Part 23
Winter စိတ်ပြေလက်ပျောက်ဖြစ်ဖို့ အဝတ်အစားလဲပြီး အခန်းထဲက ထွက်လာသည်
သူ့အခန်းရှေ့တွင် Mikeနဲ့ body guard တစ်ချို့ စောင့်နေကြတာကို တွေ့ရသည်
တစ်ချို့ bodyguardတွေက အသစ်ဖြစ်နေလို့ သူတို့ကို မြင်တွေ့ရတာ Winter သိပ်ပြီး နေသားမကျဘူး ဖြစ်နေတယ်
"ငါ့မိန်းမရော ဘယ်မှာလဲ "
Winterမှာ Mikeကို မေးလိုက်သည်
"Karinaက အောက်မှာ Yuqiရယ် Minnieနဲ့အတူ အစည်းအဝေးလုပ်နေတယ် "
Mikeက ပြောရင်း Winterကို အကဲခတ်လိုက်သည်
"အပြင်သွားမလို့လား "
"Taeyeonနဲ့ တွေ့မလို့ "
"Taeyeonလည်း Karinaတို့နဲ့ Meeting လုပ်နေတယ် ..."
"အာ မှားလို့ Yizhuoကို သွားတွေ့မလို့ Yizhuoနဲ့သွားတွေ့ပြီး shopping ထွက်မလို့ရယ် "
Mikeမှာ Winterကို မသင်္ကါတဲ့ မျက်လုံးနဲ့ ကြည့်လိုက်ပေမယ့်လည်း ခေါင်းညိတ်ပြလိုက်တယ်
"ကောင်းပြီလေ ကားကလည်း အသင့်ဖြစ်နေပါပြီ "
"အာ..ရ ရပါတယ် ငါ့ဘာသာငါ တစ်ယောက်တည်း သွားလိုက်မယ် ငါတို့က ပဲရစ်ကို ရောက်နေတာ မဟုတ်လား ဒီတော့ ငါအဆင်ပြေပါတယ် "
Winterက ပြောပြီး ဓာတ်လှေကားဘက်ကို သွားလိုက်သည်
အနက်ရောင် Suitဝတ်ထားတဲ့ သက်တော်စောင့်တွေကလည်း Winterနောက်ကို လိုက်လာကြသည်
ဓာတ်လှေကားထဲထိ လိုက်လာကြလို့ Winter တစ်ယောက် သက်ပြင်းချနေရပြီ
"သက်ပြင်းမချနဲ့ Winter...ပဲရစ်မကလို့ ဘယ်ရောက်နေနေ မင်းရော ငါတို့ရော လုံခြုံဖို့အတွက် အရေးကြီးတယ် ငါပြောချင်တာသိတယ်မဟုတ်လား "
Mikeပြောတာ မှန်ပေမယ့်လည်း နိုင်ငံခြားထိ သက်တော်စောင့် တစ်သီတစ်သန်းကြီးနဲ့ အပြင်သွားရတာမျိုး လူတွေကကြည့်နေကြတာမျိုး Winter မလိုချင်ဘူးဖြစ်နေတယ် စောင့်ကြည့်ခံရတာမျိုးမဟုတ်ဘဲ Winter လွတ်လွတ်လပ်လပ်နေချင်မိသည်
"Mike...ဒီနေ့တော့ မလုပ်ပါနဲ့ "
Mike လည်း သက်ပြင်းချပြီး သူ့ဘောင်းဘီအိတ်ကပ်ထဲက ဖုန်းကို ထုတ်ယူပြီး Karinaဆီ ဖုန်းဆက်သည်
Karinaကလည်း အစည်းအဝေးလုပ်နေရင်းတောင် Mikeဆီက ဖုန်းဝင်လာတော့ ချက်ချင်း ကိုင်လိုက်သည်
"Winterက အပြင်ကို တစ်ယောက်တည်း သွားချင်လို့တဲ့ "
Mikeက ပြောပြီး ဖုန်းကို Winterဆီ ပေးလိုက်သည်
"Jimin... ငါ ပဲရစ်မြို့ထဲ လျှောက်သွားမလို့ရယ် အဲ့တာမို့လို့ သူတို့ကို ငါ့နောက် မလိုက်စေချင်ဘူး "
"ဘာလို့လဲ "
Karinaက မေးလိုက်တယ်
"ဘာလို့လဲဆိုတော့ ငါက ငါ ပီသအောင်လေး နေကြည့်ချင်လို့ "
"ဒါက မင်းလုံခြုံ "
"ဒီနေ့ ငါ့အတွက် နေရာလေး လိုအပ်နေလို့ပါ Jiminရယ် "l
"ဘာဖြစ်နေတာလဲ "
"ဘာမှမဖြစ်ပါဘူး ငါ ဒီတိုင်း တွေ့ချင်တာလေးတွေ ရှိနေလို့ "
Karinaမှာ ဘာမှပြန်မပြောဘဲ စက္ကန့်အတော်ကြာထိ တိတ်ဆိတ်သွားတယ်
"Mikeကို ဖုန်းပြန်ပေးလိုက် "
Winter လည်း Mikeကို ဖုန်းပြန်ပေးပြီး ဓာတ်လှေကားလည်း ပွင့်လာရော ဓာတ်လှေကားထဲကနေ ထွက်လာလိုက်သည်
Winter သူ့နောက်ကို သက်တော်စောင့်တွေ လိုက်လာသေးလားလို့ လှည့်ကြည့်တော့ Mike တစ်ယောက်တည်းကိုသာ တွေ့ရသည်
Mikeကလည်း အနီးကပ်လိုက်လာတာမျိုး ကပ်နေတာမျိုး မဟုတ်ဘဲ မလှမ်းမကမ်းကနေ Winterကို ကြည့်နေတယ်
Winterလည်း နောက်ပြန်လှည့်လာပြီး Mikeဆီကို သွားလိုက်သည်
"Mike ငါတကယ်..."
'အင်း ငါသိတယ် Karinaလည်း မင်းကို နားလည်ပေးနိုင်ဖို့ ကြိုးစားနေတယ် မင်း Karinaရဲ့ အကြောင်းလည်းသိသားနဲ့ ခါတိုင်းဆို မင်းကို ဒီလို လွယ်လွယ်နဲ့ အပြင်ထွက်ခွင့်ပေးမလား....အခု သက်တော်စောင့်တွေကိုတောင် မင်းနောက်မလိုက်ခိုင်းတော့တဲ့အထိ သူလျော့ပေးနေတာ ဒါပေမယ့် ငါကတော့ အဲ့လိုမလုပ်ပေးနိုင်ဘူး Karina မင်းအနားမရှိနေတဲ့အချိန် ငါ ရှိပေးနေမှ ဖြစ်မယ် မင်းအနားမှာ ငါမရှိသလို ခံစားရအောင် ခပ်လှမ်းလှမ်းမှာဘဲနေပေးမယ် "
Winter လည်း ပြောမရတာနဲ့ သက်ပြင်းချလိုက်သည်
"ကောင်းပြီလေ "
****
"ဘယ်တွေသွားနေတာလဲ "
Winter ဦးတည်မှုမရှိဘဲ လျှောက်သွားနေတဲ့နောက်ကို လိုက်ရင်း Mikeမှာ မေးလိုက်သည်
"ဟေး ခပ်ခွာခွာမှာဘဲနေပေးမယ်ဆို "
Winter မျက်မှောင်ကြုတ်ပြီး ပြောလိုက်တယ်
"တစ်ယောက်ယောက်နဲ့ တစ်နေရာရာမှာ ချိန်းထားတာမျိုးရှိလို့လား ငါကူရှာပေးမယ်လေ Karina ပြောသလိုမျိုး မင်းပုံစံက တစ်ခုခုဖြစ်နေတယ် "
"ဟင် Karina ပြောသလို ဟုတ်လား "
"ဟုတ်တယ် Training မှာတုံးက ပြောခဲ့တာ "
"Training... ဟုတ်လား "
Mikeရဲ့ စကားကြောင့် Winter အံ့သြသွားတယ်
Winterမှာ မျက်မှောင်ကြုတ်ပြီး Mikeဆီ လျှောင်လာသည်
"ငါနဲ့ပတ်သက်ပြီး ငါ့မိန်းမက နင့်ကို Training လုပ်ပေးတာလား "
"ဟုတ်တယ် "
"အဲ့လောက်ထိ လုပ်ဖို့ လိုအပ်လို့လားဟ "
"မင်း မကြိုက်တာတွေ မင်းဗိုက်ဆာတဲ့အချိန်တွေ မင်းနဲ့မတည့်တဲ့အရာတွေ မင်းစိတ်တိုတဲ့အခါ ဘယ်လိုလုပ်တယ် မင်း ပျော်တဲ့အခါ ဘယ်လိုအပြုအမူတွေဖြစ်လာတယ် မင်း စိတ်လှုပ်ရှားလာတဲ့အခါ ဘယ်လို ပြုမူတတ်တာတွေ..."
"Ok Ok တော်လိုက်တော့ ငါသိပြီ....ဟူး ပေါက်ကရ အထူးအဆန်းတွေဘဲ "
Winterရဲ့ စကားကြောင့် Mikeမှာ ရယ်လိုက်တယ်
"ဟုတ်ပါ့ Karinaက မင်းနဲ့ ပတ်သက်ရင် အရူးလိုဘဲ psychoဖြစ်နေတဲ့ လူ တစ်ယောက်လိုပေါ့...ဒါပေမယ့် ငါ သူ့ကို လေးစားပါတယ် သူချစ်တဲ့သူနဲ့ပတ်သက်ပြီး သူ့ရဲ့ပြင်းပြတဲ့ အချစ်စိတ်ကို ငါတကယ်လေးစားတယ်ရယ် "
Winterလည်း ဘာပြောရမှန်းမသိလို့ လမ်းဆက်လျှောက်လိုက်သည်
Mikeက သူ့ဘေးနားကနေ လိုက်လာပေမယ့်လည်း Winter ဘာမှမပြောတော့ပေ
"အရင်ကရော သူက အဲ့လိုဘဲလား သူ အသက်နှစ်ဆယ့်တစ်နှစ်မှာ သူ့မိသားစုအလုပ်ကို လက်လွှဲယူတဲ့အချိန်ကနေစပြီး သူ့ဆီ ငါအလုပ် စလုပ်ပေးခဲ့တာလေ '
Mikeက Winterကို မေးလိုက်သည်
"ငယ်ငယ်တုံးကတော့ သူ့ရဲ့ possessive ဆန်မှုက ချစ်ဖို့ကောင်းခဲ့တာပေါ့ဟာ ချစ်စရာကောင်းခဲ့တာပေါ့ ဒါပေမယ့် အခုတော့ လွန်လာသလို ခံစားလာရတယ် အဲ့လိုခံစားရပေမယ့်လည်း ငါ သူ့ကို နားလည်ပေးနိုင်ဖို့ ကြိုးစားကြည့်နေပါတယ် "
"နင်နဲ့သူ အတူရှိနေချိန်မျိုးဆို ငါအရမ်းသဘောကျတာ "
Mikeက ပြုံးပြီး ပြောလိုက်တယ်
"ငါနဲ့အတူရှိတဲ့အခါကျ သူက မဆိုးလို့ မကြမ်းတမ်းတော့လို့ မဟုတ်လား "
Winter ရယ်ပြီး မေးလိုက်တယ်
"အဲ့တာတော့ ဟုတ်တယ် ဟားဟား...ဒါပေမယ့် အဲ့တာအပြင် မင်းနဲ့ အတူရှိနေတဲ့အခါတိုင်း သူပျော်နေတာတွေ စိတ်သက်တောင့်သက်သာဖြစ်နေတာတွေ ငါ မြင်နေရတယ်လေ '
Mikeရဲ့ စကားတွေကြောင့် Winter ရှက်လာတယ်
"တကယ်လား Mike "
"ဟုတ်တယ် တကယ်ပြောနေတာ "
ထိုစဥ် Mikeဖုန်းက အသံမြည်လာသောကြောင့် Mikeမှာ စကားပြောနေရာက ရပ်ပြီး ဖုန်းကို ထုတ်ကြည့်လိုက်သည်
ထို့နောက် စာတစ်ချို့ကို ရိုက်နေသည်
"Winter ရေခဲမုန့်စားချင်လား "
"yeah ...ဒါနဲ့ အဲ့တာက Jimin မေးခိုင်းတာလား "
"ဟုတ်ပါ့ဗျာ အဲ့တာအပြင် Kim Winter စိတ်တိုတဲ့အခါ ဘာလုပ်တယ်ဆိုတာလဲ လေ့လာခဲ့ရသေး '
"မယုံနိုင်စရာဘဲ "
"မင်း "
"ဘာလဲ "
"စိတ်တိုနေတာလား "
Winter မှာ ဘာဖြေရမလဲဆိုတာ စဥ်းစားနေတယ် သူအမှန်တိုင်းဖြေလိုက်ရင် Mikeက Karinaကို ပြန်ပြောမှာလေ
"တစ်ခုခုက မင်းကို အနှောင့်အယှက်ပေးနေသလိုဘဲ မင်းစိတ်ကို ဖတ်ရတာလွယ်ပါတယ် Winterရာ "
"yah မတရားလိုက်တာ "
Winter စကားကြောင့် Mike ရယ်လိုက်သည်
"ဒီအတိုင်း ညက အိပ်မက်ဆိုးမက်ခဲ့လို့ရယ် ဒါပါဘဲ "
"မင်းရဲ့မိန်းမကို ပြောပြသင့်တယ်ထင်တယ် '
"ဟင့်အင်း မပြောချင်ဘူး အဲ့ကိစ္စနဲ့ ပတ်သက်ပြီး သူ့ကို စိတ်မပူစေချင်ဘူးရယ် ..."
"Karinaက မင်းနဲ့ပတ်သက်သမျှ အားလုံးကို စိတ်ပူတာ သိရက်နဲ့ "
"အခုမှ ငါတို့က ပြန်အဆင်ပြေလာတာ မဟုတ်တဲ့အရာတွေကြောင့် ပျက်စီးသွားမှာဆိုးတယ် Mike "
"မင်းက တကယ် ခေါင်းမာတာဘဲ "
"ငါတို့ပြောသမျှအားလုံး နင် Karinaကို ပြန်ပြောမယ်ဆိုတာ ငါသိတယ် Mike "
"အားနာပေမယ့် အဲ့တာ ငါ့အလုပ်ဘဲလေ Winter "
"အင်း သိပါတယ် ငါပြောတာ နားထောင်ပေးလို့ ကျေးဇူးပါ "
"ရပါတယ် "
နောက်တော့ Mikeနဲ့Winterတို့ ရေခဲမုန့်ဝယ်စားရင်း စကားတွေပြောဖြစ်ကြသည်
နှစ်ယောက်သားရယ်မော စကားပြောရင်း သူတို့နေရာကိုပြန်
ရောက်တော့ Karinaကို တွေ့လိုက်တာနဲ့ Mikeမှာ ရေခဲမုန့်ကို အမှိုက်ပုံးထဲ ထည့်လိုက်ပြီး ရုပ်ပြန်တည်သွားသည်
Mikeအပြုအမူကြောင့် Winter မျက်မှောင်ကြုတ်သွားတယ်
"အရမ်း ပျော်နေတာပေါ့ "
"ဟုတ်တယ် Jimin ငါတို့ပျော်နေတာ "
Winter စကားကြောင့် Karinaမှာ Mike ကို တစ်ချက်ကြည့်လိုက်သည်
Mikeကလည်း Karinaကို ဦးညွှတ်နှုတ်ဆက်ပြီး ခပ်ခွာခွာကို သွားလိုက်တယ်
"နင်ဘဲ သူ့ကို ငါ့နောက်လိုက်ခိုင်းတာလေ ငါတို့ သာမန်လို စကားပြောပြီး ရယ်မောနေတာကို နင်က ဘာဖြစ်နေတာလဲ "
"သူ့အလုပ်က မင်းကို လုံခြုံအောင်ထားဖို့ စောင့်ကြည့်ပေးဖို့လေ သူငယ်ချင်းဖြစ်ပေးဖို့မှ မဟုတ်တာ "
"နင်က တကယ် မကောင်းတဲ့သူဘဲ "
Winterမှာ ပြောပြီး ဓာတ်လှေကားထဲ ဝင်ဖို့လုပ်ပေမယ့် သက်တောင့်စောင့်တွေက ပိတ်ရပ်နေသည်
"Baby "
"မနာလိုလို့ Mikeကို အပြစ်ပေးလို့မရဘူးနော် Jimin သူက ငါပြောတဲ့စကားတွေကို နားထောင်ပေးရုံဘဲ ဒါဘဲ "
Karinaမှာ အံကြိတ်ထားမိသည်
"ပြီးတော့ သူ့ကို ငါ့အခြေအနေသိရအောင် trainပေးထားတာလည်း နင်ဘဲနော် Jimin အဲ့တော့ ငါ့ကို ကလေးထိန်းပေးဖို့ ထရိန်းပေးခဲ့တဲ့ နင့်Mikeကို အပြစ်ပေးဖို့ မကြိုးစားနဲ့ Jimin..."
"Minjeong please "
Winter သူ့အခန်းထဲ ရောက်တော့ Tvရီမုကို နှိပ်ကာ ဖွင့်လိုက်သည်
"မနက်က ငါ အိမ်မက်ဆိုးမက်ခဲ့တယ် နိုးလာတော့ ကြောက်ပြီး ငိုမိတယ် အဲ့အကြောင်းကို Mikeကို ငါရင်ဖွင့်ဖြစ်တယ် သူနင့်ကို အကုန်ပြောပြမှာ သိလို့ သူမပြောခင် နင်သိရအောင် ငါကိုယ်တိုင် နင့်ကိုပြောပြလိုက်ပြီ Jimin "
"မင်း တို့ကို မနက်ကတည်းက ပြောပြသင့်တာကို "
"နင်က အစည်းအဝေးလုပ်နေတယ်လေ "
"အစည်းအဝေးထဲရောက်နေလည်း ဂရုမစိုက်ဘူး မင်းက တို့မိန်းမဘဲကို "
"နင့်မှာ တစ်ခြား ဦးစားပေးစရာတွေရှိနေတာကို "
"မင်းက တို့ရဲ့ ပထမဦးစားပေးဘဲ Minjeong "
Winterမှာ Karinaကို ကြည့်ရင်း မငိုမိအောင် ထိန်းထားရတယ်
"ငါ အဲ့လိုတွေထပ်ဖြစ်မှာကို ကြောက်တယ် ငါ သူ့မျက်လုံးတွေကို ထပ်မကြည့်နိုင်တော့ဘူး နင့်မိသားစုတွေ မသေခင် ငါ့ကိုကြည့်နေတဲ့ မျက်ဝန်းတွေကို ထပ်မတွေ့ချင်တော့ဘူး "
"တို့ သူတို့ကို လိုက်ရှာမယ် လိုက်ရှာပြီး အကုန်လုံးကို သတ်ပစ်မယ် "
Winter မှာ Karinaကို ဖက်လိုက်ပြီး
"မလုပ်ရပါဘူး နင်ဘဲ ငါ့ကိုထားမသွားဘူးလို့ ကတိပေးထားတယ်လေ Jimin "
"တို့ မင်းကို ထားမသွားပါဘူး "
"ထပ်ပြီး အဲ့underworldထဲ မသွားပါနဲ့တော့ Jimin ရယ် နင့်ကို သတ်နိုင်ဖို့ အခွင့်အရေး သူတို့ကို မပေးစမ်းပါနဲ့ "
"တို့ ဘာလုပ်ရမလဲ မသိတော့ဘူး Minjeong "
"အားလုံးအဆင်ပြေသွားမှာပါလို့ ငါ့ကိုပြောပေး....ငါ့အနားက မကောင်းဆိုးဝါး ထွက်သွားတဲ့အထိ ငါ့ကို ဖက်ထားပေးပါ "
Karinaမှာ သက်ပြင်းချပြီး Winter ကို ဖက်လိုက်သည်
"အားလုံးအဆင်ပြေသွားမှာပါ Minjeong "
#tbc
#zawgyi
Winter စိတ္ေျပလက္ေပ်ာက္ျဖစ္ဖို႔ အဝတ္အစားလဲၿပီး အခန္းထဲက ထြက္လာသည္
သူ႕အခန္းေရွ႕တြင္ Mikeနဲ႕ body guard တစ္ခ်ိဳ႕ ေစာင့္ေနၾကတာကို ေတြ႕ရသည္
တစ္ခ်ိဳ႕ bodyguardေတြက အသစ္ျဖစ္ေနလို႔ သူတို႔ကို ျမင္ေတြ႕ရတာ Winter သိပ္ၿပီး ေနသားမက်ဘဴး ျဖစ္ေနတယ္
"ငါ့မိန္းမေရာ ဘယ္မွာလဲ "
Winterမွာ Mikeကို ေမးလိုက္သည္
"Karinaက ေအာက္မွာ Yuqiရယ္ Minnieနဲ႕အတူ အစည္းအေဝးလုပ္ေနတယ္ "
Mikeက ေျပာရင္း Winterကို အကဲခတ္လိုက္သည္
"အျပင္သြားမလို႔လား "
"Taeyeonနဲ႕ ေတြ႕မလို႔ "
"Taeyeonလည္း Karinaတို႔နဲ႕ Meeting လုပ္ေနတယ္ ..."
"အာ မွားလို႔ Yizhuoကို သြားေတြ႕မလို႔ Yizhuoနဲ႕သြားေတြ႕ၿပီး shopping ထြက္မလို႔ရယ္ "
Mikeမွာ Winterကို မသကၤါတဲ့ မ်က္လုံးနဲ႕ ၾကည့္လိုက္ေပမယ့္လည္း ေခါင္းညိတ္ျပလိုက္တယ္
"ေကာင္းၿပီေလ ကားကလည္း အသင့္ျဖစ္ေနပါၿပီ "
"အာ..ရ ရပါတယ္ ငါ့ဘာသာငါ တစ္ေယာက္တည္း သြားလိုက္မယ္ ငါတို႔က ပဲရစ္ကို ေရာက္ေနတာ မဟုတ္လား ဒီေတာ့ ငါအဆင္ေျပပါတယ္ "
Winterက ေျပာၿပီး ဓာတ္ေလွကားဘက္ကို သြားလိုက္သည္
အနက္ေရာင္ Suitဝတ္ထားတဲ့ သက္ေတာ္ေစာင့္ေတြကလည္း Winterေနာက္ကို လိုက္လာၾကသည္
ဓာတ္ေလွကားထဲထိ လိုက္လာၾကလို႔ Winter တစ္ေယာက္ သက္ျပင္းခ်ေနရၿပီ
"သက္ျပင္းမခ်နဲ႕ Winter...ပဲရစ္မကလို႔ ဘယ္ေရာက္ေနေန မင္းေရာ ငါတို႔ေရာ လုံၿခဳံဖို႔အတြက္ အေရးႀကီးတယ္ ငါေျပာခ်င္တာသိတယ္မဟုတ္လား "
Mikeေျပာတာ မွန္ေပမယ့္လည္း နိုင္ငံျခားထိ သက္ေတာ္ေစာင့္ တစ္သီတစ္သန္းႀကီးနဲ႕ အျပင္သြားရတာမ်ိဳး လူေတြကၾကည့္ေနၾကတာမ်ိဳး Winter မလိုခ်င္ဘူးျဖစ္ေနတယ္ ေစာင့္ၾကည့္ခံရတာမ်ိဳးမဟုတ္ဘဲ Winter လြတ္လြတ္လပ္လပ္ေနခ်င္မိသည္
"Mike...ဒီေန႕ေတာ့ မလုပ္ပါနဲ႕ "
Mike လည္း သက္ျပင္းခ်ၿပီး သူ႕ေဘာင္းဘီအိတ္ကပ္ထဲက ဖုန္းကို ထုတ္ယူၿပီး Karinaဆီ ဖုန္းဆက္သည္
Karinaကလည္း အစည္းအေဝးလုပ္ေနရင္းေတာင္ Mikeဆီက ဖုန္းဝင္လာေတာ့ ခ်က္ခ်င္း ကိုင္လိုက္သည္
"Winterက အျပင္ကို တစ္ေယာက္တည္း သြားခ်င္လို႔တဲ့ "
Mikeက ေျပာၿပီး ဖုန္းကို Winterဆီ ေပးလိုက္သည္
"Jimin... ငါ ပဲရစ္ၿမိဳ႕ထဲ ေလွ်ာက္သြားမလို႔ရယ္ အဲ့တာမို႔လို႔ သူတို႔ကို ငါ့ေနာက္ မလိုက္ေစခ်င္ဘူး "
"ဘာလို႔လဲ "
Karinaက ေမးလိုက္တယ္
"ဘာလို႔လဲဆိုေတာ့ ငါက ငါ ပီသေအာင္ေလး ေနၾကည့္ခ်င္လို႔ "
"ဒါက မင္းလုံၿခဳံ "
"ဒီေန႕ ငါ့အတြက္ ေနရာေလး လိုအပ္ေနလို႔ပါ Jiminရယ္ "l
"ဘာျဖစ္ေနတာလဲ "
"ဘာမွမျဖစ္ပါဘူး ငါ ဒီတိုင္း ေတြ႕ခ်င္တာေလးေတြ ရွိေနလို႔ "
Karinaမွာ ဘာမွျပန္မေျပာဘဲ စကၠန့္အေတာ္ၾကာထိ တိတ္ဆိတ္သြားတယ္
"Mikeကို ဖုန္းျပန္ေပးလိုက္ "
Winter လည္း Mikeကို ဖုန္းျပန္ေပးၿပီး ဓာတ္ေလွကားလည္း ပြင့္လာေရာ ဓာတ္ေလွကားထဲကေန ထြက္လာလိုက္သည္
Winter သူ႕ေနာက္ကို သက္ေတာ္ေစာင့္ေတြ လိုက္လာေသးလားလို႔ လွည့္ၾကည့္ေတာ့ Mike တစ္ေယာက္တည္းကိုသာ ေတြ႕ရသည္
Mikeကလည္း အနီးကပ္လိုက္လာတာမ်ိဳး ကပ္ေနတာမ်ိဳး မဟုတ္ဘဲ မလွမ္းမကမ္းကေန Winterကို ၾကည့္ေနတယ္
Winterလည္း ေနာက္ျပန္လွည့္လာၿပီး Mikeဆီကို သြားလိုက္သည္
"Mike ငါတကယ္..."
'အင္း ငါသိတယ္ Karinaလည္း မင္းကို နားလည္ေပးနိုင္ဖို႔ ႀကိဳးစားေနတယ္ မင္း Karinaရဲ႕ အေၾကာင္းလည္းသိသားနဲ႕ ခါတိုင္းဆို မင္းကို ဒီလို လြယ္လြယ္နဲ႕ အျပင္ထြက္ခြင့္ေပးမလား....အခု သက္ေတာ္ေစာင့္ေတြကိုေတာင္ မင္းေနာက္မလိုက္ခိုင္းေတာ့တဲ့အထိ သူေလ်ာ့ေပးေနတာ ဒါေပမယ့္ ငါကေတာ့ အဲ့လိုမလုပ္ေပးနိုင္ဘူး Karina မင္းအနားမရွိေနတဲ့အခ်ိန္ ငါ ရွိေပးေနမွ ျဖစ္မယ္ မင္းအနားမွာ ငါမရွိသလို ခံစားရေအာင္ ခပ္လွမ္းလွမ္းမွာဘဲေနေပးမယ္ "
Winter လည္း ေျပာမရတာနဲ႕ သက္ျပင္းခ်လိဳက္သည္
"ေကာင္းၿပီေလ "
****
"ဘယ္ေတြသြားေနတာလဲ "
Winter ဦးတည္မႈမရွိဘဲ ေလွ်ာက္သြားေနတဲ့ေနာက္ကို လိုက္ရင္း Mikeမွာ ေမးလိုက္သည္
"ေဟး ခပ္ခြာခြာမွာဘဲေနေပးမယ္ဆို "
Winter မ်က္ေမွာင္ၾကဳတ္ၿပီး ေျပာလိုက္တယ္
"တစ္ေယာက္ေယာက္နဲ႕ တစ္ေနရာရာမွာ ခ်ိန္းထားတာမ်ိဳးရွိလို႔လား ငါကူရွာေပးမယ္ေလ Karina ေျပာသလိုမ်ိဳး မင္းပုံစံက တစ္ခုခုျဖစ္ေနတယ္ "
"ဟင္ Karina ေျပာသလို ဟုတ္လား "
"ဟုတ္တယ္ Training မွာတုံးက ေျပာခဲ့တာ "
"Training... ဟုတ္လား "
Mikeရဲ႕ စကားေၾကာင့္ Winter အံ့ၾသသြားတယ္
Winterမွာ မ်က္ေမွာင္ၾကဳတ္ၿပီး Mikeဆီ ေလွ်ာင္လာသည္
"ငါနဲ႕ပတ္သက္ၿပီး ငါ့မိန္းမက နင့္ကို Training လုပ္ေပးတာလား "
"ဟုတ္တယ္ "
"အဲ့ေလာက္ထိ လုပ္ဖို႔ လိုအပ္လို႔လားဟ "
"မင္း မႀကိဳက္တာေတြ မင္းဗိုက္ဆာတဲ့အခ်ိန္ေတြ မင္းနဲ႕မတည့္တဲ့အရာေတြ မင္းစိတ္တိုတဲ့အခါ ဘယ္လိုလုပ္တယ္ မင္း ေပ်ာ္တဲ့အခါ ဘယ္လိုအျပဳအမူေတြျဖစ္လာတယ္ မင္း စိတ္လႈပ္ရွားလာတဲ့အခါ ဘယ္လို ျပဳမူတတ္တာေတြ..."
"Ok Ok ေတာ္လိုက္ေတာ့ ငါသိၿပီ....ဟူး ေပါက္ကရ အထူးအဆန္းေတြဘဲ "
Winterရဲ႕ စကားေၾကာင့္ Mikeမွာ ရယ္လိုက္တယ္
"ဟုတ္ပါ့ Karinaက မင္းနဲ႕ ပတ္သက္ရင္ အ႐ူးလိုဘဲ psychoျဖစ္ေနတဲ့ လူ တစ္ေယာက္လိုေပါ့...ဒါေပမယ့္ ငါ သူ႕ကို ေလးစားပါတယ္ သူခ်စ္တဲ့သူနဲ႕ပတ္သက္ၿပီး သူ႕ရဲ႕ျပင္းျပတဲ့ အခ်စ္စိတ္ကို ငါတကယ္ေလးစားတယ္ရယ္ "
Winterလည္း ဘာေျပာရမွန္းမသိလို႔ လမ္းဆက္ေလွ်ာက္လိုက္သည္
Mikeက သူ႕ေဘးနားကေန လိုက္လာေပမယ့္လည္း Winter ဘာမွမေျပာေတာ့ေပ
"အရင္ကေရာ သူက အဲ့လိုဘဲလား သူ အသက္ႏွစ္ဆယ့္တစ္ႏွစ္မွာ သူ႕မိသားစုအလုပ္ကို လက္လႊဲယူတဲ့အခ်ိန္ကေနစၿပီး သူ႕ဆီ ငါအလုပ္ စလုပ္ေပးခဲ့တာေလ '
Mikeက Winterကို ေမးလိုက္သည္
"ငယ္ငယ္တုံးကေတာ့ သူ႕ရဲ႕ possessive ဆန္မႈက ခ်စ္ဖို႔ေကာင္းခဲ့တာေပါ့ဟာ ခ်စ္စရာေကာင္းခဲ့တာေပါ့ ဒါေပမယ့္ အခုေတာ့ လြန္လာသလို ခံစားလာရတယ္ အဲ့လိုခံစားရေပမယ့္လည္း ငါ သူ႕ကို နားလည္ေပးနိုင္ဖို႔ ႀကိဳးစားၾကည့္ေနပါတယ္ "
"နင္နဲ႕သူ အတူရွိေနခ်ိန္မ်ိဳးဆို ငါအရမ္းသေဘာက်တာ "
Mikeက ၿပဳံးၿပီး ေျပာလိုက္တယ္
"ငါနဲ႕အတူရွိတဲ့အခါက် သူက မဆိုးလို႔ မၾကမ္းတမ္းေတာ့လို႔ မဟုတ္လား "
Winter ရယ္ၿပီး ေမးလိုက္တယ္
"အဲ့တာေတာ့ ဟုတ္တယ္ ဟားဟား...ဒါေပမယ့္ အဲ့တာအျပင္ မင္းနဲ႕ အတူရွိေနတဲ့အခါတိုင္း သူေပ်ာ္ေနတာေတြ စိတ္သက္ေတာင့္သက္သာျဖစ္ေနတာေတြ ငါ ျမင္ေနရတယ္ေလ '
Mikeရဲ႕ စကားေတြေၾကာင့္ Winter ရွက္လာတယ္
"တကယ္လား Mike "
"ဟုတ္တယ္ တကယ္ေျပာေနတာ "
ထိုစဥ္ Mikeဖုန္းက အသံျမည္လာေသာေၾကာင့္ Mikeမွာ စကားေျပာေနရာက ရပ္ၿပီး ဖုန္းကို ထုတ္ၾကည့္လိုက္သည္
ထို႔ေနာက္ စာတစ္ခ်ိဳ႕ကို ရိုက္ေနသည္
"Winter ေရခဲမုန့္စားခ်င္လား "
"yeah ...ဒါနဲ႕ အဲ့တာက Jimin ေမးခိုင္းတာလား "
"ဟုတ္ပါ့ဗ်ာ အဲ့တာအျပင္ Kim Winter စိတ္တိုတဲ့အခါ ဘာလုပ္တယ္ဆိုတာလဲ ေလ့လာခဲ့ရေသး '
"မယုံနိုင္စရာဘဲ "
"မင္း "
"ဘာလဲ "
"စိတ္တိုေနတာလား "
Winter မွာ ဘာေျဖရမလဲဆိုတာ စဥ္းစားေနတယ္ သူအမွန္တိုင္းေျဖလိုက္ရင္ Mikeက Karinaကို ျပန္ေျပာမွာေလ
"တစ္ခုခုက မင္းကို အႏွောင့္အယွက္ေပးေနသလိုဘဲ မင္းစိတ္ကို ဖတ္ရတာလြယ္ပါတယ္ Winterရာ "
"yah မတရားလိုက္တာ "
Winter စကားေၾကာင့္ Mike ရယ္လိုက္သည္
"ဒီအတိုင္း ညက အိပ္မက္ဆိုးမက္ခဲ့လို႔ရယ္ ဒါပါဘဲ "
"မင္းရဲ႕မိန္းမကို ေျပာျပသင့္တယ္ထင္တယ္ '
"ဟင့္အင္း မေျပာခ်င္ဘူး အဲ့ကိစၥနဲ႕ ပတ္သက္ၿပီး သူ႕ကို စိတ္မပူေစခ်င္ဘူးရယ္ ..."
"Karinaက မင္းနဲ႕ပတ္သက္သမွ် အားလုံးကို စိတ္ပူတာ သိရက္နဲ႕ "
"အခုမွ ငါတို႔က ျပန္အဆင္ေျပလာတာ မဟုတ္တဲ့အရာေတြေၾကာင့္ ပ်က္စီးသြားမွာဆိုးတယ္ Mike "
"မင္းက တကယ္ ေခါင္းမာတာဘဲ "
"ငါတို႔ေျပာသမွ်အားလုံး နင္ Karinaကို ျပန္ေျပာမယ္ဆိုတာ ငါသိတယ္ Mike "
"အားနာေပမယ့္ အဲ့တာ ငါ့အလုပ္ဘဲေလ Winter "
"အင္း သိပါတယ္ ငါေျပာတာ နားေထာင္ေပးလို႔ ေက်းဇူးပါ "
"ရပါတယ္ "
ေနာက္ေတာ့ Mikeနဲ႕Winterတို႔ ေရခဲမုန့္ဝယ္စားရင္း စကားေတြေျပာျဖစ္ၾကသည္
ႏွစ္ေယာက္သားရယ္ေမာ စကားေျပာရင္း သူတို႔ေနရာကိုျပန္
ေရာက္ေတာ့ Karinaကို ေတြ႕လိုက္တာနဲ႕ Mikeမွာ ေရခဲမုန့္ကို အမွိုက္ပုံးထဲ ထည့္လိုက္ၿပီး ႐ုပ္ျပန္တည္သြားသည္
Mikeအျပဳအမူေၾကာင့္ Winter မ်က္ေမွာင္ၾကဳတ္သြားတယ္
"အရမ္း ေပ်ာ္ေနတာေပါ့ "
"ဟုတ္တယ္ Jimin ငါတို႔ေပ်ာ္ေနတာ "
Winter စကားေၾကာင့္ Karinaမွာ Mike ကို တစ္ခ်က္ၾကည့္လိုက္သည္
Mikeကလည္း Karinaကို ဦးၫႊတ္ႏႈတ္ဆက္ၿပီး ခပ္ခြာခြာကို သြားလိုက္တယ္
"နင္ဘဲ သူ႕ကို ငါ့ေနာက္လိုက္ခိုင္းတာေလ ငါတို႔ သာမန္လို စကားေျပာၿပီး ရယ္ေမာေနတာကို နင္က ဘာျဖစ္ေနတာလဲ "
"သူ႕အလုပ္က မင္းကို လုံၿခဳံေအာင္ထားဖို႔ ေစာင့္ၾကည့္ေပးဖို႔ေလ သူငယ္ခ်င္းျဖစ္ေပးဖို႔မွ မဟုတ္တာ "
"နင္က တကယ္ မေကာင္းတဲ့သူဘဲ "
Winterမွာ ေျပာၿပီး ဓာတ္ေလွကားထဲ ဝင္ဖို႔လုပ္ေပမယ့္ သက္ေတာင့္ေစာင့္ေတြက ပိတ္ရပ္ေနသည္
"Baby "
"မနာလိုလို႔ Mikeကို အျပစ္ေပးလို႔မရဘူးေနာ္ Jimin သူက ငါေျပာတဲ့စကားေတြကို နားေထာင္ေပး႐ုံဘဲ ဒါဘဲ "
Karinaမွာ အံႀကိတ္ထားမိသည္
"ၿပီးေတာ့ သူ႕ကို ငါ့အေျခအေနသိရေအာင္ trainေပးထားတာလည္း နင္ဘဲေနာ္ Jimin အဲ့ေတာ့ ငါ့ကို ကေလးထိန္းေပးဖို႔ ထရိန္းေပးခဲ့တဲ့ နင့္Mikeကို အျပစ္ေပးဖို႔ မႀကိဳးစားနဲ႕ Jimin..."
"Minjeong please "
Winter သူ႕အခန္းထဲ ေရာက္ေတာ့ Tvရီမုကို ႏွိပ္ကာ ဖြင့္လိုက္သည္
"မနက္က ငါ အိမ္မက္ဆိုးမက္ခဲ့တယ္ နိုးလာေတာ့ ေၾကာက္ၿပီး ငိုမိတယ္ အဲ့အေၾကာင္းကို Mikeကို ငါရင္ဖြင့္ျဖစ္တယ္ သူနင့္ကို အကုန္ေျပာျပမွာ သိလို႔ သူမေျပာခင္ နင္သိရေအာင္ ငါကိုယ္တိုင္ နင့္ကိုေျပာျပလိုက္ၿပီ Jimin "
"မင္း တို႔ကို မနက္ကတည္းက ေျပာျပသင့္တာကို "
"နင္က အစည္းအေဝးလုပ္ေနတယ္ေလ "
"အစည္းအေဝးထဲေရာက္ေနလည္း ဂ႐ုမစိုက္ဘူး မင္းက တို႔မိန္းမဘဲကို "
"နင့္မွာ တစ္ျခား ဦးစားေပးစရာေတြရွိေနတာကို "
"မင္းက တို႔ရဲ႕ ပထမဦးစားေပးဘဲ Minjeong "
Winterမွာ Karinaကို ၾကည့္ရင္း မငိုမိေအာင္ ထိန္းထားရတယ္
"ငါ အဲ့လိုေတြထပ္ျဖစ္မွာကို ေၾကာက္တယ္ ငါ သူ႕မ်က္လုံးေတြကို ထပ္မၾကည့္နိုင္ေတာ့ဘူး နင့္မိသားစုေတြ မေသခင္ ငါ့ကိုၾကည့္ေနတဲ့ မ်က္ဝန္းေတြကို ထပ္မေတြ႕ခ်င္ေတာ့ဘူး "
"တို႔ သူတို႔ကို လိုက္ရွာမယ္ လိုက္ရွာၿပီး အကုန္လုံးကို သတ္ပစ္မယ္ "
Winter မွာ Karinaကို ဖက္လိုက္ၿပီး
"မလုပ္ရပါဘူး နင္ဘဲ ငါ့ကိုထားမသြားဘူးလို႔ ကတိေပးထားတယ္ေလ Jimin "
"တို႔ မင္းကို ထားမသြားပါဘူး "
"ထပ္ၿပီး အဲ့underworldထဲ မသြားပါနဲ႕ေတာ့ Jimin ရယ္ နင့္ကို သတ္နိုင္ဖို႔ အခြင့္အေရး သူတို႔ကို မေပးစမ္းပါနဲ႕ "
"တို႔ ဘာလုပ္ရမလဲ မသိေတာ့ဘူး Minjeong "
"အားလုံးအဆင္ေျပသြားမွာပါလို႔ ငါ့ကိုေျပာေပး....ငါ့အနားက မေကာင္းဆိုးဝါး ထြက္သြားတဲ့အထိ ငါ့ကို ဖက္ထားေပးပါ "
Karinaမွာ သက္ျပင္းခ်ၿပီး Winter ကို ဖက္လိုက္သည္
"အားလုံးအဆင္ေျပသြားမွာပါ Minjeong "
#tbc
Bạn đang đọc truyện trên: Truyen3h.Co