Part 13
"ဒီတစ်နေကုန်လုံး ကုတင်ပေါ်မှာဘဲ တို့တွေ ကုန်ဆုံးရအောင်လေနော် "
ဒီစကားလေးကတော့ Winterအတွက် နားထောင်လို့ အကောင်းဆုံးစကားပါဘဲ
Karinaက လှေကားပေါ်ကနေတစ်ဆင့် Winterကို ပွေ့ချီလာပြီး အိပ်ရာပေါ်တွင် သေချာတင်လိုက်သည်
Winterရဲ့ ရှုးဖိနပ်တွေအပြင် အဝတ်အစားတွေကို Karinaမှာ သေချာချွတ်ပေးလိုက်သည်
ပြီးတော့ Karinaမှု Winter ရဲ့ လက်နဲ့လက်ခေါက်မှာ သွေးတွေ ထွက်နေတာကို တွေ့လိုက်ရသည်
Winterကလည်း သူ့လက်မှာ သွေးတွေထွက်နေတာကို တွေ့ပြီး မျက်မှောင်ကြုတ်မိသွားတယ်
ငါ ဘာလို့ ခုနက သတိမထားမိတာလဲ
Karinaမှာ Winter လက်ကလေးကို ဖြေးဖြေးလေး ကိုင်လိုက်ပြီး
"တို့ မင်းအတွက် ဆရာဝန်ခေါ်ပေးရမလား "
Winterမှာ ခေါင်းခါပြီး
"ဟင့်အင်း ရပါတယ် အဆင်ပြေပါတယ် "
"Come on လာပါအချစ်ရဲ့ "
Karina မှာ Winterရဲ့ အင်္ကျီဇစ်လေးကို သေချာချွတ်ပေးနေသည်
ဂါဝန်လေး ချွတ်လိုက်တဲ့အခါတွင် Winter သူ့ခန္ဓာကိုယ်က အမာရွတ်တွေကို သတိရသွားတယ်
ချက်ချင်းဘဲ Winter သူ့ဂါဝန်ကို ကောက်ဝတ်လိုက်လို့ Karina အံ့သြသွားသည်
"ဘာဖြစ်လို့လဲ အချစ်ရဲ့ "
Winterမှာ ခေါင်းငုံ့ပြီး
"Umm မလှလို့လေ နင် မြင်ချင်မှာလည်း မဟုတ်ဘူး "
Karinaမှာ ပြုံးပြီး Winterရဲ့ လက်ကို ကိုင်လိုက်သည်
Winterမှာ မျက်စိမှိတ်ထားလိုက်တယ် သူ့ရဲ့ မလှပတဲ့ အမာရွတ်တွေရှိနေတဲ့ ခန္ဓာကိုယ်ကို Karina ရှေ့မှာ ရပ်မပြနိုင်ဘူးလေ
သူတို့နှစ်ယောက်ကြားမှာ တိတ်ဆိတ်မှုတွေ ဝင်ရောက်လာသည်
Winterမှာ Karinaရဲ့ရှေ့ကနေ ထွက်သွားဖို့ ကြိုးစားလေသည်
သို့သော်လည်း Karinaက ခွင့်မပြုပေ
"Karina "
"Jimin တို့ကို Jimin လို့ခေါ် မင်း တို့ကို Karinaလို့ခေါ်တာ တို့ ထပ်မကြားချင်တော့ဘူး "
Winterက သူ့မျက်လုံးကို ထပ်မှိတ်ထားတုန်းဘဲ
Karinaမှာ Winterကို ကြည့်ပြီး ဘာမှမလုပ်ပေးနိုင်သလို ခံစားရလို့ သူ့ကိုယ်သူမုန်းလာမိတယ်
"Minjeong "
Karina မှာ Winterရဲ့ လက်ကလေးကို သူ့မျက်နှာနားကပ်ပြီး ခေါ်လိုက်သည်
"အမာရွတ်တွေကို တို့ ဂရုမစိုက်ဘူး အချစ်လေး တို့ မြင်ဖူးသမျှထဲ မင်းက အလှဆုံး အချောဆုံးဘဲ သိလား "
Karina ပြောပြီး Winterရဲ့ ရင်ဘတ်က အမာရွတ်လေးတွေကို ကိုင်လိုက်သည်
"ဒီအမာရွတ်တွေက မင်း ရုန်းကန်ခဲ့တာတွေရဲ့ အမှတ်အသားလေး မဟုတ်လား တို့ မင်းအတွက် ဂုဏ်ယူတယ် အချစ်လေး ပြီးတော့ ခုထိ တို့ဘေးနားမှာ ရှိနေလို့ တို့ ဝမ်းသာမိတယ် တကယ် တို့သောက်ရမ်းဝမ်းသာမိတယ် "
Winterမှာ မျက်လုံးကို ဖြည်းဖြည်းချင်းဖွင့်လိုက်ပြီး သူ့ကိုကြည့်နေတဲ့ Karinaကို ကြည့်လိုက်တယ်
ပြီးတော့ Karinaရဲ့ မျက်နှာကို Winter ကိုင်လိုက်သည်
"ငါရှိနေပါတယ် "
Winter ပြောလိုက်သည် Karinaက သူပြောမယ့် စကားလေး ကြားဖို့ လိုအပ်နေမယ်ထင်လို့ ပြောလိုက်သည်
Karinaက ဘယ်လိုခံစားနေရလဲဆိုတာ Winter သိချင်နေတယ်
Winterအပေါ်ထားတဲ့ အချစ်တွေအပြင် အရာအားလုံးကို Winter သိချင်နေတယ်လေ
Karina သူ့ကိုယ်သူ စိတ်မဆိုးဘူးလား
Karina နာကျင်ပြီး လမ်းပျောက်ခဲ့တဲ့အချိန်မျိုး ရှိလား
"နင် ငိုချင်ရင် ငိုချလို့ရပါတယ် Jimin "
Karina ခေါင်းခါပြပြီး Winter ရဲ့နဖူးလေးကို သူ့နဖူးနဲ့ ကပ်လိုက်သည်
"ငိုဖို့ မလိုတော့ပါဘူး မင်းက တို့နဲ့အတူရှိနေပြီလေ မဟုတ်လား တို့အတွက် မင်းရှိနေဖို့ဘဲ အရေးကြီးတယ် "
Karina ပြောတာ အမှန်တွေ မဟုတ်မှန်း Winter သိသည်
Karinaရဲ့ ခက်ခဲတဲ့ အချိန်တွေကို ဘယ်သူမှ လွယ်လွယ်နဲ့ဖြတ်ကျော်နိုင်ပြီး မေ့ပစ်နိုင်မှာ မဟုတ်ဘူး
အချစ်ရဆုံး သူငယ်ချင်းကိုရော မိသားစုကိုပါ ဆုံးရှုံးထားရတဲ့ Karinaက သူ့မိန်းမ Winterကိုတော့ အဆင်ပြေကြောင်း လိမ်ပြောနေပြန်သည်
လွယ်လွယ်နဲ့မေ့ပစ့်ပြီး လျစ်လျူရှုဖို့ မလွယ်မှန်း Winter သိတယ်လေ
Karinaရဲ့ မျက်နှာမှာ အပြစ်ရှိတဲ့စိတ်တွေ ဝမ်းနည်းမှုတွေ ပေါ်လွင်နေတာကို Winter သတိထားမိသည်
ကုတင်ပေါ်တွင် Jiminjeong နှစ်ယောက် အိပ်နေကြသည်
Winterက Karinaရဲ့ လက်မောင်းပေါ် အိပ်နေပြီး Karinaကတော့ Winter ရဲ့ ဗိုက်သားလေးကို လက်နဲ့ ပွတ်သပ်နေသည်
"Minjeong တို့တွေ ကလေးမွေးလို့ရလား "
"ဟင် "
Karinaရဲ့ စကားကြောင့် Winter အရမ်းလန့်သွားတယ်
"တို့ ကလေးလိုချင်လို့လေ မွေးစားလို့ရပေမယ့် မင်း ကလေးမွေးပေးလို့ရလား "
"ငါ...ငါမသိဘူး ကလေးမွေးနိုင်မယ်လို့ မထင်ဘူး "
ဟိုးတစ်ခါ အဓမ္မကျင့်ခံရပြီးနောက် Winterရဲ့ သားအိမ်က ကလေးမွေးဖို့အထိ အဆင်မပြေဘူးလေ
အဲ့တာကို Karinaက ကလေးမွေးပေးဖို့ တောင်းဆိုနေတာဆိုတော့....
"တို့တွေ ဆရာဝန်ဆီ သွားတွေ့ကြမယ်လေ "
Karina ပြောပြီး Winterရဲ့ ဗိုက်ကို ပွတ်သပ်နေသည်
"ဘာတွေပျက်စီးနေပြီး ဘယ်လိုအစားထိုးလို့ရနိုင်မလဲဆိုတာ တို့တွေသိရမယ်မဟုတ်လား "
"အာ ရှူးပေါက်ချင်လို့ "
Winter ဘာပြောရမှန်းမသိတာနဲ့ ကုတင်ပေါ်က ဆင်းပြေးကာ အိမ်သာထဲ ဝင်သွားလေသည်
အိမ်သာထဲ ခဏငုတ်တုတ်ထိုင်ပြီးနောက် အိပ်ရာဝင်ဖို့ သွားတိုက်မျက်နှာသစ်လိုက်သည်
အိမ်သာတံခါးဖွင့်ပြီး အပြင်ထွက်မယ်လုပ်တော့ အိမ်သာတံခါးရှေ့မှာ မတ်တပ်ရပ်နေတဲ့ Karina ကို တွေ့ရသည်
"မင်းက...ကလေးမလိုချင်ဘူးလား "
"ငါ..."
"မင်းက ကလေးမလိုချင်ဘူးလား "
Karina က ထပ်မေးပြန်သည်
Winterမှာ Karinaကို တစ်ချက်ကြည့်လိုက်ပြီး Karina နဲ့တူတဲ့ သားလေး သမီးလေး မွေးမယ့်အကြောင်း တွေးမိသွားတယ်
"ငါ ငါလည်း ကလေးလိုချင်ပါတယ် ဒါပေမယ့် "
"တို့ မင်းနဲ့ အဆုံးထိရှိနေပေးမှာလေ Minjeong တို့ ကတိပေးပါတယ် အချစ်ရဲ့ "
"နင်က ကလေးလိုချင်တာလား Jimin "
"အခု လိုချင်တာမဟုတ်ပါဘူး တို့ မင်း ကလေးယူနိုင်လား မယူနိုင်လား သိချင်လို့ပါ "
Karinaပြောပြီး Winterရဲ့ ဆံပင်ကို သပ်တင်လိုက်သည်
"နော် အခုလိုချင်တယ်လို့ပြောတာ မဟုတ်ဘူး "
Karinaက ပြုံးပြီး ပြောပေမယ့် Winterက မယုံပေ
"ဒီအတိုင်း ကလေးလိုချင်တဲ့အကြောင်း မင်းကို တွေးကြည့်စေချင်ရုံပါ "
Winter ကလေးယူမယ့် အကြောင်းတွေကို မတွေးကြည့်ချင်တော့ဘူး ပြီးတော့ Karina ဆက်ပြီး ကလေးယူမယ့်အကြောင်း မပြောအောင် Karinaကို Winter လည်ပင်းသိုင်းဖက်ပြီး နမ်းလိုက်သည်
"ဒီနေ့ မင်း ကိုယ့်ခြေထောက်အပေါ် ကိုယ်ရပ်တည်နိုင်ခဲ့လို့ တို့အရမ်းဂုဏ်ယူမိတယ် "
Karinaမှာ Winterရဲ့ နားလေးသို့ ကပ်ပြီး ပြောလိုက်သည်
"အဖေကတော့ မင်းကို ကောင်းကင်ဘုံကနေ ကြည့်ပြီး ဂုဏ်ယူနေမှာဘဲ ပြီးတော့ အစ်မကိုရော ကိုယ့်ကိုကိုယ်ပါ ကာကွယ်နိုင်ခဲ့လို့ မင်းရဲ့အဖေတို့ကလည်း ဂုဏ်ယူနေမှာ "
Karinaရဲ့ စကားကြောင့် Winter မျက်ရည်ဝဲလာတယ်
"ပြီးတော့ မင်းက တို့ကိုလည်း ကာကွယ်ပေးခဲ့သေးတယ် "
"ဒါပေါ့ ကာကွယ်ပေးရမှာပေါ့နော့် "
"ပြီးတော့ တို့ကို မင်းရဲ့ မိန်းမလို့တောင် ပြောသွားသေးတယ် "
Karinaရဲ့ စကားကြောင့် Winter ရှက်သွားတယ်
"အဲ့တာက ငါ စိတ်တိုလို့ သွေးပူနေတုန်းပြောမိသွားတာ "
"Oh come on အချစ်ကလေးကလည်း တို့ကို မိန်းမလို့ ထပ်ခေါ်ပါအုံး "
Winterမှာ ဘာမှမပြောဘဲ နေတော့ Karinaက ရယ်တယ်
"အချစ်ကလေး မင်းသိလား တို့ဘဝမှာလေ တို့လိုချင်တာတွေ အမြဲရခဲ့တာ သိလား ဒါပေမယ့် မင်း တို့ဘဝထဲ ဝင်လာတဲ့နေ့ကစပြီး မင်းဆီက လိုချင်တာတွေရဖို့ တို့ခက်ခဲခဲ့တယ် "
"လိုချင်တာရဖို့ဆိုရင် ကြိုးစားရမယ်လေ မဟုတ်လား "
"အိုး တို့ကို မင်း စိန်ခေါ်လိုက်တာကို ကြိုက်ပြီ "
Karinaပြောပြီး Winterရဲ့ လည်ပင်းကို နမ်းလိုက်သည်
"တို့ဆီကနေ ထပ်ပြီး ထွက်မပြေးနဲ့တော့နော် Minjeong "
"အင်းပါ ထွက်မပြေးပါဘူး "
"ကတိပေး "
"ငါထွက်ပြေးရင်တောင် နင်က ချက်ချင်း ရှာတွေ့မှာဘဲလေ မဟုတ်လား "
"အချစ်လေးကလည်း တို့ကို ကတိပေးပါတယ်ဆိုတဲ့ စကားလေးသာပြောစမ်းပါ "
"အင်းပါ ထွက်မပြေးပါဘူးဆို "
"တို့ကို အခွင့်အရေးသာထပ်ပေးပါ တို့ မင်းကို ပျော်အောင်ထားပါမယ် "
"ငါယုံပါတယ် "
Winter ပြောပြီး Karinaရဲ့ ရင်ခွင်ထဲ ဝင်အိပ်လိုက်သည်
#tbc
#zawgyi
"ဒီတစ္ေနကုန္လုံး ကုတင္ေပၚမွာဘဲ တို႔ေတြ ကုန္ဆုံးရေအာင္ေလေနာ္ "
ဒီစကားေလးကေတာ့ Winterအတြက္ နားေထာင္လို႔ အေကာင္းဆုံးစကားပါဘဲ
Karinaက ေလွကားေပၚကေနတစ္ဆင့္ Winterကို ေပြ႕ခ်ီလာၿပီး အိပ္ရာေပၚတြင္ ေသခ်ာတင္လိုက္သည္
Winterရဲ႕ ရႈးဖိနပ္ေတြအျပင္ အဝတ္အစားေတြကို Karinaမွာ ေသခ်ာခြၽတ္ေပးလိုက္သည္
ၿပီးေတာ့ Karinaမႈ Winter ရဲ႕ လက္နဲ႕လက္ေခါက္မွာ ေသြးေတြ ထြက္ေနတာကို ေတြ႕လိုက္ရသည္
Winterကလည္း သူ႕လက္မွာ ေသြးေတြထြက္ေနတာကို ေတြ႕ၿပီး မ်က္ေမွာင္ၾကဳတ္မိသြားတယ္
ငါ ဘာလို႔ ခုနက သတိမထားမိတာလဲ
Karinaမွာ Winter လက္ကေလးကို ေျဖးေျဖးေလး ကိုင္လိုက္ၿပီး
"တို႔ မင္းအတြက္ ဆရာဝန္ေခၚေပးရမလား "
Winterမွာ ေခါင္းခါၿပီး
"ဟင့္အင္း ရပါတယ္ အဆင္ေျပပါတယ္ "
"Come on လာပါအခ်စ္ရဲ႕ "
Karina မွာ Winterရဲ႕ အကၤ်ီဇစ္ေလးကို ေသခ်ာခြၽတ္ေပးေနသည္
ဂါဝန္ေလး ခြၽတ္လိုက္တဲ့အခါတြင္ Winter သူ႕ခႏၶာကိုယ္က အမာ႐ြတ္ေတြကို သတိရသြားတယ္
ခ်က္ခ်င္းဘဲ Winter သူ႕ဂါဝန္ကို ေကာက္ဝတ္လိုက္လို႔ Karina အံ့ၾသသြားသည္
"ဘာျဖစ္လို႔လဲ အခ်စ္ရဲ႕ "
Winterမွာ ေခါင္းငုံ႕ၿပီး
"Umm မလွလို႔ေလ နင္ ျမင္ခ်င္မွာလည္း မဟုတ္ဘူး "
Karinaမွာ ၿပဳံးၿပီး Winterရဲ႕ လက္ကို ကိုင္လိုက္သည္
Winterမွာ မ်က္စိမွိတ္ထားလိုက္တယ္ သူ႕ရဲ႕ မလွပတဲ့ အမာ႐ြတ္ေတြရွိေနတဲ့ ခႏၶာကိုယ္ကို Karina ေရွ႕မွာ ရပ္မျပနိုင္ဘူးေလ
သူတို႔ႏွစ္ေယာက္ၾကားမွာ တိတ္ဆိတ္မႈေတြ ဝင္ေရာက္လာသည္
Winterမွာ Karinaရဲ႕ေရွ႕ကေန ထြက္သြားဖို႔ ႀကိဳးစားေလသည္
သို႔ေသာ္လည္း Karinaက ခြင့္မျပဳေပ
"Karina "
"Jimin တို႔ကို Jimin လို႔ေခၚ မင္း တို႔ကို Karinaလို႔ေခၚတာ တို႔ ထပ္မၾကားခ်င္ေတာ့ဘူး "
Winterက သူ႕မ်က္လုံးကို ထပ္မွိတ္ထားတုန္းဘဲ
Karinaမွာ Winterကို ၾကည့္ၿပီး ဘာမွမလုပ္ေပးနိုင္သလို ခံစားရလို႔ သူ႕ကိုယ္သူမုန္းလာမိတယ္
"Minjeong "
Karina မွာ Winterရဲ႕ လက္ကေလးကို သူ႕မ်က္ႏွာနားကပ္ၿပီး ေခၚလိုက္သည္
"အမာ႐ြတ္ေတြကို တို႔ ဂ႐ုမစိုက္ဘူး အခ်စ္ေလး တို႔ ျမင္ဖူးသမွ်ထဲ မင္းက အလွဆုံး အေခ်ာဆုံးဘဲ သိလား "
Karina ေျပာၿပီး Winterရဲ႕ ရင္ဘတ္က အမာ႐ြတ္ေလးေတြကို ကိုင္လိုက္သည္
"ဒီအမာ႐ြတ္ေတြက မင္း ႐ုန္းကန္ခဲ့တာေတြရဲ႕ အမွတ္အသားေလး မဟုတ္လား တို႔ မင္းအတြက္ ဂုဏ္ယူတယ္ အခ်စ္ေလး ၿပီးေတာ့ ခုထိ တို႔ေဘးနားမွာ ရွိေနလို႔ တို႔ ဝမ္းသာမိတယ္ တကယ္ တို႔ေသာက္ရမ္းဝမ္းသာမိတယ္ "
Winterမွာ မ်က္လုံးကို ျဖည္းျဖည္းခ်င္းဖြင့္လိုက္ၿပီး သူ႕ကိုၾကည့္ေနတဲ့ Karinaကို ၾကည့္လိုက္တယ္
ၿပီးေတာ့ Karinaရဲ႕ မ်က္ႏွာကို Winter ကိုင္လိုက္သည္
"ငါရွိေနပါတယ္ "
Winter ေျပာလိုက္သည္ Karinaက သူေျပာမယ့္ စကားေလး ၾကားဖို႔ လိုအပ္ေနမယ္ထင္လို႔ ေျပာလိုက္သည္
Karinaက ဘယ္လိုခံစားေနရလဲဆိုတာ Winter သိခ်င္ေနတယ္
Winterအေပၚထားတဲ့ အခ်စ္ေတြအျပင္ အရာအားလုံးကို Winter သိခ်င္ေနတယ္ေလ
Karina သူ႕ကိုယ္သူ စိတ္မဆိုးဘူးလား
Karina နာက်င္ၿပီး လမ္းေပ်ာက္ခဲ့တဲ့အခ်ိန္မ်ိဳး ရွိလား
"နင္ ငိုခ်င္ရင္ ငိုခ်လိဳ႕ရပါတယ္ Jimin "
Karina ေခါင္းခါျပၿပီး Winter ရဲ႕နဖူးေလးကို သူ႕နဖူးနဲ႕ ကပ္လိုက္သည္
"ငိုဖို႔ မလိုေတာ့ပါဘူး မင္းက တို႔နဲ႕အတူရွိေနၿပီေလ မဟုတ္လား တို႔အတြက္ မင္းရွိေနဖို႔ဘဲ အေရးႀကီးတယ္ "
Karina ေျပာတာ အမွန္ေတြ မဟုတ္မွန္း Winter သိသည္
Karinaရဲ႕ ခက္ခဲတဲ့ အခ်ိန္ေတြကို ဘယ္သူမွ လြယ္လြယ္နဲ႕ျဖတ္ေက်ာ္နိုင္ၿပီး ေမ့ပစ္နိုင္မွာ မဟုတ္ဘူး
အခ်စ္ရဆုံး သူငယ္ခ်င္းကိုေရာ မိသားစုကိုပါ ဆုံးရႈံးထားရတဲ့ Karinaက သူ႕မိန္းမ Winterကိုေတာ့ အဆင္ေျပေၾကာင္း လိမ္ေျပာေနျပန္သည္
လြယ္လြယ္နဲ႕ေမ့ပစ့္ၿပီး လ်စ္လ်ဴရႈဖို႔ မလြယ္မွန္း Winter သိတယ္ေလ
Karinaရဲ႕ မ်က္ႏွာမွာ အျပစ္ရွိတဲ့စိတ္ေတြ ဝမ္းနည္းမႈေတြ ေပၚလြင္ေနတာကို Winter သတိထားမိသည္
ကုတင္ေပၚတြင္ Jiminjeong ႏွစ္ေယာက္ အိပ္ေနၾကသည္
Winterက Karinaရဲ႕ လက္ေမာင္းေပၚ အိပ္ေနၿပီး Karinaကေတာ့ Winter ရဲ႕ ဗိုက္သားေလးကို လက္နဲ႕ ပြတ္သပ္ေနသည္
"Minjeong တို႔ေတြ ကေလးေမြးလို႔ရလား "
"ဟင္ "
Karinaရဲ႕ စကားေၾကာင့္ Winter အရမ္းလန့္သြားတယ္
"တို႔ ကေလးလိုခ်င္လို႔ေလ ေမြးစားလို႔ရေပမယ့္ မင္း ကေလးေမြးေပးလို႔ရလား "
"ငါ...ငါမသိဘူး ကေလးေမြးနိုင္မယ္လို႔ မထင္ဘူး "
ဟိုးတစ္ခါ အဓမၼက်င့္ခံရၿပီးေနာက္ Winterရဲ႕ သားအိမ္က ကေလးေမြးဖို႔အထိ အဆင္မေျပဘူးေလ
အဲ့တာကို Karinaက ကေလးေမြးေပးဖို႔ ေတာင္းဆိုေနတာဆိုေတာ့....
"တို႔ေတြ ဆရာဝန္ဆီ သြားေတြ႕ၾကမယ္ေလ "
Karina ေျပာၿပီး Winterရဲ႕ ဗိုက္ကို ပြတ္သပ္ေနသည္
"ဘာေတြပ်က္စီးေနၿပီး ဘယ္လိုအစားထိုးလို႔ရနိုင္မလဲဆိုတာ တို႔ေတြသိရမယ္မဟုတ္လား "
"အာ ရႉးေပါက္ခ်င္လို႔ "
Winter ဘာေျပာရမွန္းမသိတာနဲ႕ ကုတင္ေပၚက ဆင္းေျပးကာ အိမ္သာထဲ ဝင္သြားေလသည္
အိမ္သာထဲ ခဏငုတ္တုတ္ထိုင္ၿပီးေနာက္ အိပ္ရာဝင္ဖို႔ သြားတိုက္မ်က္ႏွာသစ္လိုက္သည္
အိမ္သာတံခါးဖြင့္ၿပီး အျပင္ထြက္မယ္လုပ္ေတာ့ အိမ္သာတံခါးေရွ႕မွာ မတ္တပ္ရပ္ေနတဲ့ Karina ကို ေတြ႕ရသည္
"မင္းက...ကေလးမလိုခ်င္ဘူးလား "
"ငါ..."
"မင္းက ကေလးမလိုခ်င္ဘူးလား "
Karina က ထပ္ေမးျပန္သည္
Winterမွာ Karinaကို တစ္ခ်က္ၾကည့္လိုက္ၿပီး Karina နဲ႕တူတဲ့ သားေလး သမီးေလး ေမြးမယ့္အေၾကာင္း ေတြးမိသြားတယ္
"ငါ ငါလည္း ကေလးလိုခ်င္ပါတယ္ ဒါေပမယ့္ "
"တို႔ မင္းနဲ႕ အဆုံးထိရွိေနေပးမွာေလ Minjeong တို႔ ကတိေပးပါတယ္ အခ်စ္ရဲ႕ "
"နင္က ကေလးလိုခ်င္တာလား Jimin "
"အခု လိုခ်င္တာမဟုတ္ပါဘူး တို႔ မင္း ကေလးယူနိုင္လား မယူနိုင္လား သိခ်င္လို႔ပါ "
Karinaေျပာၿပီး Winterရဲ႕ ဆံပင္ကို သပ္တင္လိုက္သည္
"ေနာ္ အခုလိုခ်င္တယ္လို႔ေျပာတာ မဟုတ္ဘူး "
Karinaက ၿပဳံးၿပီး ေျပာေပမယ့္ Winterက မယုံေပ
"ဒီအတိုင္း ကေလးလိုခ်င္တဲ့အေၾကာင္း မင္းကို ေတြးၾကည့္ေစခ်င္႐ုံပါ "
Winter ကေလးယူမယ့္ အေၾကာင္းေတြကို မေတြးၾကည့္ခ်င္ေတာ့ဘူး ၿပီးေတာ့ Karina ဆက္ၿပီး ကေလးယူမယ့္အေၾကာင္း မေျပာေအာင္ Karinaကို Winter လည္ပင္းသိုင္းဖက္ၿပီး နမ္းလိုက္သည္
"ဒီေန႕ မင္း ကိုယ့္ေျခေထာက္အေပၚ ကိုယ္ရပ္တည္နိုင္ခဲ့လို႔ တို႔အရမ္းဂုဏ္ယူမိတယ္ "
Karinaမွာ Winterရဲ႕ နားေလးသို႔ ကပ္ၿပီး ေျပာလိုက္သည္
"အေဖကေတာ့ မင္းကို ေကာင္းကင္ဘုံကေန ၾကည့္ၿပီး ဂုဏ္ယူေနမွာဘဲ ၿပီးေတာ့ အစ္မကိုေရာ ကိုယ့္ကိုကိုယ္ပါ ကာကြယ္နိုင္ခဲ့လို႔ မင္းရဲ႕အေဖတို႔ကလည္း ဂုဏ္ယူေနမွာ "
Karinaရဲ႕ စကားေၾကာင့္ Winter မ်က္ရည္ဝဲလာတယ္
"ၿပီးေတာ့ မင္းက တို႔ကိုလည္း ကာကြယ္ေပးခဲ့ေသးတယ္ "
"ဒါေပါ့ ကာကြယ္ေပးရမွာေပါ့ေနာ့္ "
"ၿပီးေတာ့ တို႔ကို မင္းရဲ႕ မိန္းမလို႔ေတာင္ ေျပာသြားေသးတယ္ "
Karinaရဲ႕ စကားေၾကာင့္ Winter ရွက္သြားတယ္
"အဲ့တာက ငါ စိတ္တိုလို႔ ေသြးပူေနတုန္းေျပာမိသြားတာ "
"Oh come on အခ်စ္ကေလးကလည္း တို႔ကို မိန္းမလို႔ ထပ္ေခၚပါအုံး "
Winterမွာ ဘာမွမေျပာဘဲ ေနေတာ့ Karinaက ရယ္တယ္
"အခ်စ္ကေလး မင္းသိလား တို႔ဘဝမွာေလ တို႔လိုခ်င္တာေတြ အၿမဲရခဲ့တာ သိလား ဒါေပမယ့္ မင္း တို႔ဘဝထဲ ဝင္လာတဲ့ေန႕ကစၿပီး မင္းဆီက လိုခ်င္တာေတြရဖို႔ တို႔ခက္ခဲခဲ့တယ္ "
"လိုခ်င္တာရဖို႔ဆိုရင္ ႀကိဳးစားရမယ္ေလ မဟုတ္လား "
"အိုး တို႔ကို မင္း စိန္ေခၚလိုက္တာကို ႀကိဳက္ၿပီ "
Karinaေျပာၿပီး Winterရဲ႕ လည္ပင္းကို နမ္းလိုက္သည္
"တို႔ဆီကေန ထပ္ၿပီး ထြက္မေျပးနဲ႕ေတာ့ေနာ္ Minjeong "
"အင္းပါ ထြက္မေျပးပါဘူး "
"ကတိေပး "
"ငါထြက္ေျပးရင္ေတာင္ နင္က ခ်က္ခ်င္း ရွာေတြ႕မွာဘဲေလ မဟုတ္လား "
"အခ်စ္ေလးကလည္း တို႔ကို ကတိေပးပါတယ္ဆိုတဲ့ စကားေလးသာေျပာစမ္းပါ "
"အင္းပါ ထြက္မေျပးပါဘူးဆို "
"တို႔ကို အခြင့္အေရးသာထပ္ေပးပါ တို႔ မင္းကို ေပ်ာ္ေအာင္ထားပါမယ္ "
"ငါယုံပါတယ္ "
Winter ေျပာၿပီး Karinaရဲ႕ ရင္ခြင္ထဲ ဝင္အိပ္လိုက္သည္
#tbc
Bạn đang đọc truyện trên: Truyen3h.Co