Part 27
Yizhuoမှာ သူ့အိမ်ကိုရောက်လာပြီး ငြိမ်သက်နေတဲ့ Winterကို ကြည့်နေသည်
သူတို့ Vegas ကို ပြန်ရောက်တာ ရက်အနည်းငယ်ကြာပြီလေ
"ဘာဖြစ်လို့လဲ "
"အိမ်မက်ဆိုးတွေမက်လို့ပါဟာ "
Winter ရေရွတ်လိုက်တယ်
"Karinaက နင့်ကို တစ်ယောက်တည်း ကားမောင်းခိုင်းတယ်ပေါ့ "
"မဟုတ်ဘူး အနောက်မှာလည်း ပါလာသေးတယ် "
Winterက သူ့ကားနဲ့ မလှမ်းမကမ်းမှာ ရပ်နေတဲ့ ကားတွေကို မေးငေါ့ပြလိုက်သည်
"Karinaနဲ့နင် ရန်ဖြစ်လာတာလား "
"မဖြစ်ပါဘူး ဘာလို့လဲ "
"သြော် Naevisမှာ သူ နင့်အတွက်နဲ့ လူတွေကိုရိုက်ခဲ့လို့လေ "
"မဟုတ်ပါဘူး နင်ရော "
'Miyeonနဲ့ငါကတော့ သူငယ်ချင်းတွေဖြစ်သွားပြီ ကော်ဖီသောက်ကြမလား "
"Miyeonတော့ သနားစရာ နင်က ဘာကော်ဖီသောက်ချင်တာလဲ "
"Lattee ကိုမှ triple နင်ရော "
"မသောက်ချင်ဘူး "
"နင် ဘာဖြစ်နေတာလဲ နေမကောင်းဘူးလား Win "
Winterက Yizhuoကို ခေါင်းခါပြပြီး သူ့ကားပေါ်ကို တက်ခိုင်းလိုက်တယ်
Yizhuoလည်း ကားပေါ်တက်ပြီးနောက် ကားခါးပတ်ကိုပတ်လိုက်သည်
"ဒီရက်ပိုင်း ခွေးစိတ်ဝင်နေလို့ ဘာမှ စားမရပါဘူး စားသမျှကလည်း အရသာရှိမနေဘူး "
Winter gpsက ညွှန်ပြတဲ့အတိုင်း coffeeဆိုင်ကို သွားပြီးနောက် Yu Business တွေထဲက တစ်နေရာကို သွားလေသည်
ဖွင့်ခါစမို့လို့ အလုပ်သမားအသစ်တွေနဲ့အလုပ်များနေတဲ့ Miyeon မှာ Winterတို့ ရောက်လာတော့ အလုပ်သမားတွေကို Winterနဲ့မိတ်ဆက်ပေးလေသည်
အလုပ်သမားတွေမှာ Winter က Karinaရဲ့ မိန်းမမှန်းလည်း သိရော အံ့သြကုန်ကြသည်
Yizhuoကတော့ အဝတ်အစားဆင်တူတွေဝတ်ထားရတဲ့လူတွေကိိုကြည့်ပြီး ကျစ်စုတ်မိသည်
"ထောင်ကြီးနဲ့တူလိုက်တာ "
Winterကတော့ ဝန်ထမ်းတွေစကားနားထောင်ရင်း ခွေးလေးတွေထည့်ထားတဲ့ လှောင်အိမ်တွေဘက်သွားလိုက်တယ်
ခွေးတွေကများနေပြီ ဝန်ထမ်းလူဦးရေက မလောက်မငှဖြစ်နေတာကို Winter သတိထားမိတယ်
ဒါကြောင့်မို့လို့ Winterလည်း ကူညီပေးသင့်သလောက် အကူအညီပေးလိုက်သည်
နာရီအနည်းငယ်ကြာပြီးနောက် Winter ခဏနားလိုက်သည်
ပြီးတော့ Rockyလို့ခေါ်တဲ့ ခွေးဘီလူးလေးကို လှောင်အိမ်ထဲက ထုတ်ပေးလိုက်တယ်
အစောပိုင်းကတည်းက Rockyကို Winter သတိထားမိနေတာလေ
Rockyက လှောင်အိမ်ထဲက ထွက်လာရလို့ တော်တော်လေး ပျော်နေတဲ့ပုံဘဲ
Rockyက ဘာလို့ ခွေးဂေဟာရောက်နေတာလဲ သူ့မိသားစုက သူ့ကိုစွန့်ပစ်ခဲ့တာလား ဘာလို့လဲ Rockyက ငါ့လို့ အခွင့်အရေးအသစ် ရသင့်ပါတယ်လေ
Winter တွေးပြီး Rocky လည်ပတ်ကြိုးကို ဆွဲကာ ခြံထဲဆင်းပြေးသွားတယ်
*****
Rockyရဲ့ ဆူညံတဲ့ဟောင်သံကြောင့် Miyeonတို့ ထွက်ကြည့်တော့ သစ်ပင်အောက် သတိလစ်နေတဲ့ Winterကို တွေ့လိုက်ရတယ်
"အမလေး CEO မယားကို ငါအရမ်းခိုင်းမိသွားတာဘဲ Eric.... သူ့ကိုဆွဲထူပေးပါအုံး "
Miyeon ကပြောပြီး Rockeyကို ပွေ့ချီတယ်
ဆူညံသံတွေကြောင့် Winter သတိပြန်ရလာသည်
"အယ် ငါ သတိလစ်သွားတာလား "
"Eric... Winterကို အထဲ ပြန်ခေါ်လာခဲ့ "
Rocky မှာ Winterကို စိတ်ပူနေတဲ့မျက်လုံးတွေနဲ့ကြည့်နေတော့ Winterမှာ ပြုံးပြပြီး စိတ်ထဲကနေ နောက်တစ်ခေါက် Rockyကို လာတွေ့အုံးမယ်လို့ တွေးလိုက်မိသည်
Ericမှာ Winterကို ရုံးခန်းထဲ တွဲခေါ်လာသည်
ရေဗူးကို ဖွင့်ပေးပြီး Winterကို သောက်ခိုင်းလိုက်သည်
"လူတွေ သတိလစ်တယ်ဆိုတာလေ ပူတာ တစ်ခုတည်းကြောင့် မဟုတ်ဘူး သိလား "
"ငါ ဒီရက်ပိုင်း ထူးဆန်းနေတာ သိပါတယ် "
"ကိုယ်ဝန်ရှိနေတာလား "
Ericရဲ့ စကားကြောင့် Winter လန့်သွားတယ်
"အယ် မဟုတ်တာ "
"သေချာလို့လား ဘယ်လိုသိတာလဲ "
"နင်က ဘာလို့သိချင်ရတာလဲ "
"ငါက ဒီနေရာကို လည်ပတ်ပေးနေရတာ volunteer တစ်ယောက် ဒီမှာ သတိလစ်သွားတယ်ဆိုတာ ကောင်းတဲ့ကိစ္စမှ မဟုတ်တာ "
"Aww ငါသက်သာသွားပါပြီ "
"မင်း ဆေးရုံသွားသင့်တယ်နော် "
"မသွားချင်ပါဘူး "
"ကိုယ်ဝန်မရှိရင်တောင် တစ်ခုခုဖြစ်နေမှန်း မင်းသိသင့်တာပေါ့ မသွားချင်လို့ မရဘူးလေ "
ထိုစဥ် Yizhuoက စိတ်ပူနေတဲ့မျက်နှာနဲ့ ရုံးခန်းထဲ ပြေးဝင်လာတယ်
"Win...နင်သတိလစ်သွားလို့ဆို ဘာဖြစ်တာလဲ နေမကောင်းဘူးလား "
"နေကောင်းပါတယ်ဟ နေလို့ထိုင်လို့ မကောင်းတာပါ "
Winterက ပြောပြီး Ericကို မျက်စောင်းထိုးပြတယ်
ထိုအခါမှ Yizhuoက Ericကို သတိထားမိပြီး
"ရှင်က ဘယ်သူလဲ "
"တိရစ္ဆာန်ဆေးကုဆရာဝန်ပါဗျာ့ "
"ဆရာဝန်ဆိုတော့ သူဘာဖြစ်နေလဲ ခန့်မှန်းမိမှာပေါ့ "
"သူ့ကို ကိုယ်ဝန်ရှိနေလောက်မယ်လို့ ကျွန်တော် ခန့်မှန်းမိပေမယ့် သူကမဟုတ်ဘူးချည်း ငြင်းနေတယ် "
Ericရဲ့စကားကြောင့် Yizhuo မျက်လုံးပြူးသွားသည်
"ကိုယ်ဝန်ရှိနေတာ ဟုတ်လား "
"မဟုတ်ပါဘူးဆို တစ်လောကမှ ရာသီလာပြီးသွားတာကို "
ကြာကြာဆက်နေရင် ထပ်ငြင်းနေရမှာဆိုးလို့ Winterမှာ Yizhuoကို ခေါ်ပြီး ခွေးဂေဟာကနေ ထွက်လာလိုက်သည်
"သတိလစ်သွားတယ်လို့ ကြားတယ် ဘာဖြစ်တာလဲ "
Mike က အဝတ်အစားလဲပြီး Winterဆီ ပြေးလာတယ်
"ဘာမှမဖြစ်ပါဘူး ဗိုက်ဆာလို့ တစ်ခုခု စားမှဖြစ်မယ် "
"Sandwich သွားဝယ်ပေးမယ် "
"မဟုတ်ဘူး Mike ငါ လန်းဆန်းပေါ့ပါးစေမယ့်အရာမျိုး စားချင်တာ "
"ခေါက်ဆွဲသုပ်လိုမျိုး '
Mikeမှာ Winter ကို ကြည့်ပြီး
"Okay ပထမဆုံး Karinaဆီ ဖုန်းခေါ်အုံးမယ် "
"ငါ့အတွက်လား မခေါ်ပါနဲ့ ငါအဆင်ပြေပါတယ်ဆို "
"ငါ့ကိုသေစေချင်တာလား '
Mikeက ပြောပြီး Karinaဆီ ဖုန်းဆက်လိုက်တယ်
Karinaကလည်း ချက်ချင်းဘဲ ဖုန်းကိုင်လိုက်သည်
"Mike ဘာဖြစ်လို့လဲ ..."
Winterမှာ Mikeရဲ့ လက်ကိုရိုက်ချပြီး
"Hey baby "
"Minjeongလား "
"ဟုတ်တယ် အချစ်ကလေး ဒီအတိုင်း ခွေးဂေဟာမှာ တစ်ခုခုဖြစ်ခဲ့တာကို Mikeက အိုဗာဖြစ်ပြနေတာ"
Mike က မျက်မှောင်ကြုတ်လိုက်တော့ Winterက ပြောင်ပြလိုက်သည်
"ဘာဖြစ်တာလဲ "
"ဒိအတိုင်း ငါနေလို့မကောင်းတာပါ ဘာမှ မဖြစ်ဘူး အခုတောင် ပြန်တော့မလို့ "
"အယ် နေမကောင်းဘူးလား တို့ ဆရာဝန်ခေါ်ပေးရမလား "
"မခေါ်နဲ့ Jimin ဒီအတိုင်း ရာသီဥတုက ပူလို့ရယ် "
"အိမ်ပြန်တော့မှာလား "
"တစ်ခုခုဝင်စားပြီးရင် ပြန်မှာ Jimin "
"okay ဒါဆို ညကျတွေ့မယ်နော် အချစ်ကလေး "
"ဟုတ်ပြီ ချစ်တယ်နော် Jimin "
Winter က ပြောပြီး ဖုန်းချလိုက်တယ်
Mikeကတော့ Winterကို ကြည့်ပြီး သက်ပြင်းချလိုက်သည်
Winterမှာ Miyeonနဲ့ဝန်ထမ်းတွေကို သူသတိလစ်သွားလို့ အားနာပြီး တောင်းပန်စကား ပြောလိုက်သည်
ပြီးတော့ Karinaကို မပြောပြဖို့လည်း နှုတ်ပိတ်ခိုင်းထားသည်
ခွေးထိန်းရင်း သတိလစ်သွားတယ်ဆိုတာ Karinaသာ သိကြည့်ပါလား နောက်တစ်ခေါက် ဒီနေရာကိုထပ်လာရမှာ မဟုတ်ဘူးလေ
Winterတို့ Mallကနေ ဝယ်စရာရှိတာ ဝယ်ပြီး အိမ်ကိုပြန်လာသည်
Yizhuoကလည်း သူ့သူငယ်ချင်းကို စိတ်မချလို့ Winterတို့ အိမ်ကိုလိုက်လာတယ်
"Yizhuo ငါ အိမ်သာသွားအုံးမယ်နော် "
Yizhuoလည်း ခေါင်းညိတ်ပြပြီး သူ့သူငယ်ချင်းနောက် လိုက်သွားတယ်
Winter အိမ်သာသုံးပြီး ထွက်လာတော့ အိမ်သာရှေ့ရပ်နေတဲ့ Yizhuoကို တွေ့ရသည်
"ဘာရပ်လုပ်နေတာလဲ "
"ငါလည်း သေးပေါက်မလို့လေ အိမ်သာကို ငါကဘာလာလုပ်ရမှာလဲ "
"တစ်ခြားအခန်းသွားပေါက်ပေါ့ ဘာလို့ စောင့်နေတာလဲ "
"နင်ပေါက်တဲ့နေရာမှာပေါက်ချင်လို့ "
Winterမှာ သူ့ကိုဘုရလန့်လုပ်နေတဲ့ Yizhuoကို ဘာမှဆက်မပြောနိုင်ဘဲ ခေါင်းသာခါမိသည်
Winter ဟင်းနံ့တွေရလို့ မီးဖိုခန်းဘက်သွားစဥ် Yizhuoဆီက အော်သံကြားရလို့ လန့်သွားတယ်
Yizhuo တစ်ခုခုဖြစ်နေတယ်ထင်ပြီး Winter အိမ်သာဘက်ကို အမြန်သွားကြည့်တော့ အရမ်းလန့်နေတဲ့ Yizhuo ကို တွေ့လိုက်ရသည်
"Yuzhuo နင် ဘာဖြစ်တာလဲ "
"နင် ကိုယ်ဝန်ရှိနေတာဘဲ "
Yizhuoရဲ့စကားကြောင့် Winter အရမ်းလန့်သွားတယ်
ဘယ်လို သူက ကိုယ်ဝန်ရှိနေတာတဲ့ ဟုတ်ပါ့မလား
#Tbc
Hello author personal caseတွေကြောင့် ပင်ပန်းပြီး အကြာကြီးပျောက်သွားမိတယ် အခုပြန်လာပါပြီ စောင့်နေကြသူများကို အားနာပါတယ်တောင်းပန်ပါတယ်နော်🖤
#zawgyi
"ဘာဖြစ်လို့လဲ "
"မဖြစ်ပါဘူး ဘာလို့လဲ "
"မဟုတ်ပါဘူး နင်ရော "
"မသောက်ချင်ဘူး "
Yizhuoကတော့ အဝတ်အစားဆင်တူတွေဝတ်ထားရတဲ့လူတွေကိုကြည့်ပြီး ကျစ်စုတ်မိသည်
*****
"ကိုယ်ဝန်ရှိနေတာလား "
"အယ် မဟုတ်တာ "
"Aww ငါသက်သာသွားပါပြီ "
"မသွားချင်ပါဘူး "
"ရှင်က ဘယ်သူလဲ "
"တိရစ်ဆာန်ဆေးကုဆရာဝန်ပါဗျာ့ "
"ငါ့ကိုသေစေချင်တာလား '
"Mike ဘာဖြစ်လို့လဲ ..."
"Hey baby "
"Minjeongလား "
"ဘာဖြစ်တာလဲ "
"အိမ်ပြန်တော့မှာလား "
"ဘာရပ်လုပ်နေတာလဲ "
"Yuzhuo နင် ဘာဖြစ်တာလဲ "
#Tbc
Bạn đang đọc truyện trên: Truyen3h.Co