္ သစၥာေဖာက္ "
Winter ေဒါသထြက္ၿပီး သူ႕အိတ္ထဲက ေသနတ္ကို ထုတ္မယ္လုပ္စဥ္ Sharotoက ေသနတ္နဲ႕ပစ္လိုက္သည္
"Good Bye မမဗိုက္ "
Bang.....
#tbc
Bạn đang đọc truyện trên: Truyen3h.Co