Part 34
"ကယ်လီဖိုးနီးယားမှာ ဘာလုပ်တာလဲဟ "
Karina ရဲ့ ဖုန်းထဲက အော်သံလည်း ကြားရော Winterမှာ ဖုန်းကို အမြန် နားကနေ ခွာလိုက်သည်
"ငါ ပင်လယ်ကြီးနားမှာရှိတယ် Jimin ဂျက်လေယာဥ်က နင့်ကိုစောင့်နေတယ် "
"What the fuck Minjeong "
"ဟီး နင့်အတွက် Suprise လေ "
"တို့ကို နှလုံးရောဂါ ရအောင်လုပ်ဖို့လား မင်းက တစ်ခြားမြို့မှာရှိနေပြီးတော့လေ "
Karinaရဲ့စကားကြောင့် Winterက တခစ်ခစ်ရယ်တယ်
"မြန်မြန်လာတာ ပိုကောင်းမယ်နော် ကလေးလေး "
Winterကပြောပြီး Rockyကို မျက်စိမှိတ်ပြလိုက်သည်
သင်္ဘောပေါ်မှာ ရပ်နေရင်း Winte သက်ပြင်းချလိုက်မိသည်
ရေတွေတက်မလာခင် ဒီကနေ ထွက်မှဖြစ်မှာလေ
Karinaအတွက် လိုအပ်တဲ့အဝတ်အစား ပစ္စည်းတွေထုတ်ပိုးပြီး သင်္ဘောပေါ်တောင် တင်ထားသေးတယ်
လှိုင်းမူးတာကလွဲလို့ Karina နဲ့အတူ ခရီးထွက်ရမှာဖြစ်လို့ Winter က ပျော်နေသည်
Karina သင်္ဘောပေါ်ရောက်လာဖို့ သုံးနာရီလောက် စောင့်ရသေးတယ်
Karina ရောက်လာတော့ ရှန်ပိန်လေးနဲ့အတူ Winterက စောင့်နေသည်
"တော်သေးတာပေါ့ နေမဝင်ခင်ရောက်လာလို့ "
Karinaကို ရှန်ပိန်ခွက်လေး ကမ်းပေးရင်း Winter ပြောလိုက်သည်
"Minjeong "
"ဂျက်လေယာဥ်က စီးရတာ အဆင်ပြေရလား ငါ့လေယာဥ်ကတော့ ခုန်တာ "
"နေပါအုံး မင်း လေယာဥ်စီးခဲ့တာလား "
Karina ဖန်ခွက်ကို ဘေးထားပြီး Winterရဲ့ ပခုံးကိုကိုင်ကာ မေးလိုက်တယ်
"ဟုတ် "
"Minjeong တို့ကိုမပြောဘဲ မင်း ဘယ်မှသွားလို့မရဘူးလေကွယ် "
Karinaရဲ့အသံမှာ ကြောက်ရွံ့မှုတွေပါနေတာ Winter သတိထားမိသည်
"နင့်ကို ထားခဲ့မယ်လို့ထင်နေတာလား "
Karinaမှာ Winterကို လွှတ်ပေးပြီး သူ့ဆံပင်ကိုသူ လက်နဲ့သပ်တင်လိုက်သည်
"ဘယ်လို တွေးရမှန်းမသိတော့ဘူး "
"ကုတင်ပေါ်မှာ နင့်အတွက် cardထားခဲ့တယ်လေ မတွေ့ဘူးလား "
"ဟင့်အင်း အိမ်ထဲ ဘယ်သူမှမတွေ့တာနဲ့ မင်းဆီ တို့ ဖုန်းဆက်လိုက်တာဘဲ "
"ဒီလိုမှန်းသိ တံခါးမှာညှပ်ထားပါတယ် "
Karina သူ့နေကာမျက်မှန်ကို ချွတ်ပြီး
"cardနဲ့ပြောရမှာမဟုတ်ဘူး မင်း တို့ဆီ ဖုန်းဆက်ပြောရမှာလေကွယ် "
"Jimin.."
Karinaရဲ့လက်ကလေးကို Winterကိုင်လိုက်သည်
"နင် အဲ့လောက်ထိ လန့်သွားမယ်လို့ ငါထင်မထားဘူး ငါက ဘာလို့ နင့်ကို ထားသွားရမှာလဲ "
Karinaက ဘာမှပြန်မဖြေပေ
"ငါက နင့်ကို ထားမသွားပါဘူး Jiminရယ် ငါ ဒီသင်္ဘောကို ငှားထားတာ တစ်ပတ်လောက်ထိပေါ့ နင်နဲ့အတူရှိချင်လို့"
နေဝင်တာကို နှစ်ယောက်အတူ ရှန်ပိန်သောက်ရင်း ကြည့်နေကြတယ်
"ငါ့ကို စိတ်ဆိုးနေသေးလား "
"မင်းက တို့ကို လန့်သေအောင် လုပ်တာကိုး "
Karina စကားကြောင့် Winter ဇက်ကလေးပုပြီး ပြုံးလိုက်သည်
"ငါတို့ ပျော်စရာအချိန်တွေ ဖြတ်သန်းကြမယ်လေ အလုပ်တွေအားလုံးကို Yuqi ဆီ လွှဲထားလိုက်..... အရေးကြီးတယ်ဆို yuqi ဆက်သွယ်လိမ့်မယ် ငါ နင့် laptopယူလာတယ် "
"Yuqi? "
"ဟုတ်တယ် နင် မနေ့က သူ့ကို ရန်လုပ်နေချိန် ငါနဲ့သူက အခုအစီအစဥ်အကြောင်းပြောနေတာ"
"အယ် တို့တော့ သူ့မေးရိုးကျိုးအောင် လုပ်မိပြီလားမသိဘူး "
"ဟမ် "
"သူနဲ့တို့ မနေ့က လက်ဝှေ့ထိုးကြသေးတယ် "
'အယ်တော် တကယ်ပါဘဲ နင်ကတော့လေ ဘာလို့ အဲ့လိုလုပ်ရတာလဲ "
"သူ က ငါ့ဗိုက်ကို လာထိုးတာကို "
"အဲ့တာနဲ့ သူ့မေးရိုးကို ကျိုးအောင်ထိုးပစ်လိုက်တယ်ပေါ့ "
"လုပ်မိလားမလုပ်မိလား မသိတော့ဘူး လူနာတင်ယာဥ်တော့ ရောက်လာတယ် မင်းကြောင့် တို့စိတ်ပူလွန်တာနဲ့ သူ့ကိုတောင် မေးဖို့ မေ့သွားပြီ "
"တကယ် လူဆိုးမဘဲဟေ့ "
Karinaရဲ့ လက်မောင်းကို Winter ရိုက်လိုက်သည်
ထို့နောက် Minnieကို Winter ဖုန်းဆက်လိုက်သည်
Winterလည်း Rockyကို ထမင်းကျွေးဖို့ ပြင်ဆင်လိုက်သည်
"Yuqiဆီ ဖုန်းဆက်နေတာ သူနေလို့မကောင်းရင် ငါပြန်လာခဲ့မယ်လို့ ပြောလိုက်တာ ဒါမယ့် သူက ရုံးခန်းမှာထိုင်နေပြီတဲ့ "
"တကယ် သူက အလုပ်ဂျိုးဘဲ "
"တို့ ရေချိးလိုက်အုံးမယ် "
Karina ရေချိုးပြီးနောက် နှစ်ယောက်သား သင်္ဘောပေါ် ညစာအတူစားကြသည်
ထို့နောက် အခန်းထဲသို့ ဝင်ကာ အိပ်ဖို့ ပြင်ဆင်ကြသည်
Winterက ရေလှိုင်းလေးတွေကို ငေးကြည့်ရင်း သန့်ရှင်းလတ်ဆတ်အေးမြတဲ့ ပင်လယ်လေကို ရှုရှိုက်နေသည်
နွေးထွေးတဲ့သဲပြင်ထဲ ထည့်ထားတဲ့ ခြေချောင်းလေးတွေကို ထုတ်ယူနေစဥ် သူ့နဖူးက ဆံပင်လေးတွေကို တစ်စုံတစ်ယောက်က လာသပ်ပေးနေသည်
ဘယ်သူလည်းလို့ Winterက ကြည့်လိုက်တော့ Karinaရဲ့အဖေဖြစ်နေသည်
"Uncle Yunho "
"Uncle...သမီး အရမ်း သတိရနေတာ "
Yunhoရဲ့လက်ကလေးကို ကိုင်ပြီး Winter ပြောလိုက်သည်
Yunhoကို Winter တကယ်ကြီး သတိရနေခဲ့တာလေ
"Aunty Boaနဲ့ သမီးမိဘတွေရော ဘယ်လိုနေလဲ သမီးရဲ့Aeriရော အဆင်ပြေရဲ့လား "
"Uncle မဟုတ်ပါဘူး အဖေလို့ခေါ်ရမယ်လေ အဟဲ... Jiminက အခု အဖေ့စကားကို နားထောင်နေပြီနဲ့တူတယ် "
"ဘယ်စကားလဲ ဖေဖေရဲ့ "
"မိသားစုတစ်ခု တည်ဆောက်ပါဆိုတဲ့စကားလေ "
Winter လည်း ရယ်ပြီး သူ့ဗိုက်ကလေးကို ပွတ်လိုက်သည်
"ကလေးလေးကို Giselleလို့ နာမည်ပေးမလို့လေ Aeriရဲ့နာမည်ထဲကတစ်ခုပေါ့ "
"Aeriတော့ ပျော်နေမှာဘဲ "
Winterမှာ သူ အိမ်မက်မက်နေမှန်းသိသော်လည်း ပျော်နေမိသည်
"ဖေဖေတို့ ဒီမှာရှိရင်ကောင်းမှာဘဲ "
"ဖေဖေတို့ အမြဲရှိပါတယ် ကလေးရယ် "
"ဖေဖေ...."
"Jiminနဲ့သမီး အဆင်ပြေသွားတာကို တော်တော်လေး ဝမ်းသာမိတာ "
"အခုထိ ရန်ဖြစ်နေကြတုံးပါ ဖေဖေရယ် "
Winter ရယ်ပြီး ပြောလိုက်သည်
"သူ သမီးကို လိုအပ်တယ်သိလား ဒါကြောင့်မို့လို့ သူ့ကို လက်မလွှတ်လိုက်ပါနဲ့ သမီးလေး "
"စိတ်ချပါဖေဖေ "
"Winter...သမီးလေးက အရမ်းကို သန်မာပြီး ရဲရင့်တယ် ဘယ်သူမှ သမီးလို သတ္တိမရှိဘူး Jiminရော ဖေဖေပါ သမီးကို ဂုဏ်ယူနေတာ "
"ဖေဖေရယ် မသွားပါနဲ့ "
"ဖေဖေတို့ အားလုံး အဲ့မှာ ရှိနေပြီး သမီးတို့ကို စောင့်ရှောက်နေပါတယ် "
"မတရားဘူး သမီးကျ တစ်ယောက်တည်း "
"သမီး ဒီထက်ပိုပြီး ကြံ့ကြံ့ခိုင်မှ ဖြစ်မယ် နောက်ထပ် ရောက်လာမယ့် အရာတွေအများကြီး "
Winterရဲ့ မျက်နှာကိုကိုင်ပြီး Yunho ပြောလိုက်သည်
"ရှင် "
"သူ အခုထိ အပြင်မှာ ရှိနေသေးတယ် သမီးတို့ဆီလာလိမ့်မယ် Giselleကိုပါ အန္တရာယ်ပေးလိမ့်မယ် "
"ဖေဖေ ဘာကိုဆိုလိုချင်တာလဲ "
Winterမေးသော်လည်းမရ Yunhoက ပျောက်ကွယ်သွားလေသည်
"ဖေဖေ......"
Winter လန့်နိုးလာတယ် တစ်ကိုယ်လုံး ချွေးတွေအပြည့်နဲ့ပေါ့....
Yunhoပြောတာ မှန်တယ် Giselleကို ဘေးကင်းအောင်ထားရမယ်
#tbc
#zawgyi
"ကယ္လီဖိုးနီးယားမွာ ဘာလုပ္တာလဲဟ "
"What the fuck Minjeong "
"Minjeong "
"ဟုတ် "
"Jimin.."
"Yuqi? "
"ဟမ် "
"တကယ် လူဆိုးမဘဲဟေ့ "
"တကယ် သူက အလုပ်ဂျိုးဘဲ "
"Uncle Yunho "
"ဘယ်စကားလဲ ဖေဖေရဲ့ "
"ဖေဖေ...."
"စိတ်ချပါဖေဖေ "
"ဖေဖေရယ် မသွားပါနဲ့ "
"ရှင် "
"ဖေဖေ......"
#tbc
Bạn đang đọc truyện trên: Truyen3h.Co