Truyen3h.Co

Mine

Part 28

KimFany059


နောက်ရက်တွေမှာတော့ ခံစားချက်မျိုးစုံနဲ့ ရိုလာကိုစတာစီးနေရသလို Winter ဖြစ်နေသည်

Winterမှာ Yizhuo ဘေးနားအမြဲရှိပေးနေသည်

Yizhuo အိပ်မ​ပျော်တဲ့အခါတိုင်း Yizhuo နိုးလာတဲ့အခါမျိုးတွင် Winter ဘေးနားရှိပေးနေသည်

စိတ်ဓာတ်ကျနေတဲ့ သူ့သူငယ်ချင်း Yizhuoကို အားပေးရမယ် မဟုတ်လား

Karina ရဲ့အမေ အကြံပေးချက်အရ လုံခြုံရေးတွေနဲ့အတူ Aeriရဲ့ နာရေးကို အကျဥ်းချုပ် ကျင်းပခဲ့သည်

ပြီးတော့ Winterမှာ Aeriရဲ့ နာရေးကို Karina လာဖို့မျှော်လင့်နေသည်

သို့သော်လည်း Karinaက ရောက်မလာပေ ...Karinaကို Winter စိတ်ဆိုးမိသည်

Aeri ကိစ္စကြောင့် Karinaက တစ်ယောက်တည်းနေချင်တာ မဟုတ်ဘဲ Winterနဲ့အတူ အားလုံးအပေါ်ကို သွေးအေးပြီး အဆက်အသွယ်ဖြတ်ထားတာနဲ့တူနေသည်

Aeri ဆုံးသွားတဲ့နေ့ကတည်းက Yizhuoရဲ့ အိမ်မှာ Winter အိပ်နေခဲ့တာပါ ဒါ​ပေမယ့် Karinaက Winterကို အိမ်ပြန်လာဖို့ ဖုန်းတစ်ချက်တောင်မဆက်ပေ အိမ်ကိုပြန်မလာလို့ဆိုပြီးလည်း ပြဿနာမရှာပေ

Karinaလည်း အိမ်မှာရှိမနေလောက်ဘူးလို့ Winter တွေးနေသည်

"Aeriက အဲ့နေရာကို ယူမယ့်အကြောင်း နင်သိလား "

Yizhuoနဲ့အတူ ကုတင်ပေါ်တွင်လှဲနေရင်း Winter မေးလိုက်သည်

"အင်း သိတယ် "

Yizhuoမှာ ထပ်ပြီး မငိုမိအောင် အောက်နှုတ်ခမ်းကိုဖိကိုက်ထားသည်

"ငါသိတယ် ဒါပေမယ့် ဒီလိုမျိုးဖြစ်လာမယ်လို့ မထင်မိတာ....Aeriက သူကိုင်တွယ်နိုင်ပါတယ်လို့ ပြောခဲ့တယ်လေ....ပြီးတော့ Aeriကိုယ်တိုင်က ဆန္ဒပြင်းပြနေတော့ ငါလည်း မတားတော့ဘဲ အိမ်ကိုသာ ဘေးအန္တရာယ်ကင်းကင်းနဲ့ ပြန်လာဖို့ ယုံကြည်ခဲ့မိတာ  "

Winter သက်ပြင်းချပြီး Yizhuoလက်ကို ဆုပ်ကိုင်လိုက်သည်

"ငါ စိတ်မကောင်းပါဘူး Yizhuoရယ် ပြီးတော့ တောင်းပန်ပါတယ် "

"နင့်အမှားမှမဟုတ်တာ တောင်းပန်စရာမလိုပါဘူး "

"Jiminကလည်း  လက်မလျော့ဘူး....သူ ဘယ်သူ့ကိုမှ ထပ်ပြီး မနာကျင်စေချင်ဘူးတဲ့ "

"နင် ဘာဆက်လုပ်မှာလည်း Win "

Winter သက်ပြင်းချပြီး သူ့သူငယ်ချင်းကိုကြည့်လိုက်သည်

"ငါလည်း ဘာဆက်လုပ်ရမှန်းမသိတော့ဘူး Jiminနဲ့စကားမပြောရတာ တစ်ပတ်လောက်ရှိနေပြီ သူငါ့ကိုလည်း မခေါ်တော့ဘူး "

"Aeriကို သတ်သွားတဲ့သူတွေကို ရှာတွေ့ပြီးရင် နင့်ဆီပြန်လာမှာပါ "

"ထင်တာဘဲလေ "

Winter သက်ပြင်းချပြီး သူ့သူငယ်ချင်းကိုဖက်လိုက်သည်

Karinaများ ရှိမလားဆိုတဲ့ မျှော်လင့်ချက်နဲ့အတူ Winter Yu familyရဲ့အိမ်ကိုရောက်လာသည်

Mikeနဲ့Johnကလည်း Winterနောက်ကို အရိပ်တစ်ခုလိုထက်ကြပ်မခွာ လိုက်နေသည်

ဒါကိုကြည့်ခြင်းအားဖြင့် Karinaက သူ့ကိုဂရုတော့စိုက်ပါသေးတယ်ဆိုပြီး Winter မျှော်လင့်ချက်တွေ ရှိပါသေးသည်

Mikeနဲ့Johnကို Karina အကြောင်းမေးလိုက်တိုင်း 'သူ အလုပ်များနေတယ် သူ့ကိုစိတ်ပူစရာမလိုပါဘူး သူအဆင်ပြေတယ်' ဆိုတဲ့ အဖြေတွေဘဲ ရခဲ့သည်

Taeyeonနဲ့သူ့မိသားစု​က Winterကို ဝိုင်းကြိုဆိုကြသည် သို့သော် Karinaမပါပေ

Winter စိတ်ပျက်လက်ပျက်​ဖြစ်ပြီး ငိုချင်နေပါတယ်ဆို Taeyeonက သူ့ကိုလာဖက်သောကြောင့် မျက်ရည်တွေကျလာသည်

"စိတ်မကောင်းပါဘူး ငါ့ညီမလေးရယ် "

"သူအဆင်ပြေနေရဲ့လားဆိုတာ သိချင်မိရုံပါ"

Winterရဲ့ မျက်ရည်တွေကို Karina သုတ်ပေးရင်း

"သူအဆင်ပြေပါတယ် သူ့ခံစားချက်တွေနဲ့ တိုက်ခိုက်နေလို့ပါ Win...ဒါ သူလုပ်နေကျ အလုပ်ဘဲလေ "

Winterကို Taeyeon နှစ်သိမ့်ပေးသည်

"သူ ညီမကို မုန်းသွားပြီ ညီမအပေါ် အေးတိအေးစက် ဖြစ်နေတယ်... ညီမကြောက်မိတယ် "

"Jimin က မင်းကို မမုန်းပါဘူး ကလေးရဲ့ "

ထိုစဥ် ရုတ်တရက် တံခါးဆောင့်ဖွင့်သံကြောင့် Winter လန့်ပြီး Taeyeonရဲ့ ရင်ခွင်ထဲပုန်းမိသွားသည်

Karina အိမ်ထဲကို ဝင်လာတဲ့အခါမှာတော့ Winter မျက်လုံးပြူးသွားသည်

Karinaနဲ့အတူ Bodyguard နှစ်ယောက် အိမ်ထဲကို ဝင်လာပြီး နောက်ထပ်သေနတ်တွေနဲ့ သက်တော်စောင့်တွေမှာ အိမ်ရှေ့တွင် ရပ်နေကြတာကိုလည်း Winter တွေ့ရသည်

Karinaမှာ ဒေါသတွေကြောင့် Winterရှိနေမှန်းသတိမထားမိပေ

"သူ့ကို သတ်ခဲ့ပြီ "

Karinaရဲ့စကားကြောင့် Winter တုန်လှုပ်သွားတယ်

"အဲ့ခွေးမသားကိုဖမ်းမိခဲ့ပြီး သတ်ပစ်ခဲ့တယ် "

"တော်တယ် Jimin "

Mr.Yuက ချီးကျူးတော့ Winter ရင်ထဲနာကျင်သွားသည်

Winter ကို Karina သတိထားမိသွားတဲ့အခါမှာတော့ Karinaမျက်နှာတွင် အံ့သြသွားတဲ့အမူအရာဖြစ်နေသည်

Karina မျက်နှာတွင် နူးညံ့မှုလေး Winter မြင်လိုက်ရပေမယ့် စက္ကန့်အနည်းငယ်အတွင်း ကွယ်ပျောက်သွားသည်

Winterရဲ့ နှလုံးသားဟာ ပြုတ်ကျသွားသလိုခံစားလိုက်ရပါတယ် Karinaက သူ့ကိုအကြည့်လွှဲပြီး သူ့တပည့်တွေကို အမိန့်ပေးလိုက်တဲ့ အခါမှာပေါ့

Karina အနားကိုသွားပြီး Karinaကအစစ်လား အသက်ရှိသေးလားသိချင်လို့ထိတွေ့ချင်မိသည်

"အခန်းထဲသွားလိုက်အုံးမယ် "

Karinaက ချက်ချင်းရှောင်တိမ်းသွားသည်

"သူ့နောက်လိုက်သွားလေ ကလေးမ "

Taeyeon က Winter ကိုပြောလိုက်သည်

Winterလည်း Taeyeonပြောသလို Karinaနောက်လိုက်သွားသ​ည်

Karinaရဲ့ အခန်းကို Winter မှတ်မိသေးသည် အဲ့အခန်းမှာ အမှတ်တရတွေအများကြီးလေ သူတို့ပထမဆုံးအနမ်း သူတို့ရဲ့ပထမဆုံး အတူအိပ်ခဲ့တဲ့အခန်းလေးလေ

Karina အခန်းထဲ Winter ဝင်သွားတဲ့အခါမှာ Karinaက သူ့ကိုမကြည့်ဘဲ အဝတ်အစားလဲနေသည်

Winter ဘယ်ကနေစပြီး Karinaကို စကားပြောရမလည်းမသိပေမယ့် ပါးစပ်ကနေ ပထမဆုံးထွက်လာတဲ့စကားကား

"ဘာလို့ ငါ့ကိုရှောင်နေတာလည်း "

"တို့ အလုပ်များနေလို့ပါ မင်းကို ရှောင်နေတာမဟုတ်ပါဘူး "

"နင့်ကို မတွေ့ရတာ တစ်ပတ်တောင်ကျော်နေပြီဆိုတာ သိရဲ့လား Jimin...Jiminလို့ ခေါ်ခွင့်ရော ရှိသေးလား ငါမသိတော့ဘူး "

"အဲ့အတွက် တို့မှာ အချိန်မရှိဘူး Minjeong....တို့ စိတ်ရှုပ်စရာတွေကို အာရုံမစိုက်နိုင်သေးဘူး "

Karinaရဲ့ စကားကြောင့် Winter နှလုံးသားတစ်ခုလုံး ကွဲကြေသွားသလို ခံစားရသည်...စိတ်ရှုပ်စရာတွေ....Winterက သူ့အတွက် စိတ်ရှုပ်စရာတဲ့လား

"အာ တို့ မင်းကို စိတ်ရှုပ်စရာလို့ပြောတာမဟုတ်ဘူးနော် "

"နင်ပြောပြီးသွားပြီ Jimin နင် ငါ့ကိုစိတ်ရှုပ်စရာလို့ ပြောခဲ့တယ် Jimin "

"တို့အားလုံးကို ဖြေရှင်းပြီးတဲ့အခါ မင်းကိုသေချာ..မင်းနဲ့သေချာစကားပြောမယ်လေ '

"ငါအခု နင်နဲ့စကားပြောချင်​နေတာ Jimin...ငါ ရူးတော့မလိုခံစားနေရတယ် နင်ဘယ်တွေရောက်နေလည်း ဘာတွေလုပ်နေလည်း အသက်ရှိသေးလား သိချင်နေတဲ့ ခံစားချက်တွေစိတ်တွေကြောင့် ငါရူးတော့မယ်ထင်တယ် "

"Aww အခုတော့ ငါဘယ်လိုခံစားခဲ့ရလည်းဆိုတာ သိပြီပေါ့ "

Karina ထပ်ပြီး Winterနှလုံးသားကို လက်သီးနဲ့ထိုးပြန်သည်

"နင်ငါ့ကိုချစ်သေးရဲ့လား Jimin"

"ဒါပေါ့ တို့အသက်နဲ့ရင်းပြီးကို ချစ်တာ ..."

"ချစ်တယ် ဟုတ်လား ငါ့ကို ချစ်ကြောင်းတောင် မပြနိုင်ဘဲ ဘယ်လို​​ပြောရဲတာလည်း ဟမ် နင်ငါ့ကိုတွန်းထုတ်ခဲ့တာလေ မကောင်းတဲ့လူဆိုးမရဲ့ "

Winter ပြောပြီး Karinaကို ထုရိုက်ကာငိုသည်

"Minjeong.....Minjeong တော်တော့ "

"ငါ နင့်ကိုချစ်တယ် နင်က နင့်အသက်ကိုတောင် နှမြောခြင်းမရှိလို့ ငါစိုးရိမ်ရတယ် သိလား ငါရူးတော့မယ် Yu Jiminရဲ့ နင်တစ်ယောက်တည်း ခက်ခဲတဲ့အချိန်ရှိတာမဟုတ်ဘူး နင်တစ်ယောက်ဘဲ သူငယ်ချင်းတစ်ယောက် ဆုံးရှုံးခဲ့တာ မဟုတ်ဘူး Aeriကလည်း ငါ့သူငယ်ချင်းဘဲ သူသေသွားလို့ သူ့ကိုယ်သူအပြစ်တင်နေတဲ့ သူ့ရည်းစားကလည်း ငါ့သူငယ်ချင်းဘဲ ငါ့မှာလည်း ငါ့မှာလည်း ခက်ခဲတဲ့အချိန်တွေချည်းရှိခဲ့တာ နင်သိလား ဟမ် နင်သိလားလို့ Yu Jimin "

"Minjeong စိတ်လျော့....စိတ်လျော့ "

"ငါ နင့်ကို လွမ်းတယ် အရမ်းလွမ်းတယ် Jiminရယ် "

Karinaရဲ့ ရင်ခွင်ထဲ တိုးဝင်ပြီး Winter ငိုလေသည်

Karinaမှာ သူ့ရဲ့နှုတ်ခမ်းကို လာနမ်းသောကြောင့် Winter အံ့သြသွားတယ်

"တို့လည်း မင်းကိုလွမ်းပါတယ် "

"ဟင့်အင်း နင်လိမ်နေတာ နင်ငါ့ကို လွမ်းဖို့မပြောနဲ့ မေ့တောင်မေ့နေပြီ "

"တို့ အခုလုပ်နေတာတွေက မင်းအတွက်ပါ Minjeong မင်းကိုကာကွယ်ပေးပြီး... '

"နင့်ကိုငါ စိုးရိမ်အောင်လုပ်​တာကလည်း ငါ့အတွက်ပေါ့ ဟုတ်လား ...လုပ်စမ်းပါ ငါနဲ့လက်ထပ်ပြီး ဒီအရှုပ်တွေထဲကထွက် ဘဝကို ငါနဲ့ အတူပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းရအောင်ပါ "

Karinaမှာ ဘာမှမပြောဘဲ Winter ကို ထပ်နမ်းလိုက်သည်

"အိမ်ပြန်လိုက်တော့ Minjeong တို့လည်း ဒီကနေသွားတော့မှာ "

"နောက်ထပ် ဘာလုပ်စရာကျန်သေးတာလည်း Jimin နင်သူ့ကို ဖမ်းမိပြီး သတ်ပြီးပြီလေ"

"တို့ ကြော်ငြာချက်ထုတ်ပြန်မလို့ တို့က Yu Jimin တို့ကို လာပြီးရှုပ်လို့မရကြောင်း သူတို့စိတ်ထဲ ဖိန့်ဖိန့်တုန်ပြီး ကြောက်လန့်နေအောင်လုပ်ရအုံးမယ် "

"နင် လူထပ်သတ်အုံးမလို့လား "

Karinaက ဘာမှမပြောဘဲ အခန်းထဲကထွက်သွားသည်

"ငါတို့လက်ထပ်ပွဲကို စီစဥ်တဲ့တစ်ယောက်ကပြောတယ် လက်ထပ်ပွဲကို ရွေ့ဆိုင်းလိုက်တယ်ဆို "

Winterရဲ့ စကားကြောင့် Karina ခြေလှမ်းတွေ ရပ်တန့်သွားသည်

"တို့မှာ လုပ်စရာတွေ ရှိသေးတယ် လက်ထပ်ဖို့ အချိန်မရှိဘူး "

Karinaပြောပြီး Winterကို လှည့်မကြည့်ဘဲ ထွက်သွားသည်

#tbc

#Zawgyi

ေနာက္ရက္ေတြမွာေတာ့ ခံစားခ်က္မ်ိဳးစုံနဲ႕ ရိုလာကိုစတာစီးေနရသလို Winter ျဖစ္ေနသည္

Winterမွာ Yizhuo ေဘးနားအၿမဲရွိေပးေနသည္

Yizhuo အိပ္မေပ်ာ္တဲ့အခါတိုင္း Yizhuo နိုးလာတဲ့အခါမ်ိဳးတြင္ Winter ေဘးနားရွိေပးေနသည္

စိတ္ဓာတ္က်ေနတဲ့ သူ႕သူငယ္ခ်င္း Yizhuoကို အားေပးရမယ္ မဟုတ္လား

Karina ရဲ႕အေမ အႀကံေပးခ်က္အရ လုံၿခဳံေရးေတြနဲ႕အတူ Aeriရဲ႕ နာေရးကို အက်ဥ္းခ်ဳပ္ က်င္းပခဲ့သည္

ၿပီးေတာ့ Winterမွာ Aeriရဲ႕ နာေရးကို Karina လာဖို႔ေမွ်ာ္လင့္ေနသည္

သို႔ေသာ္လည္း Karinaက ေရာက္မလာေပ ...Karinaကို Winter စိတ္ဆိုးမိသည္

Aeri ကိစၥေၾကာင့္ Karinaက တစ္ေယာက္တည္းေနခ်င္တာ မဟုတ္ဘဲ Winterနဲ႕အတူ အားလုံးအေပၚကို ေသြးေအးၿပီး အဆက္အသြယ္ျဖတ္ထားတာနဲ႕တူေနသည္

Aeri ဆုံးသြားတဲ့ေန႕ကတည္းက Yizhuoရဲ႕ အိမ္မွာ Winter အိပ္ေနခဲ့တာပါ ဒါေပမယ့္ Karinaက Winterကို အိမ္ျပန္လာဖို႔ ဖုန္းတစ္ခ်က္ေတာင္မဆက္ေပ အိမ္ကိုျပန္မလာလို႔ဆိုၿပီးလည္း ျပႆနာမရွာေပ

Karinaလည္း အိမ္မွာရွိမေနေလာက္ဘူးလို႔ Winter ေတြးေနသည္

"Aeriက အဲ့ေနရာကို ယူမယ့္အေၾကာင္း နင္သိလား "

Yizhuoနဲ႕အတူ ကုတင္ေပၚတြင္လွဲေနရင္း Winter ေမးလိုက္သည္

"အင္း သိတယ္ "

Yizhuoမွာ ထပ္ၿပီး မငိုမိေအာင္ ေအာက္ႏႈတ္ခမ္းကိုဖိကိုက္ထားသည္

"ငါသိတယ္ ဒါေပမယ့္ ဒီလိုမ်ိဳးျဖစ္လာမယ္လို႔ မထင္မိတာ....Aeriက သူကိုင္တြယ္နိုင္ပါတယ္လို႔ ေျပာခဲ့တယ္ေလ....ၿပီးေတာ့ Aeriကိုယ္တိုင္က ဆႏၵျပင္းျပေနေတာ့ ငါလည္း မတားေတာ့ဘဲ အိမ္ကိုသာ ေဘးအႏၱရာယ္ကင္းကင္းနဲ႕ ျပန္လာဖို႔ ယုံၾကည္ခဲ့မိတာ  "

Winter သက္ျပင္းခ်ၿပီး Yizhuoလက္ကို ဆုပ္ကိုင္လိုက္သည္

"ငါ စိတ္မေကာင္းပါဘူး Yizhuoရယ္ ၿပီးေတာ့ ေတာင္းပန္ပါတယ္ "

"နင့္အမွားမွမဟုတ္တာ ေတာင္းပန္စရာမလိုပါဘူး "

"Jiminကလည္း  လက္မေလ်ာ့ဘူး....သူ ဘယ္သူ႕ကိုမွ ထပ္ၿပီး မနာက်င္ေစခ်င္ဘူးတဲ့ "

"နင္ ဘာဆက္လုပ္မွာလည္း Win "

Winter သက္ျပင္းခ်ၿပီး သူ႕သူငယ္ခ်င္းကိုၾကည့္လိုက္သည္

"ငါလည္း ဘာဆက္လုပ္ရမွန္းမသိေတာ့ဘူး Jiminနဲ႕စကားမေျပာရတာ တစ္ပတ္ေလာက္ရွိေနၿပီ သူငါ့ကိုလည္း မေခၚေတာ့ဘူး "

"Aeriကို သတ္သြားတဲ့သူေတြကို ရွာေတြ႕ၿပီးရင္ နင့္ဆီျပန္လာမွာပါ "

"ထင္တာဘဲေလ "

Winter သက္ျပင္းခ်ၿပီး သူ႕သူငယ္ခ်င္းကိုဖက္လိုက္သည္

Karinaမ်ား ရွိမလားဆိုတဲ့ ေမွ်ာ္လင့္ခ်က္နဲ႕အတူ Winter Yu familyရဲ႕အိမ္ကိုေရာက္လာသည္

Mikeနဲ႕Johnကလည္း Winterေနာက္ကို အရိပ္တစ္ခုလိုထက္ၾကပ္မခြာ လိုက္ေနသည္

ဒါကိုၾကည့္ျခင္းအားျဖင့္ Karinaက သူ႕ကိုဂ႐ုေတာ့စိုက္ပါေသးတယ္ဆိုၿပီး Winter ေမွ်ာ္လင့္ခ်က္ေတြ ရွိပါေသးသည္

Mikeနဲ႕Johnကို Karina အေၾကာင္းေမးလိုက္တိုင္း 'သူ အလုပ္မ်ားေနတယ္ သူ႕ကိုစိတ္ပူစရာမလိုပါဘူး သူအဆင္ေျပတယ္' ဆိုတဲ့ အေျဖေတြဘဲ ရခဲ့သည္

Taeyeonနဲ႕သူ႕မိသားစုက Winterကို ဝိုင္းႀကိဳဆိုၾကသည္ သို႔ေသာ္ Karinaမပါေပ

Winter စိတ္ပ်က္လက္ပ်က္ျဖစ္ၿပီး ငိုခ်င္ေနပါတယ္ဆို Taeyeonက သူ႕ကိုလာဖက္ေသာေၾကာင့္ မ်က္ရည္ေတြက်လာသည္

"စိတ္မေကာင္းပါဘူး ငါ့ညီမေလးရယ္ "

"သူအဆင္ေျပေနရဲ႕လားဆိုတာ သိခ်င္မိ႐ုံပါ"

Winterရဲ႕ မ်က္ရည္ေတြကို Karina သုတ္ေပးရင္း

"သူအဆင္ေျပပါတယ္ သူ႕ခံစားခ်က္ေတြနဲ႕ တိုက္ခိုက္ေနလို႔ပါ Win...ဒါ သူလုပ္ေနက် အလုပ္ဘဲေလ "

Winterကို Taeyeon ႏွစ္သိမ့္ေပးသည္

"သူ ညီမကို မုန္းသြားၿပီ ညီမအေပၚ ေအးတိေအးစက္ ျဖစ္ေနတယ္... ညီမေၾကာက္မိတယ္ "

"Jimin က မင္းကို မမုန္းပါဘူး ကေလးရဲ႕ "

ထိုစဥ္ ႐ုတ္တရက္ တံခါးေဆာင့္ဖြင့္သံေၾကာင့္ Winter လန့္ၿပီး Taeyeonရဲ႕ ရင္ခြင္ထဲပုန္းမိသြားသည္

Karina အိမ္ထဲကို ဝင္လာတဲ့အခါမွာေတာ့ Winter မ်က္လုံးျပဴးသြားသည္

Karinaနဲ႕အတူ Bodyguard ႏွစ္ေယာက္ အိမ္ထဲကို ဝင္လာၿပီး ေနာက္ထပ္ေသနတ္ေတြနဲ႕ သက္ေတာ္ေစာင့္ေတြမွာ အိမ္ေရွ႕တြင္ ရပ္ေနၾကတာကိုလည္း Winter ေတြ႕ရသည္

Karinaမွာ ေဒါသေတြေၾကာင့္ Winterရွိေနမွန္းသတိမထားမိေပ

"သူ႕ကို သတ္ခဲ့ၿပီ "

Karinaရဲ႕စကားေၾကာင့္ Winter တုန္လႈပ္သြားတယ္

"အဲ့ေခြးမသားကိုဖမ္းမိခဲ့ၿပီး သတ္ပစ္ခဲ့တယ္ "

"ေတာ္တယ္ Jimin "

Mr.Yuက ခ်ီးက်ဴးေတာ့ Winter ရင္ထဲနာက်င္သြားသည္

Winter ကို Karina သတိထားမိသြားတဲ့အခါမွာေတာ့ Karinaမ်က္ႏွာတြင္ အံ့ၾသသြားတဲ့အမူအရာျဖစ္ေနသည္

Karina မ်က္ႏွာတြင္ ႏူးညံ့မႈေလး Winter ျမင္လိုက္ရေပမယ့္ စကၠန့္အနည္းငယ္အတြင္း ကြယ္ေပ်ာက္သြားသည္

Winterရဲ႕ ႏွလုံးသားဟာ ျပဳတ္က်သြားသလိုခံစားလိုက္ရပါတယ္ Karinaက သူ႕ကိုအၾကည့္လႊဲၿပီး သူ႕တပည့္ေတြကို အမိန့္ေပးလိုက္တဲ့ အခါမွာေပါ့

Karina အနားကိုသြားၿပီး Karinaကအစစ္လား အသက္ရွိေသးလားသိခ်င္လို႔ထိေတြ႕ခ်င္မိသည္

"အခန္းထဲသြားလိုက္အုံးမယ္ "

Karinaက ခ်က္ခ်င္းေရွာင္တိမ္းသြားသည္

"သူ႕ေနာက္လိုက္သြားေလ ကေလးမ "

Taeyeon က Winter ကိုေျပာလိုက္သည္

Winterလည္း Taeyeonေျပာသလို Karinaေနာက္လိုက္သြားသည္

Karinaရဲ႕ အခန္းကို Winter မွတ္မိေသးသည္ အဲ့အခန္းမွာ အမွတ္တရေတြအမ်ားႀကီးေလ သူတို႔ပထမဆုံးအနမ္း သူတို႔ရဲ႕ပထမဆုံး အတူအိပ္ခဲ့တဲ့အခန္းေလးေလ

Karina အခန္းထဲ Winter ဝင္သြားတဲ့အခါမွာ Karinaက သူ႕ကိုမၾကည့္ဘဲ အဝတ္အစားလဲေနသည္

Winter ဘယ္ကေနစၿပီး Karinaကို စကားေျပာရမလည္းမသိေပမယ့္ ပါးစပ္ကေန ပထမဆုံးထြက္လာတဲ့စကားကား

"ဘာလို႔ ငါ့ကိုေရွာင္ေနတာလည္း "

"တို႔ အလုပ္မ်ားေနလို႔ပါ မင္းကို ေရွာင္ေနတာမဟုတ္ပါဘူး "

"နင့္ကို မေတြ႕ရတာ တစ္ပတ္ေတာင္ေက်ာ္ေနၿပီဆိုတာ သိရဲ႕လား Jimin...Jiminလို႔ ေခၚခြင့္ေရာ ရွိေသးလား ငါမသိေတာ့ဘူး "

"အဲ့အတြက္ တို႔မွာ အခ်ိန္မရွိဘူး Minjeong....တို႔ စိတ္ရႈပ္စရာေတြကို အာ႐ုံမစိုက္နိုင္ေသးဘူး "

Karinaရဲ႕ စကားေၾကာင့္ Winter ႏွလုံးသားတစ္ခုလုံး ကြဲေၾကသြားသလို ခံစားရသည္...စိတ္ရႈပ္စရာေတြ....Winterက သူ႕အတြက္ စိတ္ရႈပ္စရာတဲ့လား

"အာ တို႔ မင္းကို စိတ္ရႈပ္စရာလို႔ေျပာတာမဟုတ္ဘူးေနာ္ "

"နင္ေျပာၿပီးသြားၿပီ Jimin နင္ ငါ့ကိုစိတ္ရႈပ္စရာလို႔ ေျပာခဲ့တယ္ Jimin "

"တို႔အားလုံးကို ေျဖရွင္းၿပီးတဲ့အခါ မင္းကိုေသခ်ာ..မင္းနဲ႕ေသခ်ာစကားေျပာမယ္ေလ '

"ငါအခု နင္နဲ႕စကားေျပာခ်င္ေနတာ Jimin...ငါ ႐ူးေတာ့မလိုခံစားေနရတယ္ နင္ဘယ္ေတြေရာက္ေနလည္း ဘာေတြလုပ္ေနလည္း အသက္ရွိေသးလား သိခ်င္ေနတဲ့ ခံစားခ်က္ေတြစိတ္ေတြေၾကာင့္ ငါ႐ူးေတာ့မယ္ထင္တယ္ "

"Aww အခုေတာ့ ငါဘယ္လိုခံစားခဲ့ရလည္းဆိုတာ သိၿပီေပါ့ "

Karina ထပ္ၿပီး Winterႏွလုံးသားကို လက္သီးနဲ႕ထိုးျပန္သည္

"နင္ငါ့ကိုခ်စ္ေသးရဲ႕လား Jimin"

"ဒါေပါ့ တို႔အသက္နဲ႕ရင္းၿပီးကို ခ်စ္တာ ..."

"ခ်စ္တယ္ ဟုတ္လား ငါ့ကို ခ်စ္ေၾကာင္းေတာင္ မျပနိုင္ဘဲ ဘယ္လိုေျပာရဲတာလည္း ဟမ္ နင္ငါ့ကိုတြန္းထုတ္ခဲ့တာေလ မေကာင္းတဲ့လူဆိုးမရဲ႕ "

Winter ေျပာၿပီး Karinaကို ထုရိုက္ကာငိုသည္

"Minjeong.....Minjeong ေတာ္ေတာ့ "

"ငါ နင့္ကိုခ်စ္တယ္ နင္က နင့္အသက္ကိုေတာင္ ႏွေျမာျခင္းမရွိလို႔ ငါစိုးရိမ္ရတယ္ သိလား ငါ႐ူးေတာ့မယ္ Yu Jiminရဲ႕ နင္တစ္ေယာက္တည္း ခက္ခဲတဲ့အခ်ိန္ရွိတာမဟုတ္ဘူး နင္တစ္ေယာက္ဘဲ သူငယ္ခ်င္းတစ္ေယာက္ ဆုံးရႈံးခဲ့တာ မဟုတ္ဘူး Aeriကလည္း ငါ့သူငယ္ခ်င္းဘဲ သူေသသြားလို႔ သူ႕ကိုယ္သူအျပစ္တင္ေနတဲ့ သူ႕ရည္းစားကလည္း ငါ့သူငယ္ခ်င္းဘဲ ငါ့မွာလည္း ငါ့မွာလည္း ခက္ခဲတဲ့အခ်ိန္ေတြခ်ည္းရွိခဲ့တာ နင္သိလား ဟမ္ နင္သိလားလို႔ Yu Jimin "

"Minjeong စိတ္ေလ်ာ့....စိတ္ေလ်ာ့ "

"ငါ နင့္ကို လြမ္းတယ္ အရမ္းလြမ္းတယ္ Jiminရယ္ "

Karinaရဲ႕ ရင္ခြင္ထဲ တိုးဝင္ၿပီး Winter ငိုေလသည္

Karinaမွာ သူ႕ရဲ႕ႏႈတ္ခမ္းကို လာနမ္းေသာေၾကာင့္ Winter အံ့ၾသသြားတယ္

"တို႔လည္း မင္းကိုလြမ္းပါတယ္ "

"ဟင့္အင္း နင္လိမ္ေနတာ နင္ငါ့ကို လြမ္းဖို႔မေျပာနဲ႕ ေမ့ေတာင္ေမ့ေနၿပီ "

"တို႔ အခုလုပ္ေနတာေတြက မင္းအတြက္ပါ Minjeong မင္းကိုကာကြယ္ေပးၿပီး... '

"နင့္ကိုငါ စိုးရိမ္ေအာင္လုပ္တာကလည္း ငါ့အတြက္ေပါ့ ဟုတ္လား ...လုပ္စမ္းပါ ငါနဲ႕လက္ထပ္ၿပီး ဒီအရႈပ္ေတြထဲကထြက္ ဘဝကို ငါနဲ႕ အတူေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ျဖတ္သန္းရေအာင္ပါ "

Karinaမွာ ဘာမွမေျပာဘဲ Winter ကို ထပ္နမ္းလိုက္သည္

"အိမ္ျပန္လိုက္ေတာ့ Minjeong တို႔လည္း ဒီကေနသြားေတာ့မွာ "

"ေနာက္ထပ္ ဘာလုပ္စရာက်န္ေသးတာလည္း Jimin နင္သူ႕ကို ဖမ္းမိၿပီး သတ္ၿပီးၿပီေလ"

"တို႔ ေၾကာ္ျငာခ်က္ထုတ္ျပန္မလို႔ တို႔က Yu Jimin တို႔ကို လာၿပီးရႈပ္လို႔မရေၾကာင္း သူတို႔စိတ္ထဲ ဖိန့္ဖိန႔္တုန္ၿပီး ေၾကာက္လန့္ေနေအာင္လုပ္ရအုံးမယ္ "

"နင္ လူထပ္သတ္အုံးမလို႔လား "

Karinaက ဘာမွမေျပာဘဲ အခန္းထဲကထြက္သြားသည္

"ငါတို႔လက္ထပ္ပြဲကို စီစဥ္တဲ့တစ္ေယာက္ကေျပာတယ္ လက္ထပ္ပြဲကို ေ႐ြ႕ဆိုင္းလိုက္တယ္ဆို "

Winterရဲ႕ စကားေၾကာင့္ Karina ေျခလွမ္းေတြ ရပ္တန႔္သြားသည္

"တို႔မွာ လုပ္စရာေတြ ရွိေသးတယ္ လက္ထပ္ဖို႔ အခ်ိန္မရွိဘူး "

Karinaေျပာၿပီး Winterကို လွည့္မၾကည့္ဘဲ ထြက္သြားသည္

#tbc

Bạn đang đọc truyện trên: Truyen3h.Co