Truyen3h.Co

Mine S2

Part 19

KimFany059

"လာ နေ့လည်စာစားရအောင် "

Karinaက နေ့လည်စာစားဖို့ ပြောစဥ် Winter တစ်ယောက် Karina laptopက CCTV တွေကို တွေ့သွားတယ်

"နင် ငါ့ကို စောင့်ကြည့်နေတာလား Jimin '

"စောင့်ကြည့်တာ မဟုတ်ပါဘူး မင်းအဆင်ပြေမပြေ စစ်ဆေးကြည့်တာပါ "

"နေပါအုံး နင် CCTVတပ်ထားတာလည်း ငါ့ကို မပြောပြသေးဘူးနော် "

"ဟို "

"တကယ် မယုံနိုင်စရာဘဲ "

Winterက စိတ်ကောက်ပြီး အခန်းထဲက ထွက်သွားတော့ Karinaမှာ လိုက်ချော့ရသည်

အခန်းအပြင်တွင် သူတို့ကို ရပ်စောင့်နေတဲ့ bodyguardနဲ့ Mike ကို Karina မျက်စောင်းထိုးလိုက်သည်

Mikeကို အပြစ်မပေးဘူးလို့ ကတိပေးထားပေမယ့် စကားတွေတော့ ပြောရအုံးမယ်လေ

"Minjeongလေး နေပါအုံး "

ထိုစဥ် Yuqiက ရှေ့ကရောက်လာပြီး ပိတ်ရပ်လိုက်သည်

"Winter ရောက်လာတယ်လို့ သတင်းရလို့ လာကြည့်တာ ဟုတ်နေတာဘဲ နောက်ဆုံးတော့ တွေ့ခွင့်ရလို့ ဝမ်းသာပါတယ် "

Yuqiက လက်ကမ်းပေးတော့ Winterက အူကြောင်ကြောင်ဖြင့်

"ရှင်က "

"Yuqi...တို့ပြောပြတဲ့ တစ်ယောက်လေ "

"Karina ရှင့်အကြောင်းတွေ ခဏခဏပြောပြတယ်ရယ် Companyအတွက် သေချာလုပ်ပေးလို့ ကျေးဇူးတင်ပါတယ် "

"ဟဲဟဲ Karinaကို အလုပ်ပြန်လုပ်အောင် ပြောပေးလို့လည်း ကျေးဇူးပါ "

Winterမှာ ခေါင်းညိတ်ပြီး Karinaကို ကြည့်လိုက်တယ်

"Yuqi...ကျွန်မတို့နဲ့ နေ့လည်စာအတူလိုက်စားပါ့လား "

Karinaက ငြင်းခိုင်းဖို့လုပ်ပေမယ့် Yuqiက ချက်ချင်း လက်ခံလိုက်သည်

Yuqi နဲ့ Winterတို့ အတူထွက်သွားတာကို ကြည့်ရင်း မျက်နှာကြီး ရှုံ့မဲ့နေတဲ့ Karinaကို ကြည့်ပြီး Mike မှာ ရယ်ချင်စိတ်ကို ထိန်းထားရတယ်

ကြယ်ငါးပွင့် စားသောက်ဆိုင်တွင် Karinaတစ်ယောက် ဝီစကီကို မှာသောက်နေတယ် ဘာလို့လဲဆိုတော့ သူ့မိန်းမကို မနာလိုအူတိုသဝန်တိုနေလို့လေ

လူတွေနဲ့ စကားသိပ်မပြောရဲတဲ့ Winter က Yuqiနဲ့ကျ စကားကို တရင်းတနှီးပြောနေလေရဲ့

"သောကြာနေ့ကျ အားလား Winter "

"နင်က ငါ့မိန်းမကို အပြင်ထွက်ဖို့ မေးနေတာလား "

"ဟုတ်တယ် Europeမှာ အသစ်ဖွင့်မယ့် Nævis clubမှာ သူရှိသင့်တယ်ထင်လို့လေ "

"ငါ့မိန်းမ အပြင်ထွက်ခွင့်မရှိဘူး ပြီးတော့ Europeက အလုပ်ကိစ္စတွေက Taeyeon ကိုင်တွယ်တာ "

"ဘာလို့လဲ အာ သိပြီ ခွင့်လွှတ်နော် ငါက နင်အဆင်ပြေနေပြီ ထင် "

"အမှန်တိုင်း ပြောရရင် အပြင်ထွက်ရတာ သဘောကျပါတယ် "

Winter ရဲ့ စကားကြောင့် Karina အရက်တွေတောင် သီးကုန်သည်

"လေယာဥ်ချိန်က ဘယ်အချိန်လဲ လာခေါ်ပါ့လား "

"fuck "

Karinaက ထဆဲတော့ Yuqiက Karinaရဲ့ ပခုံးကို ပုတ်လိုက်သည်

ခဏ ကြာတော့ Minnieနဲ့Miyeonက ရောက်လာတယ်

"Hey....Bossက နေ့လည်စာကျွေးမယ်လို့ Yuqiက ဖုန်းဆက်လို့ အမြန်ပြေးလာတာ... အာ ဒါနဲ့ ကျွန်မတို့ တွေ့ဖူးလား "

Minnieက ထိုင်ခုံတွင် ဝင်ထိုင်ရင်း Winter ကို မေးလိုက်သည်

"သူက ငါ့မိန်းမလေ "

Karina ရဲ့ စကားကြောင့် Minnie အံ့သြသွားတယ်

"Omo တကယ်ကြီးလား နှစ်ယောက်လုံးက လိုက်ဖက်လိုက်တာ Naevis club ဖွင့်ပွဲကို လာပါလား ရှယ်မိုက်မှာဘဲ "

"ငါလည်း အဲ့တာပြောနေတာ Minnie Taeyeon Unnieကလည်း Tiffany Unnieနဲ့ အတူပွဲတက်မှာဆိုတော့ Visual couple တွေ ရှယ် highမှာပေါ့ "

"Winterက သီချင်းဆိုတတ်တယ်လို့ သတင်းကြားတယ်"

Karina သူ့ခေါင်းကို စားပွဲခုံနဲ့ ရိုက်ချင်စိတ်တွေ ပေါက်လာတယ်

အားလုံးက သူ့ကို လျစ်လျူရှုပြီး Winterနဲ့ဘဲ စကားပြောပြီး Winterကိုဘဲ အာရုံစိုက်နေတယ်

Taeyeonကို Winter တွေ့ချင်နေမှာ Karina သိသည် Winterနဲ့ Taeyeon မတွေ့ရတာ အတော်ကြာပြီလေ

ပြီးတော့ Winter ကလည်း Taeyeonကို တွေ့ချင်တယ်လို့ မပြောရဲဘူးလေ ကြောက်နေမှာကိုး

"Winter လတ်တလော အလုပ်ရှာနေလား"

"တကယ်တော့ "

"မရှာ​ဘူး "

Karinaက ဖြတ်ပြောလိုက်သည်

"Excuse me "

"မင်း ဘာအလုပ်မှ လုပ်စရာမလိုဘူး Minjeong "

"Jimin nah "

Yuqi မှာ Karinaတို့ကို ကြည့်ပြီး ခုံနဲ့စားပွဲကို လက်ဝါးနဲ့ ရိုက်ကာ ရယ်လေသည်

Karinaမှာ Winterကို စားသောက်ဆိုင်ကနေ ဆွဲထုတ်သွားချင်စိတ်တွေ ဖြစ်လာတယ်

Karinaမှာ ဘာမှမဖြစ်သလို ဟန်ဆောင်နေရချိန် Winterကတော့ သူ့ဝန်ထမ်းတွေနဲ့ ငယ်သူငယ်ချင်းတွေလိုပင် စားသောက်ရင်း စကားပြော ရယ်မောနေကြသည်

"ငါတို့ စားသောက်ဆိုင်မှာ Winter သီချင်းဆိုချင်လား "

"ဆိုချင်တယ် Minnie "

"မရဘူး "

Karinaမှာ သူ့မိန်းမကို မျက်စောင်းထိုးပြီး ပြောလိုက်သည်

"နှစ်ယောက်သား သေချာစဥ်းစားကြည့်ပါအုံး "

Yuqiမှာ ဝင်ပြောလိုက်သည်

စားသောက်လို့ ပြီးနောက် Karinaမှာ Mikeဆီ လျှောက်သွားသည်

Winterကတော့ Minneတို့ကို နှုတ်ဆက်နေသည်

Yuqiက Winter လက်ကို နမ်းတာကို Karina တွေ့သွားသေးတယ်

"ကားသော့ပေး မင်းတို့က တစ်ခြားကားငှားပြီး လိုက်ခဲ့တော့ Winterကို ငါအိမ်ခေါ်သွားမယ် "

"What... why? "

Karinaမှာ ဘာမှမပြောဘဲ Winterကို ကားပေါ်တက်ခိုင်းလိုက်သည်

ပြီးနောက် ကားစက်ကိုနှိုးပြီး လီဗာတင်ကာ မီးနီကို ဖြတ်မောင်းလေသည်

"ဘာဖြစ်နေတာလဲ Jimin...မီးနီကို ဖြတ်မောင်းချင်လို့ Mikeတို့ကို ထားခဲ့တာလား "

"တို့တွေ စကားပြောဖို့ လိုပြီ Minjeong "

Karinaမှာ ကားစီယာတိုင်ကို လှည့်ရင်း ပြောလိုက်သည်

"ဘာအကြောင်းလဲ...."

"Yuqiကို ဆွဲဆောင်မှုရှိတယ်လို့ မြင်လား "

Karinaရဲ့ စကားကြောင့် Winterမှာ Karinaဘက်ကို လှည့်လိုက်သည်

"နင် တကယ်ပြောနေတာလား "

"သူ မင်းကို ထိတာလည်း ခွင့်ပြုတယ် သူပြောတဲ့စကားတွေလည်း သေချာနားထောင်ပြန်ပြောတယ် ...."

Karinaမှာ Winterကို Yuqiနဲ့ သဝန်တိုနေသည်

Yuqiနဲ့ အဆင်ပြေနေတာမျိုး Karina မမြင်ချင်ပေ

"Come on Jimin နင့်ရဲ့ cumတွေ အခုထိ ငါ့ဗိုက်ထဲမှာဘဲ ရှိနေသေးတာကို "

Winter ရဲ့ မထင်မှတ်ထားတဲ့ စကားကြောင့် Karina ဘာပြောရမှန်းမသိ ဖြစ်သွားတယ်

"နင့်ကို သစ္စာဖောက်မယ်လို့ ထင်လို့လား "

"တို့ကို လာမစမ်းနဲ့နော် "

"တကယ် Yu Jiminက အရူးဘဲ "

"ဟုတ်တယ် တို့ကအရူး မင်းရဲ့ဆွဲဆောင်မှုရှိတဲ့ အလှတွေကြား သူများတွေ ကျရှုံးတာမျိုး မဖြစ်ချင်ဘူး မလိုချင်ဘူးကွာ "

"တကယ် အရူးလေးဘဲ ငါ Yuqiနဲ့ စကားပြောနေတာကလေ personal caseမှ မဟုတ်တာ နင့် companyကိစ္စတွေ Europeက အလုပ်ကိစ္စတွေအကြောင်း ပြောနေတာလေ ပြီးတော့ "

"မင်းကို တို့အလုပ်မလုပ်စေချင်ဘူး "

"ဘာလို့လဲ "

"ကိုယ်ဝန်ရတဲ့အခါ မင်းအလုပ်ကထွက်ဖို့ ခက်ခဲမှာပေါ့ "

"ငါ ကိုယ်ဝန် ဘယ်တော့မှ မရတော့ဘူးဆိုရင်ရော "

"Minjeong တို့အလုပ်လုပ်နေတာ...တို့အလုပ်ကနေ ပြန်ရောက်လာရင် မင်းရှိနေတာမျိုး ဖြစ်နေစေချင်တယ် မင်းက မရှိဘဲ တစ်ခြားအလုပ်ကိုရောက်နေရင် တို့မျှော်ပြီး ပင်ပန်းနေရတာမျိုး မလိုချင်ဘူး "

"ဒါပေမယ့် ငါ သီချင်းဆိုပြီး ဖျော်ဖြေချင်တယ် နင်နဲ့အတူရှိမနေရင် ခုချိန် ငါသီချင်းဆိုနေမှာ "

Karinaမှာ ဘာမှပြန်မပြောဘဲ ကားစီယာတိုင်ကိုသာ ကျစ်ကျစ်ဆုပ်ကိုင်ထားတယ်

" Naevis clubဖွင့်ပွဲ တက်ချင်တယ် Taeyeonကို တွေ့ချင်တယ် ငါမတက်ချင်ဘူးထင်ပြီး နင်ပိတ်လိုက်သမျှ ဖိတ်စာတွေပါတီတွေ အားလုံး ငါသွားချင်ခဲ့တယ် "

"..."

"ငါလည်း Taeyeonကို တွေ့ရမယ် နင်လည်း Taeyeonရဲ့ သတို့သမီးကို တွေ့ရမယ်လေ ပြီးတော့ ငါ Yizhuoကိုပါ ခေါ်လာအုံးမှာပါဟ "

ဒုက္ခဘဲ Europeသွားရင် Winterအပြင် Yizhuoကိုပါ Karina ထိန်းနေ စောင့်ကြည့်ရအုံးမှာပါလား

"အလုပ်မလုပ်စေချင်ရင် Miyeonကို ကူခွင့်ပေး "

"Miyeonမှာ Minnieရှိတယ် ကူလုပ်ပေးစရာမလိုဘူး "

"နင် ငါ့ကို သစ္စာဖောက်မယ်လို့ တကယ်ထင်နေတာလား "

"မထင်ပါဘူး ဒါပေမယ့် Yuqiက ချောတယ်လေ မင်းတို့နှစ်ယောက် အတူရှိနေတာမျိုး မမြင်ချင်ဘူးကွာ "

Karinaမှာ ပြောပြီး ကားစီယာတိုင်ကို ရိုက်လေသည်

Winterက ဘာမှပြန်မပြောဘဲ အတော်ကြာတဲ့ထိ တိတ်ဆိတ်နေသည်

"တို့.....မင်းနဲ့ပတ်သက်ရင် အရမ်းခံစားလွယ်မိနေလို့ တောင်းပန်ပါတယ် လူတွေများတဲ့ စားသောက်ဆိုင်မှာ မင်းသီချင်းဆိုနေတာမျိုး တို့ မဖြစ်စေချင်ဘူး မမြင်ချင်ဘူး"

Karinaက ပြောပေမယ့် Winter က ဘာမှပြန်မပြောပေ

"Minjeong "

"..."

"ဟုတ်ပြီ အလုပ်လုပ်ချင်သပဆိုရင်လည်း Miyeonတို့ကို ကူညီပေးလိုက် နော် ..."

"..."

"ထပ်ပြီး ပိုလုပ်ချင်ရင် တို့နဲ့အတူ အလုပ်လုပ်လို့ရတယ် တို့ မင်းကို ထပ်ပြီး ဖွက်မထားတော့ဘူး ဟုတ်ပြီလား မင်းပြန်ကောင်းလာဖို့ အရေးကြီးတယ် ဟုတ်တယ် တို့ရောဘဲ ဘာမှမဖြစ်ခဲ့သလို အားလုံးအဆင်ပြေသလို ဟန်ဆောင်နေရတာ အရမ်းခက်ခဲတယ် အလုပ်ကြိုးစားလုပ်နေရတာ ပင်ပန်းတယ် တစ်ခါတစ်လေ ဖုန်းမကိုင်နိုင်တော့တဲ့ Aeriဆီကို ဖုန်းဆက်မိနေတုံး တစ်ခါတစ်လေ အဖေနဲ့အမေအိမ်ကို သွားလည်မိနေတုံး Minjeong အခု တို့မှာ မင်းဘဲရှိတော့တယ် တို့ကို တစ်ကိုယ်ကောင်းဆန်တယ်လို့ ပြောပြော တို့ အခု မင်းတစ်ယောက်တည်းကိုဘဲ ပိုင်ဆိုင်နေတာ တို့ပိုင်ဆိုင်တဲ့ မင်းကို ဘယ်သူနဲ့မှ မျှမဝေချင်ဘူး တို့ကိုဘဲ အာရုံစိုက်စေချင်တယ် ဟုတ်တယ် တို့ အိမ်ကို CCTVတပ်တယ်ဆိုတာလည်း မင်းကို မယုံလို့ မဟုတ်ဘူး မင်း အိမ်မှာနေရတာ အဆင်ပြေရဲ့လား သိချင်ကြည့်ချင်လို့ တို့မိဘတွေကို သတ်သွားတဲ့ကောင်က အခုထိ အပြင်မှာ ရှိနေမှန်း သိသေးတော့ တို့အတွက် မင်းကို တစ်ယောက်တည်းလွှတ်ထားဖို့ အဆင်ပြေမနေဘူး "

"Yuqi..Miyeon...Minnie ငါ့ကို ကြည့်တဲ့ အကြည့်တွေကို သဘောကျတယ် Jimin သူတို့က ငါ့ကို မုဒိန်းကျင့်တာခံရတဲ့သူ.... ပြောရရင် သူများတွေလို ငါ့ကို သနားစရာကောင်းတဲ့သူလို သနားစရာကောင်းတဲ့အကြည့်တွေနဲ့ မကြည့်ကြဘူး....Winter လိုဘဲ ဆက်ဆံကြတယ် ငါ ပြောသမျှ ideaတွေ မလိုအပ်ရင်တောင် နားထောင်လက်ခံပေးကြတယ် Jimin "

"တို့ နားလည်ပါတယ် "

"Yuqiကို လန်းတယ်လို့မြင်ပါတယ် "

"ဘာ...Minjeong ဘယ်လိုပြောလိုက်တယ် "

"Yuqi ကို လန်းတယ်လို့ မြင်ကြောင်း ဝန်ခံတာလေ "

"မရဘူး မင်း ဘယ်သူ့ကိုမှ အဲ့လိုလန်းတယ်လို့ မတွေးရဘူး Minjeong တို့လက်မခံဘူး"

"ငါ့ကို နင်ပိုင်ပါတယ် Jiminရယ်...နင်က တစ်ကမ္ဘာလုံးမှာ အလန်းဆုံးမိန်းကလေးလို့ ငါမြင်တယ် နင့်ကိုငါချစ်တယ် နင်က ငါ့အပိုင်မို့လို့ ငါနင့်ကို ဘယ်တော့မှ ထားမသွားဘူး Yu Jimin "

Winterကပြောပြီး Karinaရဲ့လက်ကို ယူနမ်းလိုက်သည်

Karinaမှာ Winterရဲ့ စကားကြောင့် အရည်ထပ်ပျော်သွားရပြန်သည်

#tbc

#zawgyi

"လာ နေ့လည်စာစားရအောင် "





"ဟို "

"တကယ် မယုံနိုင်စရာဘဲ "




"Minjeongလေး နေပါအုံး "




"ရှင်က "


















"fuck "





"သူက ငါ့မိန်းမလေ "










"တကယ်တော့ "

"မရှာဘူး "


"Excuse me "


"Jimin nah "





"ဆိုချင်တယ် Minnie "

"မရဘူး "








"What... why? "






"ဘာအကြောင်းလဲ...."



"နင် တကယ်ပြောနေတာလား "








"တကယ် Yu Jiminက အရူးဘဲ "




"ဘာလို့လဲ "







"..."











"Minjeong "

"..."


"..."



"တို့ နားလည်ပါတယ် "








#tbc

Bạn đang đọc truyện trên: Truyen3h.Co