Part 14
"တော်ပြီ ဒီနေ့ တို့ အလုပ်မသွားတော့ဘူး "
Karinaမှာ သူ့မိန်းမကို အိမ်မှာ တစ်ယောက်တည်းထားခဲ့ဖို့ တွေဝေတွန့်ဆုတ်နေလို့ အလုပ်တောင် မသွားချင်တော့ဘဲဲ ဖြစ်နေတယ်..
Winterကို သူမျက်စိအောက်ကနေ အပျောက်မခံနိုင်ဘူးလေ
Winter မှာ ခြေဖျားထောက်ပြီး Karinaကို နမ်းလိုက်တော့ Karinaမှာ သဘောကျပြီး ပြုံးလိုက်သည်
"တစ်ခါတစ်လေတော့ အလုပ်သွားပါအုံး CEOရဲ့ ဒီနေ့ဆို Yuqiက နင့်ဆီ ဖုန်းတွေဆက်တိုက်ဆက်နေတာကို "
"သူ လုပ်နိုင်ပါတယ် "
"Jimin....."
Winterမှာ သူ့လက်သေးသေးလေးတွေနဲ့ Karinaရဲ့ မျက်နှာကို ဆုပ်ကိုင်လိုက်သည်
"အလုပ်ကို သွားလိုက်ပါ Jiminရယ် ငါလည်း Yizhuoနဲ့ သူ့အမေဆီ သွားမလို့ "
"အိမ်မှာဘဲနေပါဆိုနေ "
"နာရေးမှာ ငါ သောင်းကျန်းခဲ့တဲ့ ကိစ္စ သူတို့သားအမိကို တောင်းပန်ရအုံးမယ်လေ Jiminရယ် "
Winterရဲ့ စကားကြောင့် Karina တွေဝေပြီး တိတ်ဆိတ်သွားတယ်
Winterက သူ့ကို သနားစရာကောင်းတဲ့ မျက်လုံးနဲ့ကြည့်နေတာရော ပြီးတော့ Winterကို အရင်ကနဲ့မတူတော့ပါဘူးလို့ ကတိပေးထားခဲ့မိတဲ့အတွက် Karina သက်ပြင်းချမိသည်
တကယ် လက်ထပ်ထားပြီဆိုတော့လည်း Winterကို အရင်ကလို အိမ်ထဲပိတ်ထားဖို့ အဆင်မပြေမလွယ်ကူတော့ဘူးလေ
"ဖုန်းယူသွားနော် ပြီးတော့ Mikeရဲ့ မျက်စိရှေ့မှာဘဲနေ "
"အင်းပါ ငါ့ကိိုစိတ်မပူပါနဲ့ Jiminရဲ့ "
Winterက ပြောလိုက်ပေမယ့် Jiminကတော့ မျက်နှာသိပ်မကောင်းပေ
ဒါကြောင့်မို့လို့ Winterမှာ Jiminရဲ့လက်မောင်းကို တွဲလိုက်ပြီး
"နင့်ကို ဖုန်းခေါ်စေချင်လား Jimin "
"နာရီတိုင်းပေါ့ "
"အယ် တစ်နာရီခြားတစ်ခါခေါ်နေရမှာလား အဲ့တာကျ နည်းနည်းမပိုလွန်းဘူးလား "
Winterမှာ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ကာ မေးလိုက်သည်
"မင်းကို နှစ်ခါ ဆုံးရှုံးခဲ့ပြီးနောက်ရယ် လူသတ်သမားတွေရှိနေတဲ့ အခြေအနေမှာ ဒါလေးကတော့ မလွန်ဘူးထင်တာဘဲ Minjeong "
Winterမှာ သူ့အောက်နှုတ်ခမ်းကို ဖိကိုက်ထားပြီး
"နင် ဒီနေ့ အလုပ်မများဘူးလား အလုပ်များနေလားဟင် အနှောင့်အယှက်ပေးသလိုဖြစ်နေမှာဆိုးလို့ "
Winter ကပြောတော့ Karinaမှာ Winterရဲ့ နှုတ်ခမ်းလေးကို နမ်းလိုက်သည်
"ဒါကြောင့်ဘဲ မင်းကို တို့က ဖုန်းဆက်စေချင်တာလေ မင်းအသံကြားရမှ တို့အလုပ်လုပ်တာ စိတ်ဖြောင့်မှာ အချစ်ရဲ့ "
"Okayလေ ဒါဆိုလည်း တစ်နာရီခြားတစ်ခါ ဖုန်းခေါ်မယ်နော် "
"ကောင်းပြီရှင် စောင့်နေပါမယ် အချစ်လေး သြော် မေ့လို့ တို့ အိမ်ပြန်ရောက်တဲ့အခါ မင်းကို အရင်တွေ့ချင်တယ်နော် ကလေးမ "
"ဟုတ်ပါပြီ အိမ်ကို စောစောပြန်ခဲ့ပါမယ် "
Karinaမှာ Winter အပြင်ထွက်မှာကို သိပ်မလိုလား သဘောမကျပေမယ့် သက်ပြင်းသာချမိသည်
ထို့နောက် Winterကို Karina အနမ်းတစ်ပွင့်ထပ်ပေးပြန်သည်
နှုတ်ခမ်းကနေ လည်ပင်းထိ နမ်းလာလို့ Winter သတိပေးရသေးသည်
"Jimin "
"ashhh တို့ တကယ်ဘဲ အလုပ်မသွားချင်တော့ဘူး Minjeong မင်းကိုဘဲ တစ်နေကုန် ထိုင်နမ်းချင်နေတော့တယ် "
Karinaက ပြောတော့ Minjeongမှာ သူ့လက်နှစ်ဖက်နဲ့ Karina မျက်နှာလေးကို ကိုင်လိုက်သည်
"Jimin နင်က CEOလေ မဟုတ်လား ဒီတော့ နင် အလုပ်သွားရအုံးမှ ဖြစ်မှာလေ CEO မရှိရင် ဝန်ထမ်းတွေက ဖြစ်ချင်တိုင်း ဖြစ်နေကြမှာ "
"တစ်နာရီခြားတစ်ခါ ဖုန်းဆက်ရမယ်နော် Minjeong "
"ဆက်ပါမယ်လို့ သဘောတူထားတာကို ဘယ်လိုဖြစ်နေတာလဲ "
.Winter က မျက်စောင်းထိုးပြီး ရန်လုပ်တော့ Karinaက ရယ်တယ်
"ကောင်းပါပြီရှင် ဟုတ်ပါပြီ အချစ်ရေ ချစ်တယ်နော် သိလား "
"ငါလည်း နင့်ကို ချစ်တယ် Jimin "
Karinaမှာ Winterကို ဆွဲဖက်လိုက်သည်
"တို့ ဘုရားသခင်ဆီမှာ ကျိန်ပြောတယ် တစ်နာရီခြားတစ်ခါ တို့ဖုန်းဆက်တာကို မင်း မကိုင်ရင် "
Winter သက်ပြင်းချပြီး သူတို့နဲ့ မလှမ်းမကမ်းမှာ ကော်ဖီသောက်နေတဲ့ Mikeကို လှမ်းကြည့်လိုက်သည်
"Mike ငါ အဆင်ပြေပါတယ်ဆိုတဲ့အကြောင်းကို နင့် သူဌေးသိအောင် ပြောပြလိုက်အုံး ကူပြောပေးပါအုံး "
Winter ရဲ့ စကားကြောင့် Mikeမှာ ရယ်ပြီး ချောင်းဟန့်လိုက်သည်
"Boss Karina....Bossရဲ့ မိန်းမကို ကျွန်တော် သေချာ ဂရုစိုက်ပေးမှာမို့လို့ စိတ်မပူပါနဲ့ "
"ဟုတ်ပြီ သူ့ကို သေချာဂရုစိုက်ပေးနော် မဟုတ်လို့ကတော့ မင်းရဲ့ခေါင်းထဲ ကျည်တောင့်ထည့်ပေးလိုက်မယ် "
Karina က အဲ့လိုပြောတော့ Mikeက ပြုံးလိုက်သည်
သူ့သူဌေးက Winterကို ဘယ်လောက်ချစ်လဲဆိုတာ သိနေလို့ အပြစ်မမြင်ရက်ဘူးလေ
"သူက လျှောက်ပြောနေတာပါ တကယ်ပြောတာ မဟုတ်ဘူးရယ် ဟုတ်တယ်မလား Jimin "
Winterမှာ Mikeကို အားနာလို့ ဝင်ဖြန်ဖြေလိုက်သည်
"တို့ တကယ် ပြောတာ Minjeong "
"ကဲ တော်ပါတော့ အလုပ်သွားပါတော့ရှင် "
Winter မှာ Karina ကို ဆွဲပြီး တံခါးအပြင်ဘက်ကို တွန်းလွှတ်သည်
"နောက်ဆုံးတော့ Bossကို အလုပ်သွားအောင် လုပ်နိုင်တဲ့သူ ရောက်လာပြီ "
Mikeက အနောက်ကနေ လိုက်လာရင်း ပြောလိုက်တယ်
"သူ အလုပ်သွားမှဖြစ်မှာလေ "
"ကောင်းပါတယ်ဗျာ ဒါနဲ့ ဒီနေ့ ဘာလုပ်မှာလဲ Winter "
"နောက်တစ်နာရီလောက်နေရင် Yizhuoနဲ့ သူ့အမေဆီ သွားလည်မလို့ "
"ဟုတ်ပြီ ငါတို့ အသင့်ပြင်ထားလိုက်မယ်လေ "
Mikeက ခေါင်းညိတ်လိုက်ပြီး ကော်ဖီနောက်တစ်ခွက်ကို သောက်လိုက်သည်
Winterလည်း ခေါင်းညိတ်ပြပြီး အပေါ်ထပ်ကို ပြေးတက်သွားတယ်
ပြီးတော့ ရေချိုး အဝတ်အစားလဲပြီး Winter မိတ်ကပ်ပါးပါးလေး လိမ်းလိုက်သည်
သူ့အဖေသေဆုံးမှုနဲ့ ပတ်သက်ပြီး စိတ်လေးလံနေဆဲဲ ဖြစ်နေတဲ့ Yizhuoကို စိတ်ပေါ့ပါးသွားအောင် လက်သည်းခြေသည်း အတူသွားဆိုးဖို့ Winter ဖုန်းဆက်ချိန်းထားခဲ့တယ်လေ
Winter အဝတ်အစားကို သပ်သပ်ရပ်ရပ်ဖြစ်အောင် လုပ်ပြီးနောက် အိမ်အောက်ထပ်ကို ဆင်းလာလိုက်သည်
ထိုစဥ် သူ့အိတ်ထဲကနေ ဖုန်းမြည်လာသည်
အိတ်ထဲကနေ ဖုန်းကိုထုတ်လိုက်တော့ ဖုန်းခေါ်သူဟာ သူ့မိန်းမ Karina ဖြစ်နေတာ မြင်ပြီး Winter ခေါင်းခါလိုက်မိသည်
"Hello Jimin"
"တစ်နာရီပြည့်သွားပြီနော် "
"ငါ အိမ်ကနေတောင် မထွက်ရသေးဘူး "
"တို့ တစ်နာရီခြားတစ်ခါ ဖုန်းဆက်မယ်လို့ ပြောထားတယ်လေ အချစ်ရဲ့ "
"ဘာလို့ Video call မခေါ်ဘဲ ဖုန်းခေါ်ရတာလဲ "
"မင်းမျက်နှာကို မြင်လိုက်ရင် တို့အလုပ်ကနေ ထွက်ပြေးလာမိမှာဆိုးလို့ "
"အပိုတွေ တအားပြောတာဘဲ Jiminရယ် ....ငါ အခု အပြင်သွားတော့မလို့ နောက်တစ်နာရီလောက်နေမှ ဖုန်းခေါ်လိုက်မယ်နော် "
"အယ် ဖုန်းမချခင် ပြောအုံးလေ "
"ချစ်တယ် ယုဂျီမင်း "
"တို့လည်း မင်းကို တို့အသက်ထက်ပိုပြီး ချစ်တယ် "
Karinaမှာ လိုချင်တာရတဲ့ ကလေးတစ်ယောက်လို Winterဆီက ချစ်တယ်ဆိုတဲ့ စကားကြားရတော့ အရမ်းသဘောကျပြီး တခစ်ခစ်ရယ်လေသည်
#tbc
#zawgyi
"ေတာ္ၿပီ ဒီေန႕ တို႔ အလုပ္မသြားေတာ့ဘူး "
Karinaမွာ သူ႕မိန္းမကို အိမ္မွာ တစ္ေယာက္တည္းထားခဲ့ဖို႔ ေတြေဝတြန့္ဆုတ္ေနလို႔ အလုပ္ေတာင္ မသြားခ်င္ေတာ့ဘဲဲ ျဖစ္ေနတယ္..
Winterကို သူမ်က္စိေအာက္ကေန အေပ်ာက္မခံနိုင္ဘူးေလ
Winter မွာ ေျခဖ်ားေထာက္ၿပီး Karinaကို နမ္းလိုက္ေတာ့ Karinaမွာ သေဘာက်ၿပီး ၿပဳံးလိုက္သည္
"တစ္ခါတစ္ေလေတာ့ အလုပ္သြားပါအုံး CEOရဲ႕ ဒီေန႕ဆို Yuqiက နင့္ဆီ ဖုန္းေတြဆက္တိုက္ဆက္ေနတာကို "
"သူ လုပ္နိုင္ပါတယ္ "
"Jimin....."
Winterမွာ သူ႕လက္ေသးေသးေလးေတြနဲ႕ Karinaရဲ႕ မ်က္ႏွာကို ဆုပ္ကိုင္လိုက္သည္
"အလုပ္ကို သြားလိုက္ပါ Jiminရယ္ ငါလည္း Yizhuoနဲ႕ သူ႕အေမဆီ သြားမလို႔ "
"အိမ္မွာဘဲေနပါဆိုေန "
"နာေရးမွာ ငါ ေသာင္းက်န္းခဲ့တဲ့ ကိစၥ သူတို႔သားအမိကို ေတာင္းပန္ရအုံးမယ္ေလ Jiminရယ္ "
Winterရဲ႕ စကားေၾကာင့္ Karina ေတြေဝၿပီး တိတ္ဆိတ္သြားတယ္
Winterက သူ႕ကို သနားစရာေကာင္းတဲ့ မ်က္လုံးနဲ႕ၾကည့္ေနတာေရာ ၿပီးေတာ့ Winterကို အရင္ကနဲ႕မတူေတာ့ပါဘူးလို႔ ကတိေပးထားခဲ့မိတဲ့အတြက္ Karina သက္ျပင္းခ်မိသည္
တကယ္ လက္ထပ္ထားၿပီဆိုေတာ့လည္း Winterကို အရင္ကလို အိမ္ထဲပိတ္ထားဖို႔ အဆင္မေျပမလြယ္ကူေတာ့ဘူးေလ
"ဖုန္းယူသြားေနာ္ ၿပီးေတာ့ Mikeရဲ႕ မ်က္စိေရွ႕မွာဘဲေန "
"အင္းပါ ငါ့ကိိုစိတ္မပူပါနဲ႕ Jiminရဲ႕ "
Winterက ေျပာလိုက္ေပမယ့္ Jiminကေတာ့ မ်က္ႏွာသိပ္မေကာင္းေပ
ဒါေၾကာင့္မို႔လို႔ Winterမွာ Jiminရဲ႕လက္ေမာင္းကို တြဲလိုက္ၿပီး
"နင့္ကို ဖုန္းေခၚေစခ်င္လား Jimin "
"နာရီတိုင္းေပါ့ "
"အယ္ တစ္နာရီျခားတစ္ခါေခၚေနရမွာလား အဲ့တာက် နည္းနည္းမပိုလြန္းဘူးလား "
Winterမွာ မ်က္ေတာင္ေလး ပုတ္ခတ္ပုတ္ခတ္လုပ္ကာ ေမးလိုက္သည္
"မင္းကို ႏွစ္ခါ ဆုံးရႈံးခဲ့ၿပီးေနာက္ရယ္ လူသတ္သမားေတြရွိေနတဲ့ အေျခအေနမွာ ဒါေလးကေတာ့ မလြန္ဘူးထင္တာဘဲ Minjeong "
Winterမွာ သူ႕ေအာက္ႏႈတ္ခမ္းကို ဖိကိုက္ထားၿပီး
"နင္ ဒီေန႕ အလုပ္မမ်ားဘူးလား အလုပ္မ်ားေနလားဟင္ အႏွောင့္အယွက္ေပးသလိုျဖစ္ေနမွာဆိုးလို႔ "
Winter ကေျပာေတာ့ Karinaမွာ Winterရဲ႕ ႏႈတ္ခမ္းေလးကို နမ္းလိုက္သည္
"ဒါေၾကာင့္ဘဲ မင္းကို တို႔က ဖုန္းဆက္ေစခ်င္တာေလ မင္းအသံၾကားရမွ တို႔အလုပ္လုပ္တာ စိတ္ေျဖာင့္မွာ အခ်စ္ရဲ႕ "
"Okayေလ ဒါဆိုလည္း တစ္နာရီျခားတစ္ခါ ဖုန္းေခၚမယ္ေနာ္ "
"ေကာင္းၿပီရွင္ ေစာင့္ေနပါမယ္ အခ်စ္ေလး ေၾသာ္ ေမ့လို႔ တို႔ အိမ္ျပန္ေရာက္တဲ့အခါ မင္းကို အရင္ေတြ႕ခ်င္တယ္ေနာ္ ကေလးမ "
"ဟုတ္ပါၿပီ အိမ္ကို ေစာေစာျပန္ခဲ့ပါမယ္ "
Karinaမွာ Winter အျပင္ထြက္မွာကို သိပ္မလိုလား သေဘာမက်ေပမယ့္ သက္ျပင္းသာခ်မိသည္
ထို႔ေနာက္ Winterကို Karina အနမ္းတစ္ပြင့္ထပ္ေပးျပန္သည္
ႏႈတ္ခမ္းကေန လည္ပင္းထိ နမ္းလာလို႔ Winter သတိေပးရေသးသည္
"Jimin "
"ashhh တို႔ တကယ္ဘဲ အလုပ္မသြားခ်င္ေတာ့ဘူး Minjeong မင္းကိုဘဲ တစ္ေနကုန္ ထိုင္နမ္းခ်င္ေနေတာ့တယ္ "
Karinaက ေျပာေတာ့ Minjeongမွာ သူ႕လက္ႏွစ္ဖက္နဲ႕ Karina မ်က္ႏွာေလးကို ကိုင္လိုက္သည္
"Jimin နင္က CEOေလ မဟုတ္လား ဒီေတာ့ နင္ အလုပ္သြားရအုံးမွ ျဖစ္မွာေလ CEO မရွိရင္ ဝန္ထမ္းေတြက ျဖစ္ခ်င္တိုင္း ျဖစ္ေနၾကမွာ "
"တစ္နာရီျခားတစ္ခါ ဖုန္းဆက္ရမယ္ေနာ္ Minjeong "
"ဆက္ပါမယ္လို႔ သေဘာတူထားတာကို ဘယ္လိုျဖစ္ေနတာလဲ "
.Winter က မ်က္ေစာင္းထိုးၿပီး ရန္လုပ္ေတာ့ Karinaက ရယ္တယ္
"ေကာင္းပါၿပီရွင္ ဟုတ္ပါၿပီ အခ်စ္ေရ ခ်စ္တယ္ေနာ္ သိလား "
"ငါလည္း နင့္ကို ခ်စ္တယ္ Jimin "
Karinaမွာ Winterကို ဆြဲဖက္လိုက္သည္
"တို႔ ဘုရားသခင္ဆီမွာ က်ိန္ေျပာတယ္ တစ္နာရီျခားတစ္ခါ တို႔ဖုန္းဆက္တာကို မင္း မကိုင္ရင္ "
Winter သက္ျပင္းခ်ၿပီး သူတို႔နဲ႕ မလွမ္းမကမ္းမွာ ေကာ္ဖီေသာက္ေနတဲ့ Mikeကို လွမ္းၾကည့္လိုက္သည္
"Mike ငါ အဆင္ေျပပါတယ္ဆိုတဲ့အေၾကာင္းကို နင့္ သူေဌးသိေအာင္ ေျပာျပလိုက္အုံး ကူေျပာေပးပါအုံး "
Winter ရဲ႕ စကားေၾကာင့္ Mikeမွာ ရယ္ၿပီး ေခ်ာင္းဟန့္လိုက္သည္
"Boss Karina....Bossရဲ႕ မိန္းမကို ကြၽန္ေတာ္ ေသခ်ာ ဂ႐ုစိုက္ေပးမွာမို႔လို႔ စိတ္မပူပါနဲ႕ "
"ဟုတ္ၿပီ သူ႕ကို ေသခ်ာဂ႐ုစိုက္ေပးေနာ္ မဟုတ္လို႔ကေတာ့ မင္းရဲ႕ေခါင္းထဲ က်ည္ေတာင့္ထည့္ေပးလိုက္မယ္ "
Karina က အဲ့လိုေျပာေတာ့ Mikeက ၿပဳံးလိုက္သည္
သူ႕သူေဌးက Winterကို ဘယ္ေလာက္ခ်စ္လဲဆိုတာ သိေနလို႔ အျပစ္မျမင္ရက္ဘူးေလ
"သူက ေလွ်ာက္ေျပာေနတာပါ တကယ္ေျပာတာ မဟုတ္ဘူးရယ္ ဟုတ္တယ္မလား Jimin "
Winterမွာ Mikeကို အားနာလို႔ ဝင္ျဖန္ေျဖလိုက္သည္
"တို႔ တကယ္ ေျပာတာ Minjeong "
"ကဲ ေတာ္ပါေတာ့ အလုပ္သြားပါေတာ့ရွင္ "
Winter မွာ Karina ကို ဆြဲၿပီး တံခါးအျပင္ဘက္ကို တြန္းလႊတ္သည္
"ေနာက္ဆုံးေတာ့ Bossကို အလုပ္သြားေအာင္ လုပ္နိုင္တဲ့သူ ေရာက္လာၿပီ "
Mikeက အေနာက္ကေန လိုက္လာရင္း ေျပာလိုက္တယ္
"သူ အလုပ္သြားမွျဖစ္မွာေလ "
"ေကာင္းပါတယ္ဗ်ာ ဒါနဲ႕ ဒီေန႕ ဘာလုပ္မွာလဲ Winter "
"ေနာက္တစ္နာရီေလာက္ေနရင္ Yizhuoနဲ႕ သူ႕အေမဆီ သြားလည္မလို႔ "
"ဟုတ္ၿပီ ငါတို႔ အသင့္ျပင္ထားလိုက္မယ္ေလ "
Mikeက ေခါင္းညိတ္လိုက္ၿပီး ေကာ္ဖီေနာက္တစ္ခြက္ကို ေသာက္လိုက္သည္
Winterလည္း ေခါင္းညိတ္ျပၿပီး အေပၚထပ္ကို ေျပးတက္သြားတယ္
ၿပီးေတာ့ ေရခ်ိဳး အဝတ္အစားလဲၿပီး Winter မိတ္ကပ္ပါးပါးေလး လိမ္းလိုက္သည္
သူ႕အေဖေသဆုံးမႈနဲ႕ ပတ္သက္ၿပီး စိတ္ေလးလံေနဆဲဲ ျဖစ္ေနတဲ့ Yizhuoကို စိတ္ေပါ့ပါးသြားေအာင္ လက္သည္းေျခသည္း အတူသြားဆိုးဖို႔ Winter ဖုန္းဆက္ခ်ိန္းထားခဲ့တယ္ေလ
Winter အဝတ္အစားကို သပ္သပ္ရပ္ရပ္ျဖစ္ေအာင္ လုပ္ၿပီးေနာက္ အိမ္ေအာက္ထပ္ကို ဆင္းလာလိုက္သည္
ထိုစဥ္ သူ႕အိတ္ထဲကေန ဖုန္းျမည္လာသည္
အိတ္ထဲကေန ဖုန္းကိုထုတ္လိုက္ေတာ့ ဖုန္းေခၚသူဟာ သူ႕မိန္းမ Karina ျဖစ္ေနတာ ျမင္ၿပီး Winter ေခါင္းခါလိုက္မိသည္
"Hello Jimin"
"တစ္နာရီျပည့္သြားၿပီေနာ္ "
"ငါ အိမ္ကေနေတာင္ မထြက္ရေသးဘူး "
"တို႔ တစ္နာရီျခားတစ္ခါ ဖုန္းဆက္မယ္လို႔ ေျပာထားတယ္ေလ အခ်စ္ရဲ႕ "
"ဘာလို႔ Video call မေခၚဘဲ ဖုန္းေခၚရတာလဲ "
"မင္းမ်က္ႏွာကို ျမင္လိုက္ရင္ တို႔အလုပ္ကေန ထြက္ေျပးလာမိမွာဆိုးလို႔ "
"အပိုေတြ တအားေျပာတာဘဲ Jiminရယ္ ....ငါ အခု အျပင္သြားေတာ့မလို႔ ေနာက္တစ္နာရီေလာက္ေနမွ ဖုန္းေခၚလိုက္မယ္ေနာ္ "
"အယ္ ဖုန္းမခ်ခင္ ေျပာအုံးေလ "
"ခ်စ္တယ္ ယုဂ်ီမင္း "
"တို႔လည္း မင္းကို တို႔အသက္ထက္ပိုၿပီး ခ်စ္တယ္ "
Karinaမွာ လိုခ်င္တာရတဲ့ ကေလးတစ္ေယာက္လို Winterဆီက ခ်စ္တယ္ဆိုတဲ့ စကားၾကားရေတာ့ အရမ္းသေဘာက်ၿပီး တခစ္ခစ္ရယ္ေလသည္
#tbc
Bạn đang đọc truyện trên: Truyen3h.Co