Part 22
"တို့တွေ ဒီညလေးကို ပျော်ပျော် ဖြတ်သန်းသင့်တယ် မဟုတ်ဘူးလား "
Karinaရဲ့ မျက်လုံးထဲမှာ ဆာလောင်မှုတွေကို တွေ့နေရတယ် ပြီးတော့ ဒီအခန်းလေးကို ဘာကြောင့် Karinaက သုံးနေရလဲဆိုတာ Winter သိပြီလေ
Karinaက ထိုင်ချလိုက်ပြီး Winterကို သူ့ပေါင်ပေါ် ထိုင်ခိုင်းသည်
ဒါပေမယ့် Winterက Karinaကို တွန်းလွှတ်ပြီး Stripper pole ဘက်ကို သွားလိုက်သည်
Winter မှာ poleကို ကိုင်လိုက်စဥ် Karinaမှာ အသက်ပြင်းပြင်းရှုနေသည်
"Yizhuoနဲ့ ငါက အကသင်တန်းကို တက်ဖူးတယ် နင် pole danceကနေတဲ့ ငါ့ပုံစံကို တစ်ခါမှ မမြင်ဖူးဘူး မဟုတ်လား Jimin "
"မမြင်ဖူးဘူး "
Winterမှာ တိုင်ကို နှစ်ပတ်လောက် ပတ်ကပြီး တင်ပါးလေးကို လှုပ်ယမ်းလိုက်သည်
ပြီးနောက် ခြေထောက်နှစ်ဖက်ကို Karinaရှေ့ ကားကာ ကြမ်းပြင်ပေါ် ဆန့်တန်းလိုက်သည်
"Jesus... "
"ကြည့်ဘဲ ကြည့်ရမှာ ထိခွင့်မရှိဘူးနော် Jimin "
"ဆွဲဆောင်မှုရှိရှိကနေတာကို တို့က ဒီအတိုင်း ရပ်ကြည့်ရမှာ မတရားဘူး မဟုတ်လား "
"ငြိမ်ငြိမ်လေး ထိုင်နေ Jimin ငါ နင့်အတွက် ကပြမယ် "
သို့သော်လည်း Jiminက နားမထောင် ထိုင်ရာမှ ထလာပြီး Winterရဲ့ တင်ပါးကို ဆွဲညှစ်လိုက်သည်
"Ahh Jimin သူတို့ တွေ့သွားလိမ့်မယ် "
"ဘယ်သူတွေ့တွေ့ ဂရုမစိုက်ဘူး Minjeong တို့ မင်းကို လူတွေရှေ့ fuckရလည်း သောက်ဂရုမစိုက်ဘူး မင်းကို တို့ပိုင်တယ် မင်းကို တို့တစ်ယောက်တည်းကဘဲ fuckခွင့်ရှိတယ်ဆိုတာ အားလုံးကို သိစေချင်တယ် "
"နင်က အရမ်းဆိုးတာဘဲ Jiminရယ် "
"လူတွေက မင်းကို ကြည့်နေကြတာတွေ ပြုံးပြနေကြတာတွေကို တို့မကြိုက်ဘူး မင်းက သူတို့ကို ပြန်ပြုံးပြတာမျိုးဆို ပိုတောင်မကြိုက်သေး...မင်းနဲ့ပတ်သက်သမျှ အားလုံးကို တို့ဘဲ ပိုင်ဆိုင်ချင််တယ် "
"ငါ့ကို နင်ဘဲ ပိုင်တာပါ "
Karinaရဲ့ လည်ပင်းလေးကို နမ်းပြီး Winter ပြောလိုက်သည်
"ဟုတ်တယ် တို့တစ်ယောက်တည်း မင်းကို ပိုင်တာ "
Karinaက ပြောပြီး Winterရဲ့ လည်ပင်းကို နမ်းလိုက်သည်
"ကိုယ်ဝန်ရှိမရှိ စစ်ဆေးပြီးပြီလား "
"တစ်လောကဘဲ ရာသီလာပြီးသွားတာ "
"Damn it ဒီထက်ပိုပြီး ကြိုးစားရတော့မှာဘဲ "
"နင် ဒီထက်ပိုကြိုးစားရင်တော့ ငါလမ်းတောင်လျှောက်နိုင်မှာ မဟုတ်တော့ဘူး "
"haha...တို့ မင်းကို အရမ်းချစ်တယ် သိလား Yu Minjeong တို့အသက်ထက် မင်းကို ပိုချစ်တယ် "
"ငါ ယုံပါတယ်... "
*******
Karina တို့ အခန်းထဲက ထွက်လာပြီးနောက် Clubထဲက လူတွေကို Winterဟာ သူ့အမျိုးသမီးဖြစ်ကြောင်း ပြောလေသည်
Clubထဲက တစ်ချို့က သိပြီးသား ဖြစ်လို့ ဘာမှမဖြစ်ကြပေမယ့် မသိသေးတဲ့တစ်ချို့ကတော့ အံ့သြနေကြသည်
Karina မိတ်ဆက်ပေးပြီး လှည့်ပြန်မလို့ရှိသေး ကောင်လေးတစ်ယောက်က Winterရဲ့ လက်ကို လာဆွဲသောကြောင့် Karinaမှာ ထိုကောင်လေးရဲ့ လည်ပင်းကို ဆွဲညှစ်လိုက်သည်
"Jimin လွှတ် သူ့ကို ငါသိတယ်.... ငါ့အသိပါ "
"မင်းက သူ့ကို ဘယ်လိုသိတာလဲ ..."
Karinaမှာ ထိုကောင်လေးရဲ့ လည်ပင်းကို ညှစ်ထားတာမလွတ်သေးပေ
"Yizhuoကြောင့် သူ့ကို သိတာ လွှတ်ပေးလိုက်ပါတော့ "
Karinaက ထိုကောင်လေးကို လွှတ်ပေးလိုက်ချိန်မှာဘဲ Minnieက ရောက်လာတယ်
နာမည်ရှိမင်းသားတစ်ယောက်ကို လည်ပင်းညှစ်ထားတဲ့ Karinaကြောင့် Minnie မျက်လုံးတွေပြူးကုန်သည်
"ဘာဖြစ်တာလဲ "
"နားလည်မှုလွဲတာပါ "
Minnieက ပါပါရာဇီတွေကို ဓာတ်ပုံမရိုက်ဖို့ပြောနေချိန် Karinaမှာ ထိုမင်းသားရဲ့ နောက်ကျောကို ပုတ်ပေးလေသည်
"အဆင်ပြေရဲ့လား "
မင်းသားမှာ လန့်နေပေမယ့် ပါပါရာဇီတွေကို သတိထားမိသွားတော့ ဘာမှမဖြစ်သလို ဟန်ဆောင်လိုက်တယ်
"ပြေပါတယ်ဗျာ့ "
"ငါ့မိန်းမ အပြုအမူကြောင့် တောင်းပန်ပါတယ်နော် "
"Minjeong သွားကြစို့ "
Karinaမှာ Winterရဲ့ လက်ကိုဆွဲပြီး clubထဲက ထွက်လာသည်
"God...နင်က တကယ် psychoဘဲ Jimin "
Winter ရဲ့ စကားကြောင့် Mikeမှာ ရယ်ချင်စိတ်ကို ထိန်းထားရရှာတယ်
"ငါ့ကို စကားပြောလို့ဆိုပြီး ပြောတဲ့သူကို သတ်လို့မှမရတာ "
"အဲ့ကောင်က မင်းရဲ့လက်ကို တို့ကိုင်ထားတာ မတွေ့ဘူးလား မင်းရဲ့လက်သန်းကြွယ်က လက်စွပ်ကို မမြင်ဘူးလား "
"Yizhuo အကြောင်း သိချင်လို့ သူက ငါ့ကို စကားပြောချင်တာပါဟ "
"ပထမက Yuqi.. အခုကျ အဲ့ကောင် ဘာလဲဟ Yizhuoက သူ့ဇနီးကို ဆုံးရှုံးထားတာ မကြာသေးဘူးလေ ဘာဖြစ်နေကြတာလဲ အဲ့ကောင်တွေက.... "
"Yuqiက ဘာလဲ Yizhuoကို သဘောကျနေတာလား "
"အင်း တို့ကတော့ Yuqiကို ဇယားမရှုပ်ဖို့ မှာထားတယ် သူက ဂရုမစိုက်ဘူးဆိုလားဘဲ "
Winterမှာ Karina ရဲ့ စကားကြောင့် ရယ်ချင်စိတ်ကို ထိန်းထားရတယ်
*****
Winter မှာ သူ့ရှေ့က နှင်းဆီပန်းကို တအံ့တသြကြည့်နေသည်
"ကျွန်တော်နဲ့အတူ ကပေးနိုင်မလားဗျာ့ "
ထိုကောင်လေးရဲ့စကားလည်းဆုံးရော Jimin လက်ချက်ကြောင့် ထိုကောင်လေးမှာ ကြမ်းပြင်ပေါ် လဲကျသွားတယ်
"Jiminရေ "
Karinaကတော့ Winterကို ဂရုမစိုက်ဘဲ ထိုကောင်လေးကို ဝါးစားလုမတတ် မျက်ဝန်းတွေနဲ့ ကြည့်နေသည်
"မင်းက ဒီနယ်ပယ်မှာ လူသစ်လား "
Karinaမှာ ဖိနပ်နဲ့ နှင်းဆီပန်းကို နင်းချေရင်း မေးလိုက်သည်
"ဘာလဲဟ ဘာလို့ ငါ့ပန်းကို နင်းရတာလဲ "
ကောင်လေးမှာ ကြမ်းပြင်ပေါ်က ထရပ်ပြီး နှင်းဆီပန်းကို ကောက်ယူပြီး Winter ကိုပေးမယ်လုပ်တော့ Karinaက သူ့ကို ဆောင့်တွန်းလွှတ်သည်
"ဟ မင်း ဘာဖြစ်နေတာလဲ "
"ငါမေးနေတယ်လေ မင်းက ဒီနယ်ပယ်မှာ လူသစ်လားလို့ "
Jiminမှာ ထိုကောင်လေးရဲ့ လည်ပင်းကို ညှစ်ထားပြန်သည်
"သူက မင်းရည်းစားလား "
"Jimin သူ့ကို လွှတ်ပေးလိုက် "
"ဒီမှာ ငါ့ကောင် မင်းကိုငါ တစ်ခုတော့ ပြောလိုက်မယ် ဒီထဲမှာ မင်းကြိုက်တဲ့ ကောင်မတွေနဲ့ ကလို့ရတယ် အေး သူတော့မပါဘူး "
"Jimin သူ့ကို လွှတ်ပေးလိုက်ပါဆို "
Winter က ထပ်ပြီး ပြောနေလို့ Jiminလည်း ထိုကောင်လေးကို ဆောင့်တွန်းလွှတ်သည်
ထို့နောက် Winter လက်ကို ဆွဲပြီး ခေါင်းမိုးထပ်သို့ ခေါ်လာသည်
"နင်တကယ် စိတ်ပျက်ဖို့ ကောင်းတာဘဲ Jimin ငါ့ကို စကားပြောတာ မကြိုက်လို့ဆိုပြီး လာပြောတဲ့သူတွေကို ရိုက်လွှတ်လို့မရဘူးလေ "
"မင်းကို စကားလာပြောတဲ့ လူတိုင်းကို ရိုက်တာမဟုတ်ပါဘူး မင်းကို အီစီကလီလုပ်ဖို့ ကြိုးစားနေတဲ့ကောင်တွေကိုဘဲ တို့က ရိုက်ချင်တာ မတူဘူး"
"သူက သူနဲ့အတူ တွဲကနိုင်မလားလို့ လာခွင့်တောင်းတာလေ "
"အဲ့တာကြောင့်ဘဲ သူ့ကို တို့က ရိုက်ချင်တာ "
"ငါက သူ့ကို yesလို့ ပြောမလို့ကို "
"ပြောရဲပြောကြည့်လေ သူ မင်းနဲ့တွဲမကနိုင်အောင် သူ့ခြေထောက်တွေကို ရိုက်ချိုးပစ်မယ် "
"နင်က တကယ် စိတ်ပျက်ဖို့ကောင်းတာဘဲ "
"သိပါတယ် "
"နင် အဲ့လိုလုပ်နေသ၍ ငါ ဘယ်လိုလုပ် သူငယ်ချင်းအသစ်ရတော့မှာလဲ ဘယ်သူမှ ငါ့အနားကပ်ရဲကြမှာ မဟုတ်ဘူး "
"တို့က မင်းရဲ့သူငယ်ချင်းဘဲလေ "
"Jimin "
"ကောင်းပြီ ကောင်းပြီ အဲ့ဒီ ရုပ်ဆိုးတွေနဲ့ သူငယ်ချင်းလုပ်လို့ရပါတယ်
"နင်လေ တကယ် မယုံနိုင်စရာဘဲ သိလား သူတို့က ရုပ်မဆိုးပါဘူးဟ သဘောလည်းကောင်းတာကို "
"သူတို့ကို ဆွဲဆောင်မှုရှိတယ်လို့ မင်း ထင်လား "
"ထင်တယ်ဆို ဘာလုပ်မှာလဲ"
"တစ်ခုခုလုပ်ရမှာပေါ့ "
"Jimin yah...ငါလည်း ကချင်တယ်လေ "
"တို့နဲ့အတူကမယ်လေ "
"နင်မှ မကတတ်တာ ကျောင်းတုံးကဆို အဲ့တာမျိုး နင်စိတ်မဝင်စားဘူးလေ "
"မင်းအတွက်ဆို တို့အကုန်လုပ်ပေးချင်တယ် "
Karinaကပြောပြီး Winter လက်ကို ယူကာ သူ့ခါးပေါ်တင်လိုက်သည်
#Tbc
#zawgyi
"မမြင်ဖူးဘူး "
"Jesus... "
"လူတွေက မင်းကို ကြည့်နေကြတာတွေ ပြုံးပြနေကြတာတွေကို တို့မကြိုက်ဘူး မင်းက သူတို့ကို ပြန်ပြုံးပြတာမျိုးဆို ပိုတောင်မကြိုက်သေး...မင်းနဲ့ပတ်သက်သမျှ အားလုံးကို တို့ဘဲ ပိုင်ဆိုင်ချင်တယ် "
"ငါ ယုံပါတယ်... "
*******
"ဘာဖြစ်တာလဲ "
"နားလည်မှုလွဲတာပါ "
"အဆင်ပြေရဲ့လား "
"ပြေပါတယ်ဗျာ့ "
"Minjeong သွားကြစို့ "
*****
"Jiminရေ "
"ဟ မင်း ဘာဖြစ်နေတာလဲ "
"သူက မင်းရည်းစားလား "
"သိပါတယ် "
"Jimin "
"တစ်ခုခုလုပ်ရမှာပေါ့ "
"တို့နဲ့အတူကမယ်လေ "
#Tbc
Bạn đang đọc truyện trên: Truyen3h.Co