Truyen3h.Co

Mine S2

Part 5

KimFany059

ရေချိုးခန်းထဲမှာ သူ့အဝတ်အစားတွေကို Karinaက စတင်ချွတ်လို့ Winterမှာ လန့်သွားတယ်

Winterရဲ့ ဘော်လီကို ချွတ်မယ့်အချိန်မှာ Karinaရဲ့ လှုပ်ရှားမှုတွေက ရပ်တန့်သွားတယ်

Winterမှာ သူ့ရင်သားတွေကို Karinaက စိုက်ကြည့်နေမယ်လို့ ထင်ထားခဲ့ပေမယ့် တကယ်တမ်းတော့ Karinaက သူ့ဝမ်းဗိုက်က အမာရွတ်ကို စိုက်ကြည့်နေတယ်

Winterမှာ ငြိမ်သက်သွားတဲ့ Karinaကို ဆောင့်တွန်းလိုက်တယ်

အမာရွတ်တွေနဲ့ ပြည့်နေတဲ့ သူ့ခန္ဓာကိုယ်ကို မကြည့်နိုင်လို့ Winter မှန်မကြည့်ဖြစ်တာတောင် အတော်ကြာပြီ

Yizhuoကတောင် Winterရဲ့ အမာရွတ်တွေမြင်ပြီး ထိုင်ငိုသွားသေးတယ်

"ထွက်သွား "

Winterရဲ့ အားမရှိတဲ့ အသံတိုးတိုး​လေးက Karinaရဲ့ ရင်ကို ကွဲကြေစေတယ်

"Minjeong "

"ထွက်သွားလို့ ငါပြောနေတယ်လေ Karina "

Karinaလည်း ရေချိုးခန်းထဲက ထွက်သွားပြီး တံခါးကို ဖြည်းဖြည်းလေး ပိတ်ကာ ရေချိုးခန်းရှေ့က ရပ်စောင့်လိုက်သည်

Winterက သူ့ခန္ဓာကိုယ်ပေါ်က ဘော်လီနဲ့အတွင်းခံကို ချွတ်ပြီး Karina သူ့အတွက် ပြင်ပေးထားတဲ့ ရေချိုးဇလုံထဲ ဝင်စိမ်လိုက်သည်

ရေနွေးလေးနဲ့ ပန်းပွင့်တွေရဲ့ ရနံ့တွေက ခရီးပမ်းလာတဲ့ Winter ခန္ဓာကိုယ်ကို အကြောတွေလျော့စေသည်

မျက်စိမှိတ်ပြီး အသက်ဝဝရှုနေစဥ် တံခါးဖွင့်သံကြောင့် လန့်သွားတယ်

Karinaမှာ ခွေးပေါက်စ စတစ်ကာလေးတွေပါတဲ့ အပြာရောင် ညအိပ်ဝတ်စုံကို ယူလာသည်

သူ့ထဲမှာ အခုထိ Winterရဲ့ ညအိပ်ဝတ်စုံတွေ ရှိသေးတာဘဲ

"အဝတ်အစားလာပေးတာ "

Karinaကပြောပြီး စင်ပေါ်တင်ကာ ရေချိုးခန်းထဲက အမြန်ထွက်သွားသည်

Winterမှာ Karinaကို ကြည့်ပြီး သက်ပြင်းချမိသည်

သူတို့နှစ်ယောက်ကြားမှာ ပြောစရာ စကားတွေ အများကြီးရှိနေသေးပေမယ့် Winterကတော့ ပင်ပန်းနေပြီ

ဒီနေ့တစ်နေ့လုံး ရိုလာကိုစတာစီးနေရသလို သည်းထိတ်ရင်ဖိုဖြစ်ရလွန်းလို့ တော်တော်ပင်ပန်းနေတယ်လေ

Winter အိပ်ပစ်လိုက်ချင်ပြီး နောက်တစ်နေ့ နိုးလာတဲ့အခါ ဒီနေရာမှာ မရှိတော့ဖို့ မျှော်လင့်မိသည်

Karina လာပေးတဲ့ ညအိပ်ဝတ်စုံကို ဝတ်ပြီးနောက်မှာတော့ အရင်တုံးက သက်တောင့်သက်သာရှိခဲ့တဲ့နေ့ရက်တွေကို ပြန်သတိရသွားသည်

Karinaနဲ့ပျော်နေခဲ့တဲ့ အချိန်လေးတွေရောပေါ့

Karinaကို လျစ်လျူရှုနေရမလားလို့ Winter တွေးမိပေမယ့် အဲ့နည်းလမ်းက အဆင်မပြေလောက်ဘူးဆိုတာ Winter သိတယ်

အဲ့လိုလုပ်နိုင်ဖို့ အခွင့်အရေးမရှိဘူး Karinaက သူ့ကို သီးသန့်နေဖို့ နေရာပေးမှာ မဟုတ်ဘူး

Winter ရေချိုးခန်းထဲကထွက်လာတော့ sport braနဲ့sweatpant ဝတ်ထားကာ ကုတင်ပေါ် ထိုင်နေတဲ့ Karinaကို တွေ့ရလေသည်

Karinaကို လုံလုံခြုံခြုံဝတ်ထားဖို့ Winter ဆုတောင်းခဲ့သော်လည်း ဘာမှမဝတ်တာထက်စာရင် ဒါလေးကတော့ အဆင်ပြေပါသေးတယ်ဆိုပြီး တွေးရသေးသည်

Karina က Winterကို မော့ကြည့်တယ် ပြီးတော့ Winterရဲ့ ဗိုက်ကိုထပ်ကြည့်ပြန်တယ်

"ငါ ပင်ပန်းနေလို့ guest roomမှာဘဲ နေမယ်နော် "

Winterက ပြောတော့ Karinaမှာ ထကာ Winterရှေ့ ပိတ်ရပ်သည်

"မင်း  ဒီမှာ တို့နဲ့ အိပ်ရမယ် Minjeong "

Winterမှာ မျက်မှောင်ကြုတ်ပြီး

"ငါ နင်နဲ့မအိပ်ချင်ဘူး Karina "

"တို့တွေက လက်ထပ်ပြီးသားလေ Minjeong "

Winterမှာ Karina ကို မျက်စောင်းထိုးပြီး

"ငါ့ကို အဲ့စကားနဲ့ လာမချုပ်ကိုင်နဲ့ "

"ချုပ်ကိုင်တာ မဟုတ်ဘူးလေ "

"ငါလက်ထပ်တယ်လို့ မခံစားရသ၍ လက်ထပ်တာ မဟုတ်ဘူးဘဲ "

"တို့တွေ သက်သေပြလို့ရပါတယ် "

"မရဘူးနော် Karina "

"တို့နဲ့အတူ  လိင်ဆက်ဆံဖို့ မင်းကို ဖိအားပေးမှာ မဟုတ်ပါဘူး Minjeong ဒီအတိုင်း မင်းအနားလေးမှာ တို့ရှိနေချင်လို့ "

"ဘာလို့လည်း "

Karina စကားကို Winter မယုံနိုင်ဘဲဲဖြစ်နေတယ်

"မင်း တို့အနားမှာ ရှိနေပါ့လားဆိုတဲ့စိတ်လေး အသိစိတ်လေးရှိနေချင်တယ် "

Karina မျက်လုံးမှိတ်ကာ သက်ပြင်းချလိုက်သည်

"တို့မိဘတွေ သေသွားပြီးနောက်ပိုင်း တို့ တစ်ရက်မှ ကောင်းကောင်းမအိပ်ခဲ့ရဘူး တို့ မင်းအသက်ရှုသံကို ကြားနေရမှဖြစ်မယ် တို့ မင်းကို ထိတွေ့နေရမှဖြစ်မယ် Minjeong မဟုတ်ရင် တို့ ရူးသွားလိမ့်မယ် "

Winterကတော့ ဘာမှမပြောဘဲ ကုတင်ပေါ်မှာ လှဲအိပ်လိုက်သ​ည်

Karinaကလည်း သူပြောထားတဲ့စကားကိုတည်တဲ့ အနေနဲ့ Winterဘေးနားမှာ ကွေးကွေးလေးအိပ်နေတယ်

Karinaရဲ့ ခန္ဓာကိုယ် အပူငွေ့တွေကိုတောင် Winter ခံစားမိနေသည်

သူ့ရည်းစားဟောင်းလား သူ့မိန်းမလား ဘယ်လိုပြောရမှန်း မသိတဲ့ Karinaဘေးနား ဘယ်လိုအိပ်ရမလည်းဆိုတာ Winter မသိတော့ပေ

Winter နိုးလာတော့ Karinaရဲ့ ရင်ခွင်ထဲ ရောက်နေတာကို တွေ့လိုက်ရသည်

Karinaက သူ့ကိုဖက်ထားပြီး အိပ်ပျော်နေတာဘဲ

Karinaကို Winter တွန်းလွှတ်လိုက်တော့ ချက်ချင်း နိုးလာတယ်

"ဘာဖြစ်လို့လည်း အချစ် "

Winterမှာ အိပ်နေရာက ထကာ ကုတင်ပေါ်က ဆင်းလိုက်သည်

"ဘယ်သွားမလို့လည်း "

"ဗိုက်ဆာလို့ "

Winterပြောပြီး အခန်းထဲကထွက်လာသည်

အရင်ကလို လုံခြုံရေးတွေ သက်တော်စောင့်တွေ အိမ်ထဲမရှိတော့လို့ လွတ်လပ်သလို Winter ခံစားရသည်

မနက်စာကို သူကိုယ်တိုင် ပြင်နေစဥ် Karinaက အဝတ်အစားပြည့်ပြည့်စုံစုံဝတ်ပြီး သူ့ဆီလျှောက်လာတယ်

ပြီးတော့ ရေခဲသေတ္တာကို မှီပြီး Winter လုပ်သမျှကို ကြည့်နေတယ်

Karinaက ခန္ဓာကိုယ်ထိန်းတဲ့သူမို့လို့ Winterစားတဲ့ အချိုတွေမစားတာ Winterသိတယ်လေ

ဒါမို့လို့ မကျွေးဘဲ မကျွေးချင်တာလည်းပါတာပေါ့ တစ်ယောက်တည်းထိုင်စားနေလေရဲ့

"ငါ့ကိုစိုက်ကြည့်မနေနဲ့ "

ဘယ်လောက်ဘဲ Karinaကို လျစ်လျူရှုထားထား သူစိုက်ကြည့်နေတာကြာလာတော့ Winter မနေတတ်တော့ဘူးလေ

"မရဘူး ကြည့်မှာဘဲ မင်းက အရမ်းလှလို့လေ "

Winterမှာ ဘာမှမပြောဘဲ စားစရာရှိတာသာ ဆက်စားနေသည်

"မင်းရဲ့ပုံစံအသစ်လေးကို ကြိုက်တယ် "

Karinaဆီက ထွက်ပြေးလာတုံးက Winter ဆံပင်အနက်ရောင် ဆိုးခဲ့တာလေ

"တော်တော့ Karina "

"ဘာကိုလည်း "

"ငါ့ကိုမချစ်နဲ့တော့ "

Winter ဝေဖယ်ကိုက်စားပြီး ပြောလိုက်သည်

"နင်သာ ငါ့ကိုမချစ်ဘူးဆိုရင် ငါ့ဘဝကြီးက အရမ်းအေးချမ်းနေမှာ "

"တို့ အဲ့လိုမလုပ်နိုင်ဘူး မင်းကိုမချစ်ဘဲ မနေနိုင်ဘူး "

"ငါ ဒီမှာဘာလုပ်နေတာလည်း Karina "

"မင်းက တို့နဲ့အတူ အိမ်မှာရှိနေတာလေ "

"ငါ ဒီနေရာနဲ့ မသက်ဆိုင်သလို ခံစားရတယ် Karina ဒီနေရာက ငါ့အတွက်မဟုတ်ဘူး ငါဒီမှာ ကြာကြာနေရင် ရူးသွားလိမ့်မယ် "

"မကြာခင်မှာ ဒီနေရာလေးက မင်းအတွက် အိမ်တစ်ခုလို ခံစားစေရလိမ့်မယ်လို့ တို့ကတိပေးပါတယ် တို့ တကယ် ကတိပေးတယ် "

Karinaမှာ Winterဆီ လျှောက်သွားပြီး Winterရဲ့ မျက်ရည်တွေကို သုတ်ပေးကာပြောလိုက်သည်

"နင်ကတိတွေက ငါ့အတွက် သောက်ရေးမပါဘူး Karina ဟိုတစ်ခါကလည်း နင်ငါ့ကို ကတိပေးပြီး လွယ်လွယ်နဲ့ ချိုးဖျက်သွားတာ ငါမမေ့ဘူး
"

"ဟုတ်ပါတယ် တို့ကတိမတည်ခဲ့မိဘူး "

"Fuck youဘဲ Karina "

"Aeriက အသတ်ခံလိုက်ရတယ်လေ   မင်းတို့ကို ဘာလုပ်စေချင်တာလည်း "

"နင် သူတို့နောက်လိုက်မယ်ဆိုတာ ငါသိတယ် နင်လက်စားချေမယ်ဆိုတာလည်း ငါသိတယ် ဒါပေမယ့် နင် ငါထွက်ပြေးခဲ့တဲ့လူတစ်ယောက်ရဲ့ ပုံစံ ပြန်ပြောင်းသွားပြန်တယ် ငါအဲ့လိုလူမျိုးကို မချစ်နိုင်ဘူး Karina "

"တို့က မင်းချစ်ခဲ့ဖူးတဲ့သူပါဘဲ ဘာမှမပြောင်းလဲပါဘူး မင်းရဲ့ Jiminပါဘဲ "

Karinaရဲ့ မျက်ဝန်းကို Winter စိုက်မကြည့်နိုင်ဘူး ဒီတစ်ခါ သူ့ရဲ့မျက်ဝန်းတွေက နူးညံ့လွန်းနေတယ် Winterထပ်ပြီး အရူးလုပ်ခံလို့မရတော့ဘူး

#tbc

#zawgyi

ေရခ်ိဳးခန္းထဲမွာ သူ႕အဝတ္အစားေတြကို Karinaက စတင္ခြၽတ္လို႔ Winterမွာ လန့္သြားတယ္

Winterရဲ႕ ေဘာ္လီကို ခြၽတ္မယ့္အခ်ိန္မွာ Karinaရဲ႕ လႈပ္ရွားမႈေတြက ရပ္တန့္သြားတယ္

Winterမွာ သူ႕ရင္သားေတြကို Karinaက စိုက္ၾကည့္ေနမယ္လို႔ ထင္ထားခဲ့ေပမယ့္ တကယ္တမ္းေတာ့ Karinaက သူ႕ဝမ္းဗိုက္က အမာ႐ြတ္ကို စိုက္ၾကည့္ေနတယ္

Winterမွာ ၿငိမ္သက္သြားတဲ့ Karinaကို ေဆာင့္တြန္းလိုက္တယ္

အမာ႐ြတ္ေတြနဲ႕ ျပည့္ေနတဲ့ သူ႕ခႏၶာကိုယ္ကို မၾကည့္နိုင္လို႔ Winter မွန္မၾကည့္ျဖစ္တာေတာင္ အေတာ္ၾကာၿပီ

Yizhuoကေတာင္ Winterရဲ႕ အမာ႐ြတ္ေတြျမင္ၿပီး ထိုင္ငိုသြားေသးတယ္

"ထြက္သြား "

Winterရဲ႕ အားမရွိတဲ့ အသံတိုးတိုးေလးက Karinaရဲ႕ ရင္ကို ကြဲေၾကေစတယ္

"Minjeong "

"ထြက္သြားလို႔ ငါေျပာေနတယ္ေလ Karina "

Karinaလည္း ေရခ်ိဳးခန္းထဲက ထြက္သြားၿပီး တံခါးကို ျဖည္းျဖည္းေလး ပိတ္ကာ ေရခ်ိဳးခန္းေရွ႕က ရပ္ေစာင့္လိုက္သည္

Winterက သူ႕ခႏၶာကိုယ္ေပၚက ေဘာ္လီနဲ႕အတြင္းခံကို ခြၽတ္ၿပီး Karina သူ႕အတြက္ ျပင္ေပးထားတဲ့ ေရခ်ိဳးဇလုံထဲ ဝင္စိမ္လိုက္သည္

ေရႏြေးေလးနဲ႕ ပန္းပြင့္ေတြရဲ႕ ရနံ႕ေတြက ခရီးပမ္းလာတဲ့ Winter ခႏၶာကိုယ္ကို အေၾကာေတြေလ်ာ့ေစသည္

မ်က္စိမွိတ္ၿပီး အသက္ဝဝရႈေနစဥ္ တံခါးဖြင့္သံေၾကာင့္ လန့္သြားတယ္

Karinaမွာ ေခြးေပါက္စ စတစ္ကာေလးေတြပါတဲ့ အျပာေရာင္ ညအိပ္ဝတ္စုံကို ယူလာသည္

သူ႕ထဲမွာ အခုထိ Winterရဲ႕ ညအိပ္ဝတ္စုံေတြ ရွိေသးတာဘဲ

"အဝတ္အစားလာေပးတာ "

Karinaကေျပာၿပီး စင္ေပၚတင္ကာ ေရခ်ိဳးခန္းထဲက အျမန္ထြက္သြားသည္

Winterမွာ Karinaကို ၾကည့္ၿပီး သက္ျပင္းခ်မိသည္

သူတို႔ႏွစ္ေယာက္ၾကားမွာ ေျပာစရာ စကားေတြ အမ်ားႀကီးရွိေနေသးေပမယ့္ Winterကေတာ့ ပင္ပန္းေနၿပီ

ဒီေန႕တစ္ေန႕လုံး ရိုလာကိုစတာစီးေနရသလို သည္းထိတ္ရင္ဖိုျဖစ္ရလြန္းလို႔ ေတာ္ေတာ္ပင္ပန္းေနတယ္ေလ

Winter အိပ္ပစ္လိုက္ခ်င္ၿပီး ေနာက္တစ္ေန႕ နိုးလာတဲ့အခါ ဒီေနရာမွာ မရွိေတာ့ဖို႔ ေမွ်ာ္လင့္မိသည္

Karina လာေပးတဲ့ ညအိပ္ဝတ္စုံကို ဝတ္ၿပီးေနာက္မွာေတာ့ အရင္တုံးက သက္ေတာင့္သက္သာရွိခဲ့တဲ့ေန႕ရက္ေတြကို ျပန္သတိရသြားသည္

Karinaနဲ႕ေပ်ာ္ေနခဲ့တဲ့ အခ်ိန္ေလးေတြေရာေပါ့

Karinaကို လ်စ္လ်ဴရႈေနရမလားလို႔ Winter ေတြးမိေပမယ့္ အဲ့နည္းလမ္းက အဆင္မေျပေလာက္ဘူးဆိုတာ Winter သိတယ္

အဲ့လိုလုပ္နိုင္ဖို႔ အခြင့္အေရးမရွိဘူး Karinaက သူ႕ကို သီးသန့္ေနဖို႔ ေနရာေပးမွာ မဟုတ္ဘူး

Winter ေရခ်ိဳးခန္းထဲကထြက္လာေတာ့ sport braနဲ႕sweatpant ဝတ္ထားကာ ကုတင္ေပၚ ထိုင္ေနတဲ့ Karinaကို ေတြ႕ရေလသည္

Karinaကို လုံလုံၿခဳံၿခဳံဝတ္ထားဖို႔ Winter ဆုေတာင္းခဲ့ေသာ္လည္း ဘာမွမဝတ္တာထက္စာရင္ ဒါေလးကေတာ့ အဆင္ေျပပါေသးတယ္ဆိုၿပီး ေတြးရေသးသည္

Karina က Winterကို ေမာ့ၾကည့္တယ္ ၿပီးေတာ့ Winterရဲ႕ ဗိုက္ကိုထပ္ၾကည့္ျပန္တယ္

"ငါ ပင္ပန္းေနလို႔ guest roomမွာဘဲ ေနမယ္ေနာ္ "

Winterက ေျပာေတာ့ Karinaမွာ ထကာ Winterေရွ႕ ပိတ္ရပ္သည္

"မင္း  ဒီမွာ တို႔နဲ႕ အိပ္ရမယ္ Minjeong "

Winterမွာ မ်က္ေမွာင္ၾကဳတ္ၿပီး

"ငါ နင္နဲ႕မအိပ္ခ်င္ဘူး Karina "

"တို႔ေတြက လက္ထပ္ၿပီးသားေလ Minjeong "

Winterမွာ Karina ကို မ်က္ေစာင္းထိုးၿပီး

"ငါ့ကို အဲ့စကားနဲ႕ လာမခ်ဳပ္ကိုင္နဲ႕ "

"ခ်ဳပ္ကိုင္တာ မဟုတ္ဘူးေလ "

"ငါလက္ထပ္တယ္လို႔ မခံစားရသ၍ လက္ထပ္တာ မဟုတ္ဘူးဘဲ "

"တို႔ေတြ သက္ေသျပလို႔ရပါတယ္ "

"မရဘူးေနာ္ Karina "

"တို႔နဲ႕အတူ  လိင္ဆက္ဆံဖို႔ မင္းကို ဖိအားေပးမွာ မဟုတ္ပါဘူး Minjeong ဒီအတိုင္း မင္းအနားေလးမွာ တို႔ရွိေနခ်င္လို႔ "

"ဘာလို႔လည္း "

Karina စကားကို Winter မယုံနိုင္ဘဲဲျဖစ္ေနတယ္

"မင္း တို႔အနားမွာ ရွိေနပါ့လားဆိုတဲ့စိတ္ေလး အသိစိတ္ေလးရွိေနခ်င္တယ္ "

Karina မ်က္လုံးမွိတ္ကာ သက္ျပင္းခ်လိဳက္သည္

"တို႔မိဘေတြ ေသသြားၿပီးေနာက္ပိုင္း တို႔ တစ္ရက္မွ ေကာင္းေကာင္းမအိပ္ခဲ့ရဘူး တို႔ မင္းအသက္ရႈသံကို ၾကားေနရမွျဖစ္မယ္ တို႔ မင္းကို ထိေတြ႕ေနရမွျဖစ္မယ္ Minjeong မဟုတ္ရင္ တို႔ ႐ူးသြားလိမ့္မယ္ "

Winterကေတာ့ ဘာမွမေျပာဘဲ ကုတင္ေပၚမွာ လွဲအိပ္လိုက္သည္

Karinaကလည္း သူေျပာထားတဲ့စကားကိုတည္တဲ့ အေနနဲ႕ Winterေဘးနားမွာ ေကြးေကြးေလးအိပ္ေနတယ္

Karinaရဲ႕ ခႏၶာကိုယ္ အပူေငြ႕ေတြကိုေတာင္ Winter ခံစားမိေနသည္

သူ႕ရည္းစားေဟာင္းလား သူ႕မိန္းမလား ဘယ္လိုေျပာရမွန္း မသိတဲ့ Karinaေဘးနား ဘယ္လိုအိပ္ရမလည္းဆိုတာ Winter မသိေတာ့ေပ

Winter နိုးလာေတာ့ Karinaရဲ႕ ရင္ခြင္ထဲ ေရာက္ေနတာကို ေတြ႕လိုက္ရသည္

Karinaက သူ႕ကိုဖက္ထားၿပီး အိပ္ေပ်ာ္ေနတာဘဲ

Karinaကို Winter တြန္းလႊတ္လိုက္ေတာ့ ခ်က္ခ်င္း နိုးလာတယ္

"ဘာျဖစ္လို႔လည္း အခ်စ္ "

Winterမွာ အိပ္ေနရာက ထကာ ကုတင္ေပၚက ဆင္းလိုက္သည္

"ဘယ္သြားမလို႔လည္း "

"ဗိုက္ဆာလို႔ "

Winterေျပာၿပီး အခန္းထဲကထြက္လာသည္

အရင္ကလို လုံၿခဳံေရးေတြ သက္ေတာ္ေစာင့္ေတြ အိမ္ထဲမရွိေတာ့လို႔ လြတ္လပ္သလို Winter ခံစားရသည္

မနက္စာကို သူကိုယ္တိုင္ ျပင္ေနစဥ္ Karinaက အဝတ္အစားျပည့္ျပည့္စုံစုံဝတ္ၿပီး သူ႕ဆီေလွ်ာက္လာတယ္

ၿပီးေတာ့ ေရခဲေသတၱာကို မွီၿပီး Winter လုပ္သမွ်ကို ၾကည့္ေနတယ္

Karinaက ခႏၶာကိုယ္ထိန္းတဲ့သူမို႔လို႔ Winterစားတဲ့ အခ်ိဳေတြမစားတာ Winterသိတယ္ေလ

ဒါမို႔လို႔ မေကြၽးဘဲ မေကြၽးခ်င္တာလည္းပါတာေပါ့ တစ္ေယာက္တည္းထိုင္စားေနေလရဲ႕

"ငါ့ကိုစိုက္ၾကည့္မေနနဲ႕ "

ဘယ္ေလာက္ဘဲ Karinaကို လ်စ္လ်ဴရႈထားထား သူစိုက္ၾကည့္ေနတာၾကာလာေတာ့ Winter မေနတတ္ေတာ့ဘူးေလ

"မရဘူး ၾကည့္မွာဘဲ မင္းက အရမ္းလွလို႔ေလ "

Winterမွာ ဘာမွမေျပာဘဲ စားစရာရွိတာသာ ဆက္စားေနသည္

"မင္းရဲ႕ပုံစံအသစ္ေလးကို ႀကိဳက္တယ္ "

Karinaဆီက ထြက္ေျပးလာတုံးက Winter ဆံပင္အနက္ေရာင္ ဆိုးခဲ့တာေလ

"ေတာ္ေတာ့ Karina "

"ဘာကိုလည္း "

"ငါ့ကိုမခ်စ္နဲ႕ေတာ့ "

Winter ေဝဖယ္ကိုက္စားၿပီး ေျပာလိုက္သည္

"နင္သာ ငါ့ကိုမခ်စ္ဘူးဆိုရင္ ငါ့ဘဝႀကီးက အရမ္းေအးခ်မ္းေနမွာ "

"တို႔ အဲ့လိုမလုပ္နိုင္ဘူး မင္းကိုမခ်စ္ဘဲ မေနနိုင္ဘူး "

"ငါ ဒီမွာဘာလုပ္ေနတာလည္း Karina "

"မင္းက တို႔နဲ႕အတူ အိမ္မွာရွိေနတာေလ "

"ငါ ဒီေနရာနဲ႕ မသက္ဆိုင္သလို ခံစားရတယ္ Karina ဒီေနရာက ငါ့အတြက္မဟုတ္ဘူး ငါဒီမွာ ၾကာၾကာေနရင္ ႐ူးသြားလိမ့္မယ္ "

"မၾကာခင္မွာ ဒီေနရာေလးက မင္းအတြက္ အိမ္တစ္ခုလို ခံစားေစရလိမ့္မယ္လို႔ တို႔ကတိေပးပါတယ္ တို႔ တကယ္ ကတိေပးတယ္ "

Karinaမွာ Winterဆီ ေလွ်ာက္သြားၿပီး Winterရဲ႕ မ်က္ရည္ေတြကို သုတ္ေပးကာေျပာလိုက္သည္

"နင္ကတိေတြက ငါ့အတြက္ ေသာက္ေရးမပါဘူး Karina ဟိုတစ္ခါကလည္း နင္ငါ့ကို ကတိေပးၿပီး လြယ္လြယ္နဲ႕ ခ်ိဳးဖ်က္သြားတာ ငါမေမ့ဘူး
"

"ဟုတ္ပါတယ္ တို႔ကတိမတည္ခဲ့မိဘူး "

"Fuck youဘဲ Karina "

"Aeriက အသတ္ခံလိုက္ရတယ္ေလ   မင္းတို႔ကို ဘာလုပ္ေစခ်င္တာလည္း "

"နင္ သူတို႔ေနာက္လိုက္မယ္ဆိုတာ ငါသိတယ္ နင္လက္စားေခ်မယ္ဆိုတာလည္း ငါသိတယ္ ဒါေပမယ့္ နင္ ငါထြက္ေျပးခဲ့တဲ့လူတစ္ေယာက္ရဲ႕ ပုံစံ ျပန္ေျပာင္းသြားျပန္တယ္ ငါအဲ့လိုလူမ်ိဳးကို မခ်စ္နိုင္ဘူး Karina "

"တို႔က မင္းခ်စ္ခဲ့ဖူးတဲ့သူပါဘဲ ဘာမွမေျပာင္းလဲပါဘူး မင္းရဲ႕ Jiminပါဘဲ "

Karinaရဲ႕ မ်က္ဝန္းကို Winter စိုက္မၾကည့္နိုင္ဘူး ဒီတစ္ခါ သူ႕ရဲ႕မ်က္ဝန္းေတြက ႏူးညံ့လြန္းေနတယ္ Winterထပ္ၿပီး အ႐ူးလုပ္ခံလို႔မရေတာ့ဘူး

#tbc

Bạn đang đọc truyện trên: Truyen3h.Co