Truyen3h.Co

Mine S2

Part 8

KimFany059


"မင်းရဲ့ဘေးနား bodyguardတွေပါထားပေးလို့ အကျဥ်းကျနေသလို မခံစားနဲ့နော် တို့က မင်းကို ​လုံခြုံစေချင်လို့ပါ အန္တရာယ်ကင်းစေချင်လို့ တို့နှစ်ယောက်က တကယ်လက်ထပ်ထားတော့ မင်းဖြစ်ချင်တာအားလုံး ဖြစ်စေရမယ် လိုချင်တာအားလုံး ရစေရမယ်ကွာ သိလား မင်းဖြစ်ချင်တာတွေ အကုန်လိုက်လုပ်ပေးမယ် ခရီးထွက်ချင်ရင်လည်း အချိန်ညှိမယ် ညှိမရရင် အလုပ်ကိုပစ်ပြီး လိုက်ပို့ပေးမယ် ကြိုက်တာတွေ့ရင် ဝယ်ပစ် တို့ပိုက်ဆံတွေအားလုံးက မင်းအတွက်ဘဲ Minjeong မင်းကြိုက်သလိုလုပ် မင်းရဲ့အမနဲ့တွေ့ချင်လည်းတွေ့လို့ရတယ် တို့အားလုံး ခွင့်ပြုတယ် တစ်ခုဘဲ Minjeong တို့ဆီကနေ ထပ်ပြီး ထွက်မပြေးပါနဲ့တော့ တို့တွေ ပြန်လည်ပြင်ဆင်နိုင်တယ် မဟုတ်လား "

"ဘာကိုပြင်ဆင်ရမှာလည်း "

"တို့နှစ်ယောက်ရဲ့ relationshipလေ "

"ငါတို့ကြားမှာ ဘာ relationshipမှ မရှိတော့ဘူး "

"မင်းရဲ့လက်သန်းကြွယ်ပေါ်က လက်စွပ်လေးက... "

"သြော် ဒီလက်စွပ်လား "

Winter ပြောပြီး သူ့လက်ကို ထောင်ကာ လက်စွပ်ကို ချွတ်မယ်လုပ်တော့ Karinaက တားသည်

Winterရဲ့ လက်နှစ်ဖက်ကို Karina တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်တယ်

"အဲ့လက်စွပ်ကို မချွတ်နဲ့ "

Karinaရဲ့ အသံဟာ ဒေါသဖြစ်နေတဲ့ အသံဖြစ်နေလို့ Winter မျက်မှောင်ကြုတ်သွားတယ်

"နင်က ငါ့ကို ဖိအားပေးပြီး လက်ထပ်ခိုင်းခဲ့တာနော် "

"ဟုတ်တယ် ဖိအားပေးခဲ့တယ် ဘာဖြစ်လဲ"

Karinaက ဝန်ခံပြီး ပြန်ပြောတယ်

"မင်းက တို့အနားကနေ ထွက်ပြေးဖို့ အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့တာနော် Minjeong မင်းကို တို့က ပိုင်တယ် မင်းက တို့အနားမှာဘဲ ရှိနေရမယ်ဆိုတဲ့ အသိလေး မင်းရဲ့ခေါင်းထဲမှာ စွဲနေစေချင်တယ် "

"ငါ့မှာ ထွက်ပြေးရဖို့ အကြောင်းအရာတွေ အများကြီးရှိပြီးသား "

Karinaရဲ့လက်ကို တွန်းဖယ်ရင်း Winter ပြောလိုက်သည်

"နင်က တစ်ခြားသူတွေထက်ပိုပြီး ငါ့ကို နာကျင်အောင်လုပ်ခဲ့တယ် Karina ...အခု နင်နဲ့ပတ်သက်ပြီး ဘာခံစားချက်ရှိနေမှန်း ငါမသိတော့ဘူး ငါ့ရဲ့အတွင်းစိတ်အသိစိတ်က နင်နဲ့အတူရှိဖို့အတွက် အားမထုတ်နိုင်တော့ဘူးဆိုပြီး ခဏခဏအသိပေးနေတယ် ငါ့နှလုံးသားကလည်း လက်မခံတော့ဘူး Karina နင်က မြေအောက်လောကရဲ့ ခေါင်းဆောင်လား ငါမရှိရင် အသက်မရှင်နိုင်ဘူးလို့ ပြောတဲ့မိန်းက​လေးလားဆိုတာ ငါမသိဘူး "

"တို့က နှစ်မျိုးလုံးပါ "

"အဲ့တာကို ငါကြောက်တာဘဲ နင်က နှစ်မျိုးလုံးကို ပိုင်းခြားနိုင်ဘူး ဘယ်အရာက ဘယ်စိတ်က နင့်ကိုကြီးစိုးသွားမလည်းဆိုတာ ငါမသိနိုင်ဘူးလေ "

"အခု ဟိုမြေအောက်လောက ခေါင်းဆောင်မဟုတ်တော့ဘူးလေ business woman CEO Yu Jimin ဖြစ်နေပြီ အာ ပြီးတော့ မင်းရဲ့ အမျိုးသမီးလေးဖြစ်နေပြီလေ "

Karinaက ပြုံးပြီး ပြောတယ်

"Aeri မသေခင်က တို့တွေ ထားခဲ့ကြတဲ့ ကတိတွေကို ချိုးဖျက်ခဲ့တာ ဝန်ခံပါတယ် သူသတ်ခံရတာ သိပြီး တို့စိတ်လွတ်သွားခဲ့တယ် ကတိတွေဖျက်ခဲ့မိတယ် Aeriသေပြီးနောက် အဲ့မြေအောက်လောကကနေ ထွက်ဖို့ တို့ဘာလို့ ငြင်းဆန်ခဲ့လည်းဆိုရင် အဲ့အချိန်မှာ ထွက်လိုက်ရင် တို့က အရမ်းပျော့ညံ့သွားမယ့်ပုံပေါ်နေမှာမို့လို့ သူတို့စည်းမကျော်လာအောင် တားထားဖို့လိုတယ်လေ ဟုတ်ပါတယ် တို့ မင်းကို ဆေးရုံမှာ ပစ်ထားခဲ့မိပြီး သတ်ဖြတ်နေခဲ့မိတယ် အဲ့အချိန်တုံးက တို့အတွင်းစိတ်ထဲက Demonကလည်း ကြီးစိုးသွားခဲ့တယ် ပြီးတော့ ရဲတွေစုံထောက်တွေကလည်း တို့ကို လိုက်ရှာနေကြတာ တို့အလုပ်တွေများလွန်းပြီး မင်းအပေါ် မကောင်းခဲ့သလို ဖြစ်သွားလို့ တောင်းပန်ပါတယ် မင်းကို တို့တောင်းပန်ချင်ခဲ့တာ ကြာပါပြီ "

Karinaမှာ တောင်းပန်ပြီး Winterရဲ့ လက်ကို ကိုင်လိုက်သည်

"အဲ့ရက်ပိုင်းတွေမှာ မင်း ဘယ်လိုဖြတ်သန်းခဲ့ရလည်းဆိုတာ တို့နားလည်မပေးနိုင်ခဲ့ဘူး  တို့ဆီက ထွက်​ပြေးလို့ မင်းကို အပြစ်မတင်ပါဘူး တို့ကို မုန်းနေလို့လည်း အပြစ်မပြောပါဘူး အိမ်ထဲဝင်လာလာချင်း သွေးအိုင်ထဲ လဲနေတဲ့ အမေတို့နဲ့ မင်းကိုမြင်လိုက်ရပြီး တို့စိတ်တွေတစ်မျိုးဖြစ်ပြီး....တို့ တကယ်တောင်းပန်ပါတယ် "

Karinaမှာ Winterကို သူ့ရင်ခွင်ထဲ ဆွဲထည့်လိုက်သည်

Winterမှာ Karinaရဲ့ အင်္ကျီကို ဖိကိုက်ထားပြီး ငိုချင်စိတ်ကို ထိန်းနေသည်

"မင်း တို့ကို လိုအပ်နေခဲ့ချိန်က မင်းအနားမှာ တို့မရှိခဲ့ဘူး မင်း ဘယ်လို ရင်ဆိုင်ဖြတ်ကျော်ခဲ့ရလည်း တို့မသိဘူး တို့ မင်းနေရာမှာ ဘယ်လိုနေမလည်း စိတ်တောင်မကူးနိုင် ပုံမဖော်နိုင်ခဲ့ဘူး မင်းရဲ့စိတ်ဒဏ်ရာတွေကြားကနေ အခုထိ ရှင်သန်နေပေးလို့ ကျေးဇူးတင်ပါတယ် တို့ထပ်ပြီး မဖြုန်းတီးတော့ဘူး တို့မင်းအနားမှာဘဲ ရှိနေပေးပြီး မင်းလိုချင်တာတွေ ဖြည့်စည်းပေးမယ် "

Winterမှာ Karinaကို ခေါင်းခါပြသည်

"တို့ မင်းကိုချစ်တယ် တို့အသက်နဲ့ရင်းပြီးကို ချစ်တာ "

"ငါလုပ်နိုင်မယ်မထင်တော့ဘူး "

"မင်းက ဘာမှလုပ်စရာမလိုပါဘူး တို့ဘေးနားမှာဘဲ ရှိနေပေးပါ "

"ငါ ပင်ပန်းနေပြီ Karinaရယ် "

Karinaမှာ ဘာမှမပြောတော့ဘဲ Winterကို ပွေ့ချီလိုက်သည် ပြီးတော့ သူတို့အခန်းထဲ ခေါ်လာသည်

Winterမှာ ခေါင်းအုံးပေါ်အိပ်လိုက်ပြီး စောင်ခြုံလိုက်သည်

"မင်းတစ်ယောက်တည်း အထီးကျန်စရာမလိုတော့ပါဘူး တို့ဘေးနားမှာရှိတယ် Minjeong တို့နှစ်ယောက် ဖြတ်ကျော်နိုင်မှာပါ "

Winter အိပ်ပျော်သွားရာကနေ တစ်ခုခုကြောင့် နိုးလာသည်

ဘေးနားကို ကြည့်လိုက်တော့ Karinaက သူ့ဆံပင်လေးတွေကို လက်နဲ့ ဆော့ကစားရင်း သူ့ကို ကြည့်နေတာကို Winter တွေ့ရသည်

နံရံမှာချိတ်ထားတဲ့နာရီကို သေချာမမြင်ရပေမယ့် ပြတင်းပေါက်အပြင်ဘက် မှောင်နေတာကို တွေ့ရတော့ ညရောက်နေပြီဆိုတာ Winter သိလိုက်ရသည်

Winterလည်း မျက်စိပြန်မှိတ်ပြီး Karina လုပ်ချင်တာလုပ်ပါစေဆိုပြီး လွှတ်ထားလိုက်သ​ည်

သို့သော်လည်း Winterမှာ ရုတ်တရက် မျက်စိဖွင့်လိုက်ပြီး Karinaကို စိုက်ကြည့်လိုက်သည်

"Hi အချစ်ကလေး "

Karinaမှာ နှုတ်ဆက်စကားပြောပြီး Winterရဲ့ နဖူးကို နမ်းလိုက်သည်

"နင်ငါ့ကို စိုက်ကြည့်နေတာကြီး မကြိုက်ဘူး "

"ဘာလို့ မကြိုက်တာလည်း အချစ်ရဲ့ "

"မသိဘူး စိုက်မကြည့်နဲ့ မကြိုက်ဘူး "

"တို့ကိုချစ်လား "

"ငါနင့်ကို စိတ်ဆိုးနေတုံးဘဲနော် "

"စိတ်ဆိုးရင်းချစ်လို့ရတာဘဲလေ Minjeongလေးရဲ့ "

"ငါ အရမ်းစိတ်ဆိုးနေတာ "

"တို့သိပါတယ် အချစ်ရယ် "

"စိတ်ဆိုးရတာ ပင်ပန်းနေပြီ အခုလို ထပ်ပြီး မခံစားချင်တော့ဘူး အရမ်းပင်ပန်းလွန်းလို့လေ ဘာမှမသိသလိုသာနေလိုက်ချင်တယ် Jiminရယ် "

Jimin....Winterက သူ့ကို Jiminလို့ ခေါ်လိုက်လို့ Karina မျက်ရည်ကျလာတယ်

"ဒီလိုတွေဖြစ်ပျက်ခဲ့ပြီးနောက် ငါဘယ်လိုလုပ်ပြီး ပျော်အောင်နေရမှာလည်း ငါ အခုထိမေ့လို့မရသေးတာ ငါတို့ဆက်ဆံရေးကိုပါ ဘယ်လိုအဆင်ပြေအောင်လုပ်နိုင်မှာလည်းဟာ ငါတို့တွေ ပျော်စရာကောင်းတဲ့ဘဝကို ဘယ်လိုတည်ဆောက်နိုင်မှာလည်း "

"တို့ အားလုံးအဆင်ပြေအောင် လုပ်ပေးပါမယ် "

Karinaက ပြောပြီး Winterကို ဆွဲဖက်သည်

"ငါ နင့်ကို မယုံတော့ဘူး "

"တို့တကယ်... ပြောတာပါ မင်းကိုပျော်အောင်ထားပေးပါမယ် ပျော်အောင်လုပ်ပေးပါမယ် "

Winterမှာ ဘာမှမပြောဘဲ တိတ်ဆိတ်နေသည်

"ဒီတစ်ခါတော့ တို့ သောက်ရူးလိုလျှောက်မလုပ်တော့ပါဘူး "

ဒီတစ်ခါရော Karinaကို Winter ထပ်ယုံရမလား....ထပ်ယုံသင့်သလား?

#tbc

#zawgyi

"မင္းရဲ႕ေဘးနား bodyguardေတြပါထားေပးလို႔ အက်ဥ္းက်ေနသလို မခံစားနဲ႕ေနာ္ တို႔က မင္းကို လုံၿခဳံေစခ်င္လို႔ပါ အႏၱရာယ္ကင္းေစခ်င္လို႔ တို႔ႏွစ္ေယာက္က တကယ္လက္ထပ္ထားေတာ့ မင္းျဖစ္ခ်င္တာအားလုံး ျဖစ္ေစရမယ္ လိုခ်င္တာအားလုံး ရေစရမယ္ကြာ သိလား မင္းျဖစ္ခ်င္တာေတြ အကုန္လိုက္လုပ္ေပးမယ္ ခရီးထြက္ခ်င္ရင္လည္း အခ်ိန္ညွိမယ္ ညွိမရရင္ အလုပ္ကိုပစ္ၿပီး လိုက္ပို႔ေပးမယ္ ႀကိဳက္တာေတြ႕ရင္ ဝယ္ပစ္ တို႔ပိုက္ဆံေတြအားလုံးက မင္းအတြက္ဘဲ Minjeong မင္းႀကိဳက္သလိုလုပ္ မင္းရဲ႕အမနဲ႕ေတြ႕ခ်င္လည္းေတြ႕လို႔ရတယ္ တို႔အားလုံး ခြင့္ျပဳတယ္ တစ္ခုဘဲ Minjeong တို႔ဆီကေန ထပ္ၿပီး ထြက္မေျပးပါနဲ႕ေတာ့ တို႔ေတြ ျပန္လည္ျပင္ဆင္နိုင္တယ္ မဟုတ္လား "

"ဘာကိုျပင္ဆင္ရမွာလည္း "

"တို႔ႏွစ္ေယာက္ရဲ႕ relationshipေလ "

"ငါတို႔ၾကားမွာ ဘာ relationshipမွ မရွိေတာ့ဘူး "

"မင္းရဲ႕လက္သန္းႂကြယ္ေပၚက လက္စြပ္ေလးက... "

"ေၾသာ္ ဒီလက္စြပ္လား "

Winter ေျပာၿပီး သူ႕လက္ကို ေထာင္ကာ လက္စြပ္ကို ခြၽတ္မယ္လုပ္ေတာ့ Karinaက တားသည္

Winterရဲ႕ လက္ႏွစ္ဖက္ကို Karina တင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္လိုက္တယ္

"အဲ့လက္စြပ္ကို မခြၽတ္နဲ႕ "

Karinaရဲ႕ အသံဟာ ေဒါသျဖစ္ေနတဲ့ အသံျဖစ္ေနလို႔ Winter မ်က္ေမွာင္ၾကဳတ္သြားတယ္

"နင္က ငါ့ကို ဖိအားေပးၿပီး လက္ထပ္ခိုင္းခဲ့တာေနာ္ "

"ဟုတ္တယ္ ဖိအားေပးခဲ့တယ္ ဘာျဖစ္လဲ"

Karinaက ဝန္ခံၿပီး ျပန္ေျပာတယ္

"မင္းက တို႔အနားကေန ထြက္ေျပးဖို႔ အႀကိမ္ေပါင္းမ်ားစြာ ႀကိဳးစားခဲ့တာေနာ္ Minjeong မင္းကို တို႔က ပိုင္တယ္ မင္းက တို႔အနားမွာဘဲ ရွိေနရမယ္ဆိုတဲ့ အသိေလး မင္းရဲ႕ေခါင္းထဲမွာ စြဲေနေစခ်င္တယ္ "

"ငါ့မွာ ထြက္ေျပးရဖို႔ အေၾကာင္းအရာေတြ အမ်ားႀကီးရွိၿပီးသား "

Karinaရဲ႕လက္ကို တြန္းဖယ္ရင္း Winter ေျပာလိုက္သည္

"နင္က တစ္ျခားသူေတြထက္ပိုၿပီး ငါ့ကို နာက်င္ေအာင္လုပ္ခဲ့တယ္ Karina ...အခု နင္နဲ႕ပတ္သက္ၿပီး ဘာခံစားခ်က္ရွိေနမွန္း ငါမသိေတာ့ဘူး ငါ့ရဲ႕အတြင္းစိတ္အသိစိတ္က နင္နဲ႕အတူရွိဖို႔အတြက္ အားမထုတ္နိုင္ေတာ့ဘူးဆိုၿပီး ခဏခဏအသိေပးေနတယ္ ငါ့ႏွလုံးသားကလည္း လက္မခံေတာ့ဘူး Karina နင္က ေျမေအာက္ေလာကရဲ႕ ေခါင္းေဆာင္လား ငါမရွိရင္ အသက္မရွင္နိုင္ဘူးလို႔ ေျပာတဲ့မိန္းကေလးလားဆိုတာ ငါမသိဘူး "

"တို႔က ႏွစ္မ်ိဳးလုံးပါ "

"အဲ့တာကို ငါေၾကာက္တာဘဲ နင္က ႏွစ္မ်ိဳးလုံးကို ပိုင္းျခားနိုင္ဘူး ဘယ္အရာက ဘယ္စိတ္က နင့္ကိုႀကီးစိုးသြားမလည္းဆိုတာ ငါမသိနိုင္ဘူးေလ "

"အခု ဟိုေျမေအာက္ေလာက ေခါင္းေဆာင္မဟုတ္ေတာ့ဘူးေလ business woman CEO Yu Jimin ျဖစ္ေနၿပီ အာ ၿပီးေတာ့ မင္းရဲ႕ အမ်ိဳးသမီးေလးျဖစ္ေနၿပီေလ "

Karinaက ၿပဳံးၿပီး ေျပာတယ္

"Aeri မေသခင္က တို႔ေတြ ထားခဲ့ၾကတဲ့ ကတိေတြကို ခ်ိဳးဖ်က္ခဲ့တာ ဝန္ခံပါတယ္ သူသတ္ခံရတာ သိၿပီး တို႔စိတ္လြတ္သြားခဲ့တယ္ ကတိေတြဖ်က္ခဲ့မိတယ္ Aeriေသၿပီးေနာက္ အဲ့ေျမေအာက္ေလာကကေန ထြက္ဖို႔ တို႔ဘာလို႔ ျငင္းဆန္ခဲ့လည္းဆိုရင္ အဲ့အခ်ိန္မွာ ထြက္လိုက္ရင္ တို႔က အရမ္းေပ်ာ့ညံ့သြားမယ့္ပုံေပၚေနမွာမို႔လို႔ သူတို႔စည္းမေက်ာ္လာေအာင္ တားထားဖို႔လိုတယ္ေလ ဟုတ္ပါတယ္ တို႔ မင္းကို ေဆး႐ုံမွာ ပစ္ထားခဲ့မိၿပီး သတ္ျဖတ္ေနခဲ့မိတယ္ အဲ့အခ်ိန္တုံးက တို႔အတြင္းစိတ္ထဲက Demonကလည္း ႀကီးစိုးသြားခဲ့တယ္ ၿပီးေတာ့ ရဲေတြစုံေထာက္ေတြကလည္း တို႔ကို လိုက္ရွာေနၾကတာ တို႔အလုပ္ေတြမ်ားလြန္းၿပီး မင္းအေပၚ မေကာင္းခဲ့သလို ျဖစ္သြားလို႔ ေတာင္းပန္ပါတယ္ မင္းကို တို႔ေတာင္းပန္ခ်င္ခဲ့တာ ၾကာပါၿပီ "

Karinaမွာ ေတာင္းပန္ၿပီး Winterရဲ႕ လက္ကို ကိုင္လိုက္သည္

"အဲ့ရက္ပိုင္းေတြမွာ မင္း ဘယ္လိုျဖတ္သန္းခဲ့ရလည္းဆိုတာ တို႔နားလည္မေပးနိုင္ခဲ့ဘူး  တို႔ဆီက ထြက္ေျပးလို႔ မင္းကို အျပစ္မတင္ပါဘူး တို႔ကို မုန္းေနလို႔လည္း အျပစ္မေျပာပါဘူး အိမ္ထဲဝင္လာလာခ်င္း ေသြးအိုင္ထဲ လဲေနတဲ့ အေမတို႔နဲ႕ မင္းကိုျမင္လိုက္ရၿပီး တို႔စိတ္ေတြတစ္မ်ိဳးျဖစ္ၿပီး....တို႔ တကယ္ေတာင္းပန္ပါတယ္ "

Karinaမွာ Winterကို သူ႕ရင္ခြင္ထဲ ဆြဲထည့္လိုက္သည္

Winterမွာ Karinaရဲ႕ အကၤ်ီကို ဖိကိုက္ထားၿပီး ငိုခ်င္စိတ္ကို ထိန္းေနသည္

"မင္း တို႔ကို လိုအပ္ေနခဲ့ခ်ိန္က မင္းအနားမွာ တို႔မရွိခဲ့ဘူး မင္း ဘယ္လို ရင္ဆိုင္ျဖတ္ေက်ာ္ခဲ့ရလည္း တို႔မသိဘူး တို႔ မင္းေနရာမွာ ဘယ္လိုေနမလည္း စိတ္ေတာင္မကူးနိုင္ ပုံမေဖာ္နိုင္ခဲ့ဘူး မင္းရဲ႕စိတ္ဒဏ္ရာေတြၾကားကေန အခုထိ ရွင္သန္ေနေပးလို႔ ေက်းဇူးတင္ပါတယ္ တို႔ထပ္ၿပီး မျဖဳန္းတီးေတာ့ဘူး တို႔မင္းအနားမွာဘဲ ရွိေနေပးၿပီး မင္းလိုခ်င္တာေတြ ျဖည့္စည္းေပးမယ္ "

Winterမွာ Karinaကို ေခါင္းခါျပသည္

"တို႔ မင္းကိုခ်စ္တယ္ တို႔အသက္နဲ႕ရင္းၿပီးကို ခ်စ္တာ "

"ငါလုပ္နိုင္မယ္မထင္ေတာ့ဘူး "

"မင္းက ဘာမွလုပ္စရာမလိုပါဘူး တို႔ေဘးနားမွာဘဲ ရွိေနေပးပါ "

"ငါ ပင္ပန္းေနၿပီ Karinaရယ္ "

Karinaမွာ ဘာမွမေျပာေတာ့ဘဲ Winterကို ေပြ႕ခ်ီလိုက္သည္ ၿပီးေတာ့ သူတို႔အခန္းထဲ ေခၚလာသည္

Winterမွာ ေခါင္းအုံးေပၚအိပ္လိုက္ၿပီး ေစာင္ၿခဳံလိုက္သည္

"မင္းတစ္ေယာက္တည္း အထီးက်န္စရာမလိုေတာ့ပါဘူး တို႔ေဘးနားမွာရွိတယ္ Minjeong တို႔ႏွစ္ေယာက္ ျဖတ္ေက်ာ္နိုင္မွာပါ "

Winter အိပ္ေပ်ာ္သြားရာကေန တစ္ခုခုေၾကာင့္ နိုးလာသည္

ေဘးနားကို ၾကည့္လိုက္ေတာ့ Karinaက သူ႕ဆံပင္ေလးေတြကို လက္နဲ႕ ေဆာ့ကစားရင္း သူ႕ကို ၾကည့္ေနတာကို Winter ေတြ႕ရသည္

နံရံမွာခ်ိတ္ထားတဲ့နာရီကို ေသခ်ာမျမင္ရေပမယ့္ ျပတင္းေပါက္အျပင္ဘက္ ေမွာင္ေနတာကို ေတြ႕ရေတာ့ ညေရာက္ေနၿပီဆိုတာ Winter သိလိုက္ရသည္

Winterလည္း မ်က္စိျပန္မွိတ္ၿပီး Karina လုပ္ခ်င္တာလုပ္ပါေစဆိုၿပီး လႊတ္ထားလိုက္သည္

သို႔ေသာ္လည္း Winterမွာ ႐ုတ္တရက္ မ်က္စိဖြင့္လိုက္ၿပီး Karinaကို စိုက္ၾကည့္လိုက္သည္

"Hi အခ်စ္ကေလး "

Karinaမွာ ႏႈတ္ဆက္စကားေျပာၿပီး Winterရဲ႕ နဖူးကို နမ္းလိုက္သည္

"နင္ငါ့ကို စိုက္ၾကည့္ေနတာႀကီး မႀကိဳက္ဘူး "

"ဘာလို႔ မႀကိဳက္တာလည္း အခ်စ္ရဲ႕ "

"မသိဘူး စိုက္မၾကည့္နဲ႕ မႀကိဳက္ဘူး "

"တို႔ကိုခ်စ္လား "

"ငါနင့္ကို စိတ္ဆိုးေနတုံးဘဲေနာ္ "

"စိတ္ဆိုးရင္းခ်စ္လို႔ရတာဘဲေလ Minjeongေလးရဲ႕ "

"ငါ အရမ္းစိတ္ဆိုးေနတာ "

"တို႔သိပါတယ္ အခ်စ္ရယ္ "

"စိတ္ဆိုးရတာ ပင္ပန္းေနၿပီ အခုလို ထပ္ၿပီး မခံစားခ်င္ေတာ့ဘူး အရမ္းပင္ပန္းလြန္းလို႔ေလ ဘာမွမသိသလိုသာေနလိုက္ခ်င္တယ္ Jiminရယ္ "

Jimin....Winterက သူ႕ကို Jiminလို႔ ေခၚလိုက္လို႔ Karina မ်က္ရည္က်လာတယ္

"ဒီလိုေတြျဖစ္ပ်က္ခဲ့ၿပီးေနာက္ ငါဘယ္လိုလုပ္ၿပီး ေပ်ာ္ေအာင္ေနရမွာလည္း ငါ အခုထိေမ့လို႔မရေသးတာ ငါတို႔ဆက္ဆံေရးကိုပါ ဘယ္လိုအဆင္ေျပေအာင္လုပ္နိုင္မွာလည္းဟာ ငါတို႔ေတြ ေပ်ာ္စရာေကာင္းတဲ့ဘဝကို ဘယ္လိုတည္ေဆာက္နိုင္မွာလည္း "

"တို႔ အားလုံးအဆင္ေျပေအာင္ လုပ္ေပးပါမယ္ "

Karinaက ေျပာၿပီး Winterကို ဆြဲဖက္သည္

"ငါ နင့္ကို မယုံေတာ့ဘူး "

"တို႔တကယ္... ေျပာတာပါ မင္းကိုေပ်ာ္ေအာင္ထားေပးပါမယ္ ေပ်ာ္ေအာင္လုပ္ေပးပါမယ္ "

Winterမွာ ဘာမွမေျပာဘဲ တိတ္ဆိတ္ေနသည္

"ဒီတစ္ခါေတာ့ တို႔ ေသာက္႐ူးလိုေလွ်ာက္မလုပ္ေတာ့ပါဘူး "

ဒီတစ္ခါေရာ Karinaကို Winter ထပ္ယုံရမလား....ထပ္ယုံသင့္သလား?

#tbc

Bạn đang đọc truyện trên: Truyen3h.Co