Truyen3h.Co

Mine S2

Part 4

KimFany059

လေယာဥ်ဆိုက်လာတဲ့အခါတွင် Karinaမှာ Mikeက တံခါးလာမခေါက်မချင်း တစ်နေရာမှ မရွေ့ပေ ဘာလို့လည်းဆိုတော့ Winterက သူ့အပေါ်မှာ အိပ်ပျော်နေလို့လေ

နောက်ဆုံးတော့ Sin Cityကို ပြန်ရောက်လာပါပြီ Winterကတော့ လုံးဝလွတ်​မြောက်နိုင်မှာ မဟုတ်တော့ပါဘူး 

"သူ သွားပါပြီ "

"ဘယ်သူသွားတာလည်း "

Mikeက Yizhuoကို ရည်ညွှန်းတာ သိပေမယ့် Winter ထပ်မေးလိုက်သည်

"Yizhuo ဘယ်ကိုသွားတာလည်း Karina "

"သူ့မိဘတွေဆီ ပြန်သွားပြီလေ ...သူ့အမေက သူ့သမီးကို သတိရနေတာနဲ့အတော်ဘဲပေါ့ ပြီးတော့ Yizhuoအဖေက လွန်ခဲ့တဲ့နှစ်လက နှလုံးရောဂါနဲ့ဆုံးသွားတာဆိုတော့ သူ့အမေတစ်ယောက်တည်းဖြစ်နေမှာ Yizhuoပြန်သွားတာ ကောင်းပါတယ် "

Karinaစကားကြောင့် Winter မျက်လုံးပြူးသွားတယ်

"ဘယ်လို အန်ကယ် ဟန်နရီက ဆုံးသွားပြီဟုတ်လား "

Winterကမေးတော့ Karinaက ခေါင်းညိတ်ပြတယ်

Winter စိတ်မကောင်းဖြစ်လို့ ငိုမိပြန်သည် ထပ်ပြီး မကောင်းတဲ့အရာတွေ ဖြစ်လာနေတာဘဲ

"သွားကြစို့ "

Karinaကပြောပေမယ့် Winter အာရုံမရ.... စိတ်ကလွင့်နေတယ်

ဘာလို့ ဘုရားသခင်က သူ့ကိုအရမ်းမုန်းနေရတာလည်းလို့ Winter တွေးနေမိသည်

"Minjeong "

Karinaက ထပ်ခေါ်တဲ့အခါမှ Winter သတိပြန်ဝင်လာတယ်

Karinaက Winterလက်ကို မြဲမြဲတွဲပြီး လေယာဥ်ပေါ်က ဆင်းလာလိုက်သည်

LAက ပူလောင်တဲ့ရာသီဥတုနဲ့ ခြောက်ကပ်နေတဲ့ အခြေအနေတွေက Winterကို အရင်ကနေ့ရက်တွေကို သတိပြန်ရစေသည်

ကားပေါ်ကိုရောက်တော့ ကားရှေ့ခန်းက bodyguardက အသစ်ဖြစ်နေတာကို Winter သတိထားမိသည်

Bodyguardတွေ ဘယ်နှယောက်လောက်ကိုများ Karina အစားထိုးထားလည်းလို့ Winter အံ့သြမိတယ်

သူ့ဘေးနားမှာနေပြီး Yu Familyအလုပ်အတွက် အသက်စတေးပြီးပေးခဲ့ရတဲ့လူတွေအပေါ် အားနာစိတ်လေးများ Karinaရှိခဲ့လားလို့ Winterသိချင်မိသည်

"ဘာတွေ တွေးနေတာလည်း "

Karinaရဲ့စကားသံက Winter အတွေးတွေကို လွှင့်ပြယ်သွားစေသည်

Karinaကို Winter တစ်ချက်ကြည့်လိုက်သည် ဒီမိန်းမကို မတွေ့ရတာ အတော်ကြာပေမယ့် သူ့အထိအတွေ့တွေက ခုထိ နွေးထွေးနေသလို ခံစားရတယ်

Winterရဲ့ စိတ်ကိုဖတ်ရတာ လွယ်တယ် သူ့ခံစားချက်အတိုင်း မျက်နှာပေါ်မှာ အလွယ်တကူပေါ်လာတယ်

Karinaကတော့ Winterလို မဟုတ် သူ့ခံစားချက်ကို မျက်နှာအနက်ရောင်တပ်ထားပြီး ဖုံးကွယ်ထားလေ့ရှိတယ်

"အချစ်လေးရေ "

Winterရဲ့ ပေါင်ကိုကိုင်ပြီး Karinaထပ်ခေါ်ပြန်သည်

Karinaရဲ့ ခေါင်းထဲ ဘာတွေတွေးနေလည်းဆိုတာ Winter စဥ်းစားကြည့်လို့မရဘူး

Karinaက ဖုံးကွယ်ထားတာတွေ အများကြီးဘဲ Winterက Karinaရဲ့ Dark Sideတွေကို မရှာနိုင်ဘူး ရှာလည်းရှာမတွေ့ချင်ဘူး

"Minjeong ဘာတွေအတွေးလွန်နေတာလည်းကွာ "

"ငါ Yizhuoဆီသွားချင်လို့ သူ့ဘေးနားမှာ နှစ်သိမ့်ပေးဖို့ ရှိချင်တယ် "

"သူ့မှာ သူ့အမေရှိတယ်လေကွာ "

"ဒါပေမယ့် "

"လာ အိမ်ကိုရောက်ပြီ ရေချိုးကြစို့ "

"ငါနင်နဲ့ရေအတူ မချိုးနိုင်ဘူးနော် "

Winter ရန်လုပ်ပြီး Karinaဆွဲခေါ်ရာ အိမ်ထဲကို ပါလာတယ်

ဒီအိမ်ကြီးက အရင်တိုင်းပါ​ဘဲ ဘာမှမပြောင်းလဲဘူး Karinaလိုဘဲ

Karinaက အရမ်း ခေါင်းမာတယ် Winterက သူ့ကို နှစ်ကြိမ်တောင် ထားခဲ့တာကို သူက လိုက်ရှာနေတုံးဘဲ

တစ်ခြားသူသာဆိုရင် ပလစ်လိုက်ပြီး နောက်တစ်ယောက်ထားပစ်မှာ မဟုတ်လား အခုတော့ Karinaက Winterကို အရမ်းစွဲလမ်းလွန်းနေတယ်

Winter မှာ အခန်းထဲက နံရံမှာ မှီရင်း သူ့ဘဝကိုသူပြန်တွေးမိနေတယ် ...အသက်ရှင်နေပေမယ့် သေနေတဲ့လူတစ်ယောက်လိုဘဲ .....

Yizhuoအနားရှိတုံးကမှ Winterမှာ သူ့ဆီအဖော်တစ်ယောက် သူ့အတွက်အားကိုးလို့ရတဲ့ သူတစ်ယောက်ရှိသေးတယ်လို့ အားအင်ရှိမိသေးသည် အခုတော့ ဘယ်လိုများလုပ်ရမလည်း

Winterမှာ တွေးငိုရင်း သူ့ကို လာဖက်သလိုခံစားရတယ်

Winterလှည့်ကြည့်တော့ တဘတ်လေးကို ကိုယ်မှာ ပတ်ထားတဲ့ Karinaကို တွေ့လိုက်ရသည်

"ဘာလို့ငိုနေတာလည်း "

"ဘာလို့ ငိုနေတာလည်း ဟုတ်လား Karina "

Winter ပြောပြီး Karinaကို တွန်းလွှတ်လိုက်တယ် ပြီးတော့ အနားမှာရှိတဲ့ ပစ္စည်းတွေနဲ့ Karinaကို ဒေါသတကြီး ပစ်ပေါက်လိုက်တယ်

"သောက်ချီးဘဲ Karina ငါ့ဆီက ဘာတွေထပ်လိုချင်သေးတာလည်း ငါနင့်ကို ပေးစရာဘာမှမရှိတော့ဘူး ငါဘာလို့ ဒီမှာ ရှိနေရတာလည်း "

Winterက အဖြေကိုလိုချင်ပေမယ့် Karinaက တိတ်ဆိတ်နေပြီး Winter လုပ်သမျှ ငြိမ်ခံနေတယ်

"နင် ငါ့ကိုလွှင့်ပစ်ခဲ့တာလေ Karina ငါသိတယ် ငါက နင့်အတွက် ဘယ်တုံးကမှ မလုံလောက်ခဲ့ဘူး နင့်ဘဝအစိတ်အပိုင်းထဲ ငါဘယ်တုံးကမှ မပါချင်ခဲ့ဘူး  ငါဘာကို ကိုင်တွယ်နိုင်တယ် ဘာကိုမကိုင်တွယ်နိုင်ဘူးလည်းဆိုတာ ငါသိတယ်  အကူအညီလုံးဝမဲ့နေတဲ့ ခံစားချက်မျိုး နင်ခံစားခဲ့ဖူးလား ခံစားဖူးလား Karina ငါကတော့ ခံစားဖူးတယ် "

Karinaမှာ Winterဆီ လျှောက်လာပေမယ့် Winterက နောက်ကိုဆုတ်သွားတယ်

"ငါနင့်အဖေရဲ့ အော်သံတွေကို ခုထိကြားနေရတုံး  နင့်အမေကို ပစ်သတ်တဲ့ သေနတ်သံက ငါ့ခေါင်းထဲ ပဲ့တင်နေတုံး ငါ အားလုံးကို ရပ်ပြီးသာ ကြည့်နေခဲ့ရတယ် ငါ မသတ်ဖို့ တောင်းပန်ခဲ့တယ် အသံတွေဝင်တဲ့အထိ သူတို့ကို တောင်းပန်ခဲ့တယ်သိလား ငါ သွေးတွေကြားထဲ နင်များရောက်လာမလားလို့ စောင့်ရင်း ရှာနေခဲ့ရတယ် နင်က ငါတို့ဆီရောက်လာပြီး ကယ်မှာပါလို့ Taeyeonကတိပေးခဲ့တယ် ငါ့ကို"

"တို့  သူတို့ကို ပြန်လက်စားချေဖို့ အာဏာတွေပြန်ရ "

"အဲ့တာတွေက သောက်ရေးမကြီးဘူး Karinaရယ် ငါနင့်ကို ရပ်ပါတော့လို့ တောင်းဆိုတာတောင် နင်က မရပ်နိုင်ခဲ့ဘူးလေ "

Karinaမှာ ဘာမှမပြောဘဲ ဒီအတိုင်းလေးသာ ရပ်နေသည်

"ဘာလည်း ငါကဘာလို့ နင့်မိန်းမ ဖြစ်နေရတာလည်း ခုထိ ငါ့ကိုစိတ်ဒုက္ခပေးလို့မပြီးသေးဘူးလား Aeriသေတာ ငါ့ကြောင့်ဆိုပြီး အပြစ်တင်ပြီး အပြစ်ပေးချင်လို့လား"

"တို့ မင်းကို အသားနာအောင်မလုပ်ရက်ပါဘူး နာကျင်အောင် မလုပ်ရက်ပါဘူး တို့မင်းကို ချစ်တယ် "

"နင်ငါ့ကို နာကျင်အောင်လုပ်ပါတယ် နင်ငါ့ကိုထားသွားခဲ့တယ် Karina "

"တို့ မင်းကိုထပ်ပြီးမထားခဲ့တော့ဘူးလို့ ကတိပေးတယ်လေ "

'ငါ နင်ပြောသမျှဘာစကားမှ ထပ်မယုံတော့ဘူး Karina ငါမယုံဘူး ချီးဘဲ အဲ့နေ့ကတည်းက နင့်မိဘတွေနဲ့ ငါအတူသေလိုက်ရမှာ "

"Kim Minjeong အဲ့စကားမပြောစမ်းနဲ့ "

Karinaပြောပြီး Winterဆီလျှောက်လာတယ် Winterက သူ့ကိုတွန်းလွှတ်တာတောင် Winterကို ဆွဲချုပ်ပြီး ပွေ့ချီလိုက်တယ်

Winterမှာ ရုန်းပြီး Karinaရဲ့ ပခုံးကို ကိုက်ပေမယ့် Karina မလွှတ်ပေ Winterကို ရေချိုးခန်းထဲ ခေါ်သွားလိုက်သည်

#tbc

#Zawgyi

ေလယာဥ္ဆိုက္လာတဲ့အခါတြင္ Karinaမွာ Mikeက တံခါးလာမေခါက္မခ်င္း တစ္ေနရာမွ မေ႐ြ႕ေပ ဘာလို႔လည္းဆိုေတာ့ Winterက သူ႕အေပၚမွာ အိပ္ေပ်ာ္ေနလို႔ေလ

ေနာက္ဆုံးေတာ့ Sin Cityကို ျပန္ေရာက္လာပါၿပီ Winterကေတာ့ လုံးဝလြတ္ေျမာက္နိုင္မွာ မဟုတ္ေတာ့ပါဘူး 

"သူ သြားပါၿပီ "

"ဘယ္သူသြားတာလည္း "

Mikeက Yizhuoကို ရည္ၫႊန္းတာ သိေပမယ့္ Winter ထပ္ေမးလိုက္သည္

"Yizhuo ဘယ္ကိုသြားတာလည္း Karina "

"သူ႕မိဘေတြဆီ ျပန္သြားၿပီေလ ...သူ႕အေမက သူ႕သမီးကို သတိရေနတာနဲ႕အေတာ္ဘဲေပါ့ ၿပီးေတာ့ Yizhuoအေဖက လြန္ခဲ့တဲ့ႏွစ္လက ႏွလုံးေရာဂါနဲ႕ဆုံးသြားတာဆိုေတာ့ သူ႕အေမတစ္ေယာက္တည္းျဖစ္ေနမွာ Yizhuoျပန္သြားတာ ေကာင္းပါတယ္ "

Karinaစကားေၾကာင့္ Winter မ်က္လုံးျပဴးသြားတယ္

"ဘယ္လို အန္ကယ္ ဟန္နရီက ဆုံးသြားၿပီဟုတ္လား "

Winterကေမးေတာ့ Karinaက ေခါင္းညိတ္ျပတယ္

Winter စိတ္မေကာင္းျဖစ္လို႔ ငိုမိျပန္သည္ ထပ္ၿပီး မေကာင္းတဲ့အရာေတြ ျဖစ္လာေနတာဘဲ

"သြားၾကစို႔ "

Karinaကေျပာေပမယ့္ Winter အာ႐ုံမရ.... စိတ္ကလြင့္ေနတယ္

ဘာလို႔ ဘုရားသခင္က သူ႕ကိုအရမ္းမုန္းေနရတာလည္းလို႔ Winter ေတြးေနမိသည္

"Minjeong "

Karinaက ထပ္ေခၚတဲ့အခါမွ Winter သတိျပန္ဝင္လာတယ္

Karinaက Winterလက္ကို ၿမဲၿမဲတြဲၿပီး ေလယာဥ္ေပၚက ဆင္းလာလိုက္သည္

LAက ပူေလာင္တဲ့ရာသီဥတုနဲ႕ ေျခာက္ကပ္ေနတဲ့ အေျခအေနေတြက Winterကို အရင္ကေန႕ရက္ေတြကို သတိျပန္ရေစသည္

ကားေပၚကိုေရာက္ေတာ့ ကားေရွ႕ခန္းက bodyguardက အသစ္ျဖစ္ေနတာကို Winter သတိထားမိသည္

Bodyguardေတြ ဘယ္ႏွေယာက္ေလာက္ကိုမ်ား Karina အစားထိုးထားလည္းလို႔ Winter အံ့ၾသမိတယ္

သူ႕ေဘးနားမွာေနၿပီး Yu Familyအလုပ္အတြက္ အသက္စေတးၿပီးေပးခဲ့ရတဲ့လူေတြအေပၚ အားနာစိတ္ေလးမ်ား Karinaရွိခဲ့လားလို႔ Winterသိခ်င္မိသည္

"ဘာေတြ ေတြးေနတာလည္း "

Karinaရဲ႕စကားသံက Winter အေတြးေတြကို လႊင့္ျပယ္သြားေစသည္

Karinaကို Winter တစ္ခ်က္ၾကည့္လိုက္သည္ ဒီမိန္းမကို မေတြ႕ရတာ အေတာ္ၾကာေပမယ့္ သူ႕အထိအေတြ႕ေတြက ခုထိ ႏြေးေထြးေနသလို ခံစားရတယ္

Winterရဲ႕ စိတ္ကိုဖတ္ရတာ လြယ္တယ္ သူ႕ခံစားခ်က္အတိုင္း မ်က္ႏွာေပၚမွာ အလြယ္တကူေပၚလာတယ္

Karinaကေတာ့ Winterလို မဟုတ္ သူ႕ခံစားခ်က္ကို မ်က္ႏွာအနက္ေရာင္တပ္ထားၿပီး ဖုံးကြယ္ထားေလ့ရွိတယ္

"အခ်စ္ေလးေရ "

Winterရဲ႕ ေပါင္ကိုကိုင္ၿပီး Karinaထပ္ေခၚျပန္သည္

Karinaရဲ႕ ေခါင္းထဲ ဘာေတြေတြးေနလည္းဆိုတာ Winter စဥ္းစားၾကည့္လို႔မရဘူး

Karinaက ဖုံးကြယ္ထားတာေတြ အမ်ားႀကီးဘဲ Winterက Karinaရဲ႕ Dark Sideေတြကို မရွာနိုင္ဘူး ရွာလည္းရွာမေတြ႕ခ်င္ဘူး

"Minjeong ဘာေတြအေတြးလြန္ေနတာလည္းကြာ "

"ငါ Yizhuoဆီသြားခ်င္လို႔ သူ႕ေဘးနားမွာ ႏွစ္သိမ့္ေပးဖို႔ ရွိခ်င္တယ္ "

"သူ႕မွာ သူ႕အေမရွိတယ္ေလကြာ "

"ဒါေပမယ့္ "

"လာ အိမ္ကိုေရာက္ၿပီ ေရခ်ိဳးၾကစို႔ "

"ငါနင္နဲ႕ေရအတူ မခ်ိဳးနိုင္ဘူးေနာ္ "

Winter ရန္လုပ္ၿပီး Karinaဆြဲေခၚရာ အိမ္ထဲကို ပါလာတယ္

ဒီအိမ္ႀကီးက အရင္တိုင္းပါဘဲ ဘာမွမေျပာင္းလဲဘူး Karinaလိုဘဲ

Karinaက အရမ္း ေခါင္းမာတယ္ Winterက သူ႕ကို ႏွစ္ႀကိမ္ေတာင္ ထားခဲ့တာကို သူက လိုက္ရွာေနတုံးဘဲ

တစ္ျခားသူသာဆိုရင္ ပလစ္လိုက္ၿပီး ေနာက္တစ္ေယာက္ထားပစ္မွာ မဟုတ္လား အခုေတာ့ Karinaက Winterကို အရမ္းစြဲလမ္းလြန္းေနတယ္

Winter မွာ အခန္းထဲက နံရံမွာ မွီရင္း သူ႕ဘဝကိုသူျပန္ေတြးမိေနတယ္ ...အသက္ရွင္ေနေပမယ့္ ေသေနတဲ့လူတစ္ေယာက္လိုဘဲ .....

Yizhuoအနားရွိတုံးကမွ Winterမွာ သူ႕ဆီအေဖာ္တစ္ေယာက္ သူ႕အတြက္အားကိုးလို႔ရတဲ့ သူတစ္ေယာက္ရွိေသးတယ္လို႔ အားအင္ရွိမိေသးသည္ အခုေတာ့ ဘယ္လိုမ်ားလုပ္ရမလည္း

Winterမွာ ေတြးငိုရင္း သူ႕ကို လာဖက္သလိုခံစားရတယ္

Winterလွည့္ၾကည့္ေတာ့ တဘတ္ေလးကို ကိုယ္မွာ ပတ္ထားတဲ့ Karinaကို ေတြ႕လိုက္ရသည္

"ဘာလို႔ငိုေနတာလည္း "

"ဘာလို႔ ငိုေနတာလည္း ဟုတ္လား Karina "

Winter ေျပာၿပီး Karinaကို တြန္းလႊတ္လိုက္တယ္ ၿပီးေတာ့ အနားမွာရွိတဲ့ ပစၥည္းေတြနဲ႕ Karinaကို ေဒါသတႀကီး ပစ္ေပါက္လိုက္တယ္

"ေသာက္ခ်ီးဘဲ Karina ငါ့ဆီက ဘာေတြထပ္လိုခ်င္ေသးတာလည္း ငါနင့္ကို ေပးစရာဘာမွမရွိေတာ့ဘူး ငါဘာလို႔ ဒီမွာ ရွိေနရတာလည္း "

Winterက အေျဖကိုလိုခ်င္ေပမယ့္ Karinaက တိတ္ဆိတ္ေနၿပီး Winter လုပ္သမွ် ၿငိမ္ခံေနတယ္

"နင္ ငါ့ကိုလႊင့္ပစ္ခဲ့တာေလ Karina ငါသိတယ္ ငါက နင့္အတြက္ ဘယ္တုံးကမွ မလုံေလာက္ခဲ့ဘူး နင့္ဘဝအစိတ္အပိုင္းထဲ ငါဘယ္တုံးကမွ မပါခ်င္ခဲ့ဘူး  ငါဘာကို ကိုင္တြယ္နိုင္တယ္ ဘာကိုမကိုင္တြယ္နိုင္ဘူးလည္းဆိုတာ ငါသိတယ္  အကူအညီလုံးဝမဲ့ေနတဲ့ ခံစားခ်က္မ်ိဳး နင္ခံစားခဲ့ဖူးလား ခံစားဖူးလား Karina ငါကေတာ့ ခံစားဖူးတယ္ "

Karinaမွာ Winterဆီ ေလွ်ာက္လာေပမယ့္ Winterက ေနာက္ကိုဆုတ္သြားတယ္

"ငါနင့္အေဖရဲ႕ ေအာ္သံေတြကို ခုထိၾကားေနရတုံး  နင့္အေမကို ပစ္သတ္တဲ့ ေသနတ္သံက ငါ့ေခါင္းထဲ ပဲ့တင္ေနတုံး ငါ အားလုံးကို ရပ္ၿပီးသာ ၾကည့္ေနခဲ့ရတယ္ ငါ မသတ္ဖို႔ ေတာင္းပန္ခဲ့တယ္ အသံေတြဝင္တဲ့အထိ သူတို႔ကို ေတာင္းပန္ခဲ့တယ္သိလား ငါ ေသြးေတြၾကားထဲ နင္မ်ားေရာက္လာမလားလို႔ ေစာင့္ရင္း ရွာေနခဲ့ရတယ္ နင္က ငါတို႔ဆီေရာက္လာၿပီး ကယ္မွာပါလို႔ Taeyeonကတိေပးခဲ့တယ္ ငါ့ကို"

"တို႔  သူတို႔ကို ျပန္လက္စားေခ်ဖိဳ႕ အာဏာေတြျပန္ရ "

"အဲ့တာေတြက ေသာက္ေရးမႀကီးဘူး Karinaရယ္ ငါနင့္ကို ရပ္ပါေတာ့လို႔ ေတာင္းဆိုတာေတာင္ နင္က မရပ္နိုင္ခဲ့ဘူးေလ "

Karinaမွာ ဘာမွမေျပာဘဲ ဒီအတိုင္းေလးသာ ရပ္ေနသည္

"ဘာလည္း ငါကဘာလို႔ နင့္မိန္းမ ျဖစ္ေနရတာလည္း ခုထိ ငါ့ကိုစိတ္ဒုကၡေပးလို႔မၿပီးေသးဘူးလား Aeriေသတာ ငါ့ေၾကာင့္ဆိုၿပီး အျပစ္တင္ၿပီး အျပစ္ေပးခ်င္လို႔လား"

"တို႔ မင္းကို အသားနာေအာင္မလုပ္ရက္ပါဘူး နာက်င္ေအာင္ မလုပ္ရက္ပါဘူး တို႔မင္းကို ခ်စ္တယ္ "

"နင္ငါ့ကို နာက်င္ေအာင္လုပ္ပါတယ္ နင္ငါ့ကိုထားသြားခဲ့တယ္ Karina "

"တို႔ မင္းကိုထပ္ၿပီးမထားခဲ့ေတာ့ဘူးလို႔ ကတိေပးတယ္ေလ "

'ငါ နင္ေျပာသမွ်ဘာစကားမွ ထပ္မယုံေတာ့ဘူး Karina ငါမယုံဘူး ခ်ီးဘဲ အဲ့ေန႕ကတည္းက နင့္မိဘေတြနဲ႕ ငါအတူေသလိုက္ရမွာ "

"Kim Minjeong အဲ့စကားမေျပာစမ္းနဲ႕ "

Karinaေျပာၿပီး Winterဆီေလွ်ာက္လာတယ္ Winterက သူ႕ကိုတြန္းလႊတ္တာေတာင္ Winterကို ဆြဲခ်ဳပ္ၿပီး ေပြ႕ခ်ီလိုက္တယ္

Winterမွာ ႐ုန္းၿပီး Karinaရဲ႕ ပခုံးကို ကိုက္ေပမယ့္ Karina မလႊတ္ေပ Winterကို ေရခ်ိဳးခန္းထဲ ေခၚသြားလိုက္သည္

#tbc

Bạn đang đọc truyện trên: Truyen3h.Co