Part 3
Karinaတို့ သူ့အိမ်ကိုပြန်ဖို့ private လေဆိပ်ကိုရောက်လာကြသည် ....Karinaရဲ့ ကိုယ်ပိုင်လေယာဥ်ကို မြင်တော့ Winter လွန်ခဲ့တဲ့နှစ်နှစ်က အချိန်ကို သတိပြန်ရသွားတယ်
အဲ့ဒီတုံးကလည်း ဒီလေယာဥ်ကို စီးပြီး Karinaဆီ ပြန်လာခဲ့ရတာမဟုတ်လား
လေဆိပ်ကိုရောက်တော့ တစ်ဖက်ကားပေါ်က ဆင်းလာတဲ့ Yizhuoကို မြင်ပြီး Winter အရမ်းပျော်သွားတယ်
ကားပေါ်ကနေဆင်းပြီး Yizhuoကို Winter ပြေးဖက်သည်
"တော်ပါသေးတယ် နင်ဘာမှမဖြစ်လို့ "
"နင်ရော အဆင်ပြေရဲ့လား"
Yizhuoက မေးတော့ Winter ဘာဖြေရမှန်းမသိဖြစ်နေတယ်
သူ့ခံစားချက်တွေကို ဘယ်လိုပြောပြရမှန်းမသိပေမယ့် Karinaနဲ့ထပ်ပြီး အတူနေရမှာက သူ့အတွက် အဆင်မပြေဘူးဆိုတာ Yizhuoသိတာတော့ သေချာသည်
ထိုစဥ် Karinaက ရောက်လာပြီး Yizhuoရင်ခွင်ထဲက Winterကို ဆွဲဆောင့်ခေါ်လိုက်သည်
"နင့်ကြောင့် ဒီနှစ်ထဲ Win ဘယ်လောက်ခက်ခဲပင်ပန်းခဲ့ရလည်းဆိုတာ သိလား "
"Aeriကြောင့် မင်းကို ငါ Respect ရှိပေးနေတာနော် Yizhuo "
Karinaရဲ့ စကားကြောင့် Yizhuo ဒေါသထွက်သွားတယ်
"ထင်ရာစိုင်းပြီး Minjeongကို ငါ့ကာကွယ်မှုကနေ ဆွဲထုတ်သွားတယ် တကယ်ဆို ငါ့ဆီက ခွင့်လွှတ်မှု တောင်းခံသင့်တာကို ဘာတွေလာပြောနေတာလည်း.... ကျစ်...Aeriနဲ့ Minjeongကြောင့်သာ မဟုတ်ရင် မင်း ငါသတ်လိုက်လို့ သေတာကြာပြီ Yizhuo "
"ဘာပြောတယ်.... Winကို နင်ဘယ်လောက်ပျက်စီးအောင် လုပ်ခဲ့လည်းသိလား ငါကဆွဲထုတ်တာ မဟုတ်ဘူး သူ့ကိုကယ်တင်ခဲ့တာ ....သူ အရမ်းကြောက်နေတဲ့ပုံစံ နင်မြင်ဖူးလား ညတိုင်း အိမ်မက်ဆိုးတွေကြောင့် သူအော်ဟစ်ခဲ့တာတွေ နင်ကြားဖူးလား အိမ်မက်ဆိုးတွေကြောင့် သူ ငိုခဲ့ရချိန်တိုင်း နင်အနားမှာရှိပေးခဲ့ဖူးလား နင့်မိဘတွေသေခဲ့တဲ့နေ့က ဘာတွေဖြစ်ခဲ့မှန်းတောင် နင်သိတာမဟုတ်ဘူး လက်စားချေဖို့ဘဲ အာရုံရှိနေပြီး သူအဆင်ပြေလားတောင် နင်ဂရုမစိုက်ခဲ့ဘူး နင် ပေးခဲ့တဲ့ ကတိကို ချိူးဖျက်ပြီး သူ့ကိုဆေးရုံမှာထားခဲ့တဲ့နေ့က ငါဘဲသူ့အနားမှာရှိနေပေးခဲ့တာ သူနင့်ကို လိုအပ်နေခဲ့ချိန်မှာ နင် မရှိခဲ့ဘူး သူက ငါ့ကို နင့်ဆီကလွတ်မြောက်ချင်တယ်လို့ ခေါ်ထုတ်ခိုင်းလို့ ငါကခေါ်ထုတ်ပေးခဲ့တာ နင့်လက်ထဲမှာ သူရှိနေရင် လုံခြုံမယ်လို့ထင်နေတုံးလား ဟမ် အများကြီးဖြစ်ပျက်ခဲ့တာတွေ နင်အသိဆုံး နင်သောက်ရူးလား "
Yizhuoရဲ့ စကားကြောင့် Karina ဒေါသထွက်သွားတယ်
အဲ့နေ့တုံးက အိမ်ထဲဝင်ဝင်ချင်း ကြားရတဲ့ သေနတ်သံတွေ ကို Karina မှတ်မိနေတုံးဘဲဲ ကြားယောင်နေတုံးဘဲ
လူတွေအများကြီးနဲ့ သွေးအိုင်တွေထဲ လဲကျနေတဲ့ သူ့မိဘတွေကိုမြင်လိုက်ရတော့ Karina ပျော့ခွေသွားသလို ခံစားခဲ့ရတယ်
ပြီးတော့ Winterနဲ့သူ့အမကိုလည်း သွေးအိုင်တွေကြားမြင်ခဲ့ရချိန်က ခံစားချက်တွေ ခုထိမှတ်မိနေသေးတယ်
ပြီးတော့ လူအများကြီးသတ်နိုင်ခဲ့ပေမယ့် သူ့လက်ထဲကလွတ်သွားတဲ့ maskတပ်ထားတဲ့တစ်ယောက်ကို မသတ်နိုင်ခဲ့လို့ Karina သူ့ကိုယ်သူမကျေနပ်ဖြစ်ခဲ့တယ်
Aeriနဲ့သူ့မိဘတွေကို သတ်ခဲ့တဲ့သူတွေကို လက်စားပြန်မချေမနိုင်မချင်း Karina မရပ်တန့်နိုင်ခဲ့ဘူး
သူ့ကမ္ဘာက သွေးတွေနဲ့ဖုံးလွှမ်းနေခဲ့တယ်
Karina မှာ ဒေါသတွေထွက်လာလို့ Yizhuoကို ရိုက်မိမလို့ဖြစ်သွားတော့ Mikeက ဝင်တားသည်
တော်သေးတယ် Mikeက ကယ်လို့ မဟုတ်ရင် ဒေါသမထိန်းနိုင်ဘဲ Yizhuoကို ရိုက်မိရင် Winterက သူ့ကို တစ်သက်လုံး မုန်းသွားမှာ
Karina အံကိုကြိတ်ပြီး Winterကို လေယာဥ်ပေါ်ဆွဲခေါ်သွားသည်
Winterက ရုန်းကန်ပေမယ့် မရ လေယာဥ်ပေါ်ကို ပါသွားတယ်
Karinaပြောတာ မှန်ချင်မှန်လောက်မည် Winter က Karinaဆီမှာဘဲ တစ်သက်လုံး ပိတ်မိနေမှာတဲ့လေ
Winter ဘယ်လောက်ဘဲ သူ့ဆီကထွက်ပြေးပြေး Karinaကတော့ အမြဲတမ်းလိုက်ရှာပြီး ပြန်ခေါ်လာအုံးမှာပါ
Winterကိုတော့ ဘယ်တော့မှ လက်လွှတ်မှာမဟုတ်ဘူး
ကမ္ဘာကြီးကို ကယ်မလား Winterကိုကယ်မလားလို့ ရွေးချယ်ခိုင်းရင်တောင် Karinaကတော့ Winterကိုဘဲ ရွေးနေမှာပါ
Winterကတော့ Karinaဆီက ဘယ်တော့မှလွတ်မြောက်တော့မည်မဟုတ်ပေ
လေယာဥ်ပေါ်တွင်
"နင် ခုနက Yizhuoကို သတ်မိတော့မှာနော် "
"ထောင်ထဲက ထွက်လာတာ မကြာသေးတာကို တို့လူထပ်သတ်ဖို့ အစီအစဥ် မရှိသေးပါဘူး "
Karinaရဲ့စကားကြောင့် Winter အံ့သြသွားတယ်
"ဟင် နင်ထောင်ကျခဲ့တာလား "
"အင်း တစ်နှစ်လောက်ထောင်ထဲနေခဲ့ရတယ် ထောင်ကထွက်ထွက်ချင်း မင်းကို ဆက်တိုက်လိုက်ရှာခဲ့တာ..."
"ငါ့ကို လိုက်ရှာစရာမလိုပါဘူး ငါဒီမှာ အဆင်ပြေနေပြီ "
"တကယ်လား ဒါဆို ခုန Yizhuoပြောတာတွေက အလိမ်ညာတွေပေါ့ "
Karinaကမေးတော့ Winter ဘာမှပြန်မဖြေပေ
"Minjeong "
"ငါမလုပ်နိုင်ဘူး Karina "
"Jiminပါ ..."
"Karina Please "
"မင်းလုပ်နိုင်ပါတယ် Minjeong တို့တွေအတူ ဖြတ်ကျော်နိုင်မှာပါ "
"နင် ဘာလိုချင်တာလည်း "
"မင်း တို့ကို ကတိပေးခဲ့တဲ့ အရာအားလုံး ပြန်လိုချင်တယ် "
"နင် ငါ့ကိုပေးထားတဲ့ ကတိဖျက်ခဲ့တာနော် Karina "
Karinaသာ ကတိတည်ခဲ့ရင် သူ့မိဘတွေလည်း သေရမှာမဟုတ်ဘူး....
"ဒီတစ်ခါတော့ အရင်ကလိုမဟုတ်တော့ပါဘူး အားလုံးမတူတော့ဘူးရယ်"
"အဲ့လိုဖြစ်လာမယ် မထင်ပါဘူး နင်ငါ့ကို အတင်းခြိမ်းခြောက်ပြီး လက်ထပ်ခိုင်းခဲ့တာ ငါတို့တကယ်လက်ထပ်တာမှမဟုတ်တာ စိတ်ရင်းနဲ့ လက်ထပ်တာမျိုးမဟုတ်ဘူး "
"တို့တွေ အိမ်ပြန်ရောက်တဲ့အခါ အရင်ကလို မတူဘူးဆိုတာ တို့ကတိပေးတယ် အရာအားလုံး ကွဲပြားသွားလိမ့််မယ်နော် "
Karinaပြောပြီး Winterရဲ့ ပခုံးပေါ် မှီအိပ်လိုက်သည်
Winterကတော့ သက်ပြင်းချပြီး မျက်လုံးမှိတ်ထားလိုက်သည်
#tbc
#zawgyi
Karinaတို႔ သူ႕အိမ္ကိုျပန္ဖို႔ private ေလဆိပ္ကိုေရာက္လာၾကသည္ ....Karinaရဲ႕ ကိုယ္ပိုင္ေလယာဥ္ကို ျမင္ေတာ့ Winter လြန္ခဲ့တဲ့ႏွစ္ႏွစ္က အခ်ိန္ကို သတိျပန္ရသြားတယ္
အဲ့ဒီတုံးကလည္း ဒီေလယာဥ္ကို စီးၿပီး Karinaဆီ ျပန္လာခဲ့ရတာမဟုတ္လား
ေလဆိပ္ကိုေရာက္ေတာ့ တစ္ဖက္ကားေပၚက ဆင္းလာတဲ့ Yizhuoကို ျမင္ၿပီး Winter အရမ္းေပ်ာ္သြားတယ္
ကားေပၚကေနဆင္းၿပီး Yizhuoကို Winter ေျပးဖက္သည္
"ေတာ္ပါေသးတယ္ နင္ဘာမွမျဖစ္လို႔ "
"နင္ေရာ အဆင္ေျပရဲ႕လား"
Yizhuoက ေမးေတာ့ Winter ဘာေျဖရမွန္းမသိျဖစ္ေနတယ္
သူ႕ခံစားခ်က္ေတြကို ဘယ္လိုေျပာျပရမွန္းမသိေပမယ့္ Karinaနဲ႕ထပ္ၿပီး အတူေနရမွာက သူ႕အတြက္ အဆင္မေျပဘူးဆိုတာ Yizhuoသိတာေတာ့ ေသခ်ာသည္
ထိုစဥ္ Karinaက ေရာက္လာၿပီး Yizhuoရင္ခြင္ထဲက Winterကို ဆြဲေဆာင့္ေခၚလိုက္သည္
"နင့္ေၾကာင့္ ဒီႏွစ္ထဲ Win ဘယ္ေလာက္ခက္ခဲပင္ပန္းခဲ့ရလည္းဆိုတာ သိလား "
"Aeriေၾကာင့္ မင္းကို ငါ Respect ရွိေပးေနတာေနာ္ Yizhuo "
Karinaရဲ႕ စကားေၾကာင့္ Yizhuo ေဒါသထြက္သြားတယ္
"ထင္ရာစိုင္းၿပီး Minjeongကို ငါ့ကာကြယ္မႈကေန ဆြဲထုတ္သြားတယ္ တကယ္ဆို ငါ့ဆီက ခြင့္လႊတ္မႈ ေတာင္းခံသင့္တာကို ဘာေတြလာေျပာေနတာလည္း.... က်စ္...Aeriနဲ႕ Minjeongေၾကာင့္သာ မဟုတ္ရင္ မင္း ငါသတ္လိုက္လို႔ ေသတာၾကာၿပီ Yizhuo "
"ဘာေျပာတယ္.... Winကို နင္ဘယ္ေလာက္ပ်က္စီးေအာင္ လုပ္ခဲ့လည္းသိလား ငါကဆြဲထုတ္တာ မဟုတ္ဘူး သူ႕ကိုကယ္တင္ခဲ့တာ ....သူ အရမ္းေၾကာက္ေနတဲ့ပုံစံ နင္ျမင္ဖူးလား ညတိုင္း အိမ္မက္ဆိုးေတြေၾကာင့္ သူေအာ္ဟစ္ခဲ့တာေတြ နင္ၾကားဖူးလား အိမ္မက္ဆိုးေတြေၾကာင့္ သူ ငိုခဲ့ရခ်ိန္တိုင္း နင္အနားမွာရွိေပးခဲ့ဖူးလား နင့္မိဘေတြေသခဲ့တဲ့ေန႕က ဘာေတြျဖစ္ခဲ့မွန္းေတာင္ နင္သိတာမဟုတ္ဘူး လက္စားေခ်ဖိဳ႕ဘဲ အာ႐ုံရွိေနၿပီး သူအဆင္ေျပလားေတာင္ နင္ဂ႐ုမစိုက္ခဲ့ဘူး နင္ ေပးခဲ့တဲ့ ကတိကို ခ်ိဴးဖ်က္ၿပီး သူ႕ကိုေဆး႐ုံမွာထားခဲ့တဲ့ေန႕က ငါဘဲသူ႕အနားမွာရွိေနေပးခဲ့တာ သူနင့္ကို လိုအပ္ေနခဲ့ခ်ိန္မွာ နင္ မရွိခဲ့ဘူး သူက ငါ့ကို နင့္ဆီကလြတ္ေျမာက္ခ်င္တယ္လို႔ ေခၚထုတ္ခိုင္းလို႔ ငါကေခၚထုတ္ေပးခဲ့တာ နင့္လက္ထဲမွာ သူရွိေနရင္ လုံၿခဳံမယ္လို႔ထင္ေနတုံးလား ဟမ္ အမ်ားႀကီးျဖစ္ပ်က္ခဲ့တာေတြ နင္အသိဆုံး နင္ေသာက္႐ူးလား "
Yizhuoရဲ႕ စကားေၾကာင့္ Karina ေဒါသထြက္သြားတယ္
အဲ့ေန႕တုံးက အိမ္ထဲဝင္ဝင္ခ်င္း ၾကားရတဲ့ ေသနတ္သံေတြ ကို Karina မွတ္မိေနတုံးဘဲဲ ၾကားေယာင္ေနတုံးဘဲ
လူေတြအမ်ားႀကီးနဲ႕ ေသြးအိုင္ေတြထဲ လဲက်ေနတဲ့ သူ႕မိဘေတြကိုျမင္လိုက္ရေတာ့ Karina ေပ်ာ့ေခြသြားသလို ခံစားခဲ့ရတယ္
ၿပီးေတာ့ Winterနဲ႕သူ႕အမကိုလည္း ေသြးအိုင္ေတြၾကားျမင္ခဲ့ရခ်ိန္က ခံစားခ်က္ေတြ ခုထိမွတ္မိေနေသးတယ္
ၿပီးေတာ့ လူအမ်ားႀကီးသတ္နိုင္ခဲ့ေပမယ့္ သူ႕လက္ထဲကလြတ္သြားတဲ့ maskတပ္ထားတဲ့တစ္ေယာက္ကို မသတ္နိုင္ခဲ့လို႔ Karina သူ႕ကိုယ္သူမေက်နပ္ျဖစ္ခဲ့တယ္
Aeriနဲ႕သူ႕မိဘေတြကို သတ္ခဲ့တဲ့သူေတြကို လက္စားျပန္မေခ်မနိုင္မခ်င္း Karina မရပ္တန့္နိုင္ခဲ့ဘူး
သူ႕ကမၻာက ေသြးေတြနဲ႕ဖုံးလႊမ္းေနခဲ့တယ္
Karina မွာ ေဒါသေတြထြက္လာလို႔ Yizhuoကို ရိုက္မိမလို႔ျဖစ္သြားေတာ့ Mikeက ဝင္တားသည္
ေတာ္ေသးတယ္ Mikeက ကယ္လို႔ မဟုတ္ရင္ ေဒါသမထိန္းနိုင္ဘဲ Yizhuoကို ရိုက္မိရင္ Winterက သူ႕ကို တစ္သက္လုံး မုန္းသြားမွာ
Karina အံကိုႀကိတ္ၿပီး Winterကို ေလယာဥ္ေပၚဆြဲေခၚသြားသည္
Winterက ႐ုန္းကန္ေပမယ့္ မရ ေလယာဥ္ေပၚကို ပါသြားတယ္
Karinaေျပာတာ မွန္ခ်င္မွန္ေလာက္မည္ Winter က Karinaဆီမွာဘဲ တစ္သက္လုံး ပိတ္မိေနမွာတဲ့ေလ
Winter ဘယ္ေလာက္ဘဲ သူ႕ဆီကထြက္ေျပးေျပး Karinaကေတာ့ အၿမဲတမ္းလိုက္ရွာၿပီး ျပန္ေခၚလာအုံးမွာပါ
Winterကိုေတာ့ ဘယ္ေတာ့မွ လက္လႊတ္မွာမဟုတ္ဘူး
ကမၻာႀကီးကို ကယ္မလား Winterကိုကယ္မလားလို႔ ေ႐ြးခ်ယ္ခိုင္းရင္ေတာင္ Karinaကေတာ့ Winterကိုဘဲ ေ႐ြးေနမွာပါ
Winterကေတာ့ Karinaဆီက ဘယ္ေတာ့မွလြတ္ေျမာက္ေတာ့မည္မဟုတ္ေပ
ေလယာဥ္ေပၚတြင္
"နင္ ခုနက Yizhuoကို သတ္မိေတာ့မွာေနာ္ "
"ေထာင္ထဲက ထြက္လာတာ မၾကာေသးတာကို တို႔လူထပ္သတ္ဖို႔ အစီအစဥ္ မရွိေသးပါဘူး "
Karinaရဲ႕စကားေၾကာင့္ Winter အံ့ၾသသြားတယ္
"ဟင္ နင္ေထာင္က်ခဲ့တာလား "
"အင္း တစ္ႏွစ္ေလာက္ေထာင္ထဲေနခဲ့ရတယ္ ေထာင္ကထြက္ထြက္ခ်င္း မင္းကို ဆက္တိုက္လိုက္ရွာခဲ့တာ..."
"ငါ့ကို လိုက္ရွာစရာမလိုပါဘူး ငါဒီမွာ အဆင္ေျပေနၿပီ "
"တကယ္လား ဒါဆို ခုန Yizhuoေျပာတာေတြက အလိမ္ညာေတြေပါ့ "
Karinaကေမးေတာ့ Winter ဘာမွျပန္မေျဖေပ
"Minjeong "
"ငါမလုပ္နိုင္ဘူး Karina "
"Jiminပါ ..."
"Karina Please "
"မင္းလုပ္နိုင္ပါတယ္ Minjeong တို႔ေတြအတူ ျဖတ္ေက်ာ္နိုင္မွာပါ "
"နင္ ဘာလိုခ်င္တာလည္း "
"မင္း တို႔ကို ကတိေပးခဲ့တဲ့ အရာအားလုံး ျပန္လိုခ်င္တယ္ "
"နင္ ငါ့ကိုေပးထားတဲ့ ကတိဖ်က္ခဲ့တာေနာ္ Karina "
Karinaသာ ကတိတည္ခဲ့ရင္ သူ႕မိဘေတြလည္း ေသရမွာမဟုတ္ဘူး....
"ဒီတစ္ခါေတာ့ အရင္ကလိုမဟုတ္ေတာ့ပါဘူး အားလုံးမတူေတာ့ဘူးရယ္"
"အဲ့လိုျဖစ္လာမယ္ မထင္ပါဘူး နင္ငါ့ကို အတင္းၿခိမ္းေျခာက္ၿပီး လက္ထပ္ခိုင္းခဲ့တာ ငါတို႔တကယ္လက္ထပ္တာမွမဟုတ္တာ စိတ္ရင္းနဲ႕ လက္ထပ္တာမ်ိဳးမဟုတ္ဘူး "
"တို႔ေတြ အိမ္ျပန္ေရာက္တဲ့အခါ အရင္ကလို မတူဘူးဆိုတာ တို႔ကတိေပးတယ္ အရာအားလုံး ကြဲျပားသြားလိမ့္္မယ္ေနာ္ "
Karinaေျပာၿပီး Winterရဲ႕ ပခုံးေပၚ မွီအိပ္လိုက္သည္
Winterကေတာ့ သက္ျပင္းခ်ၿပီး မ်က္လုံးမွိတ္ထားလိုက္သည္
#tbc
Bạn đang đọc truyện trên: Truyen3h.Co