Truyen3h.Co

Mine

Final

KimFany059


Winterမှာ တစ်ယောက်တည်း အထီးမကျန်ချင်လို့ Yu familyရဲ့ စံအိမ်မှာဘဲ နေနေသည်

Yu familyကို Winterကို နှစ်သိမ့်ပေးသည်

Winter ငိုချင်ရင် ဖက်ထားပေးပြီး Winter ရင်ဖွင့်ရင်လည်း နားထောင်ပေးသည်

"Jiminလေးက သမီးကို အဲ့လိုပြောချင်တာ မဟုတ်ပါဘူး သူတမင်ရည်ရွယ်ပြီး ပြောတာမဟုတ်ပါဘူး ကလေးရယ်....သူက စိတ်တိုနေတော့ သူ့စိတ်ထဲမရှိတာတွေပါ ပြောပစ်ပြီး ပေါက်ကွဲနေတာပါ "

Karina အမေက ပြောတော့ Winter ခေါင်းခါပြသည်

"သမီးရယ် ဒီကိစ္စတွေကြောင့် သမီးတို့ နှစ်ယောက်ကြားက relationship ပျက်စီးသွားမှာ မလိုချင်ဘူး "

"အဲ့တာ Jiminရဲ့ ရွေးချယ်မှုပါ အန်ကယ်...."

"အဖေ...အဖေလို့ခေါ်ပါ သမီးရယ် "

"သူ့ကိုလက်မလွှတ်ပါနဲ့... တကယ်တမ်းပြောရရင် သူနင့်ကို လိုအပ်နေတာပါ "

Taeyeonမှာ ပြုံးပြီး သူ့ညီမ​လေးရဲ့ကောင်မလေးကို နှစ်သိမ့်ပေးနေသည်

Bang....bang....bang

သေနတ်ပစ်သံတွေကြောင့် Winter လန့်ပြီး လှည့်ကြည့်တော့ ကြမ်းပြင်ပေါ်တွင် သွေးတွေနဲ့အသက်မဲ့နေတဲ့ Johnကို တွေ့ရလေသည်

ဘာတွေဖြစ်နေလည်းဆိုတာ Winter နားလည်သဘောပေါက်နေတုန်းရှိသေး suitတွေ ဝတ်ထားတဲ့ လက်နက်ကိုင်တစ်ချို့က Yu family စံအိမ်​ကို ဝင်စီးလေသည်

Winter အသက်ရှူနှုန်း ပုံမှန်မဟုတ်ဘဲ အသက်ရှူမဝလာသလို ခံစားလာပြီး ဒီနေရာမှာဘဲ သတိလစ်သွားချင်သလိုဖြစ်လာသည်

Taeyeonမှာ ချက်ချင်း Winterကို သူ့နောက်ပို့ကာ ကာကွယ်ပေးလိုက်သည်

"ဘာလိုချင်တာလည်း မင်းတို့ကောင်တွေ "

Karina အဖေကပြောတော့ မျက်နှာဖုံးစွပ်ထားတဲ့ လက်နက်ကိုင်တစ်ချို့ကရယ်လေသည်

"ခင်ဗျားအကြောင်းတွေ ကျုပ်ကြားဖူးပါတယ် Mr.Yu...Haha အခု ခင်ဗျားမှာ ဘာမှလုပ်နိုင်စွမ်းမရှိတော့တာတောင် မကြောက်သလို ဘေးကင်းသလိုပုံစံနဲ့ မျက်နှာအနေအထားက တကယ်ရယ်ရတယ် ခွီး "

"မင်းက ဘယ်သူလည်း "

"ကျုပ်လား....အင်း ခင်ဗျားသိမှာ မဟုတ်ပါဘူး ဒီလောကထဲ ရောက်လာတာမကြာသေးဘူး စိတ်မကောင်းဘူးဗျာ ကျုပ်ကအခုမှအသစ်လေးကို Yu Familyနဲ့တွေ့ချင်တာ ထိပ်တိုက်တွေ့ခွင့်ရမတော့ဘူးဘဲ... ခင်​ဗျားသမီး Karinaကလည်း ကြာကြာမနေရတော့ပါဘူး "

Mr.Yuမှာ ရှေ့တစ်လှမ်းတိုးဖို့ လုပ်ပေမယ့် Taeyeonက သူ့အဖေကိုလှမ်းဆွဲလိုက်သည်

"မင်းတို့ကောင်တွေ ဘာလိုချင်တာလည်း "

"ဘာလိုချင်လည်းဆို မင်းတို့ Yu familyရဲ့ သရဖူ အာဏာ ပါဝါ ကြွယ်ဝခြင်း အကုန်လိုချင်တယ် မင်းတို့ပိုင်ဆိုင်ထားတဲ့ မြေအောက်မြေပေါ် စျေးကွက်အကုန်လုံး ငါတို့ကိုပေးလိုက် "

Winterမှာ မျက်နှာဖုံးစွပ်နဲ့လူတစ်ချို့က သူ့ကို ကြည့်နေကြလို့ Taeyeonနောက်တွင် ကွယ်ကာပုန်းနေသည်

"Karina ဝက်တစ်ကောင်လို သေရဖို့ နီးနေပါပြီ သူ့ရဲ့ညာလက်ရုံးလို ယုံကြည်ရတဲ့ ပါတနာကို သတ်နိုင်ကတည်းက ကျုပ်တို့က တစ်ပန်းသာနေပြီ "

"Aeri....ခွေးမသားတွေ "

Aeriကို သတ်တာ သူတို့အဖွဲ့ကမှန်းသိပြီး Winter ဒေါသထွက်ကာ ကျိန်ဆဲလိုက်သည်

"ဟော ဟော Karinaရဲ့ ရတနာလေးက အစွာလေးပါလား နေအုံး ဒီခွေးမသားတွေက မင်းကိုသတ်မယ့်အလှည့်စောင့်နေအုံး"

Bang....

"Honey..."

"Omma...."

မျက်နှာဖုံးနဲ့ကောင်မှာ Mrs.Yu ခေါင်းကို သေနတ်နဲ့ ပစ်သတ်လိုက်သည်

"Winterကို ခေါ်ပြီး သမီး ပြေးတော့ "

Mr.Yuမှာ သူ့ဘောင်းဘီ အိတ်ထဲက သေနတ်ကိုထုတ်ပြီး သူ့မိန်းမကို ပစ်သတ်ခဲ့တဲ့ ကောင်ကို ပစ်သတ်လိုက်သည်

"Win...လာ ငါ့နောက်လိုက်ခဲ့ "

Taeyeonလည်း သူ့ခါးကြားက သေနတ်ကို ဆွဲထုတ်ပြီး တစ်ဖ​က်ကလူတွေကို ပစ်ခတ်ရင်း Winter ရဲ့လက်ကို ဆွဲကာ ထွက်ပြေးသွားသည်

Bang....

ကျည်ဆံက Taeyeonရဲ့ နောက်ကျောကနေ ပေါက်ထွက်လာသည်

"Tae...."

"ဘာမှမဖြစ်ဘူး ညီမလေး ငါရှိတယ် ပြေးဆက်ပြေး ငါကာထားပေးမယ် စိတ်မပူနဲ့ Jiminက အမြန်ရောက်လာလိမ့်မယ် "

"Tae...မျက်လုံးမမှိတ်လိုက်နဲ့ Tae....Tae..."

Bang....Bang....Bang.....

မြေပြင်ပေါ်လဲကျသွားတဲ့ Taeyeonကို Winter ပွေ့ထားရင်း သေနတ်သံတွေကြား လဲကျသွားသည်

Winter သတိရလာတော့ သူ့တစ်ကိုယ်လုံးက နာကျင်ကိုက်ခဲ့နေတာကို ခံစားမိသည်

ပြီးတော့ ငိုနေသံကြားလို့ အာရုံစိုက်နားထောင်တော့ Yizhuo ငိုနေမှန်းသိလိုက်ရသည်

သူ သတိရလာမှန်း Yizhuo သိအောင် လက်ချောင်းလေးတွေလှုပ်ပြတော့ Yizhuoမှာ Winter သတိရလာပြီဆိုပြီး ထပ်ငိုပြန်သည်

Winterမှာ လှုပ်ရှားဖို့ ထပ်ကြိုးစားပြန်သည်

"မလှုပ်နဲ့ Win "

Yizhuoကအော်ပြီး အခန်းထဲက ပြေးထွက်ကာ ဆရာဝန်တွေကို သွားခေါ်လေသည်

ဆရာဝန်တွေကရောက်လာပြီး Winterကို စစ်ဆေးပေးနေကြသည်

ဘယ်နေရာနာနေသေးလည်း မေးတဲ့အခါမှာ Winter စိတ်ရော ကိုယ်ပါ နာကျင်နေတယ်လို့ကို ဖြေချချင်နေသည်

"တော်သေးတာပေါ့ Winရယ် နင်သတိရလာလို့ တော်သေးတာပေါ့ ငါ...ငါနင့်ကိုပါ အဆုံးရှုံးမခံနိုင်ဘူး နင့်ကိုပါ ဆုံးရှုံးရမယ်ဆိုရင် ငါရူးသွားလိမ့်မယ်"

Yizhuoကပြောပြီး ထပ်ငိုပြန်သည် 

Mrs.Yuနဲ့ Mr.Yuတို့ သေနတ်နဲ့ပစ်သတ်ခံရပြီး လဲကျသွားတဲ့ မြင်ကွင်းတွေ ပြန်မြင်ယောင်လာသည်

သွေးတွေ...နေရာအနှံ့....

Taeyeon

Taeyeonရော....

Winter စိတ်ထိခိုက်ပြီး ထပ်ပြီး သတိလစ်သွားတယ်

Winter သတိပြန်ရလာတဲ့အခါမှာတော့ ဆေးရုံမှာဘဲရှိနေသေးသည်

Yizhuoများ ဘေးနားရှိလားလို့ Winterလှည့်ကြည့်တော့ Karinaကို တွေ့ရလေသည်

"မင်း တို့ကို စိတ်တိုနေမှန်း စိတ်ဆိုးနေမှန်းသိပါတယ် "

Winter သူ့ကိုလည်း မြင်ရော ဒေါသထွက်တဲ့ အမူအရာပေါ်နေလို့ Karina ပြောလိုက်သည်

"စိတ်တိုစိတ်ဆိုးတာထက် ပိုတယ် "

"တို့တောင်းပန်ပါတယ်... Mikeဆီက သတင်းရရချင်း ပြေးလာခဲ့တာဘဲ...Johnကတော့ သေသွားရှာပြီ Mikeကတော့ အရေးပေါ်အခန်းထဲမှာ"

Winterက ဘာမှပြန်မပြောဘဲ တိတ်ဆိတ်နေသည်

"တို့ အမြန်ရောက်လာတာ တော်သေးတယ် Taeyeonနဲ့ မင်းကို ကယ်လိုက်နိုင်တယ် "

"Tae...Tae မသေဘူးပေါ့ ငါ သူ့ကို သေသွားပြီထင်နေတာ "

Taeyeon မသေသေးမှန်းသိလိုက်ရလို့ Winter အရမ်းပျော်သွားတယ်

"အင်း အရေးပေါ်အခန်းထဲမှာဘဲ သူလည်း "

"ငါ သူ့ကိုတွေ့ချင်တယ် "

"ဟင့်အင်း မင်းလည်း ကျန်းမာရေးမကောင်းသေးဘူး သွားတွေ့ဖို့ အဆင်မပြေဘူး Minjeong...တို့ကို ကူညီပေးလို့ရမလား အိမ်ထဲဝင်လာပြီး သောင်းကျန်းတဲ့သူတွေဖြစ်ဖြစ် ခေါင်းဆောင်ကိုဘဲဲ ဖြစ်ဖြစ် မှတ်မိလား သူတို့ကိုပုံဖော်နိုင်လား "

မိဘတွေက အသတ်ခံရပြီး အမက အရေးပေါ်အခန်းထဲ ရောက်နေတယ် ချစ်သူဖြစ်တဲ့သူကလည်း ဆေးသွင်းထားရတဲ့အခြေအနေမှာ ယခုလို လုပ်ကြံသူတွေအကြောင်း မေးနေတဲ့ Karinaကို Winter ပိတ်ရိုက်ပြီး အော်ပစ်ချင်နေသည်

အော်ဟစ်ပစ်ရမယ့်အစား တစ်ဖက်ကို လှည့်ပြီး Winter ငိုလေသည်

သူရဲ့ second family ဖြစ်တဲ့ Mr.Yuတို့အတွက်

သူ့သူငယ်ချင်း Aeriနဲ့ Yizhuoအတွက်

သူ့ကို အသက်နဲ့ရင်းပြီး ကာကွယ်ပေးတဲ့ Mikeနဲ့ Johnအတွက်

ပြီးတော့ သူချစ်တဲ့သူတွေကို ဆုံးရှုံးရပြီး အကြင်နာတရားကင်းမဲ့လာကာ မကောင်းဆိုးဝါး ဆန်လာတဲ့ Karinaအတွက် Winter ယူကြုံးမရဖြစ်ကာ ငိုလေသည်

"Minjeong... တို့မှာ အချိန်မရှိဘူး မင်း ဘာတွေမြင်ခဲ့ရလည်းဆိုတာ ပြော...တို့ဘက်က ရှေ့နေတွေနဲ့ပါ ပြင်ဆင်ထားရတော့မှာ.... တို့ဘက်က အရမ်းအရေးကြီးနေလို့ ပြောစမ်းပါကွာ "

"သူတို့က ...အကြွေးပြန်လာယူတာလို့ပြောတယ် "

"ပြီးတော့ရော.... ပြီးတော့ သူတို့ဘာပြောသေးလည်း "

"ဟင့်အင်း "

Winterက ခေါင်းခါပြတော့ Karina သက်ပြင်းချလိုက်သည်

Yizhuo အခန်းထဲ ဆန်ပြုတ်ပန်းကန်နဲ့ဝင်လာတော့ Karina ဘာမှမပြောဘဲ ထွက်သွားတယ်

"သတိရလာပြီလား Win....Karinaက သူ အခုမှဆေးရုံကို လာပြီး ခဏဘဲ နေသွားတာလား နင်သတိမေ့နေတဲ့တစ်လျှောက်လုံး သူရောက်မလာဘူး ဘယ်တွေသွားနေလည်း မသိဘူး "

Yizhuoရဲ့ စကားကြောင့် Winter အသည်းထဲတဆစ်ဆစ်နာကျင်ရလေသည် သူ ဒီလိုဖြစ်နေချိန် Karinaက အနားမရှိဘူးတဲ့လား ...နောက်ဆုံးတော့ သူ့အနားရှိနေပေးတာ Yizhuoဘဲ

Karinaက....ရပ်တန့်မှာ မဟုတ်သလို ဟိုဘက်ကလည်း ရပ်မှာမဟုတ်ဘူး

Winter ချက်ချင်းဘဲ Yizhuoရဲ့ လက်ကိုကိုင်လိုက်သည်

"ငါတို့ ဒီကနေ ထွက်ပြေးရအောင် "

"သေချာလို့လား "

"သေချာတယ် သူကလည်း လက်စားချေတာ ရပ်မှာမဟုတ်သလို ငါ့ကိုပေးထားတဲ့ ကတိလည်း ချိုးဖျက်လိုက်ပြီ ဒီတော့ ငါလည်း လွတ်လပ်သွားပြီလေ ..."

"ဒါပေမယ့် နင် သူ့ကိုချစ်တယ်လေ "

Yizhuoက ပြောတော့ Winter ငိုရင်း ခေါင်းခါသည်

"ဟင့်အင်း သူ့ရဲ့ အခုပုံစံကြီးကို ငါဆက်မချစ်နိုင်တော့ဘူး...."

Winterပြောပြီး Karina ဝယ်ပေးထားတဲ့ သူ့လက်စွပ်ကို ချွတ်လိုက်သည်

"သူနဲ့ ငါ့ရဲ့ဇာတ်လမ်း ဒီမှာဘဲ အဆုံးသတ်ကြတာပေါ့..."

နောက်ဆုံးတော့ Winter မရောက်ချင်တဲ့နေ့ကို ရောက်လာခဲ့ပြီ.....Karinaနဲ့ သူက ပြဒါးတစ်လမ်း သံတစ်လမ်းလိုဖြစ်ပြီး ညှိလို့မရတဲ့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်နေတော့ Winterဘက်ကဘဲ အဆုံးသတ်ပေးရတော့မည် ....

The End....

Season 1ပြီးသွားပါပြီခင်ဗျာ မကြာခင် Season 2 နဲ့ပြန်လာပါမယ် အဆုံးထိ ဖတ်ပေးကြလို့ ကျေးဇူးပါဗျာ့

#zawgyi











Bang....bang....bang








"မင်းက ဘယ်သူလည်း "




"ဘာလိုချင်လည်းဆို မင်းတို့ Yu familyရဲ့ သရဖူ အာဏာ ပါဝါ ကြွယ်ဝခြင်း အကုန်လိုချင်တယ် မင်းတို့ပိုင်ဆိုင်ထားတဲ့ မြေအောက်မြေပေါ် ဈေးကွက်အကုန်လုံး ငါတို့ကိုပေးလိုက် "



"Aeri....ခွေးမသားတွေ "



Bang....

"Honey..."

"Omma...."






Bang....


"Tae...."



Bang....Bang....Bang.....






"မလှုပ်နဲ့ Win "







သွေးတွေ...နေရာအနှံ့....

Taeyeon

Taeyeonရော....













"ငါ သူ့ကိုတွေ့ချင်တယ် "

"ဟင့်အင်း မင်းလည်း ကျန်းမာရေးမကောင်းသေးဘူး သွားတွေ့ဖို့ အဆင်မပြေဘူး Minjeong...တို့ကို ကူညီပေးလို့ရမလား အိမ်ထဲဝင်လာပြီး သောင်းကျန်းတဲ့သူတွေဖြစ်ဖြစ် ခေါင်းဆောင်ကိုဘဲ ဖြစ်ဖြစ် မှတ်မိလား သူတို့ကိုပုံဖော်နိုင်လား "










"ဟင့်အင်း "








"သေချာလို့လား "








The End....


Bạn đang đọc truyện trên: Truyen3h.Co