Part 26
"တကယ်ကြီး ငါတို့နှစ်ယောက်တည်းလား "
"အင်းပေါ့ လူတွေအများကြီးရှိနေရင် bodyguardတွေပါ ပါလာမှာလေ "
Karina ပြောချင်တဲ့အဓိပ္ပါယ်ကို Winter နားလည်သည်
ဒီအတိုင်းလေးလည်း ကောင်းပါတယ်လေ
နှစ်ယောက်သား လမ်းလျှောက်ကြရင်း သေနတ်ပစ်တဲ့ဆိုင်ရှေ့ရောက်သွားကြသည်
Winterမှာ ထိုဆိုင်ကို ကြည့်ပြီး စိတ်လှုပ်ရှားနေလေရဲ့
"ငါ နင့်ကို အနိုင်ယူပြမယ် "
Karinaရဲ့ နားလေးသို့ ကပ်ပြီး Winter တိုးတိုးလေးပြောလိုက်သည်
Karinaမှာ သူ့အိတ်ထဲက ပိုက်ဆံကိုထုတ်ရင်း Winterကို မျက်ခုံးပင့်ကာ ကြည့်လိုက်သည်
"Baby....ဒါတွေက ငွေနဲ့ကစားရတာနော် "
"Oh ကောင်းပြီလေ "
Winterမှာ သူ့အိတ်ကို ကြမ်းပြင်ပေါ်ပစ်ချပြီး သေနတ်ကို ကောက်ယူလိုက်တယ်
"သေနတ်ပစ်ကွင်းမှာ ကောင်းကောင်းရော လေ့ကျင့်ခဲ့ရဲ့လား "
"လောင်းမှာလား မလောင်းဘူးလားဖြေ ငါ သေချာလေ့ကျင့်ထားတာ "
Winterရဲ့ စကားကြောင့် Karinaရယ်လိုက်သည်
"Okလေ ဘာကြေးလောင်းမှာလဲ "
"humm "
Winterမှာ သူ့သေနတ်ကိုကိုင်ရင်း ဘာကြေးလောင်းရမလဲဆိုတာကို စဥ်းစားနေသည်
"အကယ်၍ တို့နိုင်ပြီဆိုရင် Ferris wheelပေါ်မှာ မင်းကို fuck ခွင့်ပေး "
Karinaရဲ့ စကားကြောင့် Winterမှာ Karinaကို မျက်စောင်းထိုးပြီး လက်မောင်းကိုရိုက်ချလေသည်
"Jimin ...ဒီနေရာကို ကလေးတွေက ပျော်စရာအချိန်တွေ ဖန်တီးဖို့ လာကြ တာနော် "
"တို့လည်း ပျော်စရာအချိန်တွေ ဖန်တီးချင်လို့လေ "
"မရပါဘူး ဒီ Disneylandမှာ မဖွယ်မရာတွေ မလုပ်သင့်ဘူး "
Winter က ခါးထောက်ပြီး ရန်လုပ်တော့ Karinaက ရယ်တယ်
"အကယ်၍ ငါနိုင်သွားရင် နင့်ရဲ့ စားသောက်ဆိုင်တွေထဲက တစ်ဆိုင်မှာ Yizhuoနဲ့ င့ါကို သီချင်းဆိုခွင့်ပေးရမယ် "
Winter စကားကြောင့် Karina အပြုံးတွေ ပျောက်ကွယ်သွားတယ်
"Minjeong.... "
"ဒါက ငါအဲ့လိုလောင်းချင်တာဘဲ Jimin အကယ်၍ နင်နိုင်သွားရင် အခုတောင်းဆိုခဲ့တာကို နောက်ဘယ်တော့မှ မတောင်းဆိုတော့ဘူးလေ ကတိ "
Karinaမှာ သက်ပြင်းချပြီး သေနတ်ကို ကောက်ကိုင်လိုက်သည်
"ကောင်းပြီလေ "
ဆိုင်ကအလုပ်သမားက စက်ကို စဖွင့်လိုက်တော့ Karinaတို့ ပစ်ရမယ့် Targetတွေက စတင်ရွေ့လျားလေသည်
Karina အတွက်ကတော့ သေနတ်ပစ်ရတာ အရမ်းလွယ်တယ်လေ သေနတ်ပစ်နေရင်း တစ်ဖက်က သူ့မိန်းမကိုလည်း လှမ်းအကဲခတ်နေသည်
Karina မှာ ပစ်စရာ ကျည်တစ်တောင့်ဘဲကျန်ရှိနေလို့ သူ့မိန်းမကို ခဏစောင့်နေသည်
Winterက ပစ်တိုင်း Targetကို ထိပေမယ့်လည်း ပစ်ဖို့ အချိန်ကတော့ ယူရသေးသည်
Karinaမှာ Winterကို ကြည့်ပြီး ပြုံးလိုက်သည်
ထို့နောက် Targetကို မကြည့်ဘဲ ပစ်လိုက်သည်
"yeahh ငါနိုင်ပြီ "
Karinaမှာ သူ့ပစ်မှတ်ကို လွဲချော်သွားတော့ Winter မှာ ပျော်ပြီး ဖခုန်သည်
"Loser ဟီးဟီး "
Karinaကို ပြောင်ပြပြီး Winter စနောက်လိုက်သည်
"နင်တို့တွေ့ကြလား ငါ ငါ့မိန်းမကို နိုင်သွားတာလေ "
Winter မှာ ဆိုင်က အလုပ်သမားတွေကို မေးလိုက်တော့ အလုပ်သမားတွေကလည်း ခေါင်းညိတ်ပြသည်
"လိုချင်တဲ့ဆု ရွေးပါ "
Winterမှာ Karinaရဲ့ လက်ကို ကိုင်ပြီး လှုမ်ယမ်းကာ
"ငါတို့ ဘယ်ဟာရွေးသင့်လဲ "
"မင်း နိုင်တာဘဲ အချစ်ရဲ့ မင်းဘဲရွေးပါ "
"ငါတို့ရဲ့ ကလေးလေးကို အတူရွေးသင့်တယ်လေ ဒီတော့ ဘယ်ဟာရွေးမလဲ "
Winter မှာ နှုတ်ခမ်းစူပြီး ပြောလိုက်သည်
"ငါတို့ကလေး? "
Karinaမှာ မျက်ခုံးပင့်ပြီး မေးလိုက်သည်
"ဟုတ်တယ် လေ့ကျင့်နေတယ်လို့ သဘောထားလိုက်လေ ဒါမှမဟုတ် ကလေးလေးတွေအတွက် အဝတ်အစားတွေရွေးပေးတယ်လို့ သဘောထားကြည့် "
Karinaမှာ Winterရဲ့စကားကြောင့် ပြုံးသွားတယ်
ပြီးတော့ Winterကို ဆွဲဖက်လိုက်ပြီး
"ဒါပေါ့ တို့တွေ ကလေးယူကြမယ် ဘောလုံးသင်းတစ်သင်းစာမွေးကြမယ်လေနော် "
Karinaက ပြောပြီး Winterရဲ့ပါးလေးကို နမ်းလိုက်သည်
"ကလေးတွေအများကြီးမွေးပြီး ငါတို့ ထိန်းနိုင်မယ်ထင်လို့လား မိန်းမက ကူမထိန်းပေးနိုင်လို့ နာနီတွေအိမ်ဖော်ကလေးထိန်းတွေခေါ်ရတာမျိုး မဖြစ်ချင်ဘူး "
"တို့လည်း မကြာခင် အနားယူတော့မှာပါ "
"Humm ဟုတ်ပြီ မှတ်ထားလိုက်မယ် "
"ဒီအရုပ်ကလေး ယူကြမလား "
Karinaက အလယ်ခေါင်မှာရှိနေတဲ့ အရုပ်လေးကို လက်ညိုးထိုးပြသည်
"ဘာလို့ အဲ့ခွေးရုပ်လေးယူချင်တာလဲ "
"မင်းနဲ့တူလို့လေ....မွေးလာမယ့် ကလေးတွေကို မင်းနဲ့တူပြီး ချစ်စရာကောင်းစေချင်တယ် "
"ဟွန့် အပြောကောင်းတယ်နော် ငါလည်း မွေးလာမယ့်ကလေးတွေကို နင်နဲ့ မျက်လုံးတူစေချင်တယ် "
"Minjeong...မင်း သီချင်းတွေကို ဘယ်လောက်သဘောကျလဲဆိုတာ တို့သိပါတယ် သီချင်းဆိုရတာကို နှစ်သက်တယ်ဆိုတာလဲ တို့သိတယ် မင်း သီချင်းဆိုချင်တယ်ဆိုပြီး တို့ကိုတောင်းဆိုခဲ့တာလေ အဲ့တာတို့အတွက် အရမ်း ခက်ခဲတယ် သိလား "
"ငါသိပါတယ်...."
Karinaရဲ့ လက်ကို တွဲပြီး Winter ပြောလိုက်သည်
"မင်းရဲ့ အိမ်မက်တွေကို တို့နဲ့ အလောင်းအစားလာမလုပ်ပါနဲ့ တို့က တစ်ကိုယ်ကောင်းဆန်တယ်ဆိုတာ သိတယ်မဟုတ်လား တို့....မင်းရဲ့အိမ်မက်တွေကို အဝေးယူသွားခွင့်မပေးပါနဲ့ "
Winterမှာ လမ်းလျှောက်နေရာက ရပ်ပြီး သူ့မိန်းမကို ကြည့်လိုက်သည်
"တို့...မင်းရဲ့စိတ်ဆန္ဒတွေကို ထိန်းချုပ်ထားခဲ့မိတာ တို့မှားသွားတယ် တို့တောင်းပန်ပါတယ်နော်.... မင်းက တို့စားသောက်ဆိုင်မှာ သီချင်းဆိုချင်တယ် မဟုတ်လား ရတယ်ဆိုလိုက် တို့ အဲ့ဆိုင်ကို ဘော်ဒီဂတ်တွေအများကြီး ချပေးထားမယ် မင်းလည်း သီချင်းတွေဆိုခွင့်ရမယ် တို့လည်း မင်းသီချင်းဆိုတာကို ထိုင်ကြည့်မယ် "
"ဘာလို့ ရုတ်တရက်ကြီး ပြောင်းလဲသွားတာလဲ "
"တို့ မင်းနဲ့ပတ်သက်ပြီး သဝန်တိုတာတွေ obessessed ဖြစ်တာတွေ ထိန်းချုပ်မယ်လို့ ကတိပေးတာ မဟုတ်ဘူးနော် ဒါပေမယ့် မင်းအတွက် အကောင်းဆုံး အမျိုးသမီးဖြစ်ဖို့ ကြိုးစားပါမယ်လို့ ကတိပေးတယ် တို့ ကြိုးစားနေတာမို့လို့ စိတ်ရှည်ပေးပါနော် "
"ငါက နင်နဲ့ပတ်သက်ရင် အမြဲ စိတ်ရှည်ပါတယ် "
"သိပါတယ် အဲ့အတွက်လည်း ကျေးဇူးတင်တယ် "
"Jimin ငါ နင့်ကို အရင်ကလည်း ချစ်ခဲ့တယ် ခုလည်း ချစ်တယ် "
"တို့ မင်းကို ငိုအောင်မလုပ်ဘဲ ရယ်အောင် အမြဲလုပ်နိုင်ရင် တို့ကိုပိုချစ်မိမှာ မဟုတ်လား ကြောက်အောင်မလုပ်ဘဲ ရင်ခုန်အောင်ပိုလုပ်နိုင်ခဲ့ရင်လေ "
"အဲ့တာကြောင့် နင် ငါ့ကို ဒီခေါ်လာတာလား "
"မင်းအတွက် အကောင်းဆုံးမိန်းမဖြစ်အောင် ဘယ်လိုလုပ်ပေးရမလဲလို့ တို့ တစ်ချိန်လုံး တွေးနေခဲ့တာ တို့ရဲ့ မကောင်းတဲ့ အကျင့်တွေပျောက်ဖို့ ပြုပြင်ရမှာ ခက်ခဲမှန်းသိပေမယ့် တို့ကြိုးစားနေပါတယ် မင်းပထမဆုံးချစ်ခဲ့တဲ့ Jimin အဖြစ် ပြန်လည်ကြိုးစားနေတယ် "
"ဘယ်လို Jimin ဖြစ်ဖြစ် ငါချစ်တယ် "
"ဒါပေမယ့် အဲ့တုံးက Jiminက ငါ့အတွက် အကောင်းဆုံးဘဲ အဲ့တုံးက Jimin ပြန်ဖြစ်အောင် ကြိုးစားမယ်
"နင် ဒီလောက်အကြာကြီး ပြုံးတာကို မမြင်ရတာတောင် ကြာပြီ Jimin ပဲရစ်မှာရှိလို့များလား ဒါဆို ခဏခဏလာလည်မှဖြစ်တော့မယ် "
"မင်း အချိန်အကြာကြီး ပြုံးနေတာကို တို့လည်း ခုမှမြင်ရတော့တယ် "
"ဟုတ်တယ် ငါတကယ်ပျော်နေလို့ "
"တို့ရောဘဲ "
Karinaမှာပြောပြီး Winterကို ဆွဲဖက်လိုက်သည်
#tbc
#zawgyi
Karina ပြောချင်တဲ့အဓိပ္ပါယ်ကို Winter နားလည်သည်
"Oh ကောင်းပြီလေ "
"humm "
"Minjeong.... "
"ကောင်းပြီလေ "
"yeahh ငါနိုင်ပြီ "
"Loser ဟီးဟီး "
"လိုချင်တဲ့ဆု ရွေးပါ "
"ငါတို့ကလေး? "
"ဒီအရုပ်ကလေး ယူကြမလား "
"ငါသိပါတယ်...."
"တို့ရောဘဲ "
#tbc
Bạn đang đọc truyện trên: Truyen3h.Co