Part 7
Karina အိပ်ရာက နိုးတော့ မီးဖိုခန်းဘက်ကို ထွက်လာတယ်
Karinaရဲ့ ခြေသံလည်း ကြားရော Winterမှာ ဖုန်းအမြန်ချပြီး ဘာမှမဖြစ်သလို ဟန်ဆောင်လိုက်သည်
"Appaက မင်းအတွက် သူ့ရဲ့စည်းစိမ်ဥစ္စာထဲက သုံးပုံကို အမွေအဖြစ် ချန်ထားခဲ့တယ် Minjeong "
Karinaက မိုက်ခရိုဝေ့ထဲ ပန်ကိတ်ထည့်နွှေးရင်း ပြောလိုက်သည်
Karinaရဲ့ စကားကြောင့် Winter အံ့သြလွန်းလို့ ပါးစပ်အဟောင်းသားဖြစ်သွားတယ်
"ဘယ်လို "
"Yu Businessကို မင်းလည်း တစ်ဝက်ပိုင်တယ်လို့ပြောချင်တာ "
"ဒါပေမယ့် ငါက Yu မိသားစုကမှမဟုတ်တာ "
"ဟုတ်ပါတယ် မင်းက Yu မိသားစုကဘဲ မင်းနာမည်က Yu Minjeongလေ မေ့မသွားပါနဲ့ Yu Minjeong shii "
Winterဟာ ပိုက်ဆံတွေ အာဏာတွေကို လုံးဝမမက်မောသူပါ ဒါပေမယ့် Mr.Yuက သူ့အတွက် ဒါမျိုးတွေ ချန်ထားပေးခဲ့တယ်ဆိုတာ သိရတော့ ရင်ထဲတော့ထိသွားသည်
"Appa ရဲ့ ဒိုင်ယာရီကို တို့ရှာတွေ့ခဲ့တယ် တော်တော်များများကို တို့လိပ်စာနာမည်နဲ့ရေးထားလွှဲထားပေမယ့် တစ်ဝက်လောက်ကလည်း မင်းကိုပေးထားရည်ညွှန်းထားသေးတယ် ပြီးတော့ အဲ့ဒိုင်ယာရီကို တို့တွေ ငယ်ငယ်လေးကတည်းက သူစရေးလာခဲ့တာနဲ့တူတယ် "
Karinaမှာ ပြောပြီး မိုက်ခရိုဝေ့ထဲက ထုတ်ထားတဲ့ ပန်ကိတ်ကို ကိုက်စားလိုက်သည်
"Apppတို့က မင််းက တို့အတွက် အရမ်းပြည့်စုံလွန်းတယ်လို့ထင်နေကြတယ် တို့နှစ်ယောက်လည်း အရမ်း လိုက်ဖက်တယ်လို့ ထင်ကြတယ်ကွာ တို့လည်း အဲ့လိုဘဲ ထင်ခဲ့တယ် ခုလည်း ထင်နေဆဲဘဲ "
Karinaရဲ့ စကားကြောင့် Winter ဘာပြောရမှန်းမသိပေ ဘာလို့ သူတို့ကိုလိုက်ဖက်တယ်လို့ ထင်ကြတာလည်း
Winterက သာမန်ကလေးတွေလို ကြီးပြင်းလာတာပါ သူ့အဖေက ရဲဝန်ထမ်း သူ့အမေက တက္ကသိုလ်တစ်ခုက music Professor တစ်ယောက်ပါ
Yu familyနဲ့တွေ့ပြီးနောက်မှာ Winterရဲ့ မိသားစုက ပြောင်းလဲသွားခဲ့တယ်
Karinaရဲ့ အဖေကြောင့် Winter အဖေက ချမ်းသာလာတာကို Winterသိပေမယ့် Karinaအဖေ ပိုင်ဆိုင်မှုကိုတော့ Winter ယူစရာမလိုဘူးလေ ဟုတ်တယ်မလား
"အဲ့ဒိုင်ယာရီထဲမှာ Appaက ရေးထားခဲ့တယ် သိလား မင်းပထမဆုံး ထွက်ပြေးတဲ့နေ့က အကြောင်းလေ မင်း ဘယ်ကိုထွက်ပြေးသွားလည်းဆိုတာ သူသိခဲ့တယ်တဲ့ "
Karinaပြောပြီး ထိုင်ခုံမှာ ထိုင်မှီလိုက်သည်
"သိရဲ့သားနဲ့ တို့ကို မပြောခဲ့ဘူး ....သိလား "
"ဒါဆို သူက ငါ့ကို ကာကွယ်ပေးခဲ့တာဘဲ "
Winterမှာ တွေးမိရင်း ခံစားလွယ်လာတယ် Karinaရဲ့ အဖေက သူ့ကို တကယ်ချစ်ပေးတာဘဲ
"မင်းတို့ဆီက ကာကွယ်မှုကို မလိုချင်ခဲ့ဘူးလား "
Winterမှာ Karinaရဲ့စကားကြောင့် မျက်စိမှိတ်ကာ သက်ပြင်းချလိုက်သည်
"Karina ငါအရမ်းပင်ပန်းနေတယ် နင်နဲ့ငြင်းခုန်မနေချင်ဘူး "
"သူတို့က မင်းကို အရမ်းချစ်ပေးကြတာသိလား "
"ငါ ငါ့ကိုယ်ငါ အဲ့လောက်ထိ အရေးကြီးတဲ့သူဖြစ်ခဲ့မှန်းမသိဘူး "
"တို့ မင်းကို ဘယ်လောက်ထိချစ်လည်းဆိုတာ အကြိမ်ပေါင်းများစွာ ထိုင်ပြောနေလို့ရတယ် ဘာကြောင့်ချစ်လည်းဆိုတာ ပြောပြလို့ရတယ် "
"တော်ပါတော့ဟာ မပြောစမ်းပါနဲ့ "
"မင်းနှလုံးသားလေးက ဖြူစင်လို့ မင်းကို တို့ချစ်တာ "
Winter မှာ လှည့်ထွက်သွားဖို့ လုပ်ပေမယ့် Karinaက သူ့ကိုဆွဲဖက်တယ်
"မင်းက အရမ်းကြံ့ကြံ့ခိုင်ပြီး သန်မာလို့ ချစ်တယ် "
"ငါ့ကိုယ်ငါ ကြံ့ခိုင်ပြီး သန်မာတယ်လို့ မထင်မိဘူး မခံစားမိဘူး Karina "
"မင်းက သန်မာပါတယ် အချစ်လေးရဲ့ "
Karina ပြောပြီး Winterရဲ့ မေးဖျားလေးကို ဆွဲကိုင်လိုက်သည်
"မင်းမှာ အတွင်းအားတွေရှိတယ်သိလား ဒါကြောင့်လည်း တို့ဆီက ထွက်ပြေးနိုင်ပြီး တို့မရှိဘဲ မင်းနေနိုင်နေတာ ပြီးတော့ တို့ကို မင်းချစ်ပေးလို့ မင်းကို ချစ်တာ မင်း တို့ကို မချစ်ပါဘူးဆိုပြီး ခဏခဏငြင်းနေပေမယ့် တကယ်တမ်းတော့ တို့ကို ချစ်နေသေးတယ်ဆိုတာ တို့သိတယ် "
Winter အသက်ရှုနှုန်းတွေ မြန်လာလို့ Karinaရဲ့ အညိုရောင်မျက်ဝန်းတွေနဲ့မဆုံမိအောင် အကြည့်လွှဲလိုက်သည်....
အရာအားလုံး ဖြစ်ပျက်ခဲ့တာတောင် Karinaကို မချစ်တော့ပါဘူးလို့ Winter ရဲရဲဝံ့ဝံ့မပြောနိုင်သေးပေ
ပြောလိုက်စမ်းပါ Kim Minjeongက Yu Jiminကို မချစ်ဘူးလို့ ပြောလိုက်စမ်းပါ
"တို့ သောက်တလွဲတွေ အများကြီးလုပ်ခဲ့မိတာ သိပါတယ် တို့ကို ခွင့်လွှတ်ပေးနိုင်မလား "
Karina ခွေးပေါက်လေးတစ်ကောင်လို သနားစရာကောင်းအောင်လုပ်ပြီး နောက်ထပ်အခွင့်အရေးပေးဖို့ Winterကို တောင်းဆိုနေသည်
Winterမှာ Karina မေးခွန်းကို ချက်ချင်းပြန်မဖြေပေ
"ငါ မသိဘူး "
Winter အမှန်တိုင်းဖြေလိုက်သည်
"Aeri သေလို့လည်း နင့်ကို အပြစ်မတင်ပါဘူး ပြီးတော့ ငါ့ကိုအပြစ်တင်ခဲ့တဲ့ နင့်ကိုလည်း အပြစ်မမြင်နိုင်ခဲ့ဘူး Karina "
"Aeriက တို့ကြောင့် သေရတာပါ မင်းကို အပြစ်မတင်သင့်ခဲ့ဘူး "
Karinaရဲ့ မျက်ဝန်းညိုထဲ Winter ရှာဖွေကြည့်တော့ အားနာစိတ် အပြစ်ရှိစိတ်တွေရှိနေတာကို တွေ့ရသည်
"Aeriက အဲ့နေရာကိုယူဖို့ သူ့ဟာသူ လက်ခံခဲ့တာမဟုတ်လား နင်ဖိအားမပေးခဲ့ဘူးမလား "
"အင်း "
"ဒါဆို နင်အဲ့အပြစ်ရှိတဲ့စိတ်ကို လွှတ်လိုက်တော့ Karina "
"မင်းရော အဲ့လိုလွှတ်ပေးဖူးလား "
"အင်း...Yizhuo နေ့တိုင်း ခံစားနေတာကို ကြည့်ရတိုင်း ငါ့အမှားလည်း မဟုတ်ဘဲ ငါ့အတွက် အရမ်း ခက်ခဲခဲ့တယ် သူ ငါ့ကိုအပြစ်မတင်ခဲ့ပေမယ့် ငါအဆင်မပြေခဲ့ဘူး ငါဘာမှမလုပ်ပေးနိုင်လို့လေ.... အင်း သူက နင့်ကိုလည်း အပြစ်မတင်ပါဘူး "
Karinaက Aeriနဲ့ သူ့မိဘတွေ သေဆုံးရလို့ သူ့ကိုယ်သူ အပြစ်တင်ရင်း ရှင်သန်နေမှန်း Winterသိတယ်လေ
အင်း သူတို့နှစ်ယောက်လုံးမှာ ဒဏ်ရာကိုယ်စီရှိနေပါတယ်လေ ....
"မြေအောက်လောကက အလုပ်ကိစ္စတွေကို နင်သတိမရဘူးလား Karina "
"မရပါဘူး "
"အဲ့ဒီမှာ လုပ်စရာအလုပ်တွေ မရှိနေဘူးလား"
"မရှိဘူးလေ တို့အဲ့က ထွက်လာပြီဆိုတာ အားလုံးသိနေတာဘဲကို "
"ဒါပေမယ့် နင့်မှာ Mikeနဲ့ တစ်ခြားလုံခြုံရေးတွေ ရှိနေတယ်ရော "
"တို့မိဘတွေနဲ့ Aeriကို သတ်တဲ့သူတွေ အပြင်မှာရှိနေသေးတယ်လေ သူတို့ကို အခွင့်အရေးပေးလို့မဖြစ်ဘူးလေ အချစ်ရ "
"နင် သူတို့နောက်ကို လိုက်နေတာလား "
Karinaမှာ ခဏငြိမ်သွားတယ်
"ဟင့်အင်း မလိုက်ပါဘူး သူတို့က တို့ဆီကို လိုက်လာကြမှာပါ "
Winter မှာ Karinaရဲ့ အသံထဲ လက်စားချေချင်စိတ်နဲ့ ဒေါသတွေပါဝင်နေတာကို သတိထားမိသည်
"တို့ရဲ့လက်ခုပ်ထဲ သူတို့ဝင်လာမှာကို သဘောကျလို့ စောင့်နေတာ ဒါနဲ့ မင်းကို Yizhuoက သေနတ်ပစ်နည်း သင်ပေးထားတယ်မဟုတ်လား "
"အင်း ဟုတ်တယ် အဲ့တာနဲ့ဘာဆိုင်လို့လည်း..."
"ပြင်ဆင်စရာရှိတာ ပြင်ဆင်ရအောင်လို့လေ မနက်ဖြန်ကျ သေနတ်ပစ်ကြည့်ရအောင် မင်းရဲ့လက်စွမ်း ဘယ်လောက်ရှိလည်းဆိုတာ တို့သိချင်တယ် "
"နင်က ငါ့ကိုသေနတ်ကိုင်ခွင့်ပေးမလို့လား Karina "
"ဟုတ်တယ် မင်းကို လုံခြုံစေချင်လို့ တို့မှာ သေနတ်တွေ အများကြီးရှိတယ် မင်းကြိုက်တဲ့တစ်လက်ကိုယူလို့ရတယ် ပြီးတော့ ဒီအိမ်ရဲ့ လျို့ဝှက်အပေါက်တွေသိတယ်မဟုတ်လား တစ်ခုခုဖြစ်လာခဲ့ရင် တိုက်ခိုက်မှုတွေဖြစ်လာခဲ့ရင် ဘာမှလှည့်မကြည့်ဘဲ အဲ့ကနေထွက်ပြေးနော် "
Karinaကပြောတော့ Winter ခေါင်းညိတ်ပြသည်
"ထပ်ပြီး လုံခြုံရေးတွေ ထပ်ထည့်အုံးမယ် Mikeက မင်းအနား အမြဲရှိပေးလိမ့်မယ် ဘာလို့လည်းဆိုတော့ bodyguardတွေ မပါဘဲ မင်းလျှောက်သွားနေတာမျိုး မဖြစ်စေချင်လို့ ဖြစ်နိုင်ရင် တို့မပါဘဲ မင်းကို ဘယ်မှမသွားစေချင်ဘူး "
Karinaမပါဘဲ ဘယ်ကိုမှမသွားချင်ဘူးဆိုတဲ့အကြောင်း Karinaကို Winter မပြောလိုက်ပါ
Karinaကို ဘယ်လောက်အမြင်ကတ်ပါစေ Karinaအနားမှာရှိရင် လုံခြုံသလို Winter ခံစားရတယ်လေ
ပြီးတော့ Karinaက Winterအတွက်ဆို သေပေးဖို့ အဆင်သင့်ရှိနေတာကိုလည်း Winter သိသည်
#tbc
#zawgyi
Karina အိပ္ရာက နိုးေတာ့ မီးဖိုခန္းဘက္ကို ထြက္လာတယ္
Karinaရဲ႕ ေျခသံလည္း ၾကားေရာ Winterမွာ ဖုန္းအျမန္ခ်ၿပီး ဘာမွမျဖစ္သလို ဟန္ေဆာင္လိုက္သည္
"Appaက မင္းအတြက္ သူ႕ရဲ႕စည္းစိမ္ဥစၥာထဲက သုံးပုံကို အေမြအျဖစ္ ခ်န္ထားခဲ့တယ္ Minjeong "
Karinaက မိုက္ခရိုေဝ့ထဲ ပန္ကိတ္ထည့္ႏႊေးရင္း ေျပာလိုက္သည္
Karinaရဲ႕ စကားေၾကာင့္ Winter အံ့ၾသလြန္းလို႔ ပါးစပ္အေဟာင္းသားျဖစ္သြားတယ္
"ဘယ္လို "
"Yu Businessကို မင္းလည္း တစ္ဝက္ပိုင္တယ္လို႔ေျပာခ်င္တာ "
"ဒါေပမယ့္ ငါက Yu မိသားစုကမွမဟုတ္တာ "
"ဟုတ္ပါတယ္ မင္းက Yu မိသားစုကဘဲ မင္းနာမည္က Yu Minjeongေလ ေမ့မသြားပါနဲ႕ Yu Minjeong shii "
Winterဟာ ပိုက္ဆံေတြ အာဏာေတြကို လုံးဝမမက္ေမာသူပါ ဒါေပမယ့္ Mr.Yuက သူ႕အတြက္ ဒါမ်ိဳးေတြ ခ်န္ထားေပးခဲ့တယ္ဆိုတာ သိရေတာ့ ရင္ထဲေတာ့ထိသြားသည္
"Appa ရဲ႕ ဒိုင္ယာရီကို တို႔ရွာေတြ႕ခဲ့တယ္ ေတာ္ေတာ္မ်ားမ်ားကို တို႔လိပ္စာနာမည္နဲ႕ေရးထားလႊဲထားေပမယ့္ တစ္ဝက္ေလာက္ကလည္း မင္းကိုေပးထားရည္ၫႊန္းထားေသးတယ္ ၿပီးေတာ့ အဲ့ဒိုင္ယာရီကို တို႔ေတြ ငယ္ငယ္ေလးကတည္းက သူစေရးလာခဲ့တာနဲ႕တူတယ္ "
Karinaမွာ ေျပာၿပီး မိုက္ခရိုေဝ့ထဲက ထုတ္ထားတဲ့ ပန္ကိတ္ကို ကိုက္စားလိုက္သည္
"Apppတို႔က မင္္းက တို႔အတြက္ အရမ္းျပည့္စုံလြန္းတယ္လို႔ထင္ေနၾကတယ္ တို႔ႏွစ္ေယာက္လည္း အရမ္း လိုက္ဖက္တယ္လို႔ ထင္ၾကတယ္ကြာ တို႔လည္း အဲ့လိုဘဲ ထင္ခဲ့တယ္ ခုလည္း ထင္ေနဆဲဘဲ "
Karinaရဲ႕ စကားေၾကာင့္ Winter ဘာေျပာရမွန္းမသိေပ ဘာလို႔ သူတို႔ကိုလိုက္ဖက္တယ္လို႔ ထင္ၾကတာလည္း
Winterက သာမန္ကေလးေတြလို ႀကီးျပင္းလာတာပါ သူ႕အေဖက ရဲဝန္ထမ္း သူ႕အေမက တကၠသိုလ္တစ္ခုက music Professor တစ္ေယာက္ပါ
Yu familyနဲ႕ေတြ႕ၿပီးေနာက္မွာ Winterရဲ႕ မိသားစုက ေျပာင္းလဲသြားခဲ့တယ္
Karinaရဲ႕ အေဖေၾကာင့္ Winter အေဖက ခ်မ္းသာလာတာကို Winterသိေပမယ့္ Karinaအေဖ ပိုင္ဆိုင္မႈကိုေတာ့ Winter ယူစရာမလိုဘူးေလ ဟုတ္တယ္မလား
"အဲ့ဒိုင္ယာရီထဲမွာ Appaက ေရးထားခဲ့တယ္ သိလား မင္းပထမဆုံး ထြက္ေျပးတဲ့ေန႕က အေၾကာင္းေလ မင္း ဘယ္ကိုထြက္ေျပးသြားလည္းဆိုတာ သူသိခဲ့တယ္တဲ့ "
Karinaေျပာၿပီး ထိုင္ခုံမွာ ထိုင္မွီလိုက္သည္
"သိရဲ႕သားနဲ႕ တို႔ကို မေျပာခဲ့ဘူး ....သိလား "
"ဒါဆို သူက ငါ့ကို ကာကြယ္ေပးခဲ့တာဘဲ "
Winterမွာ ေတြးမိရင္း ခံစားလြယ္လာတယ္ Karinaရဲ႕ အေဖက သူ႕ကို တကယ္ခ်စ္ေပးတာဘဲ
"မင္းတို႔ဆီက ကာကြယ္မႈကို မလိုခ်င္ခဲ့ဘူးလား "
Winterမွာ Karinaရဲ႕စကားေၾကာင့္ မ်က္စိမွိတ္ကာ သက္ျပင္းခ်လိဳက္သည္
"Karina ငါအရမ္းပင္ပန္းေနတယ္ နင္နဲ႕ျငင္းခုန္မေနခ်င္ဘူး "
"သူတို႔က မင္းကို အရမ္းခ်စ္ေပးၾကတာသိလား "
"ငါ ငါ့ကိုယ္ငါ အဲ့ေလာက္ထိ အေရးႀကီးတဲ့သူျဖစ္ခဲ့မွန္းမသိဘူး "
"တို႔ မင္းကို ဘယ္ေလာက္ထိခ်စ္လည္းဆိုတာ အႀကိမ္ေပါင္းမ်ားစြာ ထိုင္ေျပာေနလို႔ရတယ္ ဘာေၾကာင့္ခ်စ္လည္းဆိုတာ ေျပာျပလို႔ရတယ္ "
"ေတာ္ပါေတာ့ဟာ မေျပာစမ္းပါနဲ႕ "
"မင္းႏွလုံးသားေလးက ျဖဴစင္လို႔ မင္းကို တို႔ခ်စ္တာ "
Winter မွာ လွည့္ထြက္သြားဖို႔ လုပ္ေပမယ့္ Karinaက သူ႕ကိုဆြဲဖက္တယ္
"မင္းက အရမ္းႀကံ့ႀကံ့ခိုင္ၿပီး သန္မာလို႔ ခ်စ္တယ္ "
"ငါ့ကိုယ္ငါ ႀကံ့ခိုင္ၿပီး သန္မာတယ္လို႔ မထင္မိဘူး မခံစားမိဘူး Karina "
"မင္းက သန္မာပါတယ္ အခ်စ္ေလးရဲ႕ "
Karina ေျပာၿပီး Winterရဲ႕ ေမးဖ်ားေလးကို ဆြဲကိုင္လိုက္သည္
"မင္းမွာ အတြင္းအားေတြရွိတယ္သိလား ဒါေၾကာင့္လည္း တို႔ဆီက ထြက္ေျပးနိုင္ၿပီး တို႔မရွိဘဲ မင္းေနနိုင္ေနတာ ၿပီးေတာ့ တို႔ကို မင္းခ်စ္ေပးလို႔ မင္းကို ခ်စ္တာ မင္း တို႔ကို မခ်စ္ပါဘူးဆိုၿပီး ခဏခဏျငင္းေနေပမယ့္ တကယ္တမ္းေတာ့ တို႔ကို ခ်စ္ေနေသးတယ္ဆိုတာ တို႔သိတယ္ "
Winter အသက္ရႈႏႈန္းေတြ ျမန္လာလို႔ Karinaရဲ႕ အညိုေရာင္မ်က္ဝန္းေတြနဲ႕မဆုံမိေအာင္ အၾကည့္လႊဲလိုက္သည္....
အရာအားလုံး ျဖစ္ပ်က္ခဲ့တာေတာင္ Karinaကို မခ်စ္ေတာ့ပါဘူးလို႔ Winter ရဲရဲဝံ့ဝံ့မေျပာနိုင္ေသးေပ
ေျပာလိုက္စမ္းပါ Kim Minjeongက Yu Jiminကို မခ်စ္ဘူးလို႔ ေျပာလိုက္စမ္းပါ
"တို႔ ေသာက္တလြဲေတြ အမ်ားႀကီးလုပ္ခဲ့မိတာ သိပါတယ္ တို႔ကို ခြင့္လႊတ္ေပးနိုင္မလား "
Karina ေခြးေပါက္ေလးတစ္ေကာင္လို သနားစရာေကာင္းေအာင္လုပ္ၿပီး ေနာက္ထပ္အခြင့္အေရးေပးဖို႔ Winterကို ေတာင္းဆိုေနသည္
Winterမွာ Karina ေမးခြန္းကို ခ်က္ခ်င္းျပန္မေျဖေပ
"ငါ မသိဘူး "
Winter အမွန္တိုင္းေျဖလိုက္သည္
"Aeri ေသလို႔လည္း နင့္ကို အျပစ္မတင္ပါဘူး ၿပီးေတာ့ ငါ့ကိုအျပစ္တင္ခဲ့တဲ့ နင့္ကိုလည္း အျပစ္မျမင္နိုင္ခဲ့ဘူး Karina "
"Aeriက တို႔ေၾကာင့္ ေသရတာပါ မင္းကို အျပစ္မတင္သင့္ခဲ့ဘူး "
Karinaရဲ႕ မ်က္ဝန္းညိုထဲ Winter ရွာေဖြၾကည့္ေတာ့ အားနာစိတ္ အျပစ္ရွိစိတ္ေတြရွိေနတာကို ေတြ႕ရသည္
"Aeriက အဲ့ေနရာကိုယူဖို႔ သူ႕ဟာသူ လက္ခံခဲ့တာမဟုတ္လား နင္ဖိအားမေပးခဲ့ဘူးမလား "
"အင္း "
"ဒါဆို နင္အဲ့အျပစ္ရွိတဲ့စိတ္ကို လႊတ္လိုက္ေတာ့ Karina "
"မင္းေရာ အဲ့လိုလႊတ္ေပးဖူးလား "
"အင္း...Yizhuo ေန႕တိုင္း ခံစားေနတာကို ၾကည့္ရတိုင္း ငါ့အမွားလည္း မဟုတ္ဘဲ ငါ့အတြက္ အရမ္း ခက္ခဲခဲ့တယ္ သူ ငါ့ကိုအျပစ္မတင္ခဲ့ေပမယ့္ ငါအဆင္မေျပခဲ့ဘူး ငါဘာမွမလုပ္ေပးနိုင္လို႔ေလ.... အင္း သူက နင့္ကိုလည္း အျပစ္မတင္ပါဘူး "
Karinaက Aeriနဲ႕ သူ႕မိဘေတြ ေသဆုံးရလို႔ သူ႕ကိုယ္သူ အျပစ္တင္ရင္း ရွင္သန္ေနမွန္း Winterသိတယ္ေလ
အင္း သူတို႔ႏွစ္ေယာက္လုံးမွာ ဒဏ္ရာကိုယ္စီရွိေနပါတယ္ေလ ....
"ေျမေအာက္ေလာကက အလုပ္ကိစၥေတြကို နင္သတိမရဘူးလား Karina "
"မရပါဘူး "
"အဲ့ဒီမွာ လုပ္စရာအလုပ္ေတြ မရွိေနဘူးလား"
"မရွိဘူးေလ တို႔အဲ့က ထြက္လာၿပီဆိုတာ အားလုံးသိေနတာဘဲကို "
"ဒါေပမယ့္ နင့္မွာ Mikeနဲ႕ တစ္ျခားလုံၿခဳံေရးေတြ ရွိေနတယ္ေရာ "
"တို႔မိဘေတြနဲ႕ Aeriကို သတ္တဲ့သူေတြ အျပင္မွာရွိေနေသးတယ္ေလ သူတို႔ကို အခြင့္အေရးေပးလို႔မျဖစ္ဘူးေလ အခ်စ္ရ "
"နင္ သူတို႔ေနာက္ကို လိုက္ေနတာလား "
Karinaမွာ ခဏၿငိမ္သြားတယ္
"ဟင့္အင္း မလိုက္ပါဘူး သူတို႔က တို႔ဆီကို လိုက္လာၾကမွာပါ "
Winter မွာ Karinaရဲ႕ အသံထဲ လက္စားေခ်ခ်င္စိတ္နဲ႕ ေဒါသေတြပါဝင္ေနတာကို သတိထားမိသည္
"တို႔ရဲ႕လက္ခုပ္ထဲ သူတို႔ဝင္လာမွာကို သေဘာက်လိဳ႕ ေစာင့္ေနတာ ဒါနဲ႕ မင္းကို Yizhuoက ေသနတ္ပစ္နည္း သင္ေပးထားတယ္မဟုတ္လား "
"အင္း ဟုတ္တယ္ အဲ့တာနဲ႕ဘာဆိုင္လို႔လည္း..."
"ျပင္ဆင္စရာရွိတာ ျပင္ဆင္ရေအာင္လို႔ေလ မနက္ျဖန္က် ေသနတ္ပစ္ၾကည့္ရေအာင္ မင္းရဲ႕လက္စြမ္း ဘယ္ေလာက္ရွိလည္းဆိုတာ တို႔သိခ်င္တယ္ "
"နင္က ငါ့ကိုေသနတ္ကိုင္ခြင့္ေပးမလို႔လား Karina "
"ဟုတ္တယ္ မင္းကို လုံၿခဳံေစခ်င္လို႔ တို႔မွာ ေသနတ္ေတြ အမ်ားႀကီးရွိတယ္ မင္းႀကိဳက္တဲ့တစ္လက္ကိုယူလို႔ရတယ္ ၿပီးေတာ့ ဒီအိမ္ရဲ႕ လ်ိဳ႕ဝွက္အေပါက္ေတြသိတယ္မဟုတ္လား တစ္ခုခုျဖစ္လာခဲ့ရင္ တိုက္ခိုက္မႈေတြျဖစ္လာခဲ့ရင္ ဘာမွလွည့္မၾကည့္ဘဲ အဲ့ကေနထြက္ေျပးေနာ္ "
Karinaကေျပာေတာ့ Winter ေခါင္းညိတ္ျပသည္
"ထပ္ၿပီး လုံၿခဳံေရးေတြ ထပ္ထည့္အုံးမယ္ Mikeက မင္းအနား အၿမဲရွိေပးလိမ့္မယ္ ဘာလို႔လည္းဆိုေတာ့ bodyguardေတြ မပါဘဲ မင္းေလွ်ာက္သြားေနတာမ်ိဳး မျဖစ္ေစခ်င္လို႔ ျဖစ္နိုင္ရင္ တို႔မပါဘဲ မင္းကို ဘယ္မွမသြားေစခ်င္ဘူး "
Karinaမပါဘဲ ဘယ္ကိုမွမသြားခ်င္ဘူးဆိုတဲ့အေၾကာင္း Karinaကို Winter မေျပာလိုက္ပါ
Karinaကို ဘယ္ေလာက္အျမင္ကတ္ပါေစ Karinaအနားမွာရွိရင္ လုံၿခဳံသလို Winter ခံစားရတယ္ေလ
ၿပီးေတာ့ Karinaက Winterအတြက္ဆို ေသေပးဖို႔ အဆင္သင့္ရွိေနတာကိုလည္း Winter သိသည္
#tbc
Bạn đang đọc truyện trên: Truyen3h.Co