Part 10
Karinaတို့ စျေးဝယ်ထွက်ပြီးနောက် ကားပေါ်သို့ ပြန်လာကြသည် ပြီးတော့ ကားဒရိုင်ဘာကို စားသောက်ဆိုင်သွားဖို့ လိပ်စာတစ်ခု Karina ပေးလိုက်သည်
အဲ့စားသောက်ဆိုင် ပိုင်ရှင်ကို Karinaက သိပြီး ယုံကြည်တယ်လေ
စားသောက်ဆိုင်ကို ရောက်တော့ ဝိတ်တာလေးမှာ Karinaကို မြင်ပြီး ချက်ချင်းမှတ်မိကာ နေရာပေးလေသည်
Karinaနဲ့ Winterက စားပွဲတစ်ခုံတွင် ဝင်ထိုင်ပြီး Mikeတို့ကလည်း Karinaနဲ့မလှမ်းမကမ်းတွင် ထိုင်လေသည်
Menuကို Karinaတို့ ဖွင့်ဖတ်မလို့ရှိသေး Chef ဝတ်စုံနဲ့ Yujinက ရောက်လာသည်
Karinaမှာ ထရပ်ပြီး သူ့သူငယ်ချင်းကို ဖက်ကာ နှုတ်ဆက်လေသည်
Karinaမှာ Winterကို Wendy နဲ့ မိတ်ဆက်ပေးလိုက်သည်
"သူက ငါ့မိန်းမ Kim Minjeongတဲ့... သူ့ကို Winterလို့ဘဲခေါ်ပါ "
သဝန်တိုလွန်းတဲ့ Karinaကတော့ Minjeongဆိုတဲ့ နာမည်ကို သူကလွဲလို့ ဘယ်သူမှခေါ်တာမကြိုက်ပေ
Yujinက Winterကို ဖက်လိုက်တော့ Karinaမှာ သဘောမကျ...
သူချစ်ရသူကို တစ်ခြားသူရဲ့ ရင်ခွင်ထဲ မကြည့်ချင်မမြင်ချင်ဘူးလေ
"ဒါနဲ့ နင် ငါ့ကို မင်္ဂလာဆောင်တုံးကလည်း မဖိတ်ဘူးနော် "
Karinaကို လှမ်းကြည့်ပြီး Yujin ပြောသည်
"အတိုချုံးပြီးဆောင်လိုက်တာ ဘယ်သူ့ကိုမှတောင် မဖိတ်ခဲ့ဘူး "
"Aww နားလည်ပြီ ငါလည်း သူ့ကို လက်မထပ်ခင် ကိုယ်ဝန်ရအောင်လုပ်မှ ဖြစ်မယ် "
Yujinရဲ့ စကားကြောင့် Winter လန့်ပြီး မျက်လုံးပြူးသွားတယ်
"ဒါနဲ့ ဟိုခွေးမသားတွေကို ဖမ်းမိပြီလား "
"ဟင့်အင်း ခုထိမမိသေးဘူး Yujin "
Yujinမှာ သက်ပြင်းချလိုက်သည်
ပြီးတော့ Winterဘက်ကို လှည့်လာပြီး
"Winter အကောင်းဆုံး အစားအသောက်တွေ မင်းဆီ လာပို့ပေးမယ်နော် ခဏစောင့် "
Yujinမှာ မလှမ်းမကမ်းမှာ ထိုင်နေတဲ့ Mikeတို့ကိုလည်း သတိထားမိသွားပြီး
"မင်းတို့အတွက်လည်း လာမယ်နော် "
Yujinမှာ ပြောပြီး မီးဖိုခန်းထဲ ဝင်သွားတယ်
Winterမှာ မျက်ခုံးပင့်ပြီး Karinaကို လှမ်းကြည့်တာကို Karinaမှာ အရမ်းသဘောကျနေတယ်
Winter အရင်က ငရဲကျနေသလို မတက်ကြွဘဲ ငူငိုင်နေတတ်တာလေ အခုတော့ သူတစ်ခုခုကို သိချင်နေတယ်ထင်ပါ့ မျက်ခုံးတွေတောင် ပင့်လာတယ်
"အဖေက Yujinရဲ့ မိသားစုကို ကူညီပေးခဲ့တာလေ အဖေကြောင့် သူ ဒီစားသောက်ဆိုင်ဖွင့်နိုင်ခဲ့တာ သူတို့လုပ်ငန်းက အောင်မြင်လာပြီး တစ်ခြားမြို့တွေမှာလည်း ဆိုင်ဖွင့်နိုင်နေကြပြီ "
Karinaကပြောပြီး ဝိုင်ပုလင်းကို ဖွင့်ကာ Winter ခွက်ထဲငှဲ့ပေးသည်
Karinaထည့်ပေးတဲ့ ဝိုင်ကို သောက်ရင်း ဝိုင်အရသာကို Winter သဘောကျနေတယ်
"ဒါနဲ့ သူ့ကောင်မလေးကို လက်ထပ်နိုင်ဖို့ ကိုယ်ဝန်ရအောင် သူတကယ်လုပ်မှာလား "
"အင်းပေါ့ "
Winter မေးတာကို Karinaက ပြုံးပြီး ဖြေတယ်
"အဲ့ရည်းစားက ဘာလို့ Yujinကို လက်မထပ်တာလည်း "
"Wonyoungက လက်ထပ်ရတာကို မကြိုက်ဘူးလေ "
"အဲ့တာဆို ကိုယ်ဝန်ရှိလာရင်ရော ဘာများပြောင်းလဲမှာမို့လို့လည်း "
Winterမေးတဲ့ မေးခွန်းကို Karina ပြန်မဖြေပေ
အစားအသောက် ပန်းကန်တွေ ရောက်လာချိန်မှာတော့ Karina ပန်းကန်တွေကို Winterရှေ့ အရင်ပေးလိုက်သည်
Winterက ဗိုက်ဆာနေမှန်း Karina သိတယ်လေ
"ဒါလေး စားကြည့် အရသာရှိတယ် "
Winterမှာ Karinaရှေ့ ပန်းကန်လေးတိုးပေးရင်း ပြောလိုက်သည်
Karinaမှာ Winterပေးတဲ့ စားစရာကို စားပြီး အရသာမခံဘဲ မျိုချကာ Winterကို ပြန်ပေးလေသည်
"အကုန်စားလိုက်တော့ အချစ်လေး "
Winterမှာ ရောက်လာသမျှ ပန်းကန်ထဲက စားစရာတွေကို အားပါးတရထိုင်စားနေသည်
"လမ်းပေါ်မှာနေခဲ့ရတာကို သဘောကျလား "
Karinaမှာ ရုတ်တရက် Winterကို မေးလိုက်သည် ဘာလို့လည်းဆိုတော့ သူသိဖို့ လိုအပ်နေလို့ပင်
"လမ်းပေါ်မှာ Yizhuoနဲ့ငါ လိုအပ်တာရှာတွေ့ခဲ့တယ် လွတ်မြောက်မှုလေ "
Winter ပြောတာကို Karina သဘောမကျပေမယ့် နားလည်ပေးလိုက်ပါတယ်
"လမ်းပေါ်မှာ ပြဿနာတွေမတွေ့ခဲ့ဘူးလား "
"တွေ့ခဲ့တာပေါ့ တစ်ချို့ကောင်တွေက မကောင်းလို့ ငါတို့ထွက်ပြေးခဲ့ရသေးတယ် ပြီးတော့ ပြေးရင်း အသုံးစရိတ်ကလည်း ပြတ်သွားသေးတယ် "
Winterပြောရင်း အတိတ်ကို သတိရပြီး ခေါင်းခါယမ်းမိသည်
"တော်သေးတယ် လူကြီးတစ်ယောက်က ငါတို့ကို ကူညီပေးလို့ "
Karinaမှာ Winterပြောတာကို ပုံဖော်ကြည့်ရင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်
Winterမှာ တည်တည်ငြိမ်ငြိမ်နဲ့ Karinaကို ကြည့်နေသည်
Karina သဝန်တိုနေမှန်း Winter သိတယ်လေ
Karinက အရမ်းပိုင်ဆိုးပိုင်နင်းဆန်လွန်းတယ်
"ငါတို့ လမ်းပေါ်ကနေ ကောင်းကောင်းထွက်ပြေးနိုင်ခဲ့ပါတယ် "
Karinaမှာ Winterရဲ့ အဖြေကို သဘောမကျပေ သူမရှိဘဲ Winter အဆင်ပြေနေတယ်ဆိုတာကို Karina မဖြစ်ချင် မလိုလားပေ
"အင်းပါလေ အခုလည်း မင်း တို့နဲ့အတူ သာမန်ဘဝမှာ နေလို့ရပါတယ် "
"သာမန်ဘဝ နင်က နင့်မှာ သာမန်ဖြစ်နေတယ်ဆိုတာရော ရှိလို့လား"
Winterပြောစကားကို Karina အပြစ်မမြင် သူပြောသလို ဟုတ်နေတာဘဲလေ
ထပ်ပြီး စားသောက်စရာတွေ ရောက်လာလို့ Karinaတို့ စကားစပြတ်သွားတယ်
"ငါ့အစ်မရော ဘယ်လိုနေလည်း "
Karinaကို မကြည့်ဘဲ Winter မေးလိုက်သည်
"မင်းပို့ပေးတဲ့ပိုက်ဆံတွေရယ် တို့ထောက်ပံ့ထားတာတွေနဲ့ အဆင်ပြေပါတယ် သူနဲ့တွေ့ချင်လား "
"Yizhuoရဲ့အဖေ စျာပနာကျ အစ်မနဲ့ တွေ့ချင်မိတယ် "
Karinaမှာ Winterကို Yizhuoနဲ့ နီးနီးကပ်ကပ်မှာ မနေစေချင်ဘူး
ဒါပေမယ့်လည်း အခင်ဆုံးသူငယ်ချင်းအဖေရဲ့ စျာပနာကို မတက်နဲ့လို့ Karina မတားချင်
Winterကလည်း Yizhuoနဲ့ ဟိုးငယ်ငယ်လေးကတည်းက ခင်လာခဲ့တာ မဟုတ်လား
"စျာပနာပွဲက ဘယ်တော့လည်း "
"နောက်နှစ်ရက်ဆိုရောက်ပြီ "
"တို့ မင်းနဲ့လိုက်ခဲ့မယ် "
Winterမှာ Karinaနဲ့ ငြင်းမနေတော့ပေ
စားစရာရှိတာကိုသာ တိတ်တဆိတ်စားနေလိုက်တော့သည်
စားသောက်ပြီးနောက်တော့ Yujinကို နှုတ်ဆက်ပြီး Karinaတို့ ပြန်လာခဲ့ကြသည်
ကားပေါ်မှာ ဗိုက်ပြည့်ပြီး အိပ်ပျော်နေတဲ့ Winterကို မနှိုးဘဲ Karina ပွေ့ချီကာ အခန်းထဲသို့ ခေါ်လာခဲ့လိုက်သည်
#tbc
#zawgyi
Karinaတို႔ ေစ်းဝယ္ထြက္ၿပီးေနာက္ ကားေပၚသို႔ ျပန္လာၾကသည္ ၿပီးေတာ့ ကားဒရိုင္ဘာကို စားေသာက္ဆိုင္သြားဖို႔ လိပ္စာတစ္ခု Karina ေပးလိုက္သည္
အဲ့စားေသာက္ဆိုင္ ပိုင္ရွင္ကို Karinaက သိၿပီး ယုံၾကည္တယ္ေလ
စားေသာက္ဆိုင္ကို ေရာက္ေတာ့ ဝိတ္တာေလးမွာ Karinaကို ျမင္ၿပီး ခ်က္ခ်င္းမွတ္မိကာ ေနရာေပးေလသည္
Karinaနဲ႕ Winterက စားပြဲတစ္ခုံတြင္ ဝင္ထိုင္ၿပီး Mikeတို႔ကလည္း Karinaနဲ႕မလွမ္းမကမ္းတြင္ ထိုင္ေလသည္
Menuကို Karinaတို႔ ဖြင့္ဖတ္မလို႔ရွိေသး Chef ဝတ္စုံနဲ႕ Yujinက ေရာက္လာသည္
Karinaမွာ ထရပ္ၿပီး သူ႕သူငယ္ခ်င္းကို ဖက္ကာ ႏႈတ္ဆက္ေလသည္
Karinaမွာ Winterကို Wendy နဲ႕ မိတ္ဆက္ေပးလိုက္သည္
"သူက ငါ့မိန္းမ Kim Minjeongတဲ့... သူ႕ကို Winterလို႔ဘဲေခၚပါ "
သဝန္တိုလြန္းတဲ့ Karinaကေတာ့ Minjeongဆိုတဲ့ နာမည္ကို သူကလြဲလို႔ ဘယ္သူမွေခၚတာမႀကိဳက္ေပ
Yujinက Winterကို ဖက္လိုက္ေတာ့ Karinaမွာ သေဘာမက်...
သူခ်စ္ရသူကို တစ္ျခားသူရဲ႕ ရင္ခြင္ထဲ မၾကည့္ခ်င္မျမင္ခ်င္ဘူးေလ
"ဒါနဲ႕ နင္ ငါ့ကို မဂၤလာေဆာင္တုံးကလည္း မဖိတ္ဘူးေနာ္ "
Karinaကို လွမ္းၾကည့္ၿပီး Yujin ေျပာသည္
"အတိုခ်ဳံးၿပီးေဆာင္လိုက္တာ ဘယ္သူ႕ကိုမွေတာင္ မဖိတ္ခဲ့ဘူး "
"Aww နားလည္ၿပီ ငါလည္း သူ႕ကို လက္မထပ္ခင္ ကိုယ္ဝန္ရေအာင္လုပ္မွ ျဖစ္မယ္ "
Yujinရဲ႕ စကားေၾကာင့္ Winter လန့္ၿပီး မ်က္လုံးျပဴးသြားတယ္
"ဒါနဲ႕ ဟိုေခြးမသားေတြကို ဖမ္းမိၿပီလား "
"ဟင့္အင္း ခုထိမမိေသးဘူး Yujin "
Yujinမွာ သက္ျပင္းခ်လိဳက္သည္
ၿပီးေတာ့ Winterဘက္ကို လွည့္လာၿပီး
"Winter အေကာင္းဆုံး အစားအေသာက္ေတြ မင္းဆီ လာပို႔ေပးမယ္ေနာ္ ခဏေစာင့္ "
Yujinမွာ မလွမ္းမကမ္းမွာ ထိုင္ေနတဲ့ Mikeတို႔ကိုလည္း သတိထားမိသြားၿပီး
"မင္းတို႔အတြက္လည္း လာမယ္ေနာ္ "
Yujinမွာ ေျပာၿပီး မီးဖိုခန္းထဲ ဝင္သြားတယ္
Winterမွာ မ်က္ခုံးပင့္ၿပီး Karinaကို လွမ္းၾကည့္တာကို Karinaမွာ အရမ္းသေဘာက်ေနတယ္
Winter အရင္က ငရဲက်ေနသလို မတက္ႂကြဘဲ ငူငိုင္ေနတတ္တာေလ အခုေတာ့ သူတစ္ခုခုကို သိခ်င္ေနတယ္ထင္ပါ့ မ်က္ခုံးေတြေတာင္ ပင့္လာတယ္
"အေဖက Yujinရဲ႕ မိသားစုကို ကူညီေပးခဲ့တာေလ အေဖေၾကာင့္ သူ ဒီစားေသာက္ဆိုင္ဖြင့္နိုင္ခဲ့တာ သူတို႔လုပ္ငန္းက ေအာင္ျမင္လာၿပီး တစ္ျခားၿမိဳ႕ေတြမွာလည္း ဆိုင္ဖြင့္နိုင္ေနၾကၿပီ "
Karinaကေျပာၿပီး ဝိုင္ပုလင္းကို ဖြင့္ကာ Winter ခြက္ထဲငွဲ႕ေပးသည္
Karinaထည့္ေပးတဲ့ ဝိုင္ကို ေသာက္ရင္း ဝိုင္အရသာကို Winter သေဘာက်ေနတယ္
"ဒါနဲ႕ သူ႕ေကာင္မေလးကို လက္ထပ္နိုင္ဖို႔ ကိုယ္ဝန္ရေအာင္ သူတကယ္လုပ္မွာလား "
"အင္းေပါ့ "
Winter ေမးတာကို Karinaက ၿပဳံးၿပီး ေျဖတယ္
"အဲ့ရည္းစားက ဘာလို႔ Yujinကို လက္မထပ္တာလည္း "
"Wonyoungက လက္ထပ္ရတာကို မႀကိဳက္ဘူးေလ "
"အဲ့တာဆို ကိုယ္ဝန္ရွိလာရင္ေရာ ဘာမ်ားေျပာင္းလဲမွာမို႔လို႔လည္း "
Winterေမးတဲ့ ေမးခြန္းကို Karina ျပန္မေျဖေပ
အစားအေသာက္ ပန္းကန္ေတြ ေရာက္လာခ်ိန္မွာေတာ့ Karina ပန္းကန္ေတြကို Winterေရွ႕ အရင္ေပးလိုက္သည္
Winterက ဗိုက္ဆာေနမွန္း Karina သိတယ္ေလ
"ဒါေလး စားၾကည့္ အရသာရွိတယ္ "
Winterမွာ Karinaေရွ႕ ပန္းကန္ေလးတိုးေပးရင္း ေျပာလိုက္သည္
Karinaမွာ Winterေပးတဲ့ စားစရာကို စားၿပီး အရသာမခံဘဲ မ်ိဳခ်ကာ Winterကို ျပန္ေပးေလသည္
"အကုန္စားလိုက္ေတာ့ အခ်စ္ေလး "
Winterမွာ ေရာက္လာသမွ် ပန္းကန္ထဲက စားစရာေတြကို အားပါးတရထိုင္စားေနသည္
"လမ္းေပၚမွာေနခဲ့ရတာကို သေဘာက်လား "
Karinaမွာ ႐ုတ္တရက္ Winterကို ေမးလိုက္သည္ ဘာလို႔လည္းဆိုေတာ့ သူသိဖို႔ လိုအပ္ေနလို႔ပင္
"လမ္းေပၚမွာ Yizhuoနဲ႕ငါ လိုအပ္တာရွာေတြ႕ခဲ့တယ္ လြတ္ေျမာက္မႈေလ "
Winter ေျပာတာကို Karina သေဘာမက်ေပမယ့္ နားလည္ေပးလိုက္ပါတယ္
"လမ္းေပၚမွာ ျပႆနာေတြမေတြ႕ခဲ့ဘူးလား "
"ေတြ႕ခဲ့တာေပါ့ တစ္ခ်ိဳ႕ေကာင္ေတြက မေကာင္းလို႔ ငါတို႔ထြက္ေျပးခဲ့ရေသးတယ္ ၿပီးေတာ့ ေျပးရင္း အသုံးစရိတ္ကလည္း ျပတ္သြားေသးတယ္ "
Winterေျပာရင္း အတိတ္ကို သတိရၿပီး ေခါင္းခါယမ္းမိသည္
"ေတာ္ေသးတယ္ လူႀကီးတစ္ေယာက္က ငါတို႔ကို ကူညီေပးလို႔ "
Karinaမွာ Winterေျပာတာကို ပုံေဖာ္ၾကည့္ရင္း လက္သီးကို က်စ္က်စ္ပါေအာင္ ဆုပ္ထားမိသည္
Winterမွာ တည္တည္ၿငိမ္ၿငိမ္နဲ႕ Karinaကို ၾကည့္ေနသည္
Karina သဝန္တိုေနမွန္း Winter သိတယ္ေလ
Karinက အရမ္းပိုင္ဆိုးပိုင္နင္းဆန္လြန္းတယ္
"ငါတို႔ လမ္းေပၚကေန ေကာင္းေကာင္းထြက္ေျပးနိုင္ခဲ့ပါတယ္ "
Karinaမွာ Winterရဲ႕ အေျဖကို သေဘာမက်ေပ သူမရွိဘဲ Winter အဆင္ေျပေနတယ္ဆိုတာကို Karina မျဖစ္ခ်င္ မလိုလားေပ
"အင္းပါေလ အခုလည္း မင္း တို႔နဲ႕အတူ သာမန္ဘဝမွာ ေနလို႔ရပါတယ္ "
"သာမန္ဘဝ နင္က နင့္မွာ သာမန္ျဖစ္ေနတယ္ဆိုတာေရာ ရွိလို႔လား"
Winterေျပာစကားကို Karina အျပစ္မျမင္ သူေျပာသလို ဟုတ္ေနတာဘဲေလ
ထပ္ၿပီး စားေသာက္စရာေတြ ေရာက္လာလို႔ Karinaတို႔ စကားစျပတ္သြားတယ္
"ငါ့အစ္မေရာ ဘယ္လိုေနလည္း "
Karinaကို မၾကည့္ဘဲ Winter ေမးလိုက္သည္
"မင္းပို႔ေပးတဲ့ပိုက္ဆံေတြရယ္ တို႔ေထာက္ပံ့ထားတာေတြနဲ႕ အဆင္ေျပပါတယ္ သူနဲ႕ေတြ႕ခ်င္လား "
"Yizhuoရဲ႕အေဖ စ်ာပနာက် အစ္မနဲ႕ ေတြ႕ခ်င္မိတယ္ "
Karinaမွာ Winterကို Yizhuoနဲ႕ နီးနီးကပ္ကပ္မွာ မေနေစခ်င္ဘူး
ဒါေပမယ့္လည္း အခင္ဆုံးသူငယ္ခ်င္းအေဖရဲ႕ စ်ာပနာကို မတက္နဲ႕လို႔ Karina မတားခ်င္
Winterကလည္း Yizhuoနဲ႕ ဟိုးငယ္ငယ္ေလးကတည္းက ခင္လာခဲ့တာ မဟုတ္လား
"စ်ာပနာပြဲက ဘယ္ေတာ့လည္း "
"ေနာက္ႏွစ္ရက္ဆိုေရာက္ၿပီ "
"တို႔ မင္းနဲ႕လိုက္ခဲ့မယ္ "
Winterမွာ Karinaနဲ႕ ျငင္းမေနေတာ့ေပ
စားစရာရွိတာကိုသာ တိတ္တဆိတ္စားေနလိုက္ေတာ့သည္
စားေသာက္ၿပီးေနာက္ေတာ့ Yujinကို ႏႈတ္ဆက္ၿပီး Karinaတို႔ ျပန္လာခဲ့ၾကသည္
ကားေပၚမွာ ဗိုက္ျပည့္ၿပီး အိပ္ေပ်ာ္ေနတဲ့ Winterကို မႏွိုးဘဲ Karina ေပြ႕ခ်ီကာ အခန္းထဲသို႔ ေခၚလာခဲ့လိုက္သည္
#tbc
Bạn đang đọc truyện trên: Truyen3h.Co