Truyen3h.Co

Mine

Part 12

KimFany059

#UNICODE

Taeyeonက Europeကို ပြန်တော့မယ်လို့ ပြောသောကြောင့် Winter စိတ်မကောင်းဖြစ်နေတယ်...

Taeyeon ပြန်ရောက်လာလို့ စိတ်သက်တောင့်သက်သာလေး ဖြစ်နေတုန်းရှိပါသေးတယ် Taeyeonက ပြန်သွားတော့မယ်တဲ့

ဒါကြောင့်မို့လို့ Taeyeon မပြန်ခင် သုံးယောက်အတူ အချိန်ကုန်ဆုံးဖို့ Winterက တောင်းဆိုတော့ Karinaမှာ တွန့်ဆုတ်နေပေမယ့် အဲ့အရာက Winterကို ပျော်စေတော့လည်း လက်ခံလိုက်ရသည်

"သိလား Win...Jiminကို ငါနဲ့ အပြင်ထွက်ဖို့ လာဘ်ထိုးဖူးတာတောင် တစ်ခါမှ ငါနဲ့သူ လိုက်မလည်ဖူးဘူး အခုအခြေအနေကြီးက ငါအိမ်မက်မက်နေသလိုဘဲ "

Taeyeonရဲ့စကားကြောင့် Karinaမှာ Taeyeonရဲ့ လက်မောင်းကို ဖြန်းခနဲရိုက်လိုက်သည်

Winterမှာ ရေခဲမုန့်စားရင်း ညီအမနှစ်ယောက်ကို ကြည့်လိုက်သည်

"ငါ့အတွက် အချိန်ဖြုန်းနေသလိုဘဲ "

Karinaက ပြောရင်း သူမဘောင်းဘီအိတ်ထဲက လက်ကိုင်ပုဝါကို ထုတ်ပြီး Winter လက်ပေါ်စီးကျနေတဲ့ ရေခဲမုန့်အရည်တွေကို သုတ်ပေးနေသည်

"အဲ့လိုမဟုတ်ပါဘူး မိသားစုနဲ့ အတူရှိနေရတာ အရေးပါတယ်လေ "

"ဟုတ်တယ် တကယ် အရမ်းအရေးပါတယ် Jimin "

Winter ပြောတာကို Taeyeonက ဝင်ထောက်ခံလိုက်သည်

"ပေါက်ကရ ပြောမနေနဲ့ "

"အားး Baby Jiminလေးကို လွမ်းလိုက်တာ Jimin ငယ်ငယ်က အရမ်းချစ်ဖို့ကောင်းတာ ပြီးတော့ သူက ငါ့ဆီက attention တအားလိုချင်ခဲ့တာလေ အခုတော့ အရွယ်ရောက်လာပြီး ချစ်တတ်သွားတော့ နင့်ဆီက attention ဘဲ သူလိုချင်တော့တယ် "

"သူက စွဲလမ်းနေတာလေ "

"ဟုတ်တယ် မင်းကို တို့က စွဲလမ်းနေတာ "

Karina က မရှက်ဘဲ Winterပြောတာကို ဝန်ခံလိုက်တယ်

"နင်တို့နှစ်ယောက် ပြန်အဆင်ပြေသွားတာ ကြည့်ပြီး ဝမ်းသာလိုက်တာ "

"ညီမတို့က အပေးအယူလုပ်ထားတာလေ..."

"ဘာများလည်း Win "

"ညီမတို့ အခုလိုဖြစ်နေတာကို ပြင်ဆင်ကြည့်မလို့...ကြိုးစားနေလို့မှ အဆင်မပြေဘူးဆို သူက ညီမကို လွှတ်ပေးပြီး ညီမကို ကိုယ့်ဘဝနဲ့ကိုယ်နေခိုင်းမယ်တဲ့ "

Karinaက Winterပြောတဲ့ စကားကို နားထောင်ရတာ မကြိုက်ပေ အထူးသဖြင့် Winterကို လွှတ်ပေးရမယ်ဆိုတဲ့ စကားတွေနားထောင်ရတာ သူမကို စိတ်တိုစေသည် သို့သော်လည်း ကတိပေးထားတော့ဒေါသကိုထိန်းထားရသည်

"နားထောင်ရတာတော့ မျှတသားဘဲ "

Taeyeon ပြောပြီး Karinaကို လှမ်းကြည့်သည်

Karina ကတော့ အံကြိတ်ပြီး တစ်ဖက်ကို လှည့်သွားတယ်

"ဒါပေါ့ တရားတာပေါ့ ညီမတို့ ကတိပေးခဲ့ကြပြီး ကတိတည်ခဲ့ကြတယ် မဟုတ်လား "

"အင်းလေ တို့ကတိတည်ပေးနေတာဘဲ မဟုတ်ဘူးလား..."

"နင်တို့ သူ့အလိုလို အဆင်​ပြေပြေ ဖြစ်သွားကြမှာပါ "

"မထင်ပါဘူး "

Taeyeonပြောတာကို Winterကအနောက်ကနေလိုက်ပြောတော့ Karina လက်သီးဆုပ်လိုက်မိသည်

"Tae...တို့နှစ်ယောက်ကို ခဏထားသွားပေး "

Taeyeonမှာ ရယ်ချင်စိတ်ကို ထိန်းပြီး Karinaကိုကြည့်လိုက်သည်

ပုံမှန်ဆိုရင် Taeyeonက Karina အမိန့်ပေးလို့ရတဲ့လူတွေထဲမပါပေမယ့် ယခု အခြေအနေအရမှာတော့ Taeyeon ခေါင်းညိတ်ပြီး Winterကို နှစ်သိမ့်ပေးတဲ့အနေနဲ့ ပြုံးပြကာ ထွက်သွားလေသည်

"ဘာ ဘာလည်း Karina "

Karina မှာ ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ပြီး Winter ထိုင်ခုံကို သူမနားသို့ ဆောင့်ဆွဲလိုက်သည်

"မင်း တို့ကို ခဏခဏလာပြီး စမ်းသပ်ကလိနေမယ်ဆိုရင် တို့ကတိတည်ဖို့ ခက်လာလိမ့်မယ်နော် "

"Sorry..."

"တို့က ကတိတည်ဖို့ ကြိုးစားနေပေမယ့် မင်းကတော့ ထွက်ပြေးနေတုန်းဘဲ..."

Karinaမှာ စိတ်ပျက်တဲ့လေသံနဲ့ပြောလိုက်သည်

Karina လေသံက နာကျင်နေတဲ့လေသံမှန်းလည်း Winter သတိထားမိသည်

"ဘာလို့ ထွက်ပြေးလည်းဆိုတာ နင်သိပါတယ် Karina "

Winterပြောပြီး သူမလက်ကို ကိုင်ထားတဲ့ Karinaလက်ကို ဖယ်လိုက်သည်

"Minjeong "

"ငါ့ကို ကာကွယ်ပေးဖို့ လုပ်ခဲ့တာဆိုတာ ငါသိတယ် ဒါပေမယ့် ဒါက... မဟုတ်သေးဘူးလေ Karina နင်ငါ့အတွက်ကြောင့် လူဘယ်နှယောက်သတ်ခဲ့လည်း"

"ဒါက တို့ဘဝဘဲလေ "

Karina သက်ပြင်းချလိုက်သည်

"နင့်ဘဝမှာ ဒါမျိုးဖြစ်နေတာ နောင်တမရဘူးလား....ငါတော့ အဲ့လိုဘဝမျိုးမှာ မနေနိုင်ဘူး "

Winterက ထိုင်ရာက ထတော့ Karinaက လှမ်းဆွဲသည်

"Minjeong ဘယ်သွားမလို့လည်း "

"နင်နဲ့ဝေးရာ ပြေးမလို့ "

"လူအများကြီးရှိတဲ့နေရာမှာ ရုတ်ရုတ်သဲသဲမဖြစ်ချင်ဘူး Minjeong...ငြိမ်ငြိမ်လေးနေတာ မင်းအတွက် ပိုကောင််းမယ်နော် တို့မင်းကို အိမ်ပြန်ရောက်တဲ့အခါ အပြစ်မပေးချင်ဘူး "

Karina ထရပ်ပြီး Winterနားသို့ကပ်ပြောလိုက်သည်

"fuck you Karina "

"လူကြားထဲမှာ မင်းနဲ့တို့ ရန်မဖြစ်ချင်ဘူး Minjeong ဒါပေမယ့် မင်းကတော့ တို့ကို ခဏခဏရန်စနေတာဘဲ"

"ငါ စိတ်တိုနေတယ်လေ ပြီးတော့ နင်က ငါ့ကိုအခုထိ အထက်စီးကနေပြောနေတုန်းဘဲ "

"မင်းက အရင်ရန်စတာ မဟုတ်ဘူးလား "

"ငါနင်နဲ့ စကားဆက်မပြောချင်တော့ဘူး Karina "

Winter ပြောပြီး Taeyeonဆီကို ထွက်သွားလေသည်

"အချစ်ငှက်လေးတွေ ရန်ဖြစ်လို့ပြီးပြီလား "

"ညီမတို့က ရည်းစားတွေမဟုတ်ပါဘူးနော် "

"ကိုယ် နောက်မှ မင်းကိုဖုန်းပြန်ခေါ်လိုက်မယ်နော် အချစ်...ချစ်တယ်နော် bye "

"အဲ့တာ Tiffany unnieလား "

Winter သိချင်စိတ်နဲ့ မေးလိုက်သည်

"ဟုတ်တယ် "

"သူနဲ့တွေ့ချင်လိုက်တာ ..."

"ဒါဆိုလည်း Europe မှာ ဆိုင်အသစ်ဖွင့်ရင် Jiminနဲ့အတူလာခဲ့လေ ..."

Taeyeonစကားကြောင့် Winterမှာ Karinaကို လှမ်းကြည့်လိုက်ပေမယ့် Karinaကတော့ မသိချင်ယောင်ဆောင်နေသည်

"အဲ့တာဆို သူ ဒီကို မလာဘူးလား "

"သူက business womanလေ မအားဘူး Win "

"ဟူး "

"ကဲ အမပြန်တော့မယ်နော် နင်တို့နှစ်ယောက် အဆင်ပြေအောင်နေကြ "

Taeyeonမှာ နှုတ်ဆက်ပြီး Winterကို ဖက်လိုက်သည်

ထို့နောက်

"jimin လာပါအုံးဖက်ချင်လို့ '

"အူကြောင်ကြောင်တွေမလုပ်ပါနဲ့ "

Karina က ငြင်းဆန်ပေမယ့် Taeyeonမှာ Karinaကို ဆွဲဖက်သည်

"လိမ်လိမ်မာမာနေ Winterကို ပျော်အောင်ထား သူနင့်ဘေးမှာဘဲ နေချင်အောင်လုပ်"

"အင်းပါ စိတ်မပူပါနဲ့ "

******

Karinaက အလုပ်မှာဘဲ အချိန်ကုန်နေတာကို Winter ကျေးဇူးတင်မိသည်

Karinaကို ညနေပိုင်းလောက်မှတွေ့ရပေမယ့် တစ်ခါတစ်လေဆို Karinaက အိမ်ကိုတောင် နောက်ကျမှ မိုးလင်းခါနီးမှ ပြန်လာသည်

Winterဟာ အိမ်မှာနေရင်း ဒါမှမဟုတ် Yizhuoနဲ့ အပြင်ထွက်ရင်း အချိန်ကုန်ဆုံးလေ့ရှိသည်

Wendyဆီ သွားလည်ချင်ပေမယ့် Wendyကို နောက်ဆုံးတွေ့ခဲ့တုန်းက သူမကို စိတ်တိုနေတာသိလို့ Winter မသွားရဲပေ

Winter ထိုင်နေရာကထပြီး Johnတို့ဆီကို နှုတ်ခမ်းထော်ကာသွားလေသည်

Johnမှာ သတိထားမိပြီး

"ဘာဖြစ်လို့လည်း တစ်ခုခုလိုလို့လား

"ငါ ပျင်းလို့လေ အဲ့တာ clubကိုလိုက်ပို့ပေးလို့ရလား "

"Karinaဆီ ဖုန်းဆက်မေးပေးမယ် ခဏ "

Johnမှာ သူ့ဘောင်းဘီအိတ်ထဲက ဖုန်းကိုထုတ်ယူလိုက်သည်

"သူ အားလုံးသိဖို့ မလိုပါဘူးဟ သူ့ကိုဖုန်းမဆက်နဲ့ '

"နင့်ဆီက အမိန့်နားထောင်တာ မဟုတ်ဘူး ..."

Johnမှာ ပြောပြီး Karinaဆီ ဖုန်းခေါ်လိုက်သည်

ဖုန်းနှစ်ခါခေါ်ပြီးနောက် Karinaက ဖုန်းကိုင်သည်

"သူ အပြင်သွားချင်လို့ပါတဲ့ "

Winterမှာ စိတ်ပျက်နေတဲ့ မျက်နှာနဲ့ Johnကိုကြည့်လိုက်သည်

Johnမှာ သူမကို ​ဖုန်းပေးတော့ Winterလည်း ယူနားထောင်လိုက်သည်

"hello "

"hello baby "

"အာ အင်း "

"မင်းကို တို့ဖုန်းဝယ်ပေးထားတာဘဲ အဲ့ဖုန်းနဲ့ တို့ဆီ ဆက်သင့်တယ် မဟုတ်လား..."

"ဟို အပြင်ထွက်ဖို့ ခွင့်ပြုချက် ယူစရာမလိုတော့ဘူး ထင်လို့ "

"မင်း ဘယ်တွေသွားပြီး ဘာတွေလုပ်မယ်ဆိုတာတော့ တို့သိထားသင့်တယ်ထင်တာဘဲ "

"မလိုပါဘူး "

Winter စကားကြောင့် တစ်ဖက်က တိတ်ဆိတ်သွားတယ်

'မင်း clubကို သွားချင်ရင် သွားလို့ရတယ် အဲ့မှာ တို့ရုံးခန်းရှိတယ် "

"ဟင့်အင်း အဲ့မသွားချင်ဘူး ငါက လူတွေကခုန်နေတာကို လွတ်လွတ်လပ်လပ်ကြည့်ချင်တာ "

"ဒါဆို တို့ မင်းသွားမယ့်နေရာလိုက်ခဲ့မယ် "

"နင်က အလုပ်နဲ့လေ Yizhuoနဲ့ဘဲ ငါသွားလိုက်ပါမယ် "

Karinaဘက်က ထပ်ပြီး တိတ်ဆိတ်သွားပြန်သည်

"ကောင်းပြီ Yizhuoနဲ့သွား... John​ဆီ ဖုန်းပြန်ပေးလိုက် ..."

Winterလည်း ဖုန်းကို Johnဆီသို့ ပြန်ပေးလိုက်သည် Johnမှာ Karinaပြောသမျှကို နားထောင်နေသည်

***
Johnမှာ ကားပေါ်တက်လာတော့ Winterက လှမ်းတားသည်

"Yizhuoနဲ့ ငါတစ်စီးသွားမယ်လေ "

"Karinaက မင်းကို မျက်စိအောက်က အပျောက်မခံဖို့ မှာထားလို့ တစ်စီးတည်းစီးမှဖြစ်ပါမယ် "

Winterလည်း ဆက်မငြင်းတော့ဘဲ Johnကို သူ့ဘေးနားထိုင်ခွင့်ပြုလိုက်သည်

ထို့နောက် Yizhuoကို သွားခေါ်ပြီး Winter သွားချင်တဲ့ ကလပ်ကို Johnမှာ Mikeနဲ့အတူ လိုက်ရလေသည် ....

Clubတွင် ကခုန်နေတဲ့ လူအုပ်ကြီးကို Winter ရပ်ကြည့်နေတယ်

"Karinaနဲ့အဆင်ပြေလား "

"Yizhuo...ငါ လွတ်လွတ်လပ်လပ်လေးနေချင်တယ် "

"နင် သူ့ကို မချစ်တော့ဘူးလား... င့ါကို အမှန်တိုင်းပြောစမ်းပါ Win...Karina ပြီးရင် နင်နဲ့ အရင်းနှီးဆုံးက ငါမို့လို့ လိမ်မယ်လို့မကြိုးစားနဲ့နော် ..."

"ငါမသိတော့ဘူး '

Winterရဲ့အဖြေကြောင့် Yizhuoမျက်မှောင်ကြုတ်သွားတယ်

"အရမ်းချစ်တဲ့လူတစ်​ယောက်အပေါ်ဘာလို့ ဂရုစိုက်နေရာက ရပ်မိသွားလည်း ဆိုတာ ငါ သူ့ကို ဂရုစိုက်ပါတယ် ဒါပေမယ့် ရုတ်တရက် သူ့ကိုမသိပြန်ဘူး ငါ သူ့ကိုကြောက်တယ် သူငါ့ကို ထိန်းချုပ်ထားတာတွေ နာကျင်အောင်လုပ်တာတွေကို မုန်းတယ်..."

"Karina ကတော့ နင့်ကိုချစ်ရှာပါတယ် ဂရုစိုက် "

"ဟင့်အင်း ငါ့ထက် အရေးပါတဲ့အရာတွေ အများကြီးပါ "

"မဟုတ်သေးဘူးလေ "

"သူရွေးချယ်တဲ့ ဘဝမျိုးမှာ ငါမနေနိုင်ဘူး Yizhuo...သူ ကတိပေးထားသလို ငါ့ကိုလွှတ်ပေးဖို့ မျှော်လင့်ရတာဘဲ "

Winterပြောရင်း ရုတ်တရက် Bruno Marsရဲ့ သီချင်းသံကြားလို့ ခံစားချက်တွေပြောင်းလဲသွားပြီး Yizhuoရဲ့ လက်ကိုကိုင်ကာ ကနေသည်

"ဘယ်သူသီချင်းဆိုချင်လည်း "

စင်ပေါ်က DJ လှမ်းမေးတဲ့အခါတွင် Winterမှာ လက်ထောင်လိုက်သည်

"ငါတို့ဆိုမယ် "

Winter သီချင်းမဆိုရတာကြာပြီလေ coffeeဆိုင်မှာ သီချင်းဆိုခဲ့ချိန်ကို Winter သတိရသည်

Winterရဲ့စကားကြောင့် Yizhoအပြင် Johnတို့ပါ လန့်သွားတယ်...

"Win ငါတို့ဆိုလို့မရဘူးလေ "

"နင်မဆိုချင်ဘူးဆို ငါတစ်ယောက်တည်းဆိုမယ် Yizhuo "

Winter ​ပြောပြီး စင်ပေါ်ကိုတက်သွားတယ်

Johnတို့မှာ တားချိန်တောင်မရပေ

"Ladiesတို့ ဘာသီချင်းဆိုမှာလည်း ...."

Winterလည်း သူမဆိုမယ့် သီချင်းကိုပြောတော့ Djမှာ သီချင်းဖွင့်ပေးလိုက်သည်

Yizhuoလည်း မသက်သာဘဲ Winterနဲ့အတူ စင်ပေါ်တွင် သီချင်းလိုက်ဆိုလေသည်

'Wow အရမ်းမိုက်တယ်ဗျာ ဒီLadiesတို့အတွက် လက်ခုပ်တီးပေးပါအုံး "

Djကပြောပြီး Winterကို ဖက်မယ်လုပ်တော့ Johnနဲ့ Mikeက စင်ပေါ်ကို တက်လာပြီး Winterတို့ကြားဝင်ရပ်သည်

"သူ့အသားကိုမထိနဲ့ "

Mikeတို့ကြောင့် Djမှာလန့်သွားတယ်

"wow မင်းမှာ လုံခြုံရေးတွေရှိတာဘဲ "

"သူတို့အပြုအမူအတွက် တောင်းပန်ပါတယ် ကျွန်မတို့ကို သီချင်းဆိုခွင့်ပေးလို့ ကျေးဇူးတင်ပါတယ် "

"ရပါတယ် မင်းတို့က တကယ်အရည်အချင်းရှိတာဘဲ "

Winterလည်း Djသမားကို နှုတ်ဆက်ပြီး စင်ပေါ်က ဆင်းလာသည်

"နင်တို့နှစ်ယောက် အရမ်းရိုင်းတာ​ဘဲ သူက ငါတို့ကိုခင်ချင်လို့ကို "

Winterမှာ စင်အောက်ကိုရောက်တော့ Mikeတို့ကို ဆူလေသည်

"သူ့ကိုထိခွင့်ပေးလိုက်ရင် ငါတို့ဘာဖြစ်မယ်ဆိုတာရော တွေးမိရဲ့လား..."

"စိတ်ပျ​က်စရာဘဲ "

Winterမှာ ပြောပြီးတစ်ဖက်ကို လှည့်ထွက်တော့ Johnကလှမ်းတားသည်

"ဘယ်သွားမလို့လည်း "

"အိမ်သာသွားမလို့ ဘာလည်း ငါ အိမ်သာသွားမယ့်အကြောင်းကိုလည်း နင်တို့ကို ကလေးတစ်ယောက်လို အစီအရင်ခံ ခွင့်တောင်းနေရမှာလား "

"အိမ်သာရှေ့ထိလိုက်ပို့ပေးမယ် "

"ထွက်ပြေးမှာမဟုတ်ပါဘူး Yizhuoကိုပါခေါ်သွားမှာမို့ မလိုက်ခဲ့နဲ့ "

"Win သူတို့က နင့်လုံခြုံရေးအတွက် စိတ်ပူလို့လေ Karinaမှာ ရန်သူတွေပေါတာ နင်သိရက်နဲ့ "

"တကယ်စိတ်ကုန်နေပြီ နင်တော့ ဒီလိုဘဝမှာ ဘယ်လိုနေနိုင်လည်း ငါမသိဘူး "

အိမ်သာကိုတွေ့တော့ Yizhoက အိမ်သာထဲဝင်သွားတယ်

Winter က ဘေစင်တွင် လက်ဆေးနေတုန်း အမျိုးသားတစ်ဦးက အိမ်သာထဲဝင်လာသည်

"ဒါက အမျိုးသမီး သန့်စင်ခန်းပါ "

Winter ပြောနေတုန်းရှိသေး ထိုအမျိုးသားဟာ Winterကို ဖမ်းချုပ်ပြီး မေ့ဆေးလိမ်းထားတဲ့ လက်ကိုင်ပုဝါနဲ့ Winter နှာခေါင်းကိုပိတ်လိုက်သည်

Winterမှာ ရုန်းကန်တိုက်ခိုက်ရင်း အမြင်တွေဝေဝါးလာပြီး လဲကျသွားတယ်

#tbc

#zawgyi

Taeyeonက Europeကို ျပန္ေတာ့မယ္လို႔ ေျပာေသာေၾကာင့္ Winter စိတ္မေကာင္းျဖစ္ေနတယ္...

Taeyeon ျပန္ေရာက္လာလို႔ စိတ္သက္ေတာင့္သက္သာေလး ျဖစ္ေနတုန္းရွိပါေသးတယ္ Taeyeonက ျပန္သြားေတာ့မယ္တဲ့

ဒါေၾကာင့္မို႔လို႔ Taeyeon မျပန္ခင္ သုံးေယာက္အတူ အခ်ိန္ကုန္ဆုံးဖို႔ Winterက ေတာင္းဆိုေတာ့ Karinaမွာ တြန့္ဆုတ္ေနေပမယ့္ အဲ့အရာက Winterကို ေပ်ာ္ေစေတာ့လည္း လက္ခံလိုက္ရသည္

"သိလား Win...Jiminကို ငါနဲ႕ အျပင္ထြက္ဖို႔ လာဘ္ထိုးဖူးတာေတာင္ တစ္ခါမွ ငါနဲ႕သူ လိုက္မလည္ဖူးဘူး အခုအေျခအေနႀကီးက ငါအိမ္မက္မက္ေနသလိုဘဲ "

Taeyeonရဲ႕စကားေၾကာင့္ Karinaမွာ Taeyeonရဲ႕ လက္ေမာင္းကို ျဖန္းခနဲရိုက္လိုက္သည္

Winterမွာ ေရခဲမုန့္စားရင္း ညီအမႏွစ္ေယာက္ကို ၾကည့္လိုက္သည္

"ငါ့အတြက္ အခ်ိန္ျဖဳန္းေနသလိုဘဲ "

Karinaက ေျပာရင္း သူမေဘာင္းဘီအိတ္ထဲက လက္ကိုင္ပုဝါကို ထုတ္ၿပီး Winter လက္ေပၚစီးက်ေနတဲ့ ေရခဲမုန့္အရည္ေတြကို သုတ္ေပးေနသည္

"အဲ့လိုမဟုတ္ပါဘူး မိသားစုနဲ႕ အတူရွိေနရတာ အေရးပါတယ္ေလ "

"ဟုတ္တယ္ တကယ္ အရမ္းအေရးပါတယ္ Jimin "

Winter ေျပာတာကို Taeyeonက ဝင္ေထာက္ခံလိုက္သည္

"ေပါက္ကရ ေျပာမေနနဲ႕ "

"အားး Baby Jiminေလးကို လြမ္းလိုက္တာ Jimin ငယ္ငယ္က အရမ္းခ်စ္ဖို႔ေကာင္းတာ ၿပီးေတာ့ သူက ငါ့ဆီက attention တအားလိုခ်င္ခဲ့တာေလ အခုေတာ့ အ႐ြယ္ေရာက္လာၿပီး ခ်စ္တတ္သြားေတာ့ နင့္ဆီက attention ဘဲ သူလိုခ်င္ေတာ့တယ္ "

"သူက စြဲလမ္းေနတာေလ "

"ဟုတ္တယ္ မင္းကို တို႔က စြဲလမ္းေနတာ "

Karina က မရွက္ဘဲ Winterေျပာတာကို ဝန္ခံလိုက္တယ္

"နင္တို႔ႏွစ္ေယာက္ ျပန္အဆင္ေျပသြားတာ ၾကည့္ၿပီး ဝမ္းသာလိုက္တာ "

"ညီမတို႔က အေပးအယူလုပ္ထားတာေလ..."

"ဘာမ်ားလည္း Win "

"ညီမတို႔ အခုလိုျဖစ္ေနတာကို ျပင္ဆင္ၾကည့္မလို႔...ႀကိဳးစားေနလို႔မွ အဆင္မေျပဘူးဆို သူက ညီမကို လႊတ္ေပးၿပီး ညီမကို ကိုယ့္ဘဝနဲ႕ကိုယ္ေနခိုင္းမယ္တဲ့ "

Karinaက Winterေျပာတဲ့ စကားကို နားေထာင္ရတာ မႀကိဳက္ေပ အထူးသျဖင့္ Winterကို လႊတ္ေပးရမယ္ဆိုတဲ့ စကားေတြနားေထာင္ရတာ သူမကို စိတ္တိုေစသည္ သို႔ေသာ္လည္း ကတိေပးထားေတာ့ေဒါသကိုထိန္းထားရသည္

"နားေထာင္ရတာေတာ့ မွ်တသားဘဲ "

Taeyeon ေျပာၿပီး Karinaကို လွမ္းၾကည့္သည္

Karina ကေတာ့ အံႀကိတ္ၿပီး တစ္ဖက္ကို လွည့္သြားတယ္

"ဒါေပါ့ တရားတာေပါ့ ညီမတို႔ ကတိေပးခဲ့ၾကၿပီး ကတိတည္ခဲ့ၾကတယ္ မဟုတ္လား "

"အင္းေလ တို႔ကတိတည္ေပးေနတာဘဲ မဟုတ္ဘူးလား..."

"နင္တို႔ သူ႕အလိုလို အဆင္ေျပေျပ ျဖစ္သြားၾကမွာပါ "

"မထင္ပါဘူး "

Taeyeonေျပာတာကို Winterကအေနာက္ကေနလိုက္ေျပာေတာ့ Karina လက္သီးဆုပ္လိုက္မိသည္

"Tae...တို႔ႏွစ္ေယာက္ကို ခဏထားသြားေပး "

Taeyeonမွာ ရယ္ခ်င္စိတ္ကို ထိန္းၿပီး Karinaကိုၾကည့္လိုက္သည္

ပုံမွန္ဆိုရင္ Taeyeonက Karina အမိန့္ေပးလို႔ရတဲ့လူေတြထဲမပါေပမယ့္ ယခု အေျခအေနအရမွာေတာ့ Taeyeon ေခါင္းညိတ္ၿပီး Winterကို ႏွစ္သိမ့္ေပးတဲ့အေနနဲ႕ ၿပဳံးျပကာ ထြက္သြားေလသည္

"ဘာ ဘာလည္း Karina "

Karina မွာ ပတ္ဝန္းက်င္ကို တစ္ခ်က္ၾကည့္ၿပီး Winter ထိုင္ခုံကို သူမနားသို႔ ေဆာင့္ဆြဲလိုက္သည္

"မင္း တို႔ကို ခဏခဏလာၿပီး စမ္းသပ္ကလိေနမယ္ဆိုရင္ တို႔ကတိတည္ဖို႔ ခက္လာလိမ့္မယ္ေနာ္ "

"Sorry..."

"တို႔က ကတိတည္ဖို႔ ႀကိဳးစားေနေပမယ့္ မင္းကေတာ့ ထြက္ေျပးေနတုန္းဘဲ..."

Karinaမွာ စိတ္ပ်က္တဲ့ေလသံနဲ႕ေျပာလိုက္သည္

Karina ေလသံက နာက်င္ေနတဲ့ေလသံမွန္းလည္း Winter သတိထားမိသည္

"ဘာလို႔ ထြက္ေျပးလည္းဆိုတာ နင္သိပါတယ္ Karina "

Winterေျပာၿပီး သူမလက္ကို ကိုင္ထားတဲ့ Karinaလက္ကို ဖယ္လိုက္သည္

"Minjeong "

"ငါ့ကို ကာကြယ္ေပးဖို႔ လုပ္ခဲ့တာဆိုတာ ငါသိတယ္ ဒါေပမယ့္ ဒါက... မဟုတ္ေသးဘူးေလ Karina နင္ငါ့အတြက္ေၾကာင့္ လူဘယ္ႏွေယာက္သတ္ခဲ့လည္း"

"ဒါက တို႔ဘဝဘဲေလ "

Karina သက္ျပင္းခ်လိဳက္သည္

"နင့္ဘဝမွာ ဒါမ်ိဳးျဖစ္ေနတာ ေနာင္တမရဘူးလား....ငါေတာ့ အဲ့လိုဘဝမ်ိဳးမွာ မေနနိုင္ဘူး "

Winterက ထိုင္ရာက ထေတာ့ Karinaက လွမ္းဆြဲသည္

"Minjeong ဘယ္သြားမလို႔လည္း "

"နင္နဲ႕ေဝးရာ ေျပးမလို႔ "

"လူအမ်ားႀကီးရွိတဲ့ေနရာမွာ ႐ုတ္႐ုတ္သဲသဲမျဖစ္ခ်င္ဘူး Minjeong...ၿငိမ္ၿငိမ္ေလးေနတာ မင္းအတြက္ ပိုေကာင္္းမယ္ေနာ္ တို႔မင္းကို အိမ္ျပန္ေရာက္တဲ့အခါ အျပစ္မေပးခ်င္ဘူး "

Karina ထရပ္ၿပီး Winterနားသို႔ကပ္ေျပာလိုက္သည္

"fuck you Karina "

"လူၾကားထဲမွာ မင္းနဲ႕တို႔ ရန္မျဖစ္ခ်င္ဘူး Minjeong ဒါေပမယ့္ မင္းကေတာ့ တို႔ကို ခဏခဏရန္စေနတာဘဲ"

"ငါ စိတ္တိုေနတယ္ေလ ၿပီးေတာ့ နင္က ငါ့ကိုအခုထိ အထက္စီးကေနေျပာေနတုန္းဘဲ "

"မင္းက အရင္ရန္စတာ မဟုတ္ဘူးလား "

"ငါနင္နဲ႕ စကားဆက္မေျပာခ်င္ေတာ့ဘူး Karina "

Winter ေျပာၿပီး Taeyeonဆီကို ထြက္သြားေလသည္

"အခ်စ္ငွက္ေလးေတြ ရန္ျဖစ္လို႔ၿပီးၿပီလား "

"ညီမတို႔က ရည္းစားေတြမဟုတ္ပါဘူးေနာ္ "

"ကိုယ္ ေနာက္မွ မင္းကိုဖုန္းျပန္ေခၚလိုက္မယ္ေနာ္ အခ်စ္...ခ်စ္တယ္ေနာ္ bye "

"အဲ့တာ Tiffany unnieလား "

Winter သိခ်င္စိတ္နဲ႕ ေမးလိုက္သည္

"ဟုတ္တယ္ "

"သူနဲ႕ေတြ႕ခ်င္လိုက္တာ ..."

"ဒါဆိုလည္း Europe မွာ ဆိုင္အသစ္ဖြင့္ရင္ Jiminနဲ႕အတူလာခဲ့ေလ ..."

Taeyeonစကားေၾကာင့္ Winterမွာ Karinaကို လွမ္းၾကည့္လိုက္ေပမယ့္ Karinaကေတာ့ မသိခ်င္ေယာင္ေဆာင္ေနသည္

"အဲ့တာဆို သူ ဒီကို မလာဘူးလား "

"သူက business womanေလ မအားဘူး Win "

"ဟူး "

"ကဲ အမျပန္ေတာ့မယ္ေနာ္ နင္တို႔ႏွစ္ေယာက္ အဆင္ေျပေအာင္ေနၾက "

Taeyeonမွာ ႏႈတ္ဆက္ၿပီး Winterကို ဖက္လိုက္သည္

ထို႔ေနာက္

"jimin လာပါအုံးဖက္ခ်င္လို႔ '

"အူေၾကာင္ေၾကာင္ေတြမလုပ္ပါနဲ႕ "

Karina က ျငင္းဆန္ေပမယ့္ Taeyeonမွာ Karinaကို ဆြဲဖက္သည္

"လိမ္လိမ္မာမာေန Winterကို ေပ်ာ္ေအာင္ထား သူနင့္ေဘးမွာဘဲ ေနခ်င္ေအာင္လုပ္"

"အင္းပါ စိတ္မပူပါနဲ႕ "

******

Karinaက အလုပ္မွာဘဲ အခ်ိန္ကုန္ေနတာကို Winter ေက်းဇူးတင္မိသည္

Karinaကို ညေနပိုင္းေလာက္မွေတြ႕ရေပမယ့္ တစ္ခါတစ္ေလဆို Karinaက အိမ္ကိုေတာင္ ေနာက္က်မွ မိုးလင္းခါနီးမွ ျပန္လာသည္

Winterဟာ အိမ္မွာေနရင္း ဒါမွမဟုတ္ Yizhuoနဲ႕ အျပင္ထြက္ရင္း အခ်ိန္ကုန္ဆုံးေလ့ရွိသည္

Wendyဆီ သြားလည္ခ်င္ေပမယ့္ Wendyကို ေနာက္ဆုံးေတြ႕ခဲ့တုန္းက သူမကို စိတ္တိုေနတာသိလို႔ Winter မသြားရဲေပ

Winter ထိုင္ေနရာကထၿပီး Johnတို႔ဆီကို ႏႈတ္ခမ္းေထာ္ကာသြားေလသည္

Johnမွာ သတိထားမိၿပီး

"ဘာျဖစ္လို႔လည္း တစ္ခုခုလိုလို႔လား

"ငါ ပ်င္းလို႔ေလ အဲ့တာ clubကိုလိုက္ပို႔ေပးလို႔ရလား "

"Karinaဆီ ဖုန္းဆက္ေမးေပးမယ္ ခဏ "

Johnမွာ သူ႕ေဘာင္းဘီအိတ္ထဲက ဖုန္းကိုထုတ္ယူလိုက္သည္

"သူ အားလုံးသိဖို႔ မလိုပါဘူးဟ သူ႕ကိုဖုန္းမဆက္နဲ႕ '

"နင့္ဆီက အမိန့္နားေထာင္တာ မဟုတ္ဘူး ..."

Johnမွာ ေျပာၿပီး Karinaဆီ ဖုန္းေခၚလိုက္သည္

ဖုန္းႏွစ္ခါေခၚၿပီးေနာက္ Karinaက ဖုန္းကိုင္သည္

"သူ အျပင္သြားခ်င္လို႔ပါတဲ့ "

Winterမွာ စိတ္ပ်က္ေနတဲ့ မ်က္ႏွာနဲ႕ Johnကိုၾကည့္လိုက္သည္

Johnမွာ သူမကို ဖုန္းေပးေတာ့ Winterလည္း ယူနားေထာင္လိုက္သည္

"hello "

"hello baby "

"အာ အင္း "

"မင္းကို တို႔ဖုန္းဝယ္ေပးထားတာဘဲ အဲ့ဖုန္းနဲ႕ တို႔ဆီ ဆက္သင့္တယ္ မဟုတ္လား..."

"ဟို အျပင္ထြက္ဖို႔ ခြင့္ျပဳခ်က္ ယူစရာမလိုေတာ့ဘူး ထင္လို႔ "

"မင္း ဘယ္ေတြသြားၿပီး ဘာေတြလုပ္မယ္ဆိုတာေတာ့ တို႔သိထားသင့္တယ္ထင္တာဘဲ "

"မလိုပါဘူး "

Winter စကားေၾကာင့္ တစ္ဖက္က တိတ္ဆိတ္သြားတယ္

'မင္း clubကို သြားခ်င္ရင္ သြားလို႔ရတယ္ အဲ့မွာ တို႔႐ုံးခန္းရွိတယ္ "

"ဟင့္အင္း အဲ့မသြားခ်င္ဘူး ငါက လူေတြကခုန္ေနတာကို လြတ္လြတ္လပ္လပ္ၾကည့္ခ်င္တာ "

"ဒါဆို တို႔ မင္းသြားမယ့္ေနရာလိုက္ခဲ့မယ္ "

"နင္က အလုပ္နဲ႕ေလ Yizhuoနဲ႕ဘဲ ငါသြားလိုက္ပါမယ္ "

Karinaဘက္က ထပ္ၿပီး တိတ္ဆိတ္သြားျပန္သည္

"ေကာင္းၿပီ Yizhuoနဲ႕သြား... Johnဆီ ဖုန္းျပန္ေပးလိုက္ ..."

Winterလည္း ဖုန္းကို Johnဆီသို႔ ျပန္ေပးလိုက္သည္ Johnမွာ Karinaေျပာသမွ်ကို နားေထာင္ေနသည္

***
Johnမွာ ကားေပၚတက္လာေတာ့ Winterက လွမ္းတားသည္

"Yizhuoနဲ႕ ငါတစ္စီးသြားမယ္ေလ "

"Karinaက မင္းကို မ်က္စိေအာက္က အေပ်ာက္မခံဖို႔ မွာထားလို႔ တစ္စီးတည္းစီးမွျဖစ္ပါမယ္ "

Winterလည္း ဆက္မျငင္းေတာ့ဘဲ Johnကို သူ႕ေဘးနားထိုင္ခြင့္ျပဳလိုက္သည္

ထို႔ေနာက္ Yizhuoကို သြားေခၚၿပီး Winter သြားခ်င္တဲ့ ကလပ္ကို Johnမွာ Mikeနဲ႕အတူ လိုက္ရေလသည္ ....

Clubတြင္ ကခုန္ေနတဲ့ လူအုပ္ႀကီးကို Winter ရပ္ၾကည့္ေနတယ္

"Karinaနဲ႕အဆင္ေျပလား "

"Yizhuo...ငါ လြတ္လြတ္လပ္လပ္ေလးေနခ်င္တယ္ "

"နင္ သူ႕ကို မခ်စ္ေတာ့ဘူးလား... င့ါကို အမွန္တိုင္းေျပာစမ္းပါ Win...Karina ၿပီးရင္ နင္နဲ႕ အရင္းႏွီးဆုံးက ငါမို႔လို႔ လိမ္မယ္လို႔မႀကိဳးစားနဲ႕ေနာ္ ..."

"ငါမသိေတာ့ဘူး '

Winterရဲ႕အေျဖေၾကာင့္ Yizhuoမ်က္ေမွာင္ၾကဳတ္သြားတယ္

"အရမ္းခ်စ္တဲ့လူတစ္ေယာက္အေပၚဘာလို႔ ဂ႐ုစိုက္ေနရာက ရပ္မိသြားလည္း ဆိုတာ ငါ သူ႕ကို ဂ႐ုစိုက္ပါတယ္ ဒါေပမယ့္ ႐ုတ္တရက္ သူ႕ကိုမသိျပန္ဘူး ငါ သူ႕ကိုေၾကာက္တယ္ သူငါ့ကို ထိန္းခ်ဳပ္ထားတာေတြ နာက်င္ေအာင္လုပ္တာေတြကို မုန္းတယ္..."

"Karina ကေတာ့ နင့္ကိုခ်စ္ရွာပါတယ္ ဂ႐ုစိုက္ "

"ဟင့္အင္း ငါ့ထက္ အေရးပါတဲ့အရာေတြ အမ်ားႀကီးပါ "

"မဟုတ္ေသးဘူးေလ "

"သူေ႐ြးခ်ယ္တဲ့ ဘဝမ်ိဳးမွာ ငါမေနနိုင္ဘူး Yizhuo...သူ ကတိေပးထားသလို ငါ့ကိုလႊတ္ေပးဖို႔ ေမွ်ာ္လင့္ရတာဘဲ "

Winterေျပာရင္း ႐ုတ္တရက္ Bruno Marsရဲ႕ သီခ်င္းသံၾကားလို႔ ခံစားခ်က္ေတြေျပာင္းလဲသြားၿပီး Yizhuoရဲ႕ လက္ကိုကိုင္ကာ ကေနသည္

"ဘယ္သူသီခ်င္းဆိုခ်င္လည္း "

စင္ေပၚက DJ လွမ္းေမးတဲ့အခါတြင္ Winterမွာ လက္ေထာင္လိုက္သည္

"ငါတို႔ဆိုမယ္ "

Winter သီခ်င္းမဆိုရတာၾကာၿပီေလ coffeeဆိုင္မွာ သီခ်င္းဆိုခဲ့ခ်ိန္ကို Winter သတိရသည္

Winterရဲ႕စကားေၾကာင့္ Yizhoအျပင္ Johnတို႔ပါ လန့္သြားတယ္...

"Win ငါတို႔ဆိုလို႔မရဘူးေလ "

"နင္မဆိုခ်င္ဘူးဆို ငါတစ္ေယာက္တည္းဆိုမယ္ Yizhuo "

Winter ေျပာၿပီး စင္ေပၚကိုတက္သြားတယ္

Johnတို႔မွာ တားခ်ိန္ေတာင္မရေပ

"Ladiesတို႔ ဘာသီခ်င္းဆိုမွာလည္း ...."

Winterလည္း သူမဆိုမယ့္ သီခ်င္းကိုေျပာေတာ့ Djမွာ သီခ်င္းဖြင့္ေပးလိုက္သည္

Yizhuoလည္း မသက္သာဘဲ Winterနဲ႕အတူ စင္ေပၚတြင္ သီခ်င္းလိုက္ဆိုေလသည္

'Wow အရမ္းမိုက္တယ္ဗ်ာ ဒီLadiesတို႔အတြက္ လက္ခုပ္တီးေပးပါအုံး "

Djကေျပာၿပီး Winterကို ဖက္မယ္လုပ္ေတာ့ Johnနဲ႕ Mikeက စင္ေပၚကို တက္လာၿပီး Winterတို႔ၾကားဝင္ရပ္သည္

"သူ႕အသားကိုမထိနဲ႕ "

Mikeတို႔ေၾကာင့္ Djမွာလန့္သြားတယ္

"wow မင္းမွာ လုံၿခဳံေရးေတြရွိတာဘဲ "

"သူတို႔အျပဳအမူအတြက္ ေတာင္းပန္ပါတယ္ ကြၽန္မတို႔ကို သီခ်င္းဆိုခြင့္ေပးလို႔ ေက်းဇူးတင္ပါတယ္ "

"ရပါတယ္ မင္းတို႔က တကယ္အရည္အခ်င္းရွိတာဘဲ "

Winterလည္း Djသမားကို ႏႈတ္ဆက္ၿပီး စင္ေပၚက ဆင္းလာသည္

"နင္တို႔ႏွစ္ေယာက္ အရမ္းရိုင္းတာဘဲ သူက ငါတို႔ကိုခင္ခ်င္လို႔ကို "

Winterမွာ စင္ေအာက္ကိုေရာက္ေတာ့ Mikeတို႔ကို ဆူေလသည္

"သူ႕ကိုထိခြင့္ေပးလိုက္ရင္ ငါတို႔ဘာျဖစ္မယ္ဆိုတာေရာ ေတြးမိရဲ႕လား..."

"စိတ္ပ်က္စရာဘဲ "

Winterမွာ ေျပာၿပီးတစ္ဖက္ကို လွည့္ထြက္ေတာ့ Johnကလွမ္းတားသည္

"ဘယ္သြားမလို႔လည္း "

"အိမ္သာသြားမလို႔ ဘာလည္း ငါ အိမ္သာသြားမယ့္အေၾကာင္းကိုလည္း နင္တို႔ကို ကေလးတစ္ေယာက္လို အစီအရင္ခံ ခြင့္ေတာင္းေနရမွာလား "

"အိမ္သာေရွ႕ထိလိုက္ပို႔ေပးမယ္ "

"ထြက္ေျပးမွာမဟုတ္ပါဘူး Yizhuoကိုပါေခၚသြားမွာမို႔ မလိုက္ခဲ့နဲ႕ "

"Win သူတို႔က နင့္လုံၿခဳံေရးအတြက္ စိတ္ပူလို႔ေလ Karinaမွာ ရန္သူေတြေပါတာ နင္သိရက္နဲ႕ "

"တကယ္စိတ္ကုန္ေနၿပီ နင္ေတာ့ ဒီလိုဘဝမွာ ဘယ္လိုေနနိုင္လည္း ငါမသိဘူး "

အိမ္သာကိုေတြ႕ေတာ့ Yizhoက အိမ္သာထဲဝင္သြားတယ္

Winter က ေဘစင္တြင္ လက္ေဆးေနတုန္း အမ်ိဳးသားတစ္ဦးက အိမ္သာထဲဝင္လာသည္

"ဒါက အမ်ိဳးသမီး သန႔္စင္ခန္းပါ "

Winter ေျပာေနတုန္းရွိေသး ထိုအမ်ိဳးသားဟာ Winterကို ဖမ္းခ်ဳပ္ၿပီး ေမ့ေဆးလိမ္းထားတဲ့ လက္ကိုင္ပုဝါနဲ႕ Winter ႏွာေခါင္းကိုပိတ္လိုက္သည္

Winterမွာ ႐ုန္းကန္တိုက္ခိုက္ရင္း အျမင္ေတြေဝဝါးလာၿပီး လဲက်သြားတယ္

#tbc

Bạn đang đọc truyện trên: Truyen3h.Co