Truyen3h.Co

Mine S2

Part 16

KimFany059


စားသောက်ဆိုင်ကိုစားသောက်ဆိုင်ကို သွားတဲ့လမ်းတွင် Winter တစ်ယောက် Karinaကို ဖုန်းထပ်ခေါ်သည်

တစ်နာရီခြားတစ်ခါ ဖုန်းခေါ်မယ်လို့ Karinaကို ကတိပေးထားတယ် မဟုတ်လား

"Hey Wife..."

Winterက ပြုံးပြီးခေါ်တော့ Karinaမှာ သဘောကျပြီး ရယ်လေသည်

"အဲ့အသံလေးကို အရမ်းသဘောကျလို့ သေတော့မှာဘဲ ဒါနဲ့ ဆံပင် ဘာအရောင်ဆိုးထားလဲ "

"နင်သိချင်မယ်မထင်ဘူး "

"ဆံပင်ရော ညှပ်လိုက်တာလား ဘယ်လောက်ဘဲရှည်တော့လဲ "

"ရှည်ပါသေးတယ် "

"Minjeong "

Winter နာမည်ကို Karina နူးနူးညံ့ညံ့လေး ခေါ်လိုက်သည်

"ရှင် "

"တို့ မင်းကို အရမ်း လွမ်းတာဘဲ "

"ငါရောဘဲ "

"အခု မင်းဆီလာခဲ့ရမလား "

"အယ် အလုပ်ကို သေချာလုပ်ပါ တော်ကြာ Yuqiက ငါ့ကို မေတ္တာပို့နေအုံးမယ် သူ့CEOကို အလုပ်မလုပ်ခိုင်းဘဲ လာခိုင်းပါတယ်ဆိုပြီး "

"Hahaha သူမပို့ရဲပါဘူး အချစ်ရဲ့ "

"ကဲပါ မလာနဲ့နော် အခု ငါက Yizhuoတို့နဲ့ နေ့လည်စာသွားစားမလို့ "

"အင်းပါ ဟုတ်ပါပြီ ချစ်တယ်နော် Minjeong "

"ဟုတ် ငါလည်း နင့်ကို  ချစ်တယ် Jimin "

Winterတို့ စားသောက်ဆိုင်ကို ရောက်တော့ နေ့လည်စာ အတူစားကြသည်

Victoriaက ထမင်းကောင်းကောင်းစားနေတာကို ကြည့်ရင်း Winter စိတ်အေးမိသည်

ယောင်္ကျားသေလို့ အပူမိပြီး ထမင်းသေချာမစားမှာကို Winter စိတ်ပူနေတာလေ

ဒါပေမယ့် Yizhuoကတော့ သူ့အမေလို မဟုတ်

နာကျင်မှုတွေကို ထိန်းထားရင်း နေ့လည်စာ စားနေတာကို Winter သတိထားမိတယ်

Victoriaတို့ အိမ်ကိုရောက်တော့ Winter ပင်ပန်းလို့ Victoriaကို နှုတ်ဆက်ပြီး Yizhuoရဲ့ အခန်းထဲဝင်အိပ်လိုက်သည်

Yizhuo က သူ့ဘေးနား ဝင်အိပ်လို့ Winter အံ့သြသွားတယ်

Yizhuoက ဆံပင်ညှပ်ဆိုင်က ကိစ္စကြောင့် သူ့ကိုစိတ်ဆိုးနေမယ်လို့ Winter ထင်နေခဲ့တာလေ

"နင် တကယ်ပျော်နေတာဘဲ Win ...နင်သိလား ငါခုနက ပြောမိတာတွေက နင့်အတွက် ကြောက်လို့ စိတ်ပူလို့ရယ် "

"ငါသိပါတယ် "

Yizhuoမှာ တံတွေးကို ခက်ခက်ခဲခဲမျိုချလိုက်ပြီး

"Dadနဲ့Aeriကို အရမ်းသတိရတာဘဲ "

Winterမှာ ငိုမဲ့မဲ့ဖြစ်နေတဲ့ Yizhuoကို ဖက်ပြီး နှစ်သိမ့်လိုက်သည်

"ငါသိပါတယ် ငါလည်း သူတို့ကို သတိရမိတယ် "

"ငါ နင့်ကိုလည်း အဆုံးရှုံးမခံနိုင်ဘူး မဆုံးရှုံးချင်တော့ဘူး "

"နင် မဆုံးရှုံးရပါဘူး "

"နင် အာမခံပြောလို့မရဘူးလေ "

"Jiminက ငါ့ကို ဘယ်သူ့ကိုမှ အထိမခံဘူးဆိုတာ နင်သိတယ်မဟုတ်လား "

Yizhuo သက်ပြင်းချလိုက်သည်

"သူလည်း အာမခံမပေးနိုင်ဘူးဆိုတာ နင်လည်းသိသားဘဲ "

Winter သက်ပြင်းချပြီး သူ့သူငယ်ချင်းရဲ့ ပခုံးပေါ် မေးတင်လိုက်သည်

"ဒီညကျရင် နင့်ရဲ့ပိုက်ဆံနဲ့ပတ်သက်ပြီး Jiminကို ပြောကြည့်အုံးမယ်....နင် ဘာဘဲလိုအပ်လိုအပ် နင့်ဘေးနားမှာ ငါအမြဲရှိတယ် သိလား Yizhuo "

"Win...နင်လေ နင့်ခဲအိုကို ပြန်တိုက်ခိုက်ရဲသွားတာကို ငါအရမ်းသဘောကျတယ်သိလား နင့်ကို အနိုင်ကျင့်တာ သီးခံစရာမလိုဘူး "

"အင်းပါ "

"နင်နဲ့Karinaကြား ဘာတွေဖြစ်ခဲ့လည်း ငါမသိဘူး သိလည်းမသိချင်ဘူးရယ် ဒါပေမယ့် ငါသိတာ တစ်ခုကတော့ Karinaက နင့်ကို တော်တော်ချစ်တာဘဲ နာရေးမှာတုံးက သူနင့်ကို ကြည့်နေတဲ့ အကြည့်တွေက ငါ့အဖေက ငါ့အမေကို ကြည့်သလိုမျိုး Aeriက ငါ့ကို ကြည့်နေတဲ့အကြည့်လိုမျိုးဘဲ  ဒါပေမယ့် Yu Karinaက Aeriနဲ့တော့မတူဘူး Aeriက နူးညံ့တယ် Karinaက ရက်စက်ကြမ်းကြုတ်တယ် အရင်က နင်လေ Karina နဲ့လုံးဝမလိုက်ဖက်တာရယ် ခုတော့ နင်လည်း ဆိုးလာပြီဆိုတော့ လိုက်ဖက်ညီပြီ ထင်ပါရဲ့ "

Yizhuoရဲ့စကားကြောင့် Winterရယ်လိုက်သည်

"အရာအားလုံး ပုံမှန်လို ပြန်ဖြစ်သွားမယ်ထင်လား Yizhuo "

"​Karinaသာ ကောင်းကောင်းမွန်မွန်နေရင် ဖြစ်နိုင်ပါတယ် "

"နင်ရော Yizhuo...."

"ငါလား....ငါ့အတွက် Aeriရဲ့ အချစ်တွေနဲ့တင် လုံလောက်နေပြီ ထပ်မချစ်ချင်တော့ဘူး ငါ့အပေါ် Aeri​လောက် ချစ်ပေးမယ့်သူ ရှိမယ်မထင်ဘူး "

Yizhuoရဲ့ စကားကြောင့် Winter မှာ Karinaဆီက ပထမဆုံးထွက်ပြေးတုံးက တွေ့ခဲ့တဲ့တစ်ယောက်ကို သတိရသွားတယ်

ဒါပေမယ့် အဲ့တစ်ယောက်က Karina တစ်ယောက် Winterကို ချစ်တာနဲ့ယှဥ်ရင် ကျားနဲ့ကြောင်လိုပါဘဲ

ဟင့်အင်း ယှဥ်စရာကိုမလိုတာပါ

Winter အိမ်ကို ပြန်ရောက်တော့ အရမ်းပင်ပန်းနေတာနဲ့ ရေချိုးဖို့ ပြင်လေသည်

ရေချိုးကန်ထဲ စိမ်နေရင်း Yizhuoတို့ကို ပြန်မြင်ယောင်လာတယ်

Yizhuo စိတ်ပူတာလည်း မှန်ပါတယ် ဒါပေမယ့် Karinaက ကြမ်းတမ်းရက်စက်ပေမယ့် Winterအပေါ်မှာတော့ အမြဲနူးညံ့ပေးတယ်လေ မဟုတ်လား

ပြီးတော့ ချစ်ရသူတွေ သေဆုံးသွားလို့ နာကျင်မှုတွေကို ဖုံးကွယ်ရင်း ရင်ဆိုင်ရင်း ဖြတ်သန်းနေတဲ့ Yizhuoတို့ကို ကြည့်ပြီးလည်း Winter ဝမ်းနည်းမိတယ်

Karinaလည်း ရုတ်တရက် သေသွားရင် ဘယ်လိုလုပ်မလဲ

Winter တွေးပြီး ကြောက်လာလို့ ငိုမိတယ်

ထိုစဥ် Karinaက ရောက်လာပြီး ငိုနေတဲ့ Winterကို တွေ့ကာ လန့်သွားသည်

"အယ် အချစ် ဘာလို့ ငိုနေတာလဲ "

Karinaမှာ ရေချိုးကန်ဘေးနား ထိုင်လိုက်ပြီး မေးလိုက်သည်

Karinaအသံကို ကြားတော့ Winter မျက်လုံးဖွင့်ပြီး Karinaကို ဖက်လိုက်သည်

Karinaမှာ သူ့အဝတ်အစားတွေ ရေစိုတာတောင် ဂရုမစိုက်ဘဲ ရေချိုးကန်ထဲ ဝင်စိမ်ကာ Winterကို ပြန်ဖက်လိုက်တယ်

"ဘာလို့ငိုနေတာလဲ အချစ်လေးရဲ့ "

"နင် ငါ့ကို ထားမသွားဘူးလို့ ကတိပေးစမ်းပါ "

"အယ် "

"Aeri...ငါ့မိဘတွေ နင့်မိဘတွေနဲ့ Yizhuoအဖေက ရုတ်တရက် သေသွားခဲ့ရတာလေ ငါနင့်ကို အဆုံးရှုံးမခံနိုင်ဘူး နင်သေလို့မရဘူး Jimin "

"အယ် တို့ မသေပါဘူး အချစ်ရဲ့ "

"သူတို့ရောက်လာရင် ဘယ်လိုလုပ် "

"Minjeong တို့ ဘယ်ကိုမှမသွားပါဘူးကွယ် "

Winterရဲ့ မျက်နှာလေးကို လက်နဲ့ကိုင်ပြီး Karina ပြောလိုက်သည်

"ကတိပေးလား "

Winter ကမေးတော့ Karina ပြုံးပြပြီး ခေါင်းညိတ်ပြတယ်

ပြီးတော့ Winterရဲ့ မျက်ရည်တွေကို လက်မလေးနဲ့ သုတ်ပေးလေသည်

"တို့ ကတိပေးပါတယ် အချစ်ရဲ့ "

"ငါ ယုံအောင်လုပ်ပေး "

"လာပါအုံး ပေါက်စလေးရယ် တွေးပူမနေပါနဲ့ တို့ မင်းကို ဘယ်တော့မှ တစ်ယောက်တည်း ထားမသွားဘူး ဟုတ်ပြီလား "

Karina မှာ ငိုနေတဲ့ ပေါက်စလေးကို သူ့ရင်ခွင်ထဲ ဆွဲထည့်ကာချော့လေသည်

#tbc

#zawgyi

စားေသာက္ဆိုင္ကိုစားေသာက္ဆိုင္ကို သြားတဲ့လမ္းတြင္ Winter တစ္ေယာက္ Karinaကို ဖုန္းထပ္ေခၚသည္

တစ္နာရီျခားတစ္ခါ ဖုန္းေခၚမယ္လို႔ Karinaကို ကတိေပးထားတယ္ မဟုတ္လား

"Hey Wife..."

Winterက ၿပဳံးၿပီးေခၚေတာ့ Karinaမွာ သေဘာက်ၿပီး ရယ္ေလသည္

"အဲ့အသံေလးကို အရမ္းသေဘာက်လိဳ႕ ေသေတာ့မွာဘဲ ဒါနဲ႕ ဆံပင္ ဘာအေရာင္ဆိုးထားလဲ "

"နင္သိခ်င္မယ္မထင္ဘူး "

"ဆံပင္ေရာ ညွပ္လိုက္တာလား ဘယ္ေလာက္ဘဲရွည္ေတာ့လဲ "

"ရွည္ပါေသးတယ္ "

"Minjeong "

Winter နာမည္ကို Karina ႏူးႏူးညံ့ညံ့ေလး ေခၚလိုက္သည္

"ရွင္ "

"တို႔ မင္းကို အရမ္း လြမ္းတာဘဲ "

"ငါေရာဘဲ "

"အခု မင္းဆီလာခဲ့ရမလား "

"အယ္ အလုပ္ကို ေသခ်ာလုပ္ပါ ေတာ္ၾကာ Yuqiက ငါ့ကို ေမတၱာပို႔ေနအုံးမယ္ သူ႕CEOကို အလုပ္မလုပ္ခိုင္းဘဲ လာခိုင္းပါတယ္ဆိုၿပီး "

"Hahaha သူမပို႔ရဲပါဘူး အခ်စ္ရဲ႕ "

"ကဲပါ မလာနဲ႕ေနာ္ အခု ငါက Yizhuoတို႔နဲ႕ ေန႕လည္စာသြားစားမလို႔ "

"အင္းပါ ဟုတ္ပါၿပီ ခ်စ္တယ္ေနာ္ Minjeong "

"ဟုတ္ ငါလည္း နင့္ကို  ခ်စ္တယ္ Jimin "

Winterတို႔ စားေသာက္ဆိုင္ကို ေရာက္ေတာ့ ေန႕လည္စာ အတူစားၾကသည္

Victoriaက ထမင္းေကာင္းေကာင္းစားေနတာကို ၾကည့္ရင္း Winter စိတ္ေအးမိသည္

ေယာကၤ်ားေသလို႔ အပူမိၿပီး ထမင္းေသခ်ာမစားမွာကို Winter စိတ္ပူေနတာေလ

ဒါေပမယ့္ Yizhuoကေတာ့ သူ႕အေမလို မဟုတ္

နာက်င္မႈေတြကို ထိန္းထားရင္း ေန႕လည္စာ စားေနတာကို Winter သတိထားမိတယ္

Victoriaတို႔ အိမ္ကိုေရာက္ေတာ့ Winter ပင္ပန္းလို႔ Victoriaကို ႏႈတ္ဆက္ၿပီး Yizhuoရဲ႕ အခန္းထဲဝင္အိပ္လိုက္သည္

Yizhuo က သူ႕ေဘးနား ဝင္အိပ္လို႔ Winter အံ့ၾသသြားတယ္

Yizhuoက ဆံပင္ညွပ္ဆိုင္က ကိစၥေၾကာင့္ သူ႕ကိုစိတ္ဆိုးေနမယ္လို႔ Winter ထင္ေနခဲ့တာေလ

"နင္ တကယ္ေပ်ာ္ေနတာဘဲ Win ...နင္သိလား ငါခုနက ေျပာမိတာေတြက နင့္အတြက္ ေၾကာက္လို႔ စိတ္ပူလို႔ရယ္ "

"ငါသိပါတယ္ "

Yizhuoမွာ တံေတြးကို ခက္ခက္ခဲခဲမ်ိဳခ်လိဳက္ၿပီး

"Dadနဲ႕Aeriကို အရမ္းသတိရတာဘဲ "

Winterမွာ ငိုမဲ့မဲ့ျဖစ္ေနတဲ့ Yizhuoကို ဖက္ၿပီး ႏွစ္သိမ့္လိုက္သည္

"ငါသိပါတယ္ ငါလည္း သူတို႔ကို သတိရမိတယ္ "

"ငါ နင့္ကိုလည္း အဆုံးရႈံးမခံနိုင္ဘူး မဆုံးရႈံးခ်င္ေတာ့ဘူး "

"နင္ မဆုံးရႈံးရပါဘူး "

"နင္ အာမခံေျပာလို႔မရဘူးေလ "

"Jiminက ငါ့ကို ဘယ္သူ႕ကိုမွ အထိမခံဘူးဆိုတာ နင္သိတယ္မဟုတ္လား "

Yizhuo သက္ျပင္းခ်လိဳက္သည္

"သူလည္း အာမခံမေပးနိုင္ဘူးဆိုတာ နင္လည္းသိသားဘဲ "

Winter သက္ျပင္းခ်ၿပီး သူ႕သူငယ္ခ်င္းရဲ႕ ပခုံးေပၚ ေမးတင္လိုက္သည္

"ဒီညက်ရင္ နင့္ရဲ႕ပိုက္ဆံနဲ႕ပတ္သက္ၿပီး Jiminကို ေျပာၾကည့္အုံးမယ္....နင္ ဘာဘဲလိုအပ္လိုအပ္ နင့္ေဘးနားမွာ ငါအၿမဲရွိတယ္ သိလား Yizhuo "

"Win...နင္ေလ နင့္ခဲအိုကို ျပန္တိုက္ခိုက္ရဲသြားတာကို ငါအရမ္းသေဘာက်တယ္သိလား နင့္ကို အနိုင္က်င့္တာ သီးခံစရာမလိုဘူး "

"အင္းပါ "

"နင္နဲ႕Karinaၾကား ဘာေတြျဖစ္ခဲ့လည္း ငါမသိဘူး သိလည္းမသိခ်င္ဘူးရယ္ ဒါေပမယ့္ ငါသိတာ တစ္ခုကေတာ့ Karinaက နင့္ကို ေတာ္ေတာ္ခ်စ္တာဘဲ နာေရးမွာတုံးက သူနင့္ကို ၾကည့္ေနတဲ့ အၾကည့္ေတြက ငါ့အေဖက ငါ့အေမကို ၾကည့္သလိုမ်ိဳး Aeriက ငါ့ကို ၾကည့္ေနတဲ့အၾကည့္လိုမ်ိဳးဘဲ  ဒါေပမယ့္ Yu Karinaက Aeriနဲ႕ေတာ့မတူဘူး Aeriက ႏူးညံ့တယ္ Karinaက ရက္စက္ၾကမ္းၾကဳတ္တယ္ အရင္က နင္ေလ Karina နဲ႕လုံးဝမလိုက္ဖက္တာရယ္ ခုေတာ့ နင္လည္း ဆိုးလာၿပီဆိုေတာ့ လိုက္ဖက္ညီၿပီ ထင္ပါရဲ႕ "

Yizhuoရဲ႕စကားေၾကာင့္ Winterရယ္လိုက္သည္

"အရာအားလုံး ပုံမွန္လို ျပန္ျဖစ္သြားမယ္ထင္လား Yizhuo "

"Karinaသာ ေကာင္းေကာင္းမြန္မြန္ေနရင္ ျဖစ္နိုင္ပါတယ္ "

"နင္ေရာ Yizhuo...."

"ငါလား....ငါ့အတြက္ Aeriရဲ႕ အခ်စ္ေတြနဲ႕တင္ လုံေလာက္ေနၿပီ ထပ္မခ်စ္ခ်င္ေတာ့ဘူး ငါ့အေပၚ Aeriေလာက္ ခ်စ္ေပးမယ့္သူ ရွိမယ္မထင္ဘူး "

Yizhuoရဲ႕ စကားေၾကာင့္ Winter မွာ Karinaဆီက ပထမဆုံးထြက္ေျပးတုံးက ေတြ႕ခဲ့တဲ့တစ္ေယာက္ကို သတိရသြားတယ္

ဒါေပမယ့္ အဲ့တစ္ေယာက္က Karina တစ္ေယာက္ Winterကို ခ်စ္တာနဲ႕ယွဥ္ရင္ က်ားနဲ႕ေၾကာင္လိုပါဘဲ

ဟင့္အင္း ယွဥ္စရာကိုမလိုတာပါ

Winter အိမ္ကို ျပန္ေရာက္ေတာ့ အရမ္းပင္ပန္းေနတာနဲ႕ ေရခ်ိဳးဖို႔ ျပင္ေလသည္

ေရခ်ိဳးကန္ထဲ စိမ္ေနရင္း Yizhuoတို႔ကို ျပန္ျမင္ေယာင္လာတယ္

Yizhuo စိတ္ပူတာလည္း မွန္ပါတယ္ ဒါေပမယ့္ Karinaက ၾကမ္းတမ္းရက္စက္ေပမယ့္ Winterအေပၚမွာေတာ့ အၿမဲႏူးညံ့ေပးတယ္ေလ မဟုတ္လား

ၿပီးေတာ့ ခ်စ္ရသူေတြ ေသဆုံးသြားလို႔ နာက်င္မႈေတြကို ဖုံးကြယ္ရင္း ရင္ဆိုင္ရင္း ျဖတ္သန္းေနတဲ့ Yizhuoတို႔ကို ၾကည့္ၿပီးလည္း Winter ဝမ္းနည္းမိတယ္

Karinaလည္း ႐ုတ္တရက္ ေသသြားရင္ ဘယ္လိုလုပ္မလဲ

Winter ေတြးၿပီး ေၾကာက္လာလို႔ ငိုမိတယ္

ထိုစဥ္ Karinaက ေရာက္လာၿပီး ငိုေနတဲ့ Winterကို ေတြ႕ကာ လန့္သြားသည္

"အယ္ အခ်စ္ ဘာလို႔ ငိုေနတာလဲ "

Karinaမွာ ေရခ်ိဳးကန္ေဘးနား ထိုင္လိုက္ၿပီး ေမးလိုက္သည္

Karinaအသံကို ၾကားေတာ့ Winter မ်က္လုံးဖြင့္ၿပီး Karinaကို ဖက္လိုက္သည္

Karinaမွာ သူ႕အဝတ္အစားေတြ ေရစိုတာေတာင္ ဂ႐ုမစိုက္ဘဲ ေရခ်ိဳးကန္ထဲ ဝင္စိမ္ကာ Winterကို ျပန္ဖက္လိုက္တယ္

"ဘာလို႔ငိုေနတာလဲ အခ်စ္ေလးရဲ႕ "

"နင္ ငါ့ကို ထားမသြားဘူးလို႔ ကတိေပးစမ္းပါ "

"အယ္ "

"Aeri...ငါ့မိဘေတြ နင့္မိဘေတြနဲ႕ Yizhuoအေဖက ႐ုတ္တရက္ ေသသြားခဲ့ရတာေလ ငါနင့္ကို အဆုံးရႈံးမခံနိုင္ဘူး နင္ေသလို႔မရဘူး Jimin "

"အယ္ တို႔ မေသပါဘူး အခ်စ္ရဲ႕ "

"သူတို႔ေရာက္လာရင္ ဘယ္လိုလုပ္ "

"Minjeong တို႔ ဘယ္ကိုမွမသြားပါဘူးကြယ္ "

Winterရဲ႕ မ်က္ႏွာေလးကို လက္နဲ႕ကိုင္ၿပီး Karina ေျပာလိုက္သည္

"ကတိေပးလား "

Winter ကေမးေတာ့ Karina ၿပဳံးျပၿပီး ေခါင္းညိတ္ျပတယ္

ၿပီးေတာ့ Winterရဲ႕ မ်က္ရည္ေတြကို လက္မေလးနဲ႕ သုတ္ေပးေလသည္

"တို႔ ကတိေပးပါတယ္ အခ်စ္ရဲ႕ "

"ငါ ယုံေအာင္လုပ္ေပး "

"လာပါအုံး ေပါက္စေလးရယ္ ေတြးပူမေနပါနဲ႕ တို႔ မင္းကို ဘယ္ေတာ့မွ တစ္ေယာက္တည္း ထားမသြားဘူး ဟုတ္ၿပီလား "

Karina မွာ ငိုေနတဲ့ ေပါက္စေလးကို သူ႕ရင္ခြင္ထဲ ဆြဲထည့္ကာေခ်ာ့ေလသည္

#tbc

Bạn đang đọc truyện trên: Truyen3h.Co