Part 31
Karinaဟာ စာရွက်စာတမ်းတွေပေါ်မှာ လက်မှတ်ရေးထိုးနေတဲ့ Yuqiကို ကြည့်နေလိုက်သည်
Yuqiကို Promoteလုပ်ပေးခဲ့တဲ့ကိစ္စကလည်း သူလုပ်ခဲ့သမျှဆုံးဖြတ်ချက်ချခဲ့သမျှထဲက အမှန်ကန်ဆုံးတစ်ခုလည်း ဖြစ်သေးသည်
Yuqiက Aeriလိုဘဲ အားကိုးလို့ရတဲ့ ကောင်မလေးတစ်ယောက်
ဒါကြောင့်မို့လို့ တစ်ချို့ကိစ္စတွေဆိုရင် Yuqiကိုဘဲ Karina လက်လွှဲထားသည်
"မြေအောက်လောကမှာ ခေါင်းဆောင်အသစ်နဲ့ပတ်သက်ပြီး ဘာသတင်းမှမရသေးဘူး "
Yenက ဆေးလိပ်ဖွာရင်းပြောသည်
Yenဆိုတာ Karina ရဲ့ လူယုံတစ်ယောက်...Karina စုံစမ်းခိုင်းထားတဲ့ကိစ္စတွေကို ပြောဖို့ Karinaပိုင်တဲ့ barမှာ ရောက်နေခြင်းဖြစ်သည်
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ "
အရက်ခွက်ကို စားပွဲခုံပေါ် တင်ရင်း Karina ပြန်ပြောလိုက်သည်
"မသိဘူး သူဌေးသား ပေါက်စတွေပါ ဒီလောကထဲရောက်လာတော့ ပရမ်းပတာတွေဖြစ်နေတာဘဲ "
"အဲ့ကောင်တွေ ဘာလို့ ရောက်လာကြလဲသိလား ကြောက်လို့လေ သူတို့ကြောက်နေမှန်းမသိအောင် ဒီကို ဟန်ဆောင်ပြီး ရောက်လာကြတာ "
Karina ပြောတာကို Yenက ထောက်ခံပြီး ခေါက်ညိတ်သည်
"လူတွေကများပြီး နာမည်ပေါင်းသောင်းခြောက်ထောင်ကွာ "
"ခေါင်းဆောင်ဘယ်သူလဲဆိုတာဘဲသိချင်တာ ဘယ်လောက်ကုန်ကုန် ငါပေးနိုင်တယ် Aeriနဲ့ ငါ့မိဘတွေကို သတ်သွားတဲ့ မျိုးမစစ်ကို သူသိနိုင်တယ် "
Karina အခုထိ လက်စားချေချင်စိတ်က ပျောက်မသွားပါ သူချစ်ရသူတွေကို သတ်သွားတဲ့ ကောင်ရဲ့သွေးတွေ သူ့လက်မှ ပေနေမှ စိတ်ကျေနပ်နိုင်မည်
"ပြီးတော့ မင်း စုံစမ်းခိုင်းထားတဲ့နှစ်ယောက်အကြောင်း ရသလောက် သိသလောက်ကြည့်ကြည့်မလား..."
Yenပေးတဲ့ Fileတွဲကို Karina ယူကြည့်လိုက်သည်
ထို့နောက် clubထဲက ထွက်လာလိုက်သည်
LAမှာ နာမည်အကြီးဆုံး JYP Law flimရှေ့တွင် Karina ကားပါကင်ထိုးလိုက်သည်
ထို့နောက် သူ့ရဲ့နောက်လိုက် ငါးယောက်ကိုခေါ်ပြီး အထဲသို့ဝင်လေသည်
Law flimက ဝန်ထမ်းတွေကလည်း Karinaကို သိနေလို့ ခွင့်မရှိဘဲ ဝင်ရောက်လာခြင်းကို မတားရဲပေ
Karinaကလည်း ဝန်ထမ်းတွေရော JYPရဲ့ အတွင်းရေးမှူးကိုပါ သောက်ဂရုမစိုက်ပါဘူး
JYPရဲ့ ရုံးခန်းတံခါးကို ဆောင့်ကန်ဖွင့်ပြီး ရုံးခန်းထဲ ဝင်သွားတယ်
"Karina....ဘာလာလုပ်တာလဲ မှတ်မိသလောက်ပြောရမယ်ဆို မင်းဆီက ပိုက်ဆံချေးထားတာမျိုး မရှိပါဘူး "
"ရူးတာလိုလိုပေါတာလိုလိုလာမလုပ်နဲ့ JYP "
"ဘယ်လို "
"Ryujinကို လိုချင်တယ် "
"ဘာလို့လဲ "
"ဘာလို့လဲဆိုတာ ခင်ဗျားသိပါတယ် "
Karina ပြောပြီး သူ့အိတ်ကပ်ထဲက သေနတ်ကိုထုတ် မောင်းချိန်ကာ JYPရဲ့ နားထင်ကို သွားတေ့သည်
"Karina ငါ တကယ်မသိဘူး "
"Ryujinက နာမည်ဂုဏ်တစ်ခုကို အမြဲလိုချင်တဲ့သူလေ ပြီးကျ သူက စည်းတအားကျော်တယ် ငါ့နေရာတွေကိုလာပြီး ငါ့လူတွေကို လာဘ်ထိုးတယ် သူက ဘယ်အချိန်ထိ စည်းက ကျော်နေပြီး သူ့ကို ခင်ဗျားက ကာဗာလုပ်ပြီး သူလုပ်သမျှဖုံးဖိထားမှာလဲ "
"သူက မင်းရဲ့မိဘတွေကို သတ်ခဲ့တယ်လို့ထင်နေတာလား "
"သူမသတ်ဘူးလိို့ ခင်ဗျား အလီဘိုင်ပြနိုင်လား JYP "
"ပြနိုင်တယ် "
JYPရဲ့ စကားကြောင့် Karina ခဏတာ တွေဝေသွားတယ်
"ဘာများလဲ "
"အေး ပြနိုင်တဲ့အလီဘိုင်က တစ်နေ့ကဘဲ သူအသတ်ခံလိုက်ရတယ် "
"ဘာ..."
"ဟုတ်တယ် သူသေသွားပြီ သူ့အိမ်မှာ အသတ်ခံရတာ "
"ဘယ်သူသတ်တာလဲဆိုတာ သိရလား "
Karinaက မေးတော့ JYP ခေါင်းခါပြတယ်
"ဒါဆို ခေါင်းဆောက်အသစ်အကြောင်းရော "
'အဲ့ဒီခေါင်းဆောင်အကြောင်းလဲ နှုတ်ပိတ်နေကြတယ် Karina "
"ငါလည်း ငွေတွေပေးပြီး စုံစမ်းတာကို သတင်းကထွက်မလာဘူး "
"ဟုတ် သိပ်ကိုသိုသိပ်နေတာ ဒါနဲ့ မင်း လက်ထပ်ပြီးပြီဆို Karina "
JYPကိုလည်း သိပ်မယုံရဲ ဘာလို့ဆို မိသားစုနှစ်စုကြားမှာ ရန်ပွဲတွေကဖြစ်ခဲ့သေးတာကိုး
"Ryujinကပြောပြလို့သိရတာ "
Ryujinက ပြောပြလို့ဆိုကာမှ Ryujinနဲ့Winter စကားပြောရယ်မောနေတာကို Karina သတိရသွားတယ်
"သူများသတ်သွားတာကောင်းတယ် မဟုတ်ရင် သူ့ကို ကျုပ်သတ်မိမှာ "
"မင်းကတော့ မင်းမယားနဲ့ပတ်သက်ရင် တကယ်ကွာ "
"ငါ့မိသားစုနဲ့ခပ်ခွာခွာနေ "
"Come on Karina မင်းဆီမှာ ငါလိုချင်တဲ့အရာတစ်ခုမှမရှိဘူး ဒီတော့ စောက်ရေးမပါတာတွေမပြောချင်လို့ ထွက်သွား အခုချက်ချင်း ...ငါ..."
JYPရဲ့စကားမဆုံးသေး JYPရဲ့လည်ပင်းကို Karina ဆွဲညှစ်လိုက်သည်
"JYP...ကျုပ်က မြေအောက်ကမ္ဘာရဲ့ ခေါင်းဆောင်မဟုတ်တော့ပေမယ့် ကျုပ်ဘာလုပ်နိုင်လဲဆိုတာ ခင်ဗျား သိတယ် ဟုတ် ...ခင်ဗျားရဲ့လည်ပင်းကို ကျုပ် အေးဆေးလေး ချိုးနိုင်တယ် ဒီတော့ ကျုပ်ကို လာစွာမပြနဲ့ "
Karina မှာ JYP မျက်နှာ ခရမ်းရောင်ဖြစ်လာတဲ့အခါမှလွှတ်ပေးလိုက်သည်
"ဒီတော့ ခေါင်းဆောင်အသစ်အကြောင်းကြားရင် ကျုပ်ကို အကြောင်းကြားပါ JYP မှတ်ထားနော် "
အလုပ်ကိစ္စတွေပြီးလို့ အိမ်ကိုပြန်လာတဲ့အခါ ခွေးဟောင်သံနဲ့အတူ Karinaရဲ့အချစ်ဆုံးလေးက စောင့်ကြိုနေတယ်လေ
ကားပေါ်ကဆင်းလာတဲ့သူ့ကိုပြေးဖက်တဲ့ Winterကို Karina အကြာကြီးဖက်ထားလိုက်တယ်
Karinaက Winter ကို အရမ်းလိုအပ်တာပါ လောကကြီးမှာ ရေနဲ့ထမင်းကို Karinaမလိုဘူး Winterရှိရင် ပြည့်စုံပြီ
Winterက Karinaရဲ့အရာရာပါ
"အလုပ်မှာအဆင်ပြေရဲ့လား Jimin..."
"ပြေပါတယ် တို့က...အလုပ်ထက် ကလေးကိုဘဲ မိန်းကလေးလား ယောင်္ကျားလေးလား သိချင်နေပြီ "
"ငါရောဘဲ ပြီးတော့ Rockyရောနော့် "
Winterကပြောတော့ ခွေးကလေး Rockyမှာ နားလည်ဟန် အမြီးယမ်းပြသည်
"Rockyကို မွေးစားခွင့်ပေးလို့ ကျေးဇူးတင်ပါတယ် Jimin.... "
"အဲ့ကောင်ကို သဘောမကျပေမယ့် မင်းက လိုချင်တယ်ဆိုတော့ မွေးခွင့်ပေးရမှာပေါ့လေ.... "
"Rockyက လိမ်မာတဲ့ကောင်လေးပါဟ နော့်...."
Winterကပြောတော့ Karinaက ဘာမှမပြောဘဲ Rockyကို ကြည့်နေတယ်
ထိုစဥ် Winterက ရုတ်တရက် Karinaရဲ့ နှုတ်ခမ်းကို နမ်းလိုက်သည်
Karina အရမ်းသဘောကျတယ် တကယ်ဘဲ....
"ချစ်တယ် Jimin..."
"တို့လည်း မင်းကို သိပ်ချစ်တယ် Minjeong "
Winter က တကယ် Jimin ချစ်တာခံရဖို့ မွေးဖွားလာတာပါ နေ့တိုင်း သူ့ကို ဘယ်လောက်ထိချစ်ကြောင်း Jimin ပြောနေအုံးမှာ
#tbc
မေ့နေကြပြီလားဗျာ့ ပြန်လာပါပြီ ဟီးဟီး😁
#zawgyi
Karinaဟာ စာ႐ြက္စာတမ္းေတြေပၚမွာ လက္မွတ္ေရးထိုးေနတဲ့ Yuqiကို ၾကည့္ေနလိုက္သည္
Yuqiကို Promoteလုပ္ေပးခဲ့တဲ့ကိစၥကလည္း သူလုပ္ခဲ့သမွ်ဆုံးျဖတ္ခ်က္ခ်ခဲ့သမွ်ထဲက အမွန္ကန္ဆုံးတစ္ခုလည္း ျဖစ္ေသးသည္
Yuqiက Aeriလိုဘဲ အားကိုးလို႔ရတဲ့ ေကာင္မေလးတစ္ေယာက္
ဒါေၾကာင့္မို႔လို႔ တစ္ခ်ိဳ႕ကိစၥေတြဆိုရင္ Yuqiကိုဘဲ Karina လက္လႊဲထားသည္
"ေျမေအာက္ေလာကမွာ ေခါင္းေဆာင္အသစ္နဲ႕ပတ္သက္ၿပီး ဘာသတင္းမွမရေသးဘူး "
Yenက ေဆးလိပ္ဖြာရင္းေျပာသည္
Yenဆိုတာ Karina ရဲ႕ လူယုံတစ္ေယာက္...Karina စုံစမ္းခိုင္းထားတဲ့ကိစၥေတြကို ေျပာဖို႔ Karinaပိုင္တဲ့ barမွာ ေရာက္ေနျခင္းျဖစ္သည္
"ဘယ္လိုလုပ္ျဖစ္နိုင္မွာလဲ "
အရက္ခြက္ကို စားပြဲခုံေပၚ တင္ရင္း Karina ျပန္ေျပာလိုက္သည္
"မသိဘူး သူေဌးသား ေပါက္စေတြပါ ဒီေလာကထဲေရာက္လာေတာ့ ပရမ္းပတာေတြျဖစ္ေနတာဘဲ "
"အဲ့ေကာင္ေတြ ဘာလို႔ ေရာက္လာၾကလဲသိလား ေၾကာက္လို႔ေလ သူတို႔ေၾကာက္ေနမွန္းမသိေအာင္ ဒီကို ဟန္ေဆာင္ၿပီး ေရာက္လာၾကတာ "
Karina ေျပာတာကို Yenက ေထာက္ခံၿပီး ေခါက္ညိတ္သည္
"လူေတြကမ်ားၿပီး နာမည္ေပါင္းေသာင္းေျခာက္ေထာင္ကြာ "
"ေခါင္းေဆာင္ဘယ္သူလဲဆိုတာဘဲသိခ်င္တာ ဘယ္ေလာက္ကုန္ကုန္ ငါေပးနိုင္တယ္ Aeriနဲ႕ ငါ့မိဘေတြကို သတ္သြားတဲ့ မ်ိဳးမစစ္ကို သူသိနိုင္တယ္ "
Karina အခုထိ လက္စားေခ်ခ်င္စိတ္က ေပ်ာက္မသြားပါ သူခ်စ္ရသူေတြကို သတ္သြားတဲ့ ေကာင္ရဲ႕ေသြးေတြ သူ႕လက္မွ ေပေနမွ စိတ္ေက်နပ္နိုင္မည္
"ၿပီးေတာ့ မင္း စုံစမ္းခိုင္းထားတဲ့ႏွစ္ေယာက္အေၾကာင္း ရသေလာက္ သိသေလာက္ၾကည့္ၾကည့္မလား..."
Yenေပးတဲ့ Fileတြဲကို Karina ယူၾကည့္လိုက္သည္
ထို႔ေနာက္ clubထဲက ထြက္လာလိုက္သည္
LAမွာ နာမည္အႀကီးဆုံး JYP Law flimေရွ႕တြင္ Karina ကားပါကင္ထိုးလိုက္သည္
ထို႔ေနာက္ သူ႕ရဲ႕ေနာက္လိုက္ ငါးေယာက္ကိုေခၚၿပီး အထဲသို႔ဝင္ေလသည္
Law flimက ဝန္ထမ္းေတြကလည္း Karinaကို သိေနလို႔ ခြင့္မရွိဘဲ ဝင္ေရာက္လာျခင္းကို မတားရဲေပ
Karinaကလည္း ဝန္ထမ္းေတြေရာ JYPရဲ႕ အတြင္းေရးမႉးကိုပါ ေသာက္ဂ႐ုမစိုက္ပါဘူး
JYPရဲ႕ ႐ုံးခန္းတံခါးကို ေဆာင့္ကန္ဖြင့္ၿပီး ႐ုံးခန္းထဲ ဝင္သြားတယ္
"Karina....ဘာလာလုပ္တာလဲ မွတ္မိသေလာက္ေျပာရမယ္ဆို မင္းဆီက ပိုက္ဆံေခ်းထားတာမ်ိဳး မရွိပါဘူး "
"႐ူးတာလိုလိုေပါတာလိုလိုလာမလုပ္နဲ႕ JYP "
"ဘယ္လို "
"Ryujinကို လိုခ်င္တယ္ "
"ဘာလို႔လဲ "
"ဘာလို႔လဲဆိုတာ ခင္ဗ်ားသိပါတယ္ "
Karina ေျပာၿပီး သူ႕အိတ္ကပ္ထဲက ေသနတ္ကိုထုတ္ ေမာင္းခ်ိန္ကာ JYPရဲ႕ နားထင္ကို သြားေတ့သည္
"Karina ငါ တကယ္မသိဘူး "
"Ryujinက နာမည္ဂုဏ္တစ္ခုကို အၿမဲလိုခ်င္တဲ့သူေလ ၿပီးက် သူက စည္းတအားေက်ာ္တယ္ ငါ့ေနရာေတြကိုလာၿပီး ငါ့လူေတြကို လာဘ္ထိုးတယ္ သူက ဘယ္အခ်ိန္ထိ စည္းက ေက်ာ္ေနၿပီး သူ႕ကို ခင္ဗ်ားက ကာဗာလုပ္ၿပီး သူလုပ္သမွ်ဖုံးဖိထားမွာလဲ "
"သူက မင္းရဲ႕မိဘေတြကို သတ္ခဲ့တယ္လို႔ထင္ေနတာလား "
"သူမသတ္ဘူးလိို႔ ခင္ဗ်ား အလီဘိုင္ျပနိုင္လား JYP "
"ျပနိုင္တယ္ "
JYPရဲ႕ စကားေၾကာင့္ Karina ခဏတာ ေတြေဝသြားတယ္
"ဘာမ်ားလဲ "
"ေအး ျပနိုင္တဲ့အလီဘိုင္က တစ္ေန႕ကဘဲ သူအသတ္ခံလိုက္ရတယ္ "
"ဘာ..."
"ဟုတ္တယ္ သူေသသြားၿပီ သူ႕အိမ္မွာ အသတ္ခံရတာ "
"ဘယ္သူသတ္တာလဲဆိုတာ သိရလား "
Karinaက ေမးေတာ့ JYP ေခါင္းခါျပတယ္
"ဒါဆို ေခါင္းေဆာက္အသစ္အေၾကာင္းေရာ "
'အဲ့ဒီေခါင္းေဆာင္အေၾကာင္းလဲ ႏႈတ္ပိတ္ေနၾကတယ္ Karina "
"ငါလည္း ေငြေတြေပးၿပီး စုံစမ္းတာကို သတင္းကထြက္မလာဘူး "
"ဟုတ္ သိပ္ကိုသိုသိပ္ေနတာ ဒါနဲ႕ မင္း လက္ထပ္ၿပီးၿပီဆို Karina "
JYPကိုလည္း သိပ္မယုံရဲ ဘာလို႔ဆို မိသားစုႏွစ္စုၾကားမွာ ရန္ပြဲေတြကျဖစ္ခဲ့ေသးတာကိုး
"Ryujinကေျပာျပလို႔သိရတာ "
Ryujinက ေျပာျပလို႔ဆိုကာမွ Ryujinနဲ႕Winter စကားေျပာရယ္ေမာေနတာကို Karina သတိရသြားတယ္
"သူမ်ားသတ္သြားတာေကာင္းတယ္ မဟုတ္ရင္ သူ႕ကို က်ဳပ္သတ္မိမွာ "
"မင္းကေတာ့ မင္းမယားနဲ႕ပတ္သက္ရင္ တကယ္ကြာ "
"ငါ့မိသားစုနဲ႕ခပ္ခြာခြာေန "
"Come on Karina မင္းဆီမွာ ငါလိုခ်င္တဲ့အရာတစ္ခုမွမရွိဘူး ဒီေတာ့ ေစာက္ေရးမပါတာေတြမေျပာခ်င္လို႔ ထြက္သြား အခုခ်က္ခ်င္း ...ငါ..."
JYPရဲ႕စကားမဆုံးေသး JYPရဲ႕လည္ပင္းကို Karina ဆြဲညွစ္လိုက္သည္
"JYP...က်ဳပ္က ေျမေအာက္ကမၻာရဲ႕ ေခါင္းေဆာင္မဟုတ္ေတာ့ေပမယ့္ က်ဳပ္ဘာလုပ္နိုင္လဲဆိုတာ ခင္ဗ်ား သိတယ္ ဟုတ္ ...ခင္ဗ်ားရဲ႕လည္ပင္းကို က်ဳပ္ ေအးေဆးေလး ခ်ိဳးနိုင္တယ္ ဒီေတာ့ က်ဳပ္ကို လာစြာမျပနဲ႕ "
Karina မွာ JYP မ်က္ႏွာ ခရမ္းေရာင္ျဖစ္လာတဲ့အခါမွလႊတ္ေပးလိုက္သည္
"ဒီေတာ့ ေခါင္းေဆာင္အသစ္အေၾကာင္းၾကားရင္ က်ဳပ္ကို အေၾကာင္းၾကားပါ JYP မွတ္ထားေနာ္ "
အလုပ္ကိစၥေတြၿပီးလို႔ အိမ္ကိုျပန္လာတဲ့အခါ ေခြးေဟာင္သံနဲ႕အတူ Karinaရဲ႕အခ်စ္ဆုံးေလးက ေစာင့္ႀကိဳေနတယ္ေလ
ကားေပၚကဆင္းလာတဲ့သူ႕ကိုေျပးဖက္တဲ့ Winterကို Karina အၾကာႀကီးဖက္ထားလိုက္တယ္
Karinaက Winter ကို အရမ္းလိုအပ္တာပါ ေလာကႀကီးမွာ ေရနဲ႕ထမင္းကို Karinaမလိုဘူး Winterရွိရင္ ျပည့္စုံၿပီ
Winterက Karinaရဲ႕အရာရာပါ
"အလုပ္မွာအဆင္ေျပရဲ႕လား Jimin..."
"ေျပပါတယ္ တို႔က...အလုပ္ထက္ ကေလးကိုဘဲ မိန္းကေလးလား ေယာကၤ်ားေလးလား သိခ်င္ေနၿပီ "
"ငါေရာဘဲ ၿပီးေတာ့ Rockyေရာေနာ့္ "
Winterကေျပာေတာ့ ေခြးကေလး Rockyမွာ နားလည္ဟန္ အၿမီးယမ္းျပသည္
"Rockyကို ေမြးစားခြင့္ေပးလို႔ ေက်းဇူးတင္ပါတယ္ Jimin.... "
"အဲ့ေကာင္ကို သေဘာမက်ေပမယ့္ မင္းက လိုခ်င္တယ္ဆိုေတာ့ ေမြးခြင့္ေပးရမွာေပါ့ေလ.... "
"Rockyက လိမ္မာတဲ့ေကာင္ေလးပါဟ ေနာ့္...."
Winterကေျပာေတာ့ Karinaက ဘာမွမေျပာဘဲ Rockyကို ၾကည့္ေနတယ္
ထိုစဥ္ Winterက ႐ုတ္တရက္ Karinaရဲ႕ ႏႈတ္ခမ္းကို နမ္းလိုက္သည္
Karina အရမ္းသေဘာက်တယ္ တကယ္ဘဲ....
"ခ်စ္တယ္ Jimin..."
"တို႔လည္း မင္းကို သိပ္ခ်စ္တယ္ Minjeong "
Winter က တကယ္ Jimin ခ်စ္တာခံရဖို႔ ေမြးဖြားလာတာပါ ေန႕တိုင္း သူ႕ကို ဘယ္ေလာက္ထိခ်စ္ေၾကာင္း Jimin ေျပာေနအုံးမွာ
#tbc
ေမ့ေနၾကၿပီလားဗ်ာ့ ျပန္လာပါၿပီ ဟီးဟီး😁
Bạn đang đọc truyện trên: Truyen3h.Co