Truyen3h.Co

Mine

Part 11

KimFany059


#unicode

"ဒီနေ့ Taeyeonကို တွေ့လို့ရလား "

Winter မနက်စာစားရင်း Karinaကို မေးလိုက်သည်

သူမပိုင်တဲ့ဘဝမှာတောင် Karinaကို ခွင့်တောင်းနေရလို့ Winter သိပ်တော့ မကျေနပ်ပေ ဒါကြောင့် Karinaကို တစ်ချက်တောင်မကြည့်ဘဲ စားစရာကိုဘဲ အာရုံစိုက်နေသည်

Karinaဆီက အဖြေပြန်မရလို့ Winter မော့ကြည့်တော့ Karinaက သူမကို စိုက်ကြည့်နေတယ်

"သူ အလုပ်များနေတယ် "

Winter စိတ်ပျက်မှုနဲ့အတူ မျက်မှောင်ကြုတ်လိုက်မိတယ်

Winter သက်ပြင်းချပြီး ခက်ရင်းကို စားပွဲခုံပေါ်တင်လိုက်သည်

"မင်းသိလား တို့အမကို မင်း အရမ်းချစ်ပြနေတာကို တို့ အရမ်းမုန်းတယ် မင်းစိတ်ထဲ မင်းနှလုံးသားထဲ သူနေရာယူနေတာကို တို့မကြိုက်ဘူး "

"သူက ငါ့အတွက် အမတစ်ယောက်လိုဘဲလေ "

Winter ပြောလိုက်တဲ့စကားက Karina သဝန်တိုမှုကို လျော့ကျစေလားဆိုတာတော့ မသိပေ

"မင်းက သူ့ကိုတွေ့နေရရင် အရမ်းပျော်တာလေ "

"ဒါဆို ငါက နင့်ဆီ လက်မောင်းဆန့်တန်းပြီး ပြေးလာမယ်ထင်နေတာလား နင် ဘာတွေမျှော်လင့်နေတာလည်း Karina "

"ဒါဆို မင်း တို့ဆီက မျှော်လင့်နေတာတွေကလည်း မတရားဘူးနော် "

"မတရားဘူး ဟုတ်လား ပုံမှန်ဘဝလေး လိုချင်တာ မတရားတာလား ငါဖြစ်ချင်တာလေး လုပ်ပေးဖို့ နင့်ဆီက မျှော်လင့်မိတာ ဘာများမှားလို့လည်း "

Winter ပြောပြီး ထရပ်ကာ  သူမနဲ့ မျက်နှာချင်းဆိုင်က Karinaကို လှမ်းကြည့်လိုက်သည်

"ဟုတ်တယ် Karina ငါ နင့်ကို ချစ်ခဲ့ပါတယ် နင်က ငါ့ရဲ့ ပထမဆုံးအချစ် ဖြစ်ခဲ့သလို နောက်ဆုံး အချစ်ဖြစ်နေမယ်လို့ တွေးခဲ့ဖူးတယ် ဒါပေမယ့် အားလုံးက ပြောင်းလဲသွားတယ် နင်ကလည်း အထိန်းအချုပ်မဲ့နေပြီ "

"တို့က ဒီအတွက် မွေးဖွားလာတာလေ Minjeong ...မိသားစုလုပ်ငန်းလုပ်နေတဲ့ တို့ကို ဘာလုပ်ဖို့ မင်း မျှော်လင့်နေတာလည်း "

"သွေးတွေဖုံးလွှမ်းထဲထိ လူတွေကို အရေခွံစုတ်ပြီး သတ်တာလား ဘယ်လိုမိသားစု လုပ်ငန်းလည်း ဟမ် "

"မင်း ဒါတွေနားမလည်ပါဘူး Minjeong "

"နားလည်းမလည်ချင်ပါဘူး အဲ့ဒါကြောင့် ငါထွက်ချင်တာ Karina "

"Minjeong "

"နင် အခုထိ စိတ်မကုန်သေးဘူးလား ဒါမျိုးက နင်လိုချင်တာလား ဖြစ်ချင်တာလား ငါတို့ တစ်ယောက်ကိုတစ်ယောက် မုန်းနေတာမျိုးလေ အချိန်တိုင်း စက္ကန့်တိုင်း ရန်ဖြစ်နေရတဲ့အချစ်မျိုး နင်လိုချင်တာလား..."

"တို့နှစ်ယောက် ရှိတာကို လိုချင်တာ မင်းကို လိုချင်တာ Minjeong "

"ငါက ငါဘဲ Karina နင်က ငါ့ရဲ့ ဘယ်လိုပုံစံလိုချင်တာလည်း မသိပေမယ့် ငါက.. .နင်အရူးလုပ်လို့ရမယ့် နင်လုပ်သမျှ မသိတဲ့ Minjeongက မရှိတော့ဘူး "

"Minjeong မင်းကိုချစ်တဲ့ တို့အချစ်တွေကို အတုအယောင်လို့ထင်နေတာလား တို့က အတုအယောင်စကားတွေ ပြောပြီး မင်းကို အရူးလုပ်ခဲ့တယ်လို့ ထင်နေတာလား..."

"နင် ငါ့ကို ဖုံးကွယ်ထားတာ အများကြီးဘဲလေ Karina "

"အဲ့တာ မင်းအတွက်လေ မင်းကိုချစ်လို့ မင်းကို ကာကွယ်ပေးချင်လို့ ဖုံးကွယ်ခဲ့တာ "

"ငါ Taeyeonကို တွေ့ချင်တယ် "

"ကောင်းပြီ သူ့အိမ်လိုက်ပို့ပေးမယ် "

Karina မျက်လုံးကိုမှိတ်ပြီး သက်ပြင်းချကာ ပြောလိုက်သည်

ထို့နောက် စားပွဲကထရပ်ပြီး Karina မွာ Winterကို ကြည့်လိုက်သည်

"မင်း သိလား Minjeong မင်းကို ချစ်တဲ့ တို့အချစ်တွေက အမြဲစစ်မှန်ခဲ့တယ် မင်းချစ်ခဲ့တဲ့အမျိုးသမီး Jiminက တို့ပါဘဲ Minjeong တို့ပါဘဲ...မင်း မြင်ခဲ့ရတဲ့ စိတ်တိုပြီး တိရစ္ဆာန် တစ်ကောင်လို အရိုင်းဆန်နေတာ မင်းမရှိတဲ့ တို့ပါ Minjeong တို့ မင်းကို လိုအပ်တယ် "

"Karina နင့်ရှေ့မှာ ငါရပ်နေတာတောင် နင်အဲ့လိုအရိုင်းဆန်နေတုန်းပါဘဲ ပြီးတော့  နင်လုပ်နေတဲ့ အလုပ်တွေက အန္တရာယ်များပြီး အစိုးရနဲ့ဆန့်ကျင်နေတုန်းပါဘဲ "

"မင်း ဒီမှာမရှိသလို ခံစားရတယ် Minjeong..မင်းကို မြင်နေရပေမယ့် မင်းအသံကြားနေရပေမယ့် မင်းက တို့ဆီကနေ ထွက်ပြေးနေတုန်းဘဲ "

"အဲ့လိုဖြစ်အောင် နင်ကိုယ်တိုင်ဘဲ လုပ်ခဲ့တာ ..ဒီလို ပုံစံနဲ့ ငါတို့က တစ်ယောက်အတွက်တစ်ယောက်တည်ရှိနေတယ်လို့ နင်ဘယ်လိုများတွေးနိုင်လည်း ငါတို့က မတူဘူး ကွဲပြားတယ် "

Winter ပြောပြီး ထမင်းစားခန်းကနေ ထွက်သွားသည်

Winterမှာ မှန်ထဲက သူမကို ခေါင်းဖြီးပေးနေတဲ့ Karinaကို ကြည့်ပြီး သဘောကျလို့ တခစ်ခစ်နဲ့ရယ်နေသည်

"အချစ်ရယ် ငါ့ဆံပင်ကိုဖြီးတာထက် လုပ်စရာအလုပ်မရှိဘူးလား "

"မရှိပါဘူး တို့မင်းကို ဂရုစိုက်ပြီး ချစ်နေရတာနဲ့ မအားဘူး "

Winterရဲ့ ပါးဖောင်းဖောင်းလေးကို Karina ဆွဲညှစ်ပြီး ပြောလိုက်သည်

Winterနဲ့စကားပြောနေရင်း Winter အပြုံးတွေက ရုတ်တရက် ပျောက်ကွယ်သွားတာကို Karina သတိထားမိသွားတယ်

"Baby ဘာဖြစ်လို့လည်း "

"ငါတို့ အသက်ကြီးလာတဲ့အထိ အခုလို အတူရှိနေမယ်ထင်လား Jimin "

"တို့ သေသွားတဲ့အထိ မင်းအနားမှာ ရှိနေမှာ Minjeong "

"ကမ္ဘာကြီးက ငါတို့ကို အတူရှိနေဖို့ ခွင့်မပြုဘူးဆိုရင်ရော "

"ကမ္ဘာကြီးကို မီးရှို့ပစ်မယ်...ဘယ်သူမှတို့နှစ်ယောက်ကို ခွဲလို့မရဘူး မင်းက တို့အပိုင်ဘဲ Minjeong "

"ငါ့ကို ချစ်လား Jimin "

"တို့အသက်ထက်ပိုပြီး မင်းကို ချစ်တယ် Kim Minjeong "

"ငါလည်း နင့်ကိုချစ်တယ်် Yu Jimin "

Winter ပြောပြီး Karinaရဲ့ နှုတ်ခမ်းလေးကို နမ်းလိုက်သည်

End of Flashback

"Unnie "

Winterမျာ Karinaရဲ့ ကားပေါ်က ဆင်းပြီး အိမ်ရှေ့ထွက်စောင့်နေတဲ့ Taeyeonကို ပြေးဖက်လေသည်

Karinaမှာ သဝန်တိုနေပေမယ့်လည်း အမဖြစ်နေတော့ စိတ်ကိုထိန်းထားရသည်

"ငါ့ကို လွမ်းနေတာလား

Taeyeonမှာ Winterရဲ့ ဆံပင်တွေကို လက်နဲ့ဖွပေးရင်း မေးလိုက်သည်

"တို့ အလုပ်သွားတော့မယ် Minjeong "

Karina က ပြောတော့ Winterမွာ Taeyeonကို ဖက်ထားရင်း ခေါင်းညိတ်ပြသည်

"တို့ဆီလာပါအုံး "

Karinaမွာ Winter သူမကို လာဖက်ဖို့ လက်နှစ်ဖက်ကို ဆန့်တန်းလိုက်သည်

"ကဲ ငါ့ညီမကို သွားနမ်းလိုက်ပါအုံး Winter သူ နင့်ဆီက အနမ်းမရမချင်း အလုပ်သွားမှာ မဟုတ်ဘူး "

Taeyeon ရယ်ပြီး Winterကို လွှတ်ပေးလိုက်သည် ထို့နောက် ရှောင်ပေးတဲ့အနေနဲ့ အိမ်ထဲကို ဝင်သွားလိုက်သည်

Winterလည်း Karinaကို သွားဖက်တော့ Karinaမွာ Winterရဲ့ နဖူးကိုနမ်းလိုက်သည်

"johnက ဒီမှာစောင့်ပေးလိမ့်မယ် တစ်ခုခုဆို တို့ဆီ ဖုန်းဆက်လိုက် Minjeong တို့သွားတော့မယ် ချစ်တယ်နော် "

Karinaကပြောတော့ Winterက ခေါင်းညိတ်ပြတယ် ပြီးတော့ Taeyeonရဲ့ အိမ်ထဲ ဝင်သွားလိုက်သည်

ပြတင်းပေါက်ကနေ Karina ကား ထွက်သွားတဲ့အထိ Winter ကြည့်နေမိသည်

"နင်က သူ့ကိုစိတ်ဆိုးနေရုံပါ... တကယ်တော့ နင်ငါ့ညီမလေးကို ချစ်နေတုန်းပါဘဲ"

"လူတွေက အဲ့လိုပြောနေကြတာပါဘဲ "

"ငါပြောတာမှားလို့လား "

"စိတ်တိုတယ် သူ့ကိုအရမ်းစိတ်တိုတာ..."

"နင့်ကို နာကျင်အောင် ညီမလေးက လုပ်ခဲ့ပေမယ့် အဲ့တာ နင့်ကိုကာကွယ်ဖို့ လုပ်ခဲ့တာပါ သူလုပ်သမျှ မှန်တယ်လို့ မပြောလိုပေမယ့် နင် သူ့ကိုနည်းနည်းလေးလောက် နားလည်ပေးမယ်လို့ မျှော်လင့်မိတယ် "

"ဒါဆို ညီမဘာလုပ်ရမလည်း သူ့ကို ခွင့်လွှတ်ပေးရမှာလား..."

"သူ့ကို ခွင့်လွှတ်ပေးရမလား ဘာလားဆိုတာ နင့်အပေါ်မှာဘဲ မူတည်ပါတယ် "

"သူ ဘာလို့အဲ့အလုပ်တွေလုပ်နေရတာလည်း "

"ငါတို့မိဘတွေကြောင့်ပေါ့ သူတို့က Jiminအပေါ်ဆို အရမ်းရက်စက်တာ... ငါတောင်... ဒီ underwold အလုပ်ကို အဲ့လိုအလုပ်တွေမလုပ်ချင်လို့ ဒီမှာနေမယ့်အစား Europeမှာ လုပ်ငန်းတွေတိုးပွားအောင်လုပ်ပါမယ်ဆိုပြီး အပေးအယူလုပ် ထွက်လာခဲ့တာ "

Taeyeonရဲ့ စကားကြောင့် Winter မျက်မှောင်ကြုတ်သွားတယ်

"Jiminက Europeသွားမယ်လို့ သူလည်းမနေချင်ဘူးလို့ တစ်ခွန်းမှ မပြောခဲ့ဘူး အဲ့တာ နင့်ကြောင့် Minjeong နင့်ကိုတစ်ယောက်တည်း မထားခဲ့နိုင်လို့ သူနေခဲ့တာ

"သူအခုလို ဖြစ်နေတာ ညီမအပြစ်လို့ ပြောချင်တာလား.."

"ဘယ်သူ့ကိုမှ အပြစ်တင်နေတာမဟုတ်ဘူးလေ Winter...Jiminက နင်နဲ့အတူနေဖို့ ရွေးချယ်ခဲ့တာက နင့်ကိုဘယ်လောက်ချစ်လည်းဆိုတာ သိစေချင်တာ  "

".."

"ပြီးတော့ Winter နင်နဲ့ သူကလိုက်ဖက်တယ်"

"ဒါတွေချည်းကြားနေရတာ စိတ်ကုန်လာပြီ "

"ငါတင်မဟုတ်ဘူး လူတိုင်းက နင်တို့ကိုလိုက်ဖက်တယ်ထင်ကြတယ် တွေ့လား..."

"soulmateတွေ ကံကြမ္မာဆိုတာတွေကို ညီမမယုံဘူး ..."

"soulmate တွေ ကံကြမ္မာတွေအကြောင်း ပြောနေတာ မဟုတ်ဘူးလေ.... .."

*********

"တို့အမနဲ့ အချိန်ဖြုန်းခဲ့တာ ဘယ်လိုလည်း "

"သက်တောင့်သက်သာဖြစ်စေတယ် ငါသဘောကျတယ်...'

Winterပြောရင်း Karinaက ရုတ်တရက် သူမပေါင်ကိုလာကိုင်လို့ လန့်သွားတယ်

"Ka..Karina..."

"ခဏပါဘဲ အချစ်ကလေး....ခဏဘဲ ကိုင်ထားခွင့်ပေး... "

"Karina..."

"တို့ ကြိုးစားနေတယ်...Minjeong"

"သိပါတယ် "

"တို့ မင်းကိုချစ်တယ် တို့အသက်ထက် မင်းကိုပိုချစ်တယ် "

"သိပါတယ်"

"တို့ကို တစ်ခါလောက်ဘဲ အခွင့်အရေးထပ်ပေးလို့ မရဘူးလား "

"အခွင့်အရေးထပ်ပေးပြီး အလုပ်မဖြစ်ရင်ရော နင်ငါ့ကိုထပ်ပြီး အကျဉ်းချထားအုံးမှာလား "

Karinaမှာ Winterမေးတာကို မဖြေဘဲ တိတ်ဆိတ်နေသည်

"Karina နင်အတင်းဖိအားပေးလို့မရဘူးနော် "

"မင်းလည်း ထပ်မငြင်းပါနဲ့တော့ "

Winterမှာ ဘာမှထပ်မပြောဘဲဲ ငြိမ်သွားတယ်

"ဒါဆို တို့ကိုအခွင့်အရေးထပ်ပေးတယ်လို့ ယူဆလို့ရလား Minjeong"

"စည်းကမ်းသတ်မှတ်ထားရမယ်... နင်ငါ့ကို နာကျင်အောင် မလုပ်ရဘူး နင့်တပည့်တွေကို အမိန့်ပေးသလို ငါ့ကို အမိန့်မပေးရဘူး "

"ဟုတ်ပြီ "

"ငါ့မိသားစု ငါချစ်ရသူတွေကိုလည်း ဒုက္ခမပေးရဘူး နင်လိုချင်တာရဖို့ အသုံးမချရဘူး ငါ့ကို လွတ်လပ်ခွင့်ပေး အိမ်ထဲမှာဘဲ ငါမနေချင်ဘူး "

"ဒါက မင်းကိုကာကွယ်ဖို့လေ "

"အကြောင်းပြချက်တွေ မလိုချင်ဘူး "

"ကောင်းပြီ မင်းကိုလွတ်လပ်ခွင့်ပေးမယ် ဒါပေမယ့် မင်းဘေးကို Johnတို့ကိုထားပေးမယ် "

"ဒါက "

"ဒါကတော့ ညှိနှိုင်းမှုထဲ မပါဘူး Minjeong မင်း လုံခြုံရေးအတွက်..."

"ကောင်းပြီ အချိန်ပါသတ်မှတ်ရမယ်....အဲ့အချိန်အတွင်း အလုပ်မဖြစ်ရင် ငါပြန်သွားမှာ "

"ချီး "

"ဟော နင်ဆဲနေတာလား "

"မဟုတ်ပါဘူး ဒါဆို လေးနှစ်အချိန်ပေး "

"များလွန်းတယ် "

"မများဘူးလေ မင်း တို့ဆီက ထြက္သြားတာ လေးနှစ်တောင်ကြာတယ် "

"လေးလ..."

"သုံးနှစ်ဟာ အဲ့တာဆို "

"ခြောက်လ "

"နှစ်နှစ် "

"ငါးလ "

"တစ်နှစ် "

"ဟုတ်ပြီ တစ်နှစ်နော် Karina "

"လေးနှစ် "

"မရဘူး Karina တစ်နှစ်ဘဲ နင်ပြောတဲ့ တစ်နှစ်ကိုဘဲ ငါအတည်ယူမှာ "

နောက်ဆုံးတော့ Karinaလည်း Winterကို အလျော့ပေးလိုက်သည်

"ကောင်းပြီ... "

"တစ်နှစ်အတွင်း အလုပ်မဖြစ်ရင် ငါပြန်မယ် နင်ငါ့ကိုလိုက်မနှောင့်ယှက်ဘဲ အေးဆေးနေပါမယ်လို့ ကတိပေး "

"ကောင်းပြီ တို့ ကတိပေးတယ် Minjeong မင်းလည်း ဒီလွတ်လပ်ခွင့်ပေးတဲ့ အချိန်မှာ ထွက်မပြေးပါဘူးလို့ ကတိပေး "

"ကတိပေးတယ် "

Winterနဲ့ Karinaလည်း လက်သန်းချင်းချိတ်ပြီး ကတိပေးလိုက်သည်

#tbc

#zawgyi

"ဒီေန႕ Taeyeonကို ေတြ႕လို႔ရလား "

Winter မနက္စာစားရင္း Karinaကို ေမးလိုက္သည္

သူမပိုင္တဲ့ဘဝမွာေတာင္ Karinaကို ခြင့္ေတာင္းေနရလို႔ Winter သိပ္ေတာ့ မေက်နပ္ေပ ဒါေၾကာင့္ Karinaကို တစ္ခ်က္ေတာင္မၾကည့္ဘဲ စားစရာကိုဘဲ အာ႐ုံစိုက္ေနသည္

Karinaဆီက အေျဖျပန္မရလို႔ Winter ေမာ့ၾကည့္ေတာ့ Karinaက သူမကို စိုက္ၾကည့္ေနတယ္

"သူ အလုပ္မ်ားေနတယ္ "

Winter စိတ္ပ်က္မႈနဲ႕အတူ မ်က္ေမွာင္ၾကဳတ္လိုက္မိတယ္

Winter သက္ျပင္းခ်ၿပီး ခက္ရင္းကို စားပြဲခုံေပၚတင္လိုက္သည္

"မင္းသိလား တို႔အမကို မင္း အရမ္းခ်စ္ျပေနတာကို တို႔ အရမ္းမုန္းတယ္ မင္းစိတ္ထဲ မင္းႏွလုံးသားထဲ သူေနရာယူေနတာကို တို႔မႀကိဳက္ဘူး "

"သူက ငါ့အတြက္ အမတစ္ေယာက္လိုဘဲေလ "

Winter ေျပာလိုက္တဲ့စကားက Karina သဝန္တိုမႈကို ေလ်ာ့က်ေစလားဆိုတာေတာ့ မသိေပ

"မင္းက သူ႕ကိုေတြ႕ေနရရင္ အရမ္းေပ်ာ္တာေလ "

"ဒါဆို ငါက နင့္ဆီ လက္ေမာင္းဆန့္တန္းၿပီး ေျပးလာမယ္ထင္ေနတာလား နင္ ဘာေတြေမွ်ာ္လင့္ေနတာလည္း Karina "

"ဒါဆို မင္း တို႔ဆီက ေမွ်ာ္လင့္ေနတာေတြကလည္း မတရားဘူးေနာ္ "

"မတရားဘူး ဟုတ္လား ပုံမွန္ဘဝေလး လိုခ်င္တာ မတရားတာလား ငါျဖစ္ခ်င္တာေလး လုပ္ေပးဖို႔ နင့္ဆီက ေမွ်ာ္လင့္မိတာ ဘာမ်ားမွားလို႔လည္း "

Winter ေျပာၿပီး ထရပ္ကာ သူမနဲ႕ မ်က္ႏွာခ်င္းဆိုင္က Karinaကို လွမ္းၾကည့္လိုက္သည္

"ဟုတ္တယ္ Karina ငါ နင့္ကို ခ်စ္ခဲ့ပါတယ္ နင္က ငါ့ရဲ႕ ပထမဆုံးအခ်စ္ ျဖစ္ခဲ့သလို ေနာက္ဆုံး အခ်စ္ျဖစ္ေနမယ္လို႔ ေတြးခဲ့ဖူးတယ္ ဒါေပမယ့္ အားလုံးက ေျပာင္းလဲသြားတယ္ နင္ကလည္း အထိန္းအခ်ဳပ္မဲ့ေနၿပီ "

"တို႔က ဒီအတြက္ ေမြးဖြားလာတာေလ Minjeong ...မိသားစုလုပ္ငန္းလုပ္ေနတဲ့ တို႔ကို ဘာလုပ္ဖို႔ မင္း ေမွ်ာ္လင့္ေနတာလည္း "

"ေသြးေတြဖုံးလႊမ္းထဲထိ လူေတြကို အေရခြံစုတ္ၿပီး သတ္တာလား ဘယ္လိုမိသားစု လုပ္ငန္းလည္း ဟမ္ "

"မင္း ဒါေတြနားမလည္ပါဘူး Minjeong "

"နားလည္းမလည္ခ်င္ပါဘူး အဲ့ဒါေၾကာင့္ ငါထြက္ခ် င္တာ Karina "

"Minjeong "

"နင္ အခုထိ စိတ္မကုန္ေသးဘူးလား ဒါမ်ိဳးက နင္လိုခ်င္တာလား ျဖစ္ခ်င္တာလား ငါတို႔ တစ္ေယာက္ကိုတစ္ေယာက္ မုန္းေနတာမ်ိဳးေလ အခ်ိန္တိုင္း စကၠန့္တိုင္း ရန္ျဖစ္ေနရတဲ့အခ်စ္မ်ိဳး နင္လိုခ်င္တာလား..."

"တို႔ႏွစ္ေယာက္ ရွိတာကို လိုခ်င္တာ မင္းကို လိုခ်င္တာ Minjeong "

"ငါက ငါဘဲ Karina နင္က ငါ့ရဲ႕ ဘယ္လိုပုံစံလိုခ်င္တာလည္း မသိေပမယ့္ ငါက.. .နင္အ႐ူးလုပ္လို႔ရမယ့္ နင္လုပ္သမွ် မသိတဲ့ Minjeongက မရွိေတာ့ဘူး "
"Minjeong မင္းကိုခ်စ္တဲ့ တို႔အခ်စ္ေတြကို အတုအေယာင္လို႔ထင္ေနတာလား တို႔က အတုအေယာင္စကားေတြ ေျပာၿပီး မင္းကို အ႐ူးလုပ္ခဲ့တယ္လို႔ ထင္ေနတာလား..."

"နင္ ငါ့ကို ဖုံးကြယ္ထားတာ အမ်ားႀကီးဘဲေလ Karina "

"အဲ့တာ မင္းအတြက္ေလ မင္းကိုခ်စ္လို႔ မင္းကို ကာကြယ္ေပးခ်င္လို႔ ဖုံးကြယ္ခဲ့တာ "

"ငါ Taeyeonကို ေတြ႕ခ်င္တယ္ "

"ေကာင္းၿပီ သူ႕အိမ္လိုက္ပို႔ေပးမယ္ "

Karina မ်က္လုံးကိုမွိတ္ၿပီး သက္ျပင္းခ်ကာ ေျပာလိုက္သည္

ထို႔ေနာက္ စားပြဲကထရပ္ၿပီး Karina မွာ Winterကို ၾကည့္လိုက္သည္

"မင္း သိလား Minjeong မင္းကို ခ်စ္တဲ့ တို႔အခ်စ္ေတြက အၿမဲစစ္မွန္ခဲ့တယ္ မင္းခ်စ္ခဲ့တဲ့အမ်ိဳးသမီး Jiminက တို႔ပါဘဲ Minjeong တို႔ပါဘဲ...မင္း ျမင္ခဲ့ရတဲ့ စိတ္တိုၿပီး တိရစ္ဆာန္ တစ္ေကာင္လို အရိုင္းဆန္ေနတာ မင္းမရွိတဲ့ တို႔ပါ Minjeong တို႔ မင္းကို လိုအပ္တယ္ "

"Karina နင့္ေရွ႕မွာ ငါရပ္ေနတာေတာင္ နင္အဲ့လိုအရိုင္းဆန္ေနတုန္းပါဘဲ ၿပီးေတာ့  နင္လုပ္ေနတဲ့ အလုပ္ေတြက အႏၱရာယ္မ်ားၿပီး အစိုးရနဲ႕ဆန့္က်င္ေနတုန္းပါဘဲ "

"မင္း ဒီမွာမရွိသလို ခံစားရတယ္ Minjeong..မင္းကို ျမင္ေနရေပမယ့္ မင္းအသံၾကားေနရေပမယ့္ မင္းက တို႔ဆီကေန ထြက္ေျပးေနတုန္းဘဲ "

"အဲ့လိုျဖစ္ေအာင္ နင္ကိုယ္တိုင္ဘဲ လုပ္ခဲ့တာ ..ဒီလို ပုံစံနဲ႕ ငါတို႔က တစ္ေယာက္အတြက္တစ္ေယာက္တည္ရွိေနတယ္လို႔ နင္ဘယ္လိုမ်ားေတြးနိုင္လည္း ငါတို႔က မတူဘူး ကြဲျပားတယ္ "

Winterမွာ ေျပာၿပီး ထမင္းစားခန္းကေန ထြက္သြားသည္

Winterမွာ မွန္ထဲက သူမကို ေခါင္းၿဖီးေပးေနတဲ့ Karinaကို ၾကည့္ၿပီး သေဘာက်လိဳ႕ တခစ္ခစ္နဲ႕ရယ္ေနသည္

"အခ်စ္ရယ္ ငါ့ဆံပင္ကိုၿဖီးတာထက္ လုပ္စရာအလုပ္မရွိဘူးလား "

"မရွိပါဘူး တို႔မင္းကို ဂ႐ုစိုက္ၿပီး ခ်စ္ေနရတာနဲ႕ မအားဘူး "

Winterရဲ႕ ပါးေဖာင္းေဖာင္းေလးကို Karina ဆြဲညွစ္ၿပီး ေျပာလိုက္သည္

Winterနဲ႕စကားေျပာေနရင္း Winter အၿပဳံးေတြက ႐ုတ္တရက္ ေပ်ာက္ကြယ္သြားတာကို Karina သတိထားမိသြားတယ္

"Baby ဘာျဖစ္လို႔လည္း "

"ငါတို႔ အသက္ႀကီးလာတဲ့အထိ အခုလို အတူရွိေနမယ္ထင္လား Jimin "

"တို႔ ေသသြားတဲ့အထိ မင္းအနားမွာ ရွိေနမွာ Minjeong "

"ကမၻာႀကီးက ငါတို႔ကို အတူရွိေနဖို႔ ခြင့္မျပဳဘူးဆိုရင္ေရာ "

"ကမၻာႀကီးကို မီးရွို႔ပစ္မယ္...ဘယ္သူမွ တို႔ႏွစ္ေယာက္ကို ခြဲလို႔မရဘူး မင္းက တို႔အပိုင္ဘဲ Minjeong "

"ငါ့ကို ခ်စ္လား Jimin "

"တို႔အသက္ထက္ပိုၿပီး မင္းကို ခ်စ္တယ္ Kim Minjeong "

"ငါလည္း နင့္ကိုခ်စ္တယ္္ Yu Jimin "

Winter ေျပာၿပီး Karinaရဲ႕ ႏႈတ္ခမ္းေလးကို နမ္းလိုက္သည္

End of Flashback

"Unnie "

Winterမွာ Karinaရဲ႕ ကားေပၚက ဆင္းၿပီး အိမ္ေရွ႕ထြက္ေစာင့္ေနတဲ့ Taeyeonကို ေျပးဖက္ေလသည္

Karinaမွာ သဝန္တိုေနေပမယ့္လည္း အမျဖစ္ေနေတာ့ စိတ္ကိုထိန္းထားရသည္

"ငါ့ကို လြမ္းေနတာလား ကေလးမ "

Taeyeonမွာ Winterရဲ႕ ဆံပင္ေတြကို လက္နဲ႕ဖြေပးရင္း ေမးလိုက္သည္

"တို႔ အလုပ္သြားေတာ့မယ္ Minjeong "

Karina က ေျပာေတာ့ Winterမွာ Taeyeonကို ဖက္ထားရင္း ေခါင္းညိတ္ျပသည္

"တို႔ဆီလာပါအုံး "

Karinaမွာ Winter သူမကို လာဖက္ဖို႔ လက္ႏွစ္ဖက္ကို ဆန့္တန္းလိုက္သည္

"ကဲ ငါ့ညီမကို သြားနမ္းလိုက္ပါအုံး Winter သူ နင့္ဆီက အနမ္းမရမခ်င္း အလုပ္သြားမွာ မဟုတ္ဘူး "

Taeyeon ရယ္ၿပီး Winterကို လႊတ္ေပးလိုက္သည္ ထို႔ေနာက္ ေရွာင္ေပးတဲ့အေနနဲ႕ အိမ္ထဲကို ဝင္သြားလိုက္သည္

Winterလည္း Karinaကို သြားဖက္ေတာ့ Karinaမွာ Winterရဲ႕ နဖူးကိုနမ္းလိုက္သည္

"johnက ဒီမွာေစာင့္ေပးလိမ့္မယ္ တစ္ခုခုဆို တို႔ဆီ ဖုန္းဆက္လိုက္ Minjeong တို႔သြားေတာ့မယ္ ခ်စ္တယ္ေနာ္ "

Karinaကေျပာေတာ့ Winterက ေခါင္းညိတ္ျပတယ္ ၿပီးေတာ့ Taeyeonရဲ႕ အိမ္ထဲ ဝင္သြားလိုက္သည္

ျပတင္းေပါက္ကေန Karina ကား ထြက္သြားတဲ့အထိ Winter ၾကည့္ေနမိသည္

"နင္က သူ႕ကိုစိတ္ဆိုးေန႐ုံပါ... တကယ္ေတာ့ နင္ငါ့ညီမေလးကို ခ်စ္ေနတုန္းပါဘဲ"

"လူေတြက အဲ့လိုေျပာေနၾကတာပါဘဲ "

"ငါေျပာတာမွားလို႔လား "

"စိတ္တိုတယ္ သူ႕ကိုအရမ္းစိတ္တိုတာ..."

"နင့္ကို နာက်င္ေအာင္ ညီမေလးက လုပ္ခဲ့ေပမယ့္ အဲ့တာ နင့္ကိုကာကြယ္ဖို႔ လုပ္ခဲ့တာပါ သူလုပ္သမွ် မွန္တယ္လို႔ မေျပာလိုေပမယ့္ နင္ သူ႕ကိုနည္းနည္းေလးေလာက္ နားလည္ေပးမယ္လို႔ ေမွ်ာ္လင့္မိတယ္ "

"ဒါဆို ညီမဘာလုပ္ရမလည္း သူ႕ကို ခြင့္လႊတ္ေပးရမွာလား..."

"သူ႕ကို ခြင့္လႊတ္ေပးရမလား ဘာလားဆိုတာ နင့္အေပၚမွာဘဲ မူတည္ပါတယ္ "

"သူ ဘာလို႔အဲ့အလုပ္ေတြလုပ္ေနရတာလည္း "

"ငါတို႔မိဘေတြေၾကာင့္ေပါ့ သူတို႔က Jiminအေပၚဆို အရမ္းရက္စက္တာ... ငါေတာင္... ဒီ underwold အလုပ္ကို အဲ့လိုအလုပ္ေတြမလုပ္ခ်င္လို႔ ဒီမွာေနမယ့္အစား Europeမွာ လုပ္ငန္းေတြတိုးပြားေအာင္လုပ္ပါမယ္ဆိုၿပီး အေပးအယူလုပ္ ထြက္လာခဲ့တာ "

Taeyeonရဲ႕ စကားေၾကာင့္ Winter မ်က္ေမွာင္ၾကဳတ္သြားတယ္

"Jiminက Europeသြားမယ္လို႔ သူလည္းမေနခ်င္ဘူးလို႔ တစ္ခြန္းမွ မေျပာခဲ့ဘူး အဲ့တာ နင့္ေၾကာင့္ Minjeong နင့္ကိုတစ္ေယာက္တည္း မထားခဲ့နိုင္လို႔ သူေနခဲ့တာ

"သူအခုလို ျဖစ္ေနတာ ညီမအျပစ္လို႔ ေျပာခ်င္တာလား.."

"ဘယ္သူ႕ကိုမွ အျပစ္တင္ေနတာမဟုတ္ဘူးေလ Winter...Jiminက နင္နဲ႕အတူေနဖို႔ ေ႐ြးခ်ယ္ခဲ့တာက နင့္ကိုဘယ္ေလာက္ခ်စ္လည္းဆိုတာ သိေစခ်င္တာ  "

".."

"ၿပီးေတာ့ Winter နင္နဲ႕ သူကလိုက္ဖက္တယ္"

"ဒါေတြခ်ည္းၾကားေနရတာ စိတ္ကုန္လာၿပီ "

"ငါတင္မဟုတ္ဘူး လူတိုင္းက နင္တို႔ကိုလိုက္ဖက္တယ္ထင္ၾကတယ္ ေတြ႕လား..."

"soulmateေတြ ကံၾကမၼာဆိုတာေတြကို ညီမမယုံဘူး ..."

"soulmate ေတြ ကံၾကမၼာေတြအေၾကာင္း ေျပာေနတာ မဟုတ္ဘူးေလ.... .."

*********

"တို႔အမနဲ႕ အခ်ိန္ျဖဳန္းခဲ့တာ ဘယ္လိုလည္း "

"သက္ေတာင့္သက္သာျဖစ္ေစတယ္ ငါသေဘာက်တယ္...'

Winterေျပာရင္း Karinaက ႐ုတ္တရက္ သူမေပါင္ကိုလာကိုင္လို႔ လန့္သြားတယ္

"Ka..Karina..."

"ခဏပါဘဲ အခ်စ္ကေလး....ခဏဘဲ ကိုင္ထားခြင့္ေပး... "

"Karina..."

"တို႔ ႀကိဳးစားေနတယ္...Minjeong"

"သိပါတယ္ "

"တို႔ မင္းကိုခ်စ္တယ္ တို႔အသက္ထက္ မင္းကိုပိုခ်စ္တယ္ "

"သိပါတယ္"

"တို႔ကို တစ္ခါေလာက္ဘဲ အခြင့္အေရးထပ္ေပးလို႔ မရဘူးလား "

"အခြင့္အေရးထပ္ေပးၿပီး အလုပ္မျဖစ္ရင္ေရာ နင္ငါ့ကိုထပ္ၿပီး အက်ဥ္းခ်ထားအုံးမွာလား "

Karinaမွာ Winterေမးတာကို မေျဖဘဲ တိတ္ဆိတ္ေနသည္

"Karina နင္အတင္းဖိအားေပးလို႔မရဘူးေနာ္ "

"မင္းလည္း ထပ္မျငင္းပါနဲ႕ေတာ့ "

Winterမွာ ဘာမွထပ္မေျပာဘဲဲ ၿငိမ္သြားတယ္

"ဒါဆို တို႔ကိုအခြင့္အေရးထပ္ေပးတယ္လို႔ ယူဆလို႔ရလား Minjeong"

"စည္းကမ္းသတ္မွတ္ထားရမယ္... နင္ငါ့ကို နာက်င္ေအာင္ မလုပ္ရဘူး နင့္တပည့္ေတြကို အမိန့္ေပးသလို ငါ့ကို အမိန့္မေပးရဘူး "

"ဟုတ္ၿပီ "

"ငါ့မိသားစု ငါခ်စ္ရသူေတြကိုလည္း ဒုကၡမေပးရဘူး နင္လိုခ်င္တာရဖို႔ အသုံးမခ်ရဘူး ငါ့ကို လြတ္လပ္ခြင့္ေပး အိမ္ထဲမွာဘဲ ငါမေနခ်င္ဘူး "

"ဒါက မင္းကိုကာကြယ္ဖို႔ေလ "

"အေၾကာင္းျပခ်က္ေတြ မလိုခ်င္ဘူး "

"ေကာင္းၿပီ မင္းကိုလြတ္လပ္ခြင့္ေပးမယ္ ဒါေပမယ့္ မင္းေဘးကို Johnတို႔ကိုထားေပးမယ္ "

"ဒါက "

"ဒါကေတာ့ ညွိႏွိုင္းမႈထဲ မပါဘူး Minjeong မင္း လုံၿခဳံေရးအတြက္..."

"ေကာင္းၿပီ အခ်ိန္ပါသတ္မွတ္ရမယ္....အဲ့အခ်ိန္အတြင္း အလုပ္မျဖစ္ရင္ ငါျပန္သြားမွာ "

"ခ်ီး "

"ေဟာ နင္ဆဲေနတာလား "

"မဟုတ္ပါဘူး ဒါဆို ေလးႏွစ္အခ်ိန္ေပး "

"မ်ားလြန္းတယ္ "

"မမ်ားဘူးေလ မင္း တို႔ဆီက ထြက္သြားတာ ေလးႏွစ္ေတာင္ၾကာတယ္ "

"ေလးလ..."

"သုံးႏွစ္ဟာ အဲ့တာဆို "

"ေျခာက္လ "

"ႏွစ္ႏွစ္ "

"ငါးလ "

"တစ္ႏွစ္ "

"ဟုတ္ၿပီ တစ္ႏွစ္ေနာ္ Karina "

"ေလးႏွစ္ "

"မရဘူး Karina တစ္ႏွစ္ဘဲ နင္ေျပာတဲ့ တစ္ႏွစ္ကိုဘဲ ငါအတည္ယူမွာ "

ေနာက္ဆုံးေတာ့ Karinaလည္း Winterကို အေလ်ာ့ေပးလိုက္သည္

"ေကာင္းၿပီ... "

"တစ္ႏွစ္အတြင္း အလုပ္မျဖစ္ရင္ ငါျပန္မယ္ နင္ငါ့ကိုလိုက္မႏွောင့္ယွက္ဘဲ ေအးေဆးေနပါမယ္လို႔ ကတိေပး "

"ေကာင္းၿပီ တို႔ ကတိေပးတယ္ Minjeong မင္းလည္း ဒီလြတ္လပ္ခြင့္ေပးတဲ့ အခ်ိန္မွာ ထြက္မေျပးပါဘူးလို႔ ကတိေပး "

"ကတိေပးတယ္ "

Winterနဲ႕ Karinaလည္း လက္သန္းခ်င္းခ်ိတ္ၿပီး ကတိေပးလိုက္သည္

#tbc

Bạn đang đọc truyện trên: Truyen3h.Co