Truyen3h.Co

Mine S2

Part 20

KimFany059

"တော်တော့ Jimin "

"တို့မှ မကြိုက်တာ "

Jimin ထိုစကားကိုပြောနေတာ တစ်နာရီအတွင်းမှာကို ရှစ်ကြိမ်မြောက်ရှိနေပါပြီ

Winterမှာ black suitနဲ့ high heel စီးထားသော အရမ်း ပိုင်းဆိုးပိုင်းနင်းနဲ့ အူတိုလွန်းသော သူ့မိန်းမကို ကြည့်လိုက်သည်

Karinaကတော့ ဂါဝန်အနက်လေးဝတ်ထားတဲ့ သူ့မိန်းမကို ကြည့်ပြီး သွေးတက်နေပါတယ်

Karinaမှာ သူ့မိန်းမကို အဝတ်အစားလဲဖို့ နှစ်ကြိမ်လောက် တောင်းပန်ပေမယ့်လည်း Winterကတော့ စကားနားမ​ထောင်ပေ

Karinaဟာ Winterက Yuqi, Minnie,Miyeonတို့နဲ့ နေ့လည်စာအတူစားပြီးကတည်းက ခံစားချက်က သိပ်ကောင်းမနေပေ

Miyeonက Winterကို လမ်းဘေးခွေးလေးတွေအတွက် ပါဝင်ကူညီပေးမလား မေးတော့ Winterက Yizhuoနဲ့တိုင်ပင်ပြီး အတူလာခဲ့မယ်လို့ ပြောခဲ့သေးတယ်

Karinaက သူ့ကို ထိန်းချုပ်ထားရတဲ့အကြောင်းအရင်းကိုလည်း Winter နားလည်ပေးပါတယ် ဒါပေမယ့် အိမ်ထဲမှာ ထာဝရတော့ ပိတ်မိမနေချင်ဘူးလေ ဟုတ်တယ်မလား

အပြင်လေးဘာလေးထွက်ရင်း တစ်ဖက်တစ်လမ်းကနေ Yu ဖောင်ဒေးရှင်းကိုလည်း ကူညီပေးချင်မိသည်

"တို့မျက်စိအောက်ကနေ မင်းကို အပျောက်မခံနိုင်ဘူး Minjeong "

"ငါ သိပါတယ် "

Karinaက ပြောတော့ Winterက ပြန်ပြောသည်

Winter အထွန့်မတက်ချင်ဘူးလေ ဘာလို့လည်းဆိုတော့ သူ့မိန်းမက စိတ်ပူနေတယ်ဆိုတာ သိနေလို့ကိုး

Karinaကလည်း သူ့မိန်းမကို တစ်သက်လုံးဖွက်မထားချင်ပါဘူး အခု Naevis clubဖွင့်ပွဲကို ခေါ်သွားဖို့ စီစဥ်ရင်း လေယာဥ်ပေါ် ရောက်နေပြီလေ

"အားလုံးအဆင်ပြေသွားမှာပါ "

Karinaရဲ့ လက်ကို ကိုင်ပြီး Winter နှစ်သိမ့် အားပေးလိုက်သည်

Karinaမှာ ဘာမှပြန်မဖြေဘဲ Winterရဲ့ လက်ကို ကိုင်ထားတယ်

clubကို ရောက်တော့ သတင်းထောက်တွေအများကြီးက ဆီးကြိုပြီး Karinaတို့ကို ဓာတ်ပုံတွေ တဖျတ်ဖျတ်နဲ့ရိုက်နေကြတယ်

Winterမှာ လူစုလူဝေးတွေပေါများပြီး ဓာတ်ပုံအတွက် ပိုစ့်တွေ ပေးဖို့ တောင်းဆိုနေတဲ့ သတင်းထောက်တွေကို စိတ်ပျက်နေပေမယ့် Minnieက ရောက်လာပြီး Winterတို့ကို ဘယ်နေရာတွင်ရပ်ပြီး ဘယ်လိုပိုစ့်ပေးရမယ်ဆိုတာ ပြောပြသည်

ပွဲတွေတက်တာ မကြိုက်တဲ့ Karinaနဲ့ Winterအတွက် ကင်မရာမီးတွေက စိတ်ပျက်စရာပင်

ချွေးတွေထွက်နေတဲ့ Winterရဲ့ လက်ကို ကိုင်ပြီး Karina ပြုံးလိုက်သည်

ပြီးတော့ Winterနားသို့ ကပ်ပြီး

"ချစ်တယ် Minjeong တို့အသက်ထက် မင်းကို ပိုချစ်တယ် "

"ဘယ်...ဘယ်လို "

"ကင်မရာတွေကို ဂရုစိုက်မနေနဲ့ တို့မင်းကို ချစ်တယ် "

Karinaမှာ naevis clubအကြောင်းမေးနေတဲ့ သတင်းထောက်တွေကို လျစ်လျူရှုပြီး Winterကို ချစ်ကြောင်းဘဲ ရပ်ပြောနေသည်

"ငါလည်း နင့်ကိုချစ်တယ် "

Karinaမှာ Winter စကားကြောင့် ပြုံးပြီး Winterရဲ့ လက်ကို ပြွတ်ခနဲနမ်းလိုက်သည်

သတင်းထောက်တွေမှာ ထို momentကို ဓာတ်ပုံအမိအရရိုက်ထားလေသည်

"တို့ကို ဒီဖွင့်ပွဲတက်အောင်လို့ ပြောခဲ့လို့ တို့မိဘတွေတော့ မင်းကို ကျေးဇူးတင်နေတော့မှာဘဲ

Karinaက ပြုံးပြီး ပြောသော်လည်း အပြုံးတွေက ဝမ်းနည်းနေပုံပေါ်သည်

ဘာလို့လဲဆိုတော့ ဒီ clubကို သူ့မိဘတွေကဖွင့်ချင်ခဲ့တာလေ ဒီတော့ Karina တစ်ယောက် သူ့မိဘတွေကို သတိရနေပြီး ဝမ်းနည်းနေရောပေါ့

"တကယ် ဂုဏ်ယူနေမှာပေါ့ ..."

Winterမှာ Karinaရဲ့ ပါးလေးကို ကိုင်ပြီး ပြောလိုက်သည်

သတင်းထောက်တွေမှာ Jiminjeong အတွဲရဲ့ လှုပ်ရှားမှုတိုင်းကို ဓာတ်ပုံရိုက်ယူနေသည်

ထို့နောက် Minnieနဲ့အတူ Clubထဲသို့ ဝင်လာသည်

"Karinaနဲ့ Winter ဒီကိုရောက်လာပေးလို့ ကျေးဇူးတင်ပါတယ် "

Minnieမှာ Karinaတို့ကို ကျေးဇူးတင်စကားပြောသည်

'ဒီမှာ bandတွေရော အဆိုတော်တွေ မင်းသားမင်းသမီးတွေ အများကြီး အစုံသုပ်ရှိနေတယ် ..."

"ငါလည်း သီချင်းဆိုချင်တယ် "

Karinaမှာ Winterရဲ့ လက်ကို ကိုင်ပြီး

"မဆိုရဘူး Noနော် Minjeong "

Minnie မှာ Karina စကားကြောင့် Winterကို လှမ်းကြည့်တော့ Winterမှာ အလိုမကျလို့ နှုတ်ခမ်းထော်လေသည်

"VIP စားပွဲခုံတွေမှာ celeတွေ အများကြီးရောက်နေပြီ ဝင်ပေါက်မှာကတည်းက သူတို့ကို maskတွေပေးထားတာ Yuqiကလည်း အဲ့အကြံကို သဘောကျနေတာ Celeတွေက ဓာတ်ပုံမရိုက်ခင်ထိ maskတပ်ပြီး လျှောက်သွားနေကြတာရယ် မနက်ပိုင်း clubမပိတ်ခင်ထိတော့ အနည်းဆုံးနှစ်နာရီလောက် နေပေးသွားနော် "

"ဟယ် မနက်ထိဖွင့်တာလား "

"ဟုတ်တယ် Winter "

Minnieကပြောပြီး Winterတို့ကို maskပေးသည်

Winterတို့လည်း Mask ဝတ်ပြီး အတွင်းပိုင်းထိ ဝင်လာကြသည်

တိုင်ဖက်ကနေကြသူ အဖော်အချွတ်မယ်တွေရယ် အရက်သောက်ပြီး sex လုပ်နေကြသူတွေကို Winter တအံ့တသြနဲ့ ကြည့်နေသည်

Winterမှာ လူတွေစည်ကားနေတာကြည့်ပြီး ဒီ clubကြီးက ပိုပြီးအောင်မြင်လာမှာဘဲလို့ တွေးမိသည်

"မင်း ဘယ်လိုထင်လဲ "

"clubထဲ လိင်ဆက်ဆံနေတဲ့သူတွေ အများကြီးနော် "

Winterရဲ့ စကားကြောင့် Karina ရယ်ပြီး Winter ခါးကို ဆွဲဖက်ကာ သူ့အနားသို့ ဆွဲခေါ်လိုက်သည်

"မင်းလည်း သဘောကျတယ်မဟုတ်လား "

Karinaမှာ Winterကို နမ်းမလို့လုပ်တုံး Yizhuoက ရောက်လာပြီး Winter ပခုံးကို ဖက်လိုက်သောကြောင့် Karinaမှာ ဘာလုပ်ရမှန်းမသိ feel ငုတ်သွားတယ်

"Yizhuo နင် အရမ်းမိုက်တာဘဲ "

"နင်ရောဘဲ Win "

"Yizhuo "

Karinaမှာ နှုတ်ခမ်းကို တင်းတင်းစေ့ပြီး Yizhuo နာမည်ကို ခေါ်လိုက်သည်

"Karina... "

Yizhuoကလည်း ခပ်တည်တည်ပင် Karinaရဲ့ နာမည်ကို ပြန်ခေါ်လိုက်တယ်

"ဒီည ပြဿနာမရှာနဲ့နော် "

"Excuse me "

Karinaကို Yizhuoက ခါးထောက်ပြီး ရန်လုပ်လေသည်

"မင့်ကြည့်ရတာ.... "

Winterမှာ Karina ဆက်မပြောနိုင်အောင် ပါးစပ်ကို လက်နဲ့အမြန်လှမ်းအုပ်ရသည်

"တကယ်တော့ နင်က အရမ်းလန်းပြီး မိုက်နေတော့ Karinaတစ်ယောက် စိတ်လှုပ်ရှားသွားတာရယ် "

Winter စကားကြောင့် Yizhuoမှာ သူ့ဆံပင်ကို ခါလိုက်ပြီး

"ဖြစ်သင့်ပါတယ်လေ "

"ဒီည ဘာဒရာမာ ဇာတ်လမ်းတွေ ဘာဆိုဘာမှမလိုချင်ဘူးနော် "

Karinaမှာ Winterရဲ့ လက်ကြားထဲကနေ ရအောင်အော်လိုက်သေးသည်

"ဘာကတိမှမပေးဘူးနော် Karina "

"Yi..."

Karinaမှာ ပြောမလို့ရှိသေး Yuqiက ရောက်လာသည်

"Karinaတို့ ရောက်လာပြီလား...အိုး ငါတို့တွေ့ဖူးလား "

Yuqiမှာ Karinaကို နှုတ်ဆက်ပြီး Yizhuoကို တွေ့တော့ ပါးစပ်အဟောင်းသား ဖြစ်သွားတယ်

"သူက Aeriရဲ့ မိန်းမ Yizhuo တဲ့ "

Karinaက ဝင်ပြီး မိတ်ဆက်ပေးလိုက်တယ်

Yuqiမှာ Yizhuoလက်ကို နမ်းပြီး နှုတ်ဆက်လိုက်သည်

"တွေ့ရတာ ဝမ်းသာပါတယ် "

Yizhuoမှာ Yuqiအပြုအမူကြောင့် Karinaကို တစ်ချက်ကြည့်လိုက်သည်

"ဟုတ် အတူတူပါဘဲ ဒါနဲ့ ရှင်က "

"Yuqi...Karinaရဲ့ လက်ထောက်အသစ်ပါ "

"Aww...Aeriနေရာ ရောက်လာတဲ့သူကိုး Naevis clubကို ပြီးအောင် ကြိုးစားပေးလို့ ကျေးဇူးပါ "

"စိတ်မရှိဘူးဆိုရင် Yizhuoနဲ့ စကားပြောချင်တယ် ရလား "

Karinaမှာ သူ့စကားတွေကို မျိုသိပ်ထားနေစဥ် Winterမှာ အံ့သြနေတဲ့ သူ့သူငယ်ချင်းကို ကြည့်နေသည်

"ကျွန်မ ဒီကိုရောက်လာတာက Winterကို အဖော်ပြုပေးပြီး ပျော်ဖို့အတွက်ပါ ကျွန်မရဲ့ မိန်းမအကြောင်း မပြောချင်ဘူး "

"Aww သူ့အကြောင်းမပြောပါဘူး တစ်ခြားအကြောင်း ပြောကြမယ်လေ "

"Yuqi နင်နဲ့စကားပြောစရာရှိတယ် "

"Sure...Yizhuo မင်းကို ကိုယ်လာရှာမယ်နော် "

Karina မှာ Yuqiကို ပ ထုတ်သွားသောအခါ

"Yuqiက ထူးဆန်းပေမယ့် ငါတော့ သူ့ကိုသဘောကျတယ် "

"ငါက Aeriရဲ့ မိန်းမဆိုတာ သိရက်နဲ့ ဘာလို့ စကားပြောချင်ရတာလဲ ငါနဲ့လေ "

"အဲ့တာကြောင့် Jiminက သူ့ကို ခေါ်ထုတ်သွားတာလေ ပရိယာယ်ကြွယ်တယ်မဟုတ်လား "

"အဲ့တာအပြင် Mannerလည်း မရှိဘူး "

Yizhuoရဲ့ စကားကြောင့် Winter ရယ်လိုက်သည်

ထို့နောက် နှစ်ယောက်သား အရက်သောက်ဖို့ barကို သွားလေသည်

#tbc

#zawgyi
"တော်တော့ Jimin "

"တို့မှ မကြိုက်တာ "










"ငါ သိပါတယ် "













"ဘယ်...ဘယ်လို "









"တကယ် ဂုဏ်ယူနေမှာပေါ့ ..."












"ဟယ် မနက်ထိဖွင့်တာလား "

"ဟုတ်တယ် Winter "





"မင်း ဘယ်လိုထင်လဲ "






"နင်ရောဘဲ Win "

"Yizhuo "


"Karina... "


"ဒီည ပြဿနာမရှာနဲ့နော် "

"Excuse me "


"မင့်ကြည့်ရတာ.... "




"ဖြစ်သင့်ပါတယ်လေ "




"Yi..."







"တွေ့ရတာ ဝမ်းသာပါတယ် "


















#tbc

Bạn đang đọc truyện trên: Truyen3h.Co