Truyen3h.Co

Mine S2

Part 17

KimFany059

Winterကို ဖက်ပြီး ချော့ပြီးနောက် Winterကို ပွေ့ချီပြီး အခန်းထဲသို့ Karina ခေါ်လာသည်

အဝတ်အစားတွေ ဝတ်ပေးပြီးနောက် Winter က ဗိုက်ဆာလို့ဆိုလို့ Karinaမှာ ညစာချက်ကျွေးပေးသည်

ညစာအတူစားရင် Karinaမှာ Yu business ရဲ့ အကြောင်းတွေ Yuqiရဲ့ Ideaတွေကို Winter သိအောင် ပြောပြသေးသည်

ညစာစားပြီးနောက် ကုတင်ပေါ်တွင် Winter တစ်ယောက် Karinaကို နှိပ်ပေးနေလေရဲ့

"Yizhuoကို သူ့ပိုက်ဆံတွေ ပြန်ပေးလိုက်ပါလား "

Winter ရဲ့ စကားကြောင့် Karina တိတ်ဆိတ်သွားတယ်

"သူ့ပိုက်ဆံတွေကို သိမ်းထားခွင့်မရှိဘူးလေ Jimin....Aeri သိရင်လည်း ကြိုက်မှာ မဟုတ်ဘူး သူ့မှာ လုပ်ပိုင်ခွင့်ရပိုင်ခွင့်ရှိတယ်လေ အထူးသဖြင့် သူ့အဖေနဲ့သူ့မိန်းမကို ဆုံးရှုံးခဲ့ရတာကို "

"သူက အဲ့ပိုက်ဆံတွေနဲ့ ဘာလုပ်မလို့လဲ "

"မသိဘူးလေ အဲ့တာ ငါတို့ကိစ္စမှ မဟုတ်တာ "

"သူ့ကို ပိုက်ဆံတွေမပေးခင် သူ အဲ့ပိုက်ဆံတွေနဲ့ ဘာလုပ်ချင်လဲ ဘာလုပ်မလဲဆိုတာ တို့သိဖို့ လိုတယ် "

Karinaရဲ့ စကားကြောင့် Winter မျက်မှောင်ကြုတ်ပြီး နှိပ်နေရာက ရပ်သွားတယ်

"ဘာလို့လဲ အဲ့ပိုက်ဆံတွေနဲ့ ငါတို့ ထပ်ပြီး ထွက်ပြေးသွားမှာ ကြောက်လို့လား "

"မင်းသိပါတယ် "

"ဘာလည်းဟ....ငါ နင့်ကို ရေချိုးရင်းနဲ့ ပြောပြပြီးသား မဟုတ်ဘူးလား .....နေပါအုံး Yizhuoကို နင်အပြစ်ပေးလို့ မရဘူးလေ Yizhuoကို ငါက တောင်းဆိုလို့ ငါ့ရွေးချယ်မှုကို သူလိုက်လုပ်ပေးခဲ့တာဘဲ ရှိတာ....."

"ပြဿနာတွေမဖြစ်ဖို့ တို့ သူ့ပိုက်ဆံတွေ ပြန်မပေးသေးဘူး "

"အဲ့တာ သူ့ပိုက်ဆံတွေလေဟာ နင်ယုံလား မယုံလား မသိပေမယ့် Yizhuoက ငါတို့ကို လေးစားသမှုရှိတယ်  ပြီးတော့ ငါ ဒီမှာဘဲရှိနေတယ်ဆိုတာ နင့်ကို ဘယ်နှခါပြောရမလဲ "

"မင်း ဒီမှာ ရှိနေတာက တို့ဖိအားပေးပြီး နေခိုင်းလို့လေ ".

"ဘာလဲ နင်က ငါ့ကို မယုံဘူးလား "

"သူ မင်းကို ဆွဲဆောင်တာမျိုး မဖြစ်ချင်ဘူး "

"ငါ ထွက်မပြေးတော့ဘူးလို့ နင့်ကို ကတိပေးခဲ့တယ်လေ "

Karinaမှာ ဘာမှပြန်မပြောဘဲ Winterကို စိုက်ကြည့်နေသည်

"ငါ ဒီမှာရှိနေတာဘဲ Jiminရယ် ငါ ထွက်မပြေးပါဘူး ဘယ်ကိုမှ ထွက်မပြေးတော့ပါဘူး "

"အာမခံလား "

"စကားလုံးတွေနဲ့တော့ အာမခံချက်ပေးလို့ရမှာ မဟုတ်ဘူး နင် ငါ့ကို ယုံလား မယုံလား ငါမသိပေမယ့် ငါကတော့ နင့်ကိုယုံတယ် နင်အမှောင်ကမ္ဘာထဲ ထပ်ရောက်ပြီး လူသတ်တာတွေ လုပ်မှာမဟုတ်ဘူးဆိုတာ ငါယုံတယ်..ငါတို့ တစ်ယောက်ကိုတစ်ယောက် ယုံရမယ် မဟုတ်ဘူးလား "

"Minjeong တို့အနားက ထွက်မသွားရဘူးနော် "

"လူဆိုးလုပ်မနေနဲ့ Jimin နင် လူတိုင်းကို ထိန်းချုပ်လို့မရဘူးနော် "

"တို့ ထိန်းချုပ်ဖို့ ကြိုးစားခွင့်ရှိတယ် မဟုတ်ဘူးလား "

"Yizhuo ကိုတော့ အဲ့လိုထိန်းချုပ်ခွင့်မရှိဘူးလေ  မတရားဘူးနော် "

"အခုမှ မင်းကို တို့ပြန်ရထားတာလေ သူက မင်းကို မြူစွယ်ပြီး မင်းက ထပ်ပြီး ထွက်ပြေးသွားရင် ဘယ်လိုလုပ်မလဲ "

"နင် ငါ့ကိုယုံပေးရမယ်လေ Jimin..."

"တို့ မင်းကို ယုံချင်ပါတယ် "

"နင်မယုံပါဘူး "

Karinaမှာ Winterရဲ့ မျက်နှာလေးကို လက်နှစ်ဖက်နဲ့ ကိုင်ပြီး

"တို့ မင်းရဲ့ အရာအားလုံးကို လိုချင်တယ် Minjeong "

"ငါ့အားလုံးကို နင်ပိုင်ပါတယ် Jiminရယ် "

"သေချာလို့လား တို့ကိုယုံတယ်ဆိုရင် ဘာလို့ ကလေးမွေးမယ့်ကိစ္စမှာ တုံ့ဆိုင်းနေရတာလဲ "

"အဲ့တာ ငါ့ရွေးချယ်မှုလေ Jimin "

"ဘာလို့ ကလေးမလိုချင်ရတာလဲ "

"ကလေးယူဖို့ မလောသင့်ဘူးထင်တယ် အရင်ဆုံး ရင်ဆိုင်ရမယ့် ကိစ္စတွေရှိသေးတာကို "

"ဘာတွေလဲ "

"ဘယ်လိုလည်းဆိုတော့ ဒီနေ့လိုပေါ့ Jimin ငါနင့်ကို တစ်မနက်အတွင်း ဘယ်နှကြိမ်တောင် ဖုန်းခေါ်ခဲ့ရလဲ ဒါက ပုံမှန်မဟုတ်ဘူးနော် သောက်ကျိုးနည်း "

"တို့ ဘာလို့ အဲ့လိုလုပ်ရလဲဆိုတာလည်း မင်းသိပါတယ် "

"ငါ နားလည်တယ် Jimin ဒါပေမယ့် ကလေးတွေကိုတော့ နင် အဲ့လိုချုပ်ချယ်လို့ မရဘူးလေ  ကလေးတွေကို စိတ်မချလို့ဆိုပြီး homeschool ထားလို့မရဘူး ကလေးတွေကို ထောင်သားတွေလို ခံစားစေလို့ မရဘူး "

"ဘယ်လို အခု မင်းက ထောင်သားလို ခံစားနေရတာလား "

Karinaရဲ့အသံက ဒေါသသံပါနေမှန်းသိလို့ Winter တံတွေးကို မြိုချလိုက်သည်

"အစကတော့ အဲ့လိုခံစားရတာပေါ့ နောက်တော့ အဲ့လိုမခံစားရတော့ပါဘူး "

"ဒီတော့ အခု တို့တွေ ဘာအကြောင်းပြောနေကြတာလဲ "

"Jimin "

"တို့မိဘတွေကို သတ်ခဲ့တဲ့ကောင်တွေက အခုထိလွတ်နေတုံး "

"ငါ...ငါလည်း အဲ့ကောင်တွေနဲ့အကြည့်ချင်းဆုံခဲ့လို့ သူတို့ မျက်လုံးတွေကို ပြန်မြင်ယောင်ပြီး ညတိုင်း အိပ်လို့မပျော်ဘူး ဒါပေမယ့် အဲ့ခွေးသားတွေကြောင့် ငါတို့ ဒီလိုနေလို့မရဘူးလေ ငါတို့အသက်ရှင်ပြီး ကောင်းကောင်းမွန်မွန်နေရမယ်လေ နင့်မိဘတွေရော Aeriရောက ငါတို့ကောင်းကောင်းမွန်မွန်နေတာကို ဖြစ်စေချင်ကြတာ  "

"က​လေးလေးနဲ့အတူတူလား "

"မတည်ငြိမ်သေးတဲ့ ငါတို့အခြေအနေထဲ ကလေးတွေကို မခေါ်ရက်ဘူး ငါတို့လက်ထပ်မှုက ရှေ့ဆက်အဆင်ပြေမလား ဒါမှမဟုတ် နင်ထွက်လာခဲ့တဲ့ မြေအောက်ကမ္ဘာအမှောင်လောကက အရှုပ်ထုပ်တွေကိုလည်း တွေးစရာတွေအများကြီးရှိတယ်ဟ "

"Minjeong မင်းသိလား တို့ထောင်ထဲခဏရောက်ခဲ့ချိန်ကလေ မင်းနဲ့တူတဲ့ ကလေးလေးမွေးဖို့ အိမ်မက်မက်စိတ်ကူးယဥ်ခဲ့တာ တို့အလုပ်က ပြန်ရောက်တဲ့အခါ မင်းလိုမျိုး တောက်ပတဲ့မျက်လုံးလှတဲ့သမီးလေးက တို့ကို စောင့်နမ်းပြီး ကြိုဆိုနေတာမျိုး...အလုပ်နားရက်မှာ ဟင်းချက်နေတဲ့ တို့ကို ကူညီပေးတာမျိုး အဲ့လိုတွေ စိတ်ကူးခဲ့တာ စိတ်ကူးယဥ်ခဲ့တာ "

Karinaရဲ့ စကားကြောင့် Winter စိတ်မကောင်းဖြစ်ပြီး ဝမ်းနည်းလာတယ်

"Jiminရယ် '

"တို့ မင်းကိုအရမ်းချစ်တာ သိတယ်မဟုတ်လား "

"ငါသိပါတယ် ...."

Winterမှာ စိတ်မကောင်းဖြစ်လာလို့ Karinaကို တင်းတင်းကြပ်ကြပ်ဖက်လိုက်သည်

#tbc

#zawgyi

Winterကို ဖက္ၿပီး ေခ်ာ့ၿပီးေနာက္ Winterကို ေပြ႕ခ်ီၿပီး အခန္းထဲသို႔ Karina ေခၚလာသည္

အဝတ္အစားေတြ ဝတ္ေပးၿပီးေနာက္ Winter က ဗိုက္ဆာလို႔ဆိုလို႔ Karinaမွာ ညစာခ်က္ေကြၽးေပးသည္

ညစာအတူစားရင္ Karinaမွာ Yu business ရဲ႕ အေၾကာင္းေတြ Yuqiရဲ႕ Ideaေတြကို Winter သိေအာင္ ေျပာျပေသးသည္

ညစာစားၿပီးေနာက္ ကုတင္ေပၚတြင္ Winter တစ္ေယာက္ Karinaကို ႏွိပ္ေပးေနေလရဲ႕

"Yizhuoကို သူ႕ပိုက္ဆံေတြ ျပန္ေပးလိုက္ပါလား "

Winter ရဲ႕ စကားေၾကာင့္ Karina တိတ္ဆိတ္သြားတယ္

"သူ႕ပိုက္ဆံေတြကို သိမ္းထားခြင့္မရွိဘူးေလ Jimin....Aeri သိရင္လည္း ႀကိဳက္မွာ မဟုတ္ဘူး သူ႕မွာ လုပ္ပိုင္ခြင့္ရပိုင္ခြင့္ရွိတယ္ေလ အထူးသျဖင့္ သူ႕အေဖနဲ႕သူ႕မိန္းမကို ဆုံးရႈံးခဲ့ရတာကို "

"သူက အဲ့ပိုက္ဆံေတြနဲ႕ ဘာလုပ္မလို႔လဲ "

"မသိဘူးေလ အဲ့တာ ငါတို႔ကိစၥမွ မဟုတ္တာ "

"သူ႕ကို ပိုက္ဆံေတြမေပးခင္ သူ အဲ့ပိုက္ဆံေတြနဲ႕ ဘာလုပ္ခ်င္လဲ ဘာလုပ္မလဲဆိုတာ တို႔သိဖို႔ လိုတယ္ "

Karinaရဲ႕ စကားေၾကာင့္ Winter မ်က္ေမွာင္ၾကဳတ္ၿပီး ႏွိပ္ေနရာက ရပ္သြားတယ္

"ဘာလို႔လဲ အဲ့ပိုက္ဆံေတြနဲ႕ ငါတို႔ ထပ္ၿပီး ထြက္ေျပးသြားမွာ ေၾကာက္လို႔လား "

"မင္းသိပါတယ္ "

"ဘာလည္းဟ....ငါ နင့္ကို ေရခ်ိဳးရင္းနဲ႕ ေျပာျပၿပီးသား မဟုတ္ဘူးလား .....ေနပါအုံး Yizhuoကို နင္အျပစ္ေပးလို႔ မရဘူးေလ Yizhuoကို ငါက ေတာင္းဆိုလို႔ ငါ့ေ႐ြးခ်ယ္မႈကို သူလိုက္လုပ္ေပးခဲ့တာဘဲ ရွိတာ....."

"ျပႆနာေတြမျဖစ္ဖို႔ တို႔ သူ႕ပိုက္ဆံေတြ ျပန္မေပးေသးဘူး "

"အဲ့တာ သူ႕ပိုက္ဆံေတြေလဟာ နင္ယုံလား မယုံလား မသိေပမယ့္ Yizhuoက ငါတို႔ကို ေလးစားသမႈရွိတယ္  ၿပီးေတာ့ ငါ ဒီမွာဘဲရွိေနတယ္ဆိုတာ နင့္ကို ဘယ္ႏွခါေျပာရမလဲ "

"မင္း ဒီမွာ ရွိေနတာက တို႔ဖိအားေပးၿပီး ေနခိုင္းလို႔ေလ ".

"ဘာလဲ နင္က ငါ့ကို မယုံဘူးလား "

"သူ မင္းကို ဆြဲေဆာင္တာမ်ိဳး မျဖစ္ခ်င္ဘူး "

"ငါ ထြက္မေျပးေတာ့ဘူးလို႔ နင့္ကို ကတိေပးခဲ့တယ္ေလ "

Karinaမွာ ဘာမွျပန္မေျပာဘဲ Winterကို စိုက္ၾကည့္ေနသည္

"ငါ ဒီမွာရွိေနတာဘဲ Jiminရယ္ ငါ ထြက္မေျပးပါဘူး ဘယ္ကိုမွ ထြက္မေျပးေတာ့ပါဘူး "

"အာမခံလား "

"စကားလုံးေတြနဲ႕ေတာ့ အာမခံခ်က္ေပးလို႔ရမွာ မဟုတ္ဘူး နင္ ငါ့ကို ယုံလား မယုံလား ငါမသိေပမယ့္ ငါကေတာ့ နင့္ကိုယုံတယ္ နင္အေမွာင္ကမၻာထဲ ထပ္ေရာက္ၿပီး လူသတ္တာေတြ လုပ္မွာမဟုတ္ဘူးဆိုတာ ငါယုံတယ္..ငါတို႔ တစ္ေယာက္ကိုတစ္ေယာက္ ယုံရမယ္ မဟုတ္ဘူးလား "

"Minjeong တို႔အနားက ထြက္မသြားရဘူးေနာ္ "

"လူဆိုးလုပ္မေနနဲ႕ Jimin နင္ လူတိုင္းကို ထိန္းခ်ဳပ္လို႔မရဘူးေနာ္ "

"တို႔ ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားခြင့္ရွိတယ္ မဟုတ္ဘူးလား "

"Yizhuo ကိုေတာ့ အဲ့လိုထိန္းခ်ဳပ္ခြင့္မရွိဘူးေလ  မတရားဘူးေနာ္ "

"အခုမွ မင္းကို တို႔ျပန္ရထားတာေလ သူက မင္းကို ျမဴစြယ္ၿပီး မင္းက ထပ္ၿပီး ထြက္ေျပးသြားရင္ ဘယ္လိုလုပ္မလဲ "

"နင္ ငါ့ကိုယုံေပးရမယ္ေလ Jimin..."

"တို႔ မင္းကို ယုံခ်င္ပါတယ္ "

"နင္မယုံပါဘူး "

Karinaမွာ Winterရဲ႕ မ်က္ႏွာေလးကို လက္ႏွစ္ဖက္နဲ႕ ကိုင္ၿပီး

"တို႔ မင္းရဲ႕ အရာအားလုံးကို လိုခ်င္တယ္ Minjeong "

"ငါ့အားလုံးကို နင္ပိုင္ပါတယ္ Jiminရယ္ "

"ေသခ်ာလို႔လား တို႔ကိုယုံတယ္ဆိုရင္ ဘာလို႔ ကေလးေမြးမယ့္ကိစၥမွာ တုံ႕ဆိုင္းေနရတာလဲ "

"အဲ့တာ ငါ့ေ႐ြးခ်ယ္မႈေလ Jimin "

"ဘာလို႔ ကေလးမလိုခ်င္ရတာလဲ "

"ကေလးယူဖို႔ မေလာသင့္ဘူးထင္တယ္ အရင္ဆုံး ရင္ဆိုင္ရမယ့္ ကိစၥေတြရွိေသးတာကို "

"ဘာေတြလဲ "

"ဘယ္လိုလည္းဆိုေတာ့ ဒီေန႕လိုေပါ့ Jimin ငါနင့္ကို တစ္မနက္အတြင္း ဘယ္ႏွႀကိမ္ေတာင္ ဖုန္းေခၚခဲ့ရလဲ ဒါက ပုံမွန္မဟုတ္ဘူးေနာ္ ေသာက္က်ိဳးနည္း "

"တို႔ ဘာလို႔ အဲ့လိုလုပ္ရလဲဆိုတာလည္း မင္းသိပါတယ္ "

"ငါ နားလည္တယ္ Jimin ဒါေပမယ့္ ကေလးေတြကိုေတာ့ နင္ အဲ့လိုခ်ဳပ္ခ်ယ္လို႔ မရဘူးေလ  ကေလးေတြကို စိတ္မခ်လိဳ႕ဆိုၿပီး homeschool ထားလို႔မရဘူး ကေလးေတြကို ေထာင္သားေတြလို ခံစားေစလို႔ မရဘူး "

"ဘယ္လို အခု မင္းက ေထာင္သားလို ခံစားေနရတာလား "

Karinaရဲ႕အသံက ေဒါသသံပါေနမွန္းသိလို႔ Winter တံေတြးကို ၿမိဳခ်လိဳက္သည္

"အစကေတာ့ အဲ့လိုခံစားရတာေပါ့ ေနာက္ေတာ့ အဲ့လိုမခံစားရေတာ့ပါဘူး "

"ဒီေတာ့ အခု တို႔ေတြ ဘာအေၾကာင္းေျပာေနၾကတာလဲ "

"Jimin "

"တို႔မိဘေတြကို သတ္ခဲ့တဲ့ေကာင္ေတြက အခုထိလြတ္ေနတုံး "

"ငါ...ငါလည္း အဲ့ေကာင္ေတြနဲ႕အၾကည့္ခ်င္းဆုံခဲ့လို႔ သူတို႔ မ်က္လုံးေတြကို ျပန္ျမင္ေယာင္ၿပီး ညတိုင္း အိပ္လို႔မေပ်ာ္ဘူး ဒါေပမယ့္ အဲ့ေခြးသားေတြေၾကာင့္ ငါတို႔ ဒီလိုေနလို႔မရဘူးေလ ငါတို႔အသက္ရွင္ၿပီး ေကာင္းေကာင္းမြန္မြန္ေနရမယ္ေလ နင့္မိဘေတြေရာ Aeriေရာက ငါတို႔ေကာင္းေကာင္းမြန္မြန္ေနတာကို ျဖစ္ေစခ်င္ၾကတာ  "

"ကေလးေလးနဲ႕အတူတူလား "

"မတည္ၿငိမ္ေသးတဲ့ ငါတို႔အေျခအေနထဲ ကေလးေတြကို မေခၚရက္ဘူး ငါတို႔လက္ထပ္မႈက ေရွ႕ဆက္အဆင္ေျပမလား ဒါမွမဟုတ္ နင္ထြက္လာခဲ့တဲ့ ေျမေအာက္ကမၻာအေမွာင္ေလာကက အရႈပ္ထုပ္ေတြကိုလည္း ေတြးစရာေတြအမ်ားႀကီးရွိတယ္ဟ "

"Minjeong မင္းသိလား တို႔ေထာင္ထဲခဏေရာက္ခဲ့ခ်ိန္ကေလ မင္းနဲ႕တူတဲ့ ကေလးေလးေမြးဖို႔ အိမ္မက္မက္စိတ္ကူးယဥ္ခဲ့တာ တို႔အလုပ္က ျပန္ေရာက္တဲ့အခါ မင္းလိုမ်ိဳး ေတာက္ပတဲ့မ်က္လုံးလွတဲ့သမီးေလးက တို႔ကို ေစာင့္နမ္းၿပီး ႀကိဳဆိုေနတာမ်ိဳး...အလုပ္နားရက္မွာ ဟင္းခ်က္ေနတဲ့ တို႔ကို ကူညီေပးတာမ်ိဳး အဲ့လိုေတြ စိတ္ကူးခဲ့တာ စိတ္ကူးယဥ္ခဲ့တာ "

Karinaရဲ႕ စကားေၾကာင့္ Winter စိတ္မေကာင္းျဖစ္ၿပီး ဝမ္းနည္းလာတယ္

"Jiminရယ္ '

"တို႔ မင္းကိုအရမ္းခ်စ္တာ သိတယ္မဟုတ္လား "

"ငါသိပါတယ္ ...."

Winterမွာ စိတ္မေကာင္းျဖစ္လာလို႔ Karinaကို တင္းတင္းၾကပ္ၾကပ္ဖက္လိုက္သည္

#tbc

Bạn đang đọc truyện trên: Truyen3h.Co