Truyen3h.Co

Mine S2

Part 32

KimFany059

Unicode

"သမီးလေး ဘယ်လိုနေလဲ ဘယ်လိုအခြေအနေရှိလဲ "

Winter ဗိုက်ထဲက ကလေးလေးဟာ သမီးလေး ဖြစ်နေကြောင်း Karina သိခဲ့ရပြီလေ

Winterမှာ သူ့ရဲ့လက်ကလေးနဲ့ ဗိုက်ကလေးကို ပွတ်ပြီး

"သူ ဒီနေ့ တော်တော် activeဖြစ်နေတာ ငါ့ဗိုက်ကို ခဏခဏကန်တယ် Jimin "

Winterရဲ့ စကားကြောင့် Karina သဘောကျပြီး ရယ်တယ်

ပြီးတော့ ဆောင့်ကြောင့်ထိုင်ချပြီး Winterရဲ့ ကိုယ်ဝန်လွယ်ထားတဲ့ ဗိုက်ကလေးကို ပွတ်ပေးကာ ဖွဖွလေးနမ်းလိုက်သည်

"တို့နဲ့တူတဲ့ သမီးလေးဖြစ်မယ်ထင်တယ် "

Karinaကပြောတော့ Rockyက အမြှီးနှံ့ပြသည်

"ဟော ငါပြောတာ မင်းက နားလည်လို့ အမြှီးနှံ့ပြနေတာလားကွ "

"Rocky အကြောင်းသိချင်လား Jimin...သူ့နာမည်က Rocky ဘယ်လိုလုပ်ပြီး ခွေးဂေဟာကိုရောက်လာလည်း မသိပေမယ့် ကြည့်ရသလောက် Rockyက ယောင်္ကျားတွေကို မုန်းတယ် သူ့နားဆို မိန်းကလေးတွေဘဲ အကပ်ခံတယ် "

"Ha တကယ့်ခွေးကွာ "

Karinaက ပြောပြီး Rockyကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်

"ဟော အဲ့လောက်မကြည့်နဲ့လေ ကလေးကို "

Winterက ရန်လုပ်ပြီး Karinaရဲ့ ရင်ဘတ်ကို ဖွဖွလေးထုလိုက်သည်

"ခွေးတွေအများကြီးထဲမှာမှ မင်းက သူ့ကိုလိုချင်တာလား Minjeong.... တယ်ရီယာတို့ ချီဟွားဟွာတို့ Golden တွေမလိုချင်ဘူးလား "

Karinaက မေးတော့ Winterက ခေါင်းခါပြပြီး Rockyရဲ့ခေါင်းကို ပုတ်လိုက်သည်

"သူက ယောင်္ကျားတွေကို သဘောမကျဘူးလို့ ပြောတယ်နော် တို့ကျ ဘာလို့ သဘောမကျတာလဲ သူက တို့ကို မကြိုက်တဲ့ပုံနော် "

"Aww အဲ့တာကတော့ Jimin ရယ် နင်က သူ့ကို ကောင်းကောင်းမှမဆက်ဆံတာ တစ်ခါတစ်ခါ သေနတ်နဲ့ကချိန်သေး အဲ့တော့ နင့်ကို ဘယ်လိုလုပ်သဘောကျမှာလဲဟ "

Winterကပြောတော့ Karinaက ရယ်တယ်

အင်း...ဒီရက်ပိုင်း Karina အလုပ်ကိစ္စအားလုံးကို ပစ်ပြီး ကိုယ်ဝန်သည်ဖြစ်တဲ့ သူ့မိန်းမအနားမှာဘဲ နေတာများသည်

တစ်ခါတစ်လေ Winterက စိတ်ခံစားချက်တွေပြောင်းလွန်းပြီး Karinaရဲ့ ဖုန်းကို ရေကူးကန်ထဲ လွှင့်ပစ်ဖူးသေးတယ်

Karinaကတော့ ကိုယ်ဝန်သည် သူ့မိန်းမလေး ဆိုးသမျှ ချစ်တော့ သီးခံရှာသည်

အခုလည်း ညစာ စားပြီးလို့ နှစ်ယောက်သား အိပ်ခန်းကို သွားရာလမ်းတွင် Winterက ငယ်ငယ်ကအကြောင်းတွေကို မမောစတမ်းပြောနေသည်

ထို့အတူ Rockyဆိုတဲ့ခွေးငမည်းကလည်း အနောက်က တကောက်ကောက်လိုက်နေသည် အဲ့တာတွေကို Karina မကြိုက်တာ.... 

Winter က သူတို့အခန်းရှေ့က ခေါင်းအုံးလေးကို Rocky မြင်အောင် လက်ညိုးထိုးပြီး

"Rocky အဲ့ခေါင်းအုံးပေါ်မှာ အိပ်နော် အထဲကို လိုက်မလာနဲ့နော် '

Karinaမှာ Rockyနဲ့သူ့မိန်းမ baby talked ကို သီးခံပြီး နားထောင်ရပြန်သည်

Rocky ခေါင်းကိုနမ်းပြီး ဖက်ထားတာကို Karina သဘောမကျ

အင်း Minjeongအလစ်မှာ အဲ့ခွေးကို သေနတ်နဲ့သေချာလေ့ကျင့်ပေးအုံးမှ

Winterလည်း အခန်းထဲဝင်သွားရော Karinaမှာ Rockyကို သတိထားနေဆိုပြီး လက်ညိုးထိုးကာ တိတ်တိတ်လေးရန်လုပ်လေသည်

Winter ရေချိုးပြီး အခန်းထဲကနေလည်း ထွက်လာသည်

ထို့​နောက် ကုတင်ပေါ်သို့ တက်သွားပြီး စာဖတ်နေတဲ့ Jiminရဲ့ ရင်ခွင်ထဲ တိုးဝင်လေသည်

"Rockyကို မွေးခွင့်ပေးလို့ တကယ်ကျေးဇူးတင်တယ် သိလား Jimin "

"အင်းပါ "

"Rocky က လိမ်မာတဲ့ခွေးလေးပါဟ "

"တို့အမြင်မှာတော့ ပေါင် ၆၀ရှိတဲ့ အမဲသားလိုဘဲ "

Karinaက ပြောတော့ Winterက ရယ်ပြီး Karinaကို နမ်းတယ်

"ချစ်တယ် Jimin "

Winterဆီက ချစ်တယ်ဆိုတဲ့စကားကို Karina ငြီးငွေ့သွားခြင်းမရှိဘူး အမြဲတမ်း နားထောင်ချင်နေတယ် နားထောင်ရတာ ကြားရတာကျေနပ်စေတယ်

Winterဆီက ချစ်တယ်ဆိုတဲ့စကားနဲ့တင် ဘယ်လောက်ထိ ချစ်ခံနေရကြောင်း လောကကြီးကို ကြွားပစ်ချင်တယ်

"တို့လည်း မင်းကို အရမ်းချစ်တယ် "

"နင် အရမ်းချစ်လို့မရပါဘူး "

"ရတာပေါ့ မင်း လုံခြုံဘေးကင်းဖို့ဆို တို့ ဘာမဆို အကုန်လုပ်ရဲတယ် "

"နင်လုပ်ရဲတာ သိတယ် နင်လုပ်ခဲ့တာလည်း သိတယ် ဒါပေမယ့် အခုကစပြီး ရှေ့လျှောက် နင့်ကို ဆက်မလုပ်စေချင်တော့ဘူး "

Winterကပြောပြီး Karinaရဲ့ မျက်နှာကို ပွတ်သပ်နေတယ်

Karinaမှာ အမြီးသာရှိရင် ပျော်လွန်းလို့ ရမ်းခါနေမိမှာ

"တို့ ဆက်လုပ်မှာဖြစ်မှာ "

"ဘာလို့လဲ "

"လူသတ်သမားကို ဖမ်းမမိသေးဘူး"

"သူ ငြိမ်နေတယ်မဟုတ်ဘူးလား "

"ဘယ်လောက်ထိ ငြိမ်နေနိုင်မှာမို့လို့လဲ "

Karinaက ပြောပြီး Winterရဲ့ပေါင်ကို ပွတ်လိုက်သည်

"Jimin ငါ့ကို အာရုံလာမလွှဲနဲ့ ငါ့ကို အဲ့မြေအောက်လောကဆီ ထပ်မသွားတော့ဘူးလို့ ကတိပေးထားတယ်နော်  "

"တို့ မသွားတော့ပါ​ဘူး အချစ်ရ သူထွက်လာအောင်ဘဲ ဆွဲထုတ်နေတာ..."

"ဆွဲထုတ်ပြီးရင် သတ်ပစ်မှာပေါ့ "

"ဒါပေါ့ တို့ မိသားစုကို ကာကွယ်ရမယ်လေ ဒါကြောင့်မို့လို့ လူသတ်သမား ဘယ်သူလဲဆိုတာ တို့ သိမှရမှာ "

"အဲ့တာကြီးကို ငါ သဘောမကျပါဘူးမကြိုက်ပါဘူး Jimin ရာ "

Winter သက်ပြင်းချပြီး ပြောလိုက်သည်

သူ့မိန်းမ အသံမှာ စိုးရိမ်မှုတွေ ကြောက်ရွံ့မှုတွေ ပါနေတာကို Karina မကြိုက်ပေ

"Jimin ငါပြောတာ နားထောင်စမ်းပါ "

"မဟုတ်ဘူး ဘယ်သူမှ တို့လက်ထဲက မင်းကို ထိလို့မရဘူး မင်းကို တို့ကာကွယ်မှာ Minjeong "

"ဒါပေမယ့်... "

"အဲ့ခွေးမသားက သေဖို့လိုအပ်တာ သူသေမှ အေးမှာ "

"...."

Karinaတို့ကြားမှာ တိတ်ဆိတ်မှုက ဝင်ရောက်လာတယ်

"သမီးလေးတဲ့.....မင်းနဲ့တူရင် တော်တော်ကိုလှပြီး ချစ်စရာကောင်းမှာနော် Minjeong "

"ဟုတ်တယ်....ငါတွေးနေတာလေ....."

"ဘာတွေတွေးနေတာလဲ Minjeong တို့ကိုပြောပြလေ... "

"ငါတို့ သမီးလေးနာမည်ကို Giselleလို့ပေးရအောင်လေ...Aeriကို သတိရလို့ပါ "

Winterရဲ့စကားကြောင့် Karina မျက်လုံးတွေ အရောင်လက်သွားသလို ညိုးငယ်သွားတာကိုလည်း Winter သတိထားမိသည်

သူလည်း Aeriကို သတိရနေရှာမှာဘဲ မဟုတ်လား ငါတို့ Aeriလေး အခုချိန် ကောင်းရာမှာရှိနေမယ် မဟုတ်လား

#tbc

#zawgyi

"သမီးေလး ဘယ္လိုေနလဲ ဘယ္လိုအေျခအေနရွိလဲ "

Winter ဗိုက္ထဲက ကေလးေလးဟာ သမီးေလး ျဖစ္ေနေၾကာင္း Karina သိခဲ့ရၿပီေလ

Winterမွာ သူ႕ရဲ႕လက္ကေလးနဲ႕ ဗိုက္ကေလးကို ပြတ္ၿပီး

"သူ ဒီေန႕ ေတာ္ေတာ္ activeျဖစ္ေနတာ ငါ့ဗိုက္ကို ခဏခဏကန္တယ္ Jimin "

Winterရဲ႕ စကားေၾကာင့္ Karina သေဘာက်ၿပီး ရယ္တယ္

ၿပီးေတာ့ ေဆာင့္ေၾကာင့္ထိုင္ခ်ၿပီး Winterရဲ႕ ကိုယ္ဝန္လြယ္ထားတဲ့ ဗိုက္ကေလးကို ပြတ္ေပးကာ ဖြဖြေလးနမ္းလိုက္သည္

"တို႔နဲ႕တူတဲ့ သမီးေလးျဖစ္မယ္ထင္တယ္ "

Karinaကေျပာေတာ့ Rockyက အျမႇီးႏွံ႕ျပသည္

"ေဟာ ငါေျပာတာ မင္းက နားလည္လို႔ အျမႇီးႏွံ႕ျပေနတာလားကြ "

"Rocky အေၾကာင္းသိခ်င္လား Jimin...သူ႕နာမည္က Rocky ဘယ္လိုလုပ္ၿပီး ေခြးေဂဟာကိုေရာက္လာလည္း မသိေပမယ့္ ၾကည့္ရသေလာက္ Rockyက ေယာကၤ်ားေတြကို မုန္းတယ္ သူ႕နားဆို မိန္းကေလးေတြဘဲ အကပ္ခံတယ္ "

"Ha တကယ့္ေခြးကြာ "

Karinaက ေျပာၿပီး Rockyကို မ်က္ေမွာင္ၾကဳတ္ကာ ၾကည့္လိုက္သည္

"ေဟာ အဲ့ေလာက္မၾကည့္နဲ႕ေလ ကေလးကို "

Winterက ရန္လုပ္ၿပီး Karinaရဲ႕ ရင္ဘတ္ကို ဖြဖြေလးထုလိုက္သည္

"ေခြးေတြအမ်ားႀကီးထဲမွာမွ မင္းက သူ႕ကိုလိုခ်င္တာလား Minjeong.... တယ္ရီယာတို႔ ခ်ီဟြားဟြာတို႔ Golden ေတြမလိုခ်င္ဘူးလား "

Karinaက ေမးေတာ့ Winterက ေခါင္းခါျပၿပီး Rockyရဲ႕ေခါင္းကို ပုတ္လိုက္သည္

"သူက ေယာကၤ်ားေတြကို သေဘာမက်ဘဴးလို႔ ေျပာတယ္ေနာ္ တို႔က် ဘာလို႔ သေဘာမက်တာလဲ သူက တို႔ကို မႀကိဳက္တဲ့ပုံေနာ္ "

"Aww အဲ့တာကေတာ့ Jimin ရယ္ နင္က သူ႕ကို ေကာင္းေကာင္းမွမဆက္ဆံတာ တစ္ခါတစ္ခါ ေသနတ္နဲ႕ကခ်ိန္ေသး အဲ့ေတာ့ နင့္ကို ဘယ္လိုလုပ္သေဘာက်မွာလဲဟ "

Winterကေျပာေတာ့ Karinaက ရယ္တယ္

အင္း...ဒီရက္ပိုင္း Karina အလုပ္ကိစၥအားလုံးကို ပစ္ၿပီး ကိုယ္ဝန္သည္ျဖစ္တဲ့ သူ႕မိန္းမအနားမွာဘဲ ေနတာမ်ားသည္

တစ္ခါတစ္ေလ Winterက စိတ္ခံစားခ်က္ေတြေျပာင္းလြန္းၿပီး Karinaရဲ႕ ဖုန္းကို ေရကူးကန္ထဲ လႊင့္ပစ္ဖူးေသးတယ္

Karinaကေတာ့ ကိုယ္ဝန္သည္ သူ႕မိန္းမေလး ဆိုးသမွ် ခ်စ္ေတာ့ သီးခံရွာသည္

အခုလည္း ညစာ စားၿပီးလို႔ ႏွစ္ေယာက္သား အိပ္ခန္းကို သြားရာလမ္းတြင္ Winterက ငယ္ငယ္ကအေၾကာင္းေတြကို မေမာစတမ္းေျပာေနသည္

ထို႔အတူ Rockyဆိုတဲ့ေခြးငမည္းကလည္း အေနာက္က တေကာက္ေကာက္လိုက္ေနသည္ အဲ့တာေတြကို Karina မႀကိဳက္တာ.... 

Winter က သူတို႔အခန္းေရွ႕က ေခါင္းအုံးေလးကို Rocky ျမင္ေအာင္ လက္ညိုးထိုးၿပီး

"Rocky အဲ့ေခါင္းအုံးေပၚမွာ အိပ္ေနာ္ အထဲကို လိုက္မလာနဲ႕ေနာ္ '

Karinaမွာ Rockyနဲ႕သူ႕မိန္းမ baby talked ကို သီးခံၿပီး နားေထာင္ရျပန္သည္

Rocky ေခါင္းကိုနမ္းၿပီး ဖက္ထားတာကို Karina သေဘာမက်

အင္း Minjeongအလစ္မွာ အဲ့ေခြးကို ေသနတ္နဲ႕ေသခ်ာေလ့က်င့္ေပးအုံးမွ

Winterလည္း အခန္းထဲဝင္သြားေရာ Karinaမွာ Rockyကို သတိထားေနဆိုၿပီး လက္ညိုးထိုးကာ တိတ္တိတ္ေလးရန္လုပ္ေလသည္

Winter ေရခ်ိဳးၿပီး အခန္းထဲကေနလည္း ထြက္လာသည္

ထို႔ေနာက္ ကုတင္ေပၚသို႔ တက္သြားၿပီး စာဖတ္ေနတဲ့ Jiminရဲ႕ ရင္ခြင္ထဲ တိုးဝင္ေလသည္

"Rockyကို ေမြးခြင့္ေပးလို႔ တကယ္ေက်းဇူးတင္တယ္ သိလား Jimin "

"အင္းပါ "

"Rocky က လိမ္မာတဲ့ေခြးေလးပါဟ "

"တို႔အျမင္မွာေတာ့ ေပါင္ ၆၀ရွိတဲ့ အမဲသားလိုဘဲ "

Karinaက ေျပာေတာ့ Winterက ရယ္ၿပီး Karinaကို နမ္းတယ္

"ခ်စ္တယ္ Jimin "

Winterဆီက ခ်စ္တယ္ဆိုတဲ့စကားကို Karina ၿငီးေငြ႕သြားျခင္းမရွိဘူး အၿမဲတမ္း နားေထာင္ခ်င္ေနတယ္ နားေထာင္ရတာ ၾကားရတာေက်နပ္ေစတယ္

Winterဆီက ခ်စ္တယ္ဆိုတဲ့စကားနဲ႕တင္ ဘယ္ေလာက္ထိ ခ်စ္ခံေနရေၾကာင္း ေလာကႀကီးကို ႂကြားပစ္ခ်င္တယ္

"တို႔လည္း မင္းကို အရမ္းခ်စ္တယ္ "

"နင္ အရမ္းခ်စ္လို႔မရပါဘူး "

"ရတာေပါ့ မင္း လုံၿခဳံေဘးကင္းဖို႔ဆို တို႔ ဘာမဆို အကုန္လုပ္ရဲတယ္ "

"နင္လုပ္ရဲတာ သိတယ္ နင္လုပ္ခဲ့တာလည္း သိတယ္ ဒါေပမယ့္ အခုကစၿပီး ေရွ႕ေလွ်ာက္ နင့္ကို ဆက္မလုပ္ေစခ်င္ေတာ့ဘူး "

Winterကေျပာၿပီး Karinaရဲ႕ မ်က္ႏွာကို ပြတ္သပ္ေနတယ္

Karinaမွာ အၿမီးသာရွိရင္ ေပ်ာ္လြန္းလို႔ ရမ္းခါေနမိမွာ

"တို႔ ဆက္လုပ္မွာျဖစ္မွာ "

"ဘာလို႔လဲ "

"လူသတ္သမားကို ဖမ္းမမိေသးဘူး"

"သူ ၿငိမ္ေနတယ္မဟုတ္ဘူးလား "

"ဘယ္ေလာက္ထိ ၿငိမ္ေနနိုင္မွာမို႔လို႔လဲ "

Karinaက ေျပာၿပီး Winterရဲ႕ေပါင္ကို ပြတ္လိုက္သည္

"Jimin ငါ့ကို အာ႐ုံလာမလႊဲနဲ႕ ငါ့ကို အဲ့ေျမေအာက္ေလာကဆီ ထပ္မသြားေတာ့ဘူးလို႔ ကတိေပးထားတယ္ေနာ္  "

"တို႔ မသြားေတာ့ပါဘူး အခ်စ္ရ သူထြက္လာေအာင္ဘဲ ဆြဲထုတ္ေနတာ..."

"ဆြဲထုတ္ၿပီးရင္ သတ္ပစ္မွာေပါ့ "

"ဒါေပါ့ တို႔ မိသားစုကို ကာကြယ္ရမယ္ေလ ဒါေၾကာင့္မို႔လို႔ လူသတ္သမား ဘယ္သူလဲဆိုတာ တို႔ သိမွရမွာ "

"အဲ့တာႀကီးကို ငါ သေဘာမက်ပါဘူးမႀကိဳက္ပါဘူး Jimin ရာ "

Winter သက္ျပင္းခ်ၿပီး ေျပာလိုက္သည္

သူ႕မိန္းမ အသံမွာ စိုးရိမ္မႈေတြ ေၾကာက္႐ြံ႕မႈေတြ ပါေနတာကို Karina မႀကိဳက္ေပ

"Jimin ငါေျပာတာ နားေထာင္စမ္းပါ "

"မဟုတ္ဘူး ဘယ္သူမွ တို႔လက္ထဲက မင္းကို ထိလို႔မရဘူး မင္းကို တို႔ကာကြယ္မွာ Minjeong "

"ဒါေပမယ့္... "

"အဲ့ေခြးမသားက ေသဖို႔လိုအပ္တာ သူေသမွ ေအးမွာ "

"...."

Karinaတို႔ၾကားမွာ တိတ္ဆိတ္မႈက ဝင္ေရာက္လာတယ္

"သမီးေလးတဲ့.....မင္းနဲ႕တူရင္ ေတာ္ေတာ္ကိုလွၿပီး ခ်စ္စရာေကာင္းမွာေနာ္ Minjeong "

"ဟုတ္တယ္....ငါေတြးေနတာေလ....."

"ဘာေတြေတြးေနတာလဲ Minjeong တို႔ကိုေျပာျပေလ... "

"ငါတို႔ သမီးေလးနာမည္ကို Giselleလို႔ေပးရေအာင္ေလ...Aeriကို သတိရလို႔ပါ "

Winterရဲ႕စကားေၾကာင့္ Karina မ်က္လုံးေတြ အေရာင္လက္သြားသလို ညိုးငယ္သြားတာကိုလည္း Winter သတိထားမိသည္

သူလည္း Aeriကို သတိရေနရွာမွာဘဲ မဟုတ္လား ငါတို႔ Aeriေလး အခုခ်ိန္ ေကာင္းရာမွာရွိေနမယ္ မဟုတ္လား

#tbc

Bạn đang đọc truyện trên: Truyen3h.Co