Truyen3h.Co

Mine S2

Part 11

KimFany059

Church ကျောင်းဘေးနားက လွတ်တဲ့နေရာတစ်ခုတွင် ကားတစ်စီးက ပါကင်လာထိုးသည်

Winterက တစ်နေ့က Karina ဝယ်ပေးထားတဲ့ အနက်ရောင်ဝတ်စုံအသစ်လေးကို ဝတ်ထားတယ်

အဲ့ဝတ်စုံအသစ်လေးက လုံလုံခြုံခြုံလေးမို့လို့ Karinaကို Winter ကျေးဇူးတင်မိသည်

သူ့ခန္ဓာကိုယ်ပေါ်က အမာရွတ်တွေနဲ့ပတ်သက်တဲ့ စိတ်ဒဏ်ရာတစ်ချို့ကို Karinaက နားလည်ပေးပြီး ကာကွယ်ပေးတာကို Winter ကျေးဇူးတင်မိတယ်

Churchကျောင်းထဲကို ဝင်တော့ Karinaက Winterရဲ့လက်ကို သေချာဆုပ်ကိုင်လိုက်သည်

Winter မအံ့သြတော့ဘူးလေ Karinaက သူ့အနားရှိရင် အမြဲတမ်း Winterလက်ကို တွဲထားတာ မဟုတ်လား

ညဆိုရင်လည်း တစ်ကုတည်းမှာ အတူအိပ်ပြီး Winterကို Karinaက ရင်ခွင်ထဲဆွဲထည့်တတ်သေးတာ

တစ်ခါတစ်ခါ Winter တစ်​ယောက် Karinaရဲ့ ရင်ခွင်ထဲ နိုးလာသေးသည်

အရင်ကလို အတင်းအဓမ္မ အတူနေခိုင်းတာမျိုး မလုပ်ဘဲနဲ့ Karinaက Winterဘေးနား ကောင်းကောင်းမွန်မွန်နေပေးလို့ Winter လုံခြုံသလို ခံစားရတယ်

Karinaက တစ်ခါတစ်ခါဆို laptopတစ်လုံးနဲ့ အလုပ်ရှုပ်တတ်သေးသည်

Karinaက ဘာမှမလုပ်ဘဲ နားလည်ပေးလို့ တော်သေးတယ် Winter အခုထိ လိင်ပိုင်းဆိုင်ရာကိုလက်ခံပေးဖို့ အသင့်မဖြစ်သေးဘူးလေ

အခုရက်ပိုင်း Karinaက Winter ချစ်ခဲ့ဖူးတဲ့ Jiminပုံစံ ပြန်ဖြစ်နေတယ် ဒါပေမယ့် အခုထိ Karinaကို Winter မယုံရဲသေးပေ

Winterတို့ Churchကျောင်းထဲ ဝင်လာတော့ လူတွေက သူတို့ကို လှည့်ကြည့်ကြသည်

သို့သော် Karinaကို မြင်ပြီး ကြောက်လို့ ချက်ချင်းအကြည့်တွေလွှဲလိုက်ကြတယ်

အခုမှ Winter သတိရတယ် သတင်းမီဒီယာတွေမှာ Karina ထောင်ကျတဲ့အကြောင်း တစ်ခါမှမတွေ့ရဘူး

Aeriနဲ့ Karina မိဘတွေ အသတ်ခံရကြောင်းဘဲ ပါလာတာ Winter sexual abuse လုပ်ခံရတာတောင် မသိကြဘူးဘဲ တကယ်ဘဲ Karinaက အင်အားကြီးတဲ့သူတစ်​ယောက်ပါလား

Winterမှာ သူ့အစ်မကို Liam နဲ့အတူ Yizhuoတို့သားအမိအနား ရပ်နေတာကို တွေ့လိုက်ရသည်

Winterရဲ့ အစ်မ Hanaက Winterကို လာဖက်တဲ့အခါမှာတော့ Winter ဘာမှမခံစားရပေ

Karinaက အခုထိ သူ့လက်ကို မဖြုတ်ပေးတာကိုဘဲ ခံစားမိနေသည်

"လက်ထပ်လိုက်ပြီလို့ သတင်းကြားတယ် "

"ဟုတ်တယ် Hana "

Karina တိုတိုတုတ်တုတ်ပြောလိုက်သည်

Hanaမှာ Winterကို တစ်ချက်ကြည့်လိုက်တယ် ပြီးတော့ သူ့ညီမလေးစိတ်ကို နားလည်နိုင်မလားလို့ ကြိုးစားဖတ်ကြည့်နေသည်

"အစ်မ နင့်ကို စိတ်ပူနေခဲ့တာ Winter...အစ်မမသိခဲ့ဘူး နင် "

Hanaက Winterရဲ့ လက်ကိုကိုင်ပြီးပြောတော့ Winterက ခေါင်းငုံ့သွားတယ်

"အာ...ထားပါတော့ ပြန်တွေ့ရတာ ဝမ်းသာပါတယ် ညီမလေး "

"တောင်းပန်ပါတယ် အစ်မ "

Winter ခေါင်းငုံ့ပြီး သူ့အစ်မကို တောင်းပန်လိုက်သည် ပြီးတော့ သူ့အစ်မအပေါ် အားနာစိတ် ဝင်လာတယ်လေ

Hanaကို အဆက်အသွယ်မလုပ်ဖြစ်တော့ သူလည်း Winterကို စိတ်ပူနေမှာပေါ့လေ

Winterမှာ သူ့အစ်မနဲ့ Karinaကို ခွင့်တောင်းပြီး Yizhuoတို့ဆီ သွားလေသည်

Yizhuoကို စိတ်မကောင်းပါဘူးဆိုပြီး ပြောကာ ဖက်ရင်းနှစ်သိမ့်ပေးချိန် Yizhuoမှာ ငိုချလိုက်သည်

"နင့်အဖေက လူကောင်းတစ်ယောက်ပါ သူကောင်းရာမွန်ရာရောက်သွားမှာပါ Yizhuoရယ် "

"နင်ရော အဆင်ပြေရဲ့လား Win "

"ပြေပါတယ် နင်ရော "

"အဆင်ပြေသွားမှာပါ Winရယ် "

Yizhuoကို နှစ်သိမ့်ပြီးနောက် Karinaရဲ့ ဘေးနားတွင် Winter ထိုင်လိုက်သည် Winterရဲ့ ဘယ်ဘက်မှာတော့ Yizhuoက ထိုင်နေသ​ည်

"အဆင်ပြေရဲ့လား Minjeong "

Karinaမှာ Minjeongရဲ့ လက်ကိုကိုင်ပြီး မေးလိုက်သည်

"နောက်ထပ်နာရေးတွေ ငါထပ်ပြီး တက်နိုင်မယ်မထင်တော့ဘူး "

Winter သက်ပြင်းချပြီး ပြောလိုက်သည်

"နင့်မိဘတွေရော..... နင်ဘယ်လိုလုပ်လိုက်လည်း "

"သူတို့ကိုသတ်တဲ့သူတွေကို ရှာမတွေ့သေးသ၍ သူတို့ကို မသဂြိုလ်ရသေး​ဘူး "

Karinaရဲ့ စကားကြောင့် Winter အံ့သြသွားတယ်

"ဟင် ဒါဆို သူတို့အလောင်းတွေက ဘယ်မှာလည်း သူတို့အိမ်မှာဘဲလား "

"တို့ရဲ့ ရုံးခန်းမှာ ဘာဖြစ်လို့လည်း ကြောက်လို့လား "

"အာ မဟုတ်ပါဘူး သူတို့က ငါတို့အနားရှိနေသေးလို့ ဝမ်းသာပါတယ် "

Winterမှာ ဘာပြောရမှန်းမသိလို့ ပါးစပ်ထဲတွေ့ရာပြောလိုက်သည်

Karinaမှာ ပြုံးပြီး Winterရဲ့ လက်ကို ယူနမ်းလိုက်သည်

"တို့ မင်းကို အရမ်းချစ်တယ် Minjeong "

Winterမှာ ဘာမှပြန်မပြောဘဲ Karinaကို ပြုံးသာပြလိုက်သည်

နာရေးပြီးနောက် Yizhuoတို့ သားအမိကို Karinaတို့ သေချာအိမ်ပြန်ပို့ပေးလေသည်

Karinaမှာ ဒီတစ်ခါတော့ Yizhuoကို ကောင်းကောင်းမွန်မွန်နဲ့ လေးလေးစားစား ဆက်ဆံပေးသည်

ဒါပေမယ့် Yizhuoကတော့ Karinaကို သိပ်ပြီး မကျေနပ်သေးပေ

"နင်နဲ့ Yizhuoရဲ့ အမေ ဘာတွေပြောနေကြတာလည်း "

Church ကျောင်းမှာ Yizhuoကို Winter နှစ်သိမ့်ပေးတုံးက Karinaနဲ့ Yizhuo အမေတို့ စကားပြောနေတာကို Winter မြင်ခဲ့တယ်လေ

"သူ့ကို ဒီနာရေးနဲ့ပတ်သက်ပြီး ကုန်ကျစရိတ်တွေနဲ့ တစ်ခြားလိုအပ်တာအားလုံး တို့က ကူညီပေးမယ်လို့ ပြောနေတာရယ် "

Karinaရဲ့ စကားကြောင့် Winter ထပ်ပြီး အံ့သြပြန်သည်

Yizhuoရဲ့ မိသားစုအပေါ် ဒီလို ဂရုစိုက်တယ်ဆိုတာ Winter မယုံနိုင်ဖြစ်နေတယ်

"ဘယ်လို "

"Yizhuoက မိသားစုဝင်ဘဲ မဟုတ်လား "

"ငါ့မိသားစုပါ "

"အွန်းလေ ပြီးတော့ တို့က မင်းရဲ့ မိန်းမ မဟုတ်လား "

Karina ပြောပြီး Winterရဲ့ မေးဖျားလေးကို ဆွဲနမ်းလိုက်သည်

"ပြီးတော့ သူက Aeriရဲ့ ယောက္ခမလေ မဟုတ်ဘူးလား Aeriက မရှိတော့ တို့ကူညီသင့်တယ် မဟုတ်လား "

Karinaရဲ့ သစ္စာရှိမှုကတော့ လေးစားစရာပင်

Yizhuoရဲ့ အိမ်တွင် နာရေးသတင်းလာမေးသူတွေနဲ့ ပြည့်နေသည်

နာရေးကိုလာတဲ့လူတစ်ချို့ကို Winter ငယ်ငယ်က တွေ့ဖူးလို့ မှတ်မိနေသည်

ထိုလူတစ်ချို့ကလည်း Winterကို ပြုံးပြနှုတ်ဆက်ရုံကလွဲပြီး Karinaနဲ့ ပတ်သက်တာကို ဘာမှမမေးကြပေ

နာရေးအိမ်မှာ လူတစ်ချို့ကို နှုတ်ဆက်ပြီးနောက် Winter ပင်ပန်းလို့ အခန်းတစ်ခန်းထဲ ဝင်နားဖို့ ဆုံးဖြတ်လိုက်သည်

အခန်းတစ်ခန်းထဲသို့ ရောက်သောအခါ

"မင်း ငါ့ကို ဘာမှပြောစရာမရှိဘူးလား "

အခန်းထဲတွင် သူ့အစ်မရဲ့ ယောင်္ကျား Liamနဲ့ တွေ့လေသည်

"Hiကလွဲပြီး ဘာပြောစရာရှိလို့လည်း "

Winter လေသံမာမာနဲ့ပြောလိုက်သည်

Liamကို အရင်က သူ့အစ်မရဲ့ ယောင်္ကျားမို့လို့ ရိုရိုသေသေဆက်ဆံပေးခဲ့တာလေ

ဒါပေမယ့် Liamက Winterကိုဆို အမှိုက်လို အမြဲဆက်ဆံခဲ့တာ

အဲ့လိုဆက်ဆံပေးခဲ့တာတောင် သူ့အစ်မမျက်နှာကြောင့် Liamရဲ့ အကြွေးတွေကို Karinaကို ပြောပြီးဆပ်ပေးခဲ့ရတယ်

အခုထိ Karinaက သူတို့ လင်မယားကိုထောက်ပံ့ပေးနေတာတောင် Liamက ကျေးဇူးတင်ခြင်း မရှိ သူ့အတွက်သူ ကြည့်နေတုံးပင်

"မင်း ငါ့ကို အဲ့လိုမလေးမစားလာမပြောနဲ့ "

"ငါပြောချင်သလိုပြောမယ် ဘာဖြစ်လည်း ဘာလိုချင်လို့လည်း "

"ငါတို့ စကားပြောရအောင် "

"ဘာပြောစရာရှိလို့လည်း "

"မင်း ငါတို့ကို ပေးတဲ့ပိုက်ဆံက အရမ်းနည်းလွန်းတယ် "

"အဲ့ပိုက်ဆံတွေက နင့်ကိုပေးတာ မဟုတ်ဘူးလေ ငါ့အစ်မကို ပေးတာ နင်နဲ့ဘာဆိုင်လည်း "

"ငါကို နင်တွေငါတွေနဲ့ လာမသုံးနှုန်းနဲ့ ခွေးမ "

"ပြောတော့ ဘာဖြစ်လည်း "

"ဒီကောင်မတော့ "

Liamမှာ Winterကို ရိုက်ဖို့ လက်ရွယ်စဥ် Karinaမှာ ဝုန်းခနဲ အခန်းထဲသို့ ဝင်လာလေသည်

#tbc

#zawgyi

Church ေက်ာင္းေဘးနားက လြတ္တဲ့ေနရာတစ္ခုတြင္ ကားတစ္စီးက ပါကင္လာထိုးသည္

Winterက တစ္ေန႕က Karina ဝယ္ေပးထားတဲ့ အနက္ေရာင္ဝတ္စုံအသစ္ေလးကို ဝတ္ထားတယ္

အဲ့ဝတ္စုံအသစ္ေလးက လုံလုံၿခဳံၿခဳံေလးမို႔လို႔ Karinaကို Winter ေက်းဇူးတင္မိသည္

သူ႕ခႏၶာကိုယ္ေပၚက အမာ႐ြတ္ေတြနဲ႕ပတ္သက္တဲ့ စိတ္ဒဏ္ရာတစ္ခ်ိဳ႕ကို Karinaက နားလည္ေပးၿပီး ကာကြယ္ေပးတာကို Winter ေက်းဇူးတင္မိတယ္

Churchေက်ာင္းထဲကို ဝင္ေတာ့ Karinaက Winterရဲ႕လက္ကို ေသခ်ာဆုပ္ကိုင္လိုက္သည္

Winter မအံ့ၾသေတာ့ဘူးေလ Karinaက သူ႕အနားရွိရင္ အၿမဲတမ္း Winterလက္ကို တြဲထားတာ မဟုတ္လား

ညဆိုရင္လည္း တစ္ကုတည္းမွာ အတူအိပ္ၿပီး Winterကို Karinaက ရင္ခြင္ထဲဆြဲထည့္တတ္ေသးတာ

တစ္ခါတစ္ခါ Winter တစ္ေယာက္ Karinaရဲ႕ ရင္ခြင္ထဲ နိုးလာေသးသည္

အရင္ကလို အတင္းအဓမၼ အတူေနခိုင္းတာမ်ိဳး မလုပ္ဘဲနဲ႕ Karinaက Winterေဘးနား ေကာင္းေကာင္းမြန္မြန္ေနေပးလို႔ Winter လုံၿခဳံသလို ခံစားရတယ္

Karinaက တစ္ခါတစ္ခါဆို laptopတစ္လုံးနဲ႕ အလုပ္ရႈပ္တတ္ေသးသည္

Karinaက ဘာမွမလုပ္ဘဲ နားလည္ေပးလို႔ ေတာ္ေသးတယ္ Winter အခုထိ လိင္ပိုင္းဆိုင္ရာကိုလက္ခံေပးဖို႔ အသင့္မျဖစ္ေသးဘူးေလ

အခုရက္ပိုင္း Karinaက Winter ခ်စ္ခဲ့ဖူးတဲ့ Jiminပုံစံ ျပန္ျဖစ္ေနတယ္ ဒါေပမယ့္ အခုထိ Karinaကို Winter မယုံရဲေသးေပ

Winterတို႔ Churchေက်ာင္းထဲ ဝင္လာေတာ့ လူေတြက သူတို႔ကို လွည့္ၾကည့္ၾကသည္

သို႔ေသာ္ Karinaကို ျမင္ၿပီး ေၾကာက္လို႔ ခ်က္ခ်င္းအၾကည့္ေတြလႊဲလိုက္ၾကတယ္

အခုမွ Winter သတိရတယ္ သတင္းမီဒီယာေတြမွာ Karina ေထာင္က်တဲ့အေၾကာင္း တစ္ခါမွမေတြ႕ရဘူး

Aeriနဲ႕ Karina မိဘေတြ အသတ္ခံရေၾကာင္းဘဲ ပါလာတာ Winter sexual abuse လုပ္ခံရတာေတာင္ မသိၾကဘူးဘဲ တကယ္ဘဲ Karinaက အင္အားႀကီးတဲ့သူတစ္ေယာက္ပါလား

Winterမွာ သူ႕အစ္မကို Liam နဲ႕အတူ Yizhuoတို႔သားအမိအနား ရပ္ေနတာကို ေတြ႕လိုက္ရသည္

Winterရဲ႕ အစ္မ Hanaက Winterကို လာဖက္တဲ့အခါမွာေတာ့ Winter ဘာမွမခံစားရေပ

Karinaက အခုထိ သူ႕လက္ကို မျဖဳတ္ေပးတာကိုဘဲ ခံစားမိေနသည္

"လက္ထပ္လိုက္ၿပီလို႔ သတင္းၾကားတယ္ "

"ဟုတ္တယ္ Hana "

Karina တိုတိုတုတ္တုတ္ေျပာလိုက္သည္

Hanaမွာ Winterကို တစ္ခ်က္ၾကည့္လိုက္တယ္ ၿပီးေတာ့ သူ႕ညီမေလးစိတ္ကို နားလည္နိုင္မလားလို႔ ႀကိဳးစားဖတ္ၾကည့္ေနသည္

"အစ္မ နင့္ကို စိတ္ပူေနခဲ့တာ Winter...အစ္မမသိခဲ့ဘူး နင္ "

Hanaက Winterရဲ႕ လက္ကိုကိုင္ၿပီးေျပာေတာ့ Winterက ေခါင္းငုံ႕သြားတယ္

"အာ...ထားပါေတာ့ ျပန္ေတြ႕ရတာ ဝမ္းသာပါတယ္ ညီမေလး "

"ေတာင္းပန္ပါတယ္ အစ္မ "

Winter ေခါင္းငုံ႕ၿပီး သူ႕အစ္မကို ေတာင္းပန္လိုက္သည္ ၿပီးေတာ့ သူ႕အစ္မအေပၚ အားနာစိတ္ ဝင္လာတယ္ေလ

Hanaကို အဆက္အသြယ္မလုပ္ျဖစ္ေတာ့ သူလည္း Winterကို စိတ္ပူေနမွာေပါ့ေလ

Winterမွာ သူ႕အစ္မနဲ႕ Karinaကို ခြင့္ေတာင္းၿပီး Yizhuoတို႔ဆီ သြားေလသည္

Yizhuoကို စိတ္မေကာင္းပါဘူးဆိုၿပီး ေျပာကာ ဖက္ရင္းႏွစ္သိမ့္ေပးခ်ိန္ Yizhuoမွာ ငိုခ်လိဳက္သည္

"နင့္အေဖက လူေကာင္းတစ္ေယာက္ပါ သူေကာင္းရာမြန္ရာေရာက္သြားမွာပါ Yizhuoရယ္ "

"နင္ေရာ အဆင္ေျပရဲ႕လား Win "

"ေျပပါတယ္ နင္ေရာ "

"အဆင္ေျပသြားမွာပါ Winရယ္ "

Yizhuoကို ႏွစ္သိမ့္ၿပီးေနာက္ Karinaရဲ႕ ေဘးနားတြင္ Winter ထိုင္လိုက္သည္ Winterရဲ႕ ဘယ္ဘက္မွာေတာ့ Yizhuoက ထိုင္ေနသည္

"အဆင္ေျပရဲ႕လား Minjeong "

Karinaမွာ Minjeongရဲ႕ လက္ကိုကိုင္ၿပီး ေမးလိုက္သည္

"ေနာက္ထပ္နာေရးေတြ ငါထပ္ၿပီး တက္နိုင္မယ္မထင္ေတာ့ဘူး "

Winter သက္ျပင္းခ်ၿပီး ေျပာလိုက္သည္

"နင့္မိဘေတြေရာ..... နင္ဘယ္လိုလုပ္လိုက္လည္း "

"သူတို႔ကိုသတ္တဲ့သူေတြကို ရွာမေတြ႕ေသးသ၍ သူတို႔ကို မသၿဂိဳလ္ရေသးဘူး "

Karinaရဲ႕ စကားေၾကာင့္ Winter အံ့ၾသသြားတယ္

"ဟင္ ဒါဆို သူတို႔အေလာင္းေတြက ဘယ္မွာလည္း သူတို႔အိမ္မွာဘဲလား "

"တို႔ရဲ႕ ႐ုံးခန္းမွာ ဘာျဖစ္လို႔လည္း ေၾကာက္လို႔လား "

"အာ မဟုတ္ပါဘူး သူတို႔က ငါတို႔အနားရွိေနေသးလို႔ ဝမ္းသာပါတယ္ "

Winterမွာ ဘာေျပာရမွန္းမသိလို႔ ပါးစပ္ထဲေတြ႕ရာေျပာလိုက္သည္

Karinaမွာ ၿပဳံးၿပီး Winterရဲ႕ လက္ကို ယူနမ္းလိုက္သည္

"တို႔ မင္းကို အရမ္းခ်စ္တယ္ Minjeong "

Winterမွာ ဘာမွျပန္မေျပာဘဲ Karinaကို ၿပဳံးသာျပလိုက္သည္

နာေရးၿပီးေနာက္ Yizhuoတို႔ သားအမိကို Karinaတို႔ ေသခ်ာအိမ္ျပန္ပို႔ေပးေလသည္

Karinaမွာ ဒီတစ္ခါေတာ့ Yizhuoကို ေကာင္းေကာင္းမြန္မြန္နဲ႕ ေလးေလးစားစား ဆက္ဆံေပးသည္

ဒါေပမယ့္ Yizhuoကေတာ့ Karinaကို သိပ္ၿပီး မေက်နပ္ေသးေပ

"နင္နဲ႕ Yizhuoရဲ႕ အေမ ဘာေတြေျပာေနၾကတာလည္း "

Church ေက်ာင္းမွာ Yizhuoကို Winter ႏွစ္သိမ့္ေပးတုံးက Karinaနဲ႕ Yizhuo အေမတို႔ စကားေျပာေနတာကို Winter ျမင္ခဲ့တယ္ေလ

"သူ႕ကို ဒီနာေရးနဲ႕ပတ္သက္ၿပီး ကုန္က်စရိတ္ေတြနဲ႕ တစ္ျခားလိုအပ္တာအားလုံး တို႔က ကူညီေပးမယ္လို႔ ေျပာေနတာရယ္ "

Karinaရဲ႕ စကားေၾကာင့္ Winter ထပ္ၿပီး အံ့ၾသျပန္သည္

Yizhuoရဲ႕ မိသားစုအေပၚ ဒီလို ဂ႐ုစိုက္တယ္ဆိုတာ Winter မယုံနိုင္ျဖစ္ေနတယ္

"ဘယ္လို "

"Yizhuoက မိသားစုဝင္ဘဲ မဟုတ္လား "

"ငါ့မိသားစုပါ "

"အြန္းေလ ၿပီးေတာ့ တို႔က မင္းရဲ႕ မိန္းမ မဟုတ္လား "

Karina ေျပာၿပီး Winterရဲ႕ ေမးဖ်ားေလးကို ဆြဲနမ္းလိုက္သည္

"ၿပီးေတာ့ သူက Aeriရဲ႕ ေယာကၡမေလ မဟုတ္ဘူးလား Aeriက မရွိေတာ့ တို႔ကူညီသင့္တယ္ မဟုတ္လား "

Karinaရဲ႕ သစၥာရွိမႈကေတာ့ ေလးစားစရာပင္

Yizhuoရဲ႕ အိမ္တြင္ နာေရးသတင္းလာေမးသူေတြနဲ႕ ျပည့္ေနသည္

နာေရးကိုလာတဲ့လူတစ္ခ်ိဳ႕ကို Winter ငယ္ငယ္က ေတြ႕ဖူးလို႔ မွတ္မိေနသည္

ထိုလူတစ္ခ်ိဳ႕ကလည္း Winterကို ၿပဳံးျပႏႈတ္ဆက္႐ုံကလြဲၿပီး Karinaနဲ႕ ပတ္သက္တာကို ဘာမွမေမးၾကေပ

နာေရးအိမ္မွာ လူတစ္ခ်ိဳ႕ကို ႏႈတ္ဆက္ၿပီးေနာက္ Winter ပင္ပန္းလို႔ အခန္းတစ္ခန္းထဲ ဝင္နားဖို႔ ဆုံးျဖတ္လိုက္သည္

အခန္းတစ္ခန္းထဲသို႔ ေရာက္ေသာအခါ

"မင္း ငါ့ကို ဘာမွေျပာစရာမရွိဘူးလား "

အခန္းထဲတြင္ သူ႕အစ္မရဲ႕ ေယာကၤ်ား Liamနဲ႕ ေတြ႕ေလသည္

"Hiကလြဲၿပီး ဘာေျပာစရာရွိလို႔လည္း "

Winter ေလသံမာမာနဲ႕ေျပာလိုက္သည္

Liamကို အရင္က သူ႕အစ္မရဲ႕ ေယာကၤ်ားမို႔လို႔ ရိုရိုေသေသဆက္ဆံေပးခဲ့တာေလ

ဒါေပမယ့္ Liamက Winterကိုဆို အမွိုက္လို အၿမဲဆက္ဆံခဲ့တာ

အဲ့လိုဆက္ဆံေပးခဲ့တာေတာင္ သူ႕အစ္မမ်က္ႏွာေၾကာင့္ Liamရဲ႕ အေႂကြးေတြကို Karinaကို ေျပာၿပီးဆပ္ေပးခဲ့ရတယ္

အခုထိ Karinaက သူတို႔ လင္မယားကိုေထာက္ပံ့ေပးေနတာေတာင္ Liamက ေက်းဇူးတင္ျခင္း မရွိ သူ႕အတြက္သူ ၾကည့္ေနတုံးပင္

"မင္း ငါ့ကို အဲ့လိုမေလးမစားလာမေျပာနဲ႕ "

"ငါေျပာခ်င္သလိုေျပာမယ္ ဘာျဖစ္လည္း ဘာလိုခ်င္လို႔လည္း "

"ငါတို႔ စကားေျပာရေအာင္ "

"ဘာေျပာစရာရွိလို႔လည္း "

"မင္း ငါတို႔ကို ေပးတဲ့ပိုက္ဆံက အရမ္းနည္းလြန္းတယ္ "

"အဲ့ပိုက္ဆံေတြက နင့္ကိုေပးတာ မဟုတ္ဘူးေလ ငါ့အစ္မကို ေပးတာ နင္နဲ႕ဘာဆိုင္လည္း "

"ငါကို နင္ေတြငါေတြနဲ႕ လာမသုံးႏႈန္းနဲ႕ ေခြးမ "

"ေျပာေတာ့ ဘာျဖစ္လည္း "

"ဒီေကာင္မေတာ့ "

Liamမွာ Winterကို ရိုက္ဖို႔ လက္႐ြယ္စဥ္ Karinaမွာ ဝုန္းခနဲ အခန္းထဲသို႔ ဝင္လာေလသည္

#tbc

Bạn đang đọc truyện trên: Truyen3h.Co