Truyen3h.Co

Mine

Part 14

KimFany059

#unicode

Karinaမှာ Winter ဘေးကနေ တစ်စက္ကန့်လေးတောင် မခွာပေ

အခန်းတံခါးကို လော့ချထားပြီး Winter အိပ်နေရင် ဖက်ထားပေးသည် ထမင်းစားချိန်ရောက်ရင်တော့ Winterကို စိတ်ရှည်လက်ရှည်နဲ့ခွံ့ကျွေးပေးသည်

Winterမှာ စကားသိပ်မပြောသော်လည်း Karinaက စကားပြောဖို့ ဖိအားမပေးပ

တစ်ခါတစ်လေ Winter အိမ်မက်ဆိုးမက်သေးသည်

ခွေးမသားတွေက Winterဆီ လျှောက်လာတယ်လို့မက်တိုင်း Winterမှာ အရမ်းထအော်လေ့ရှိသည်

ထိုအခါမျိုးတွင် Karinaမှာ Winterကို အကြောက်ပြေအောင် ဖက်ထားလေ့ရှိသည်

တစ်ခါတစ်လေ Winterက အိမ်မက်ယောင်ရင်း Karinaကို ကုတင်ပေါ်က တွန်းချတာမျိုး ရိုက်ပြီး အော်တာမျိုးရှိတာတောင် Karinaကတော့ အပြစ်မ​ပြောဘဲ မငြိုငြင်ဘဲ Winterရဲ့လက်ကိုသာ ဖမ်းဆုပ်ကိုင်ထားသည်

ဒီနေ့မနက် Winter နိုးလာတဲ့အခါမှာတော့ Karinaက သူမဘေးနား ကွေးကွေးလေးအိပ်ပျော်နေတာကို တွေ့ရသည်

သို့သော်လည်း Karina ကြည့်ရတာ အေးအေးချမ်းချမ်း အိပ်ပျော်နေပုံမရ မျက်မှောင်ကြုတ်ထားပြီး နှုတ်ခမ်းကလည်း မဲ့နေသေးသည်

Winterမှာ Karinaရဲ့ မျက်နှာကိုကိုင်လိုက်ချိန်မှာ Karinaတစ်ယောက် အိပ်နေရင်း ဆူပုပ်နေရာက ပြုံးလာတယ်

အိပ်နေပေမယ့် Winterရဲ့အထိအတွေ့ကိုတော့ ခံစားလို့ရနေတယ်ထင်ပါရဲ့

Winterကလည်း Karina ပြုံးသွားတာကိုကြည့်ပြီး သူမနှုတ်ခမ်းလေးကလည်း အလိုလိုပြုံးလာတယ်

Karina မနိုးအောင် ကုတင်ပေါ်က ဆင်းလာပြီး ရေချိုးခန်းထဲဝင်သွားတယ်

ရေချိုးခန်းထဲရောက်တော့ ရေချိုးခန်းထဲက မှန်ကို တစ်ချက်လေးတောင် မကြည့်ပေ ဘာလို့ဆို မှန်ထဲက သူမပုံရိပ်ကို သူမမကြည့်ချင်လို့ပင် ဖြစ်သည်

ရေချိုးကန်ထဲ ရေပူကို ဖွင့်ပြီး ရေကန်ထဲ အဝတ်အစားချွတ်ကာ Winter ရေစိမ်နေလိုက်သည်

သူမသတိမေ့နေတုန်း ဘာတွေဖြစ်ခဲ့မှန်း Winter မမှတ်မိတာ သူ့ကိုယ်သူကျေးဇူးတင်မိနေပေမယ့် သိချင်မိတာလည်း တစ်ခုရှိသည်

Karina ဘာမြင်ခဲ့သလည်း...Karina ဒီကိုရောက်လာချိန် ခွေးမသားက သူမကို ဘာလုပ်နေခဲ့တာလည်း

ဒီတစ်ခါ Karinaက အဲ့ခွေးမသားကို သတ်လိုက်တဲ့အချိန် Winter နားလည်သွားတာ တစ်ခုကတော့ မကောင်းတဲ့လူတွေက အသက်ရှင်ဖို့ မထိုက်တန်တာပါဘဲ

Winter တံခါးဖွင့်သံကြားလို့ ကြည့်လိုက်တော့ Karinaက ရေချိုးခန်းထဲ ဝင်လာတာကို တွေ့လိုက်ရသည်

"Dr.Wellsက ဒီနေ့ မင်းကို လာကြည့်လိမ့်မယ် Minjeong...."

Karinaက ပြောတော့ Winterမှာ Karinaကို မကြည့်ဘဲ ခေါင်းညိတ်ပြသည်

အကြည့်ချင်း ရင်မဆိုင်ရဲဘူးလေ......Karina ဘာမြင်ခဲ့လည်းဆိုတာ သိချင်ပေမယ့် မေးဖို့အတွက်လည်း Winter ကြောက်ရွံ့နေမိသည်

"Aeriနဲ့ Yizhuoကို တွေ့ချင်လား"

Karinaကမေးတော့ Winter ခေါင်းခါပြသည် သူမရဲ့ အခုလိုစုတ်ပြတ်နေတဲ့ ပုံစံကို Yizhuoတို့ကို မတွေ့စေချင်ပါ ပြီးတော့ သူတို့ရဲ့ စိတ်မကောင်းဖြစ်နေတဲ့ အကြည့်ကိုလည်း Winter ခံနိုင်ရည်ရှိမယ်မထင်ဘူး

"Taeyeonကိုရော... တွေ့ချင်လား "

"သူက Europeမှာ မဟုတ်ဘူးလား "

"မင်းသတင်းကြားပြီး သူပြန်လာခဲ့တာ "

Winter ဘာမှပြန်မပြောဘဲ ခေါင်းထပ်ခါပြပြန်သည်

"ကောင်းပြီလေ "

Karina သက်ပြင်းချလိုက်သည် Winterကို သူ ဖက်ပြီး နှစ်သိမ့်ပေးချင်ပေမယ့် Winterကြောက်နေမှာဆိုးလို့ ခပ်ခွာခွာကနေဘဲ နေလိုက်သည်

"ဆရာဝန်လာတဲ့အခါ တို့ကို မင်းဘေးနားမှာ ရှိနေပေးစေချင်လား"

Karinaရဲ့ စကားကြောင့် Winter မှာ Karinaကို မော့ကြည့်လိုက်သည် ....Karina ကြည့်ရတာ ပင်ပန်းနေပုံပေါ်ပေမယ့် Winterကိုတော့ အားတင်းကာ ပြုံးပြနေသည်

"နင်ကရော ရှိနေချင်လား..."

"ဒါပေါ့ ရှိချင်တာပေါ့ "

Karina တွေဝေခြင်းမရှိဘဲ ပြန်ဖြေလိုက်သည်

Knock Knock. ..

တံခါးခေါက်သံကြောင့် Karina ရေချိုးခန်းထဲက ထွက်သွားတော့ Winterလည်း ရေစိမ်ရာက ထပြီး bathrobe ဝတ်လိုက်သည်

Winter အပြင်ကို ထွက်လာတော့ Dr.Wellsက Karinaနဲ့စကားပြောနေသည်

"ဆေးစစ်ချက်အရဆို သူ့ဆီမှာ အမျိုးသားသုတ်ရည်ရှိမနေပါဘူး "

Dr.Wellsရဲ့ စကားကြောင့် Winter လည်ပင်းထဲက အပူလုံးကြီး ပြုတ်ကျသွားသလို နည်းနည်းစိတ်အေးသွားရတယ်

"သူ့ရဲ့ မိန်းမကိုယ်က ဒဏ်ရာလေး ကြည့်ကြည့်ရအောင် "

Winterကို ကုတင်ပေါ် လှဲခိုင်းပြီး Dr.Wells​က စစ်ဆေးနေသည်

"အနာကျက်မြန်ပြီး သက်သာနေပြီဘဲ...."

Dr.Wellsက အနာအတွက် သောက်ဆေးတွေ Winterကို ထပ်ပြီး ပေးသည်

"Therapist တစ်ယောက်နဲ့ ချိတ်ပေးရမလား "

"မလိုပါဘူး ရပါတယ် "

Winterမှာ Dr Wells ကမ်းလှမ်းချက်ကို ငြင်းလိုက်သည်

Dr.Wellsက ခေါင်းညိတ်လိုက်ပေမယ့် Karina လက်ထဲကို လိပ်စာကတ်ထည့်ပေးနေတာကို Winter မြင်လိုက်တယ်

Karinaကလည်း အမြန်ယူပြီး သူမဘောင်းဘီအိတ်ထဲဖွက်လိုက်သည်

"တစ်ခုခုလိုတာရှိရင် ကျွန်မဆီ ဖုန်းဆက်လိုက်ပါ Miss Yu...ပြီးတော့ အနာက အခုမှ သက်သာခါစဆိုတော့ နှစ်ပတ်လောက်တော့ sexလုပ်တာရှောင်ပေးပါ "

Karinaလည်း ခေါင်းညိတ်ပြပြီး ဒေါက်တာကို အပြင်ဘက်သို့ လိုက်ပို့ပေးသည်

Winterလည်း အခန်းတံခါးပိတ်ပြီး သူမအတွက် သက်တောင့်သက်သာဖြစ်စေမယ့် Karinaရဲ့ hoodieတစ်ထည်ကို ယူဝတ်လိုက်သည်

Karina အခန်းထဲဲပြန်ဝင်လာတော့ သူမ hoodie ဝတ်ထားတဲ့ Winterကို တွေ့လိုက်ရသည်

"ငါ အပြင်ထွက်ချင်လို့... "

Karinaမှာ Winterရဲ့ စကားကြောင့် လန့်သွားတယ်

"အပြင်..."

"အာ ဟို public မဟုတ်ဘူးလေ ခြံထဲ ဆင်းချင်တယ် ပြောတာ "

"အာ ဟုတ်ပြီ အဲ့တာဆို ခဏ"

Karinaက Winter ပြောချင်တာကို နားလည်သွားပြီး အခန်းအပြင်ခဏထွက်သွားတယ်

အိမ်ထဲမှာ စောင့်နေတဲ့ Johnတို့နဲ့ အခိုင်းအစေ တစ်ချို့ကို အခန်းတစ်ခန်းထဲ ခဏရှောင်ခိုင်းလိုက်တယ်

ဘာလို့ဆို သူတို့ကိုတွေ့ရင် Winter ရှက်ပြီး သက်တောင့်သက်သာမဖြစ်နေမှာ Karina သိနေလို့လေ

Winter အခန်းအပြင်ထွက်လာတော့ Johnတို့ကို မတွေ့ရလို့ စိတ်အေးရသည် Johnတို့ရဲ့ အားနာပြီး သနားတဲ့အကြည့်တွေကို Winter မလိုချင်ခဲ့ဘူးလေ

ခြံထဲမှာ နေပူဆာလုံနေတဲ့ Winterကို Karina စိုက်ကြည့်နေမိသည်

မျက်နှာပေါ် ဒဏ်ရာတွေ ရှိနေတာတောင် Winterက လှနေဆဲပါဘဲ

'နင် ဘာမြင်ခဲ့လည်း '

Winterက ရုတ်တရက်မေးတော့ Karinaမှာ ပြန်မဖြေဘဲ Winterကတော့ Karinaကို ကြည့်ပြီး ဖြေမယ့်အချိန်ကို စိတ်ရှည်စွာစောင့်နေသည်

"ဘာမြင်ခဲ့လည်းလို့ "

"တို့ကို မမေးပါနဲ့ တို့မဖြေချင်ဘူး မင်းက အခုမှသက်သာခါစ..."

"ငါ့ကို ပြောပါ နင် အဲ့ကိုရောက်လာတဲ့အခါ ဘာမြင်ခဲ့လည်း "

Karinaမှာ သက်ပြင်းချရင်း ခေါင်းငုံ့လိုက်သည်

"သူ သူက မင်းအပေါ်မှာ ဘောင်းဘီဇစ်ကလည်း ပွင့်နေပြီး....သူ အခုမှစမှာလား ပြီးသွားတာလား တို့မသိဘူး...တို့ နောက်ကျသွားခဲ့တယ် Minjeong တို့ စောက်ရမ်းနောက်ကျသွားခဲ့တယ် "

Karina ပြောပြီး Winterရှေ့ ဒူးထောက်လိုက်သည်

Winterမှာ Karinaရဲ့မျက်နှာကို ကိုင်ပြီး ခေါင်းငုံ့နေတဲ့ Karinaကို သူမကို ကြည့်ခိုင်းသည်

"ငါ အဆင်ပြေပါတယ် ...ပြီးတော့ ကျေးဇူးတင်ပါတယ် "

"ဘာကြောင့်လည်း Minjeong "

"ငါ့ကို ကယ်ပေးပြီး ဂရုစိုက်ပေးလို့ပါ ငါက... တစ်ကိုယ်ကောင်းဆန်ပြီး နင့်ကို အခက်တွေ့စေတယ် မဟုတ်လား  ပြီးတော့ နင့်အလုပ်က အရေးကြီးနေတာကို ငါက နင့်ကို အနားခေါ်ထားမိတယ်..... ငါ့အနားမှာဘဲနေခိုင်းနေမိတယ် "

"ဟင့်အင်း မဟုတ်တာ မင်းထက် ဘယ်အရာကမှ အရေးမကြီးပါဘူး Minjeong တို့ မငးကို ချစ်တယ် ပြီးတော့ ဒါမျိုးထပ်မဖြစ်စေရပါဘူးလို့ တို့ မင်းကို ကတိပေးပါတယ် နော် "

"အဲ့ကောင်က သေသွားပြီ မဟုတ်လား...."

"တို့ ဘာလုပ်လိုက်လည်းဆိုတာ မြင်လိုက်တာလား "

Winterမှာ ခေါင်းမညိတ်ခင် သက်ပြင်းချလို​က်သည်

"တို့က မကောင်းဆိုးဝါးလို့ မင်းတွေးနေတယ် မဟုတ်လား "

Winterရဲ့ အကြည့်ကို မရင်ဆိုင်ရဲလို့ Karina အကြည့်လွှဲလိုက်ပေမယ့် Winterမှာ Karinaရဲ့ မျက်နှာလေးကိုကိုင်ပြီး သူမကိုကြည့်ခိုင်းသည်

"ဟုတ်တယ် နင်က ငါ့ရဲ့မကောင်းဆိုးဝါးလေး "

"တို့ကို ခွင့်လွှတ်ပေးနိုင်မလားဟင် "

Winterရဲ့ လက်ဖဝါးလေးကို မျက်နှာနဲ့ နူးနူးညံ့ညံ့ပွတ်ပြီး Karina မေးလိုက်သည်

"ဒါပေါ့ ခွင့်လွှတ်ပေးနိုင်တာပေါ့ "

Winter ရဲ့ စကားကြောင့် Karina အရမ်းပျော်သွားတယ်....

"ဒါနဲ့ နင် ငါ့ကိုဘယ်လိုရှာတွေ့တာလည်း "

"Yizhuoက ဖုန်းဆက်ခဲ့တယ် သူအိမ်သာတက်နေတုန်း ဆူညံသံကြားရပြီး ပြန်ထွက်လာတော့ မင်းကို မတွေ့ဘူးဆိုလို့... မင်း တို့ဆီက ထပ်ပြီး ထွက်ပြေးသွားတယ် ထင်ခဲ့တာ "

Karina စကားကြောင့် Winter စိတ်မကောင်းဖြစ်သွားတယ်

'ဒါပေမယ့် မင်းဖုန်းကို တို့ခြေရာခံလိုက်တော့ အဲ့ခွေးမသားတွေ နေရာ ခြေရာခံမိရော.... ခြေရာခံရင်း အဲ့ကောင်တွေက ဖုန်းဆက်တော့ တို့အတွက် တိတိကျကျသိသွားတာပေါ့...​ခြေရာခံရတာလည်း စောက်ရမ်းကြာခဲ့တာ...တို့အတွက် သေမလိုဘဲ "

"အဲ့တာ နင့်အမှားမဟုတ်ပါဘူး "

"ဒါ ဒါပေမယ့် မင်းကို တို့ကာကွယ်ပေးနိုင်ခဲ့သင့်တာ "

"နင် ငါ့ကိုကယ်နိုင်ခဲ့တယ်လေ သူလည်းမရှိတော့ဘူးလေ "

"တို့ မင်းကို ဆုံးရှုံးတော့မလိုထိ ဖြစ်ခဲ့တာလေ "

"နောက်တစ်ယောက်ရော ဖမ်းမိရဲ့လား "

Winterရဲ့ စကားကြောင့် Karina မျက်မှောင်ကြုတ်သွားတယ်

"နောက်တစ်ယောက်ရှိသေးတာလား "

"ရှိတယ် သူ...ဘီယာထွက်ဝယ်နေခဲ့တာ အဲ့နေ့က..ဒါဆို သူအသက်ရှင်နေတာပေါ့ "

"ရတယ် တို့သူ့ကို ဖမ်းမယ်"

"ဖမ်းပြီးရင် ဘာလုပ်မှာလည်း "

"သတ်ပစ်ရမှာပေါ့ "

"သူတို့က ငါ့ကိုဖမ်းတယ် နင်က သူတို့ကရှာသတ်တယ် ဒီတော့ ဘာလည်း ဖုန်းပြောနေကြတာကို ငါမှတ်မိတယ် အဲ့ကောင်က နင့်မှာ ရန်သူတွေ အများကြီး ရှိတယ်လို့ ပြောခဲ့တယ်လေ ဒီတော့ အခုကောင်တွေက ငါ့ကိုလွတ်သွားတော့ နောက်လူတွေက ငါ့ကိုသတ်ဖို့ချောင်းနေကြမှာဘဲ....ဘယ်တော့မှ ဒါကြီးက အဆုံးသတ်မှာလည်း "

"တို့ သူတို့အားလုံးကို သတ်ပစ်ပြီးတဲ့အခါပေါ့ ..."

"ဒါမျိုး ဘဝမျိုး ငါမနေနိုင်ဘူး ငါမနေချင်ဘူး.."

Winter ခေါင်းခါရမ်းပြီး ပြောလိုက်သည်

နောက်ဆုံးတော့ ဒီဘူတာဘဲဲ ပြန်ဆိုက်ပြန်သည် ..ဒီပြဿနာတွေရဲ့ အမြစ်တစ်ခုပေါ့ Winterဟာ Karinaကို လူတွေသတ်ပြီး ပျက်စီးစုတ်ပြတ်နေတာမျိုး လက်မခံချင်ဘူး ဖြစ်နေတယ် Karinaရဲ့ ဒီလိုပုံစံကို သူမချစ်နိုင်ဘူးဖြစ်နေတယ်

"ငါ Yizhuoနဲ့နေမယ်..."

"ဘာ "

"ငါ နင်နဲ့တစ်နှစ်လောက်နေမယ်လို့ သဘောတူခဲ့ပေမယ့် နင်လူသတ်နေတာတွေကိုတော့ ငါမကြည့်နိုင်ဘူး ....သူတို့ ငါ့ဆီရောက်လာကြပြီး ငါ့ကိုသတ်....မသတ်ခင်..."

"Minjeong "

"No...ငါမနေနိုင်ဘူး..."

လွန်ခဲ့တဲ့ ရက်ပိုင်းကဘဲ Winterက Karinaအပေါ် အားကိုးမှီခိုနေပြီး အခုကျတော့လည်း Karinaဆီကနေ Winterက ထွက်သွားချင်နေပြန်သည်

"ငါ မနေနိုင်တာကိုလည်း ငါတို့နှစ်ယောက်လုံးသိတာဘဲ ငါ့ကိုကယ်ပေးပြီး ပြန်ကောင်းအောင်လုပ်ပေးလို့ ကျေးဇူးတင်ပေမယ့်  ..."

"Minjeongရာ..."

"ဒီလိုပုံစံမျိုးနဲ့ ငါမနေနိုင်ဘူး "

"တို့ မင်းကိုကာကွယ်ပေးမယ်လေ "

'နင်သာ နင်သာ ငါ့ကို တကယ်ချစ်ရင် ဒီအခြေအနေထဲ ဆွဲထည့်စရာကို မလိုတာ "

"ကောင်းပြီ တို့ အရှုံးပေးတယ်.... တို့ ...အရှုံးပေးရင် မင်း တို့နဲ့ အတူနေပေးနိုင်မလား"

Karina စကားကြောင့် Winter ကျောက်ရုပ်ဖြစ်သွားတယ်

"ဘာပြောတာလည်း "

"ဒီ businessကို တို့လက်လွှတ်လိုက်ရင် မင်း တို့နဲ့အတူနေပေးမှာလား....ဒီအလုပ်တွေကြောင့်ဘဲ မင်းက တို့ကို ထားသွားခဲ့တယ် မဟုတ်လား...ပြီးတော့ အခုလည်း ဒီအလုပ်ကြောင့်ဆိုပြီး မင်းက ထားသွားချင်နေပြန်ပြီ "

"နင် နင်က လက်လွှတ်မှာလား "

"ဟုတ်တယ် "

Karinaက တွေဝေခြင်း မရှိဘဲ ပြောလိုက်တယ်

"ဒါပေမယ့် တို့နေရာအတွက် လူရှာမတွေ့သေးသ၍တော့ တို့ အဲ့မှာဆက်လုပ်နေရမှာ "

"ဘယ်သူ..."

"yes or noဘဲဖြေ...ပြောပါ တို့ လက်လွှတ်မယ်ဆို မင်းက တို့ဘေးမှာဘဲ နေပေးမလား"

"ငါက..Noလို့ဖြေရင် နင်က ဒီအလုပ်ဆက်လုပ်နေအုံးမှာလား..."

"Kim Minjeong.......မေးခွန်းတွေ ပြန်မထုတ်စမ်းနဲ့ "

"နင် ငါ့ကိုစိတ်တိုနေတာဘဲ "

Winter ထွက်သွားမယ်လုပ်တော့ Karinaမှာ ဒူးထောက်ရာကထရပ်ပြီး Winterရဲ့ လက်မောင်းနှစ်ဖက်ကို ဆောင့်ဆွဲလိုက်သည်

"ဟုတ်တယ် စိတ်တိုနေတာ......တို့ စိတ်တိုနေတုန်း မင်းထွက်သွားလို့မရဘူး Minjeong.....မင်းက စောက်ရမ်းတစ်ကိုယ်ကောင်းဆန်တာဘဲ...."

"Ji...Jimin..."

"ဟော အခု မင်း တို့ကို Jiminလို့ ခေါ်တယ်နော် ...တို့သိတယ် မင်းဘယ်လောက်ဘဲဲ ငြင်းဆန်နေပါစေ တို့ကို ဂရုစိုက်နေတုန်းဘဲဆိုတာ တို့သိတယ်...ဟုတ်တယ် Minjeong...တို့ မင်းကို ဒီအ​ခြေအနေထဲ ဆွဲသွင်းခဲ့ပေမယ့်... တို့မင်းကို လက်မလွှတ်နိုင်ဘူး Minjeong...တို့ မင်းကို လိုအပ်တယ်...တို့ဘဝမှာ လူတစ်ယောက်ကို ခုလောက်ထိ ရူးရူးမိုက်မိုက် မချစ်ဖူးခဲ့ဘူး.....ဘုရားသခင် အသိဆုံးပါ တို့ မင်းကို ဘယ်လောက်ထိ ချစ်လည်းဆိုတာ  ...တို့ မင်းမရှိဘဲ မနေနိုင်ဘူး မနေချင်ဘူး ထပ်ပြီး မင်းမရှိဘဲ နေရမယ်ဆိုရင် တို့ကိုယ်တို့ သတ်သေမိမယ်ထင်တယ်...တို့...ရူးတော့မယ်ထင်တယ်....ဘာဖြစ်ခဲ့လည်း အကုန်မြင်ပြီးနောက်မှာ မင်းတို့ကို မုန်းသွားမှာ အရမ်းကြောက်ခဲ့တာ မင်းအရှေ့မှာ ပေါ်လာဖို့ အရမ်းကြောက်​နေခဲ့တာ...ဒါပေမယ့် မင်းက...တို့ကို လိုအပ်နေကြောင်း ပြခဲ့တော့ တို့အရမ်းပျော်သွားတာသိလား  "

"Jimin...."

"တို့ တောင်းပန်ပါတယ်... တို့ အားလုံးကို စွန့်လွှတ်ပြီး မင်းဆီလာခဲ့မယ် တို့နဲ့နေပေးပါ "

"Jimin နင်က အရမ်း ရိုမန့်တစ်ဆန်တာဘဲ "

Winterက ရုတ်တရက် သူမကို နမ်းလိုက်သောကြောင့် Karina အရမ်းအံ့သြသွားတယ်

"ငါနင်နဲ့ အတူနေမယ် "

Winter စကားကြောင့် Karina အရမ်းပျော်သွားပြီး Winter ခါးကို ဆွဲဖက်ကာ Winterရဲ့ နှုတ်ခမ်းလေးကို နူးနူးညံ့ညံ့နမ်းလိုက်သည်

#tbc

#zawgyi





























"ကောင်းပြီလေ "




"နင်ကရော ရှိနေချင်လား..."

"ဒါပေါ့ ရှိချင်တာပေါ့ "


Knock Knock. ..










"မလိုပါဘူး ရပါတယ် "







Karina အခန်းထဲပြန်ဝင်လာတော့ သူမ hoodie ဝတ်ထားတဲ့ Winterကို တွေ့လိုက်ရသည်

"ငါ အပြင်ထွက်ချင်လို့... "


"အပြင်..."


"အာ ဟုတ်ပြီ အဲ့တာဆို ခဏ"







'နင် ဘာမြင်ခဲ့လည်း '


"ဘာမြင်ခဲ့လည်းလို့ "



































"သတ်ပစ်ရမှာပေါ့ "





နောက်ဆုံးတော့ ဒီဘူတာဘဲ ပြန်ဆိုက်ပြန်သည် ..ဒီပြဿနာတွေရဲ့ အမြစ်တစ်ခုပေါ့ Winterဟာ Karinaကို လူတွေသတ်ပြီး ပျက်စီးစုတ်ပြတ်နေတာမျိုး လက်မခံချင်ဘူး ဖြစ်နေတယ် Karinaရဲ့ ဒီလိုပုံစံကို သူမချစ်နိုင်ဘူးဖြစ်နေတယ်

"ငါ Yizhuoနဲ့နေမယ်..."

"ဘာ "


"Minjeong "

"No...ငါမနေနိုင်ဘူး..."



"Minjeongရာ..."






"ဘာပြောတာလည်း "



"ဟုတ်တယ် "



"ဘယ်သူ..."







"Ji...Jimin..."

"ဟော အခု မင်း တို့ကို Jiminလို့ ခေါ်တယ်နော် ...တို့သိတယ် မင်းဘယ်လောက်ဘဲ ငြင်းဆန်နေပါစေ တို့ကို ဂရုစိုက်နေတုန်းဘဲဆိုတာ တို့သိတယ်...ဟုတ်တယ် Minjeong...တို့ မင်းကို ဒီအခြေအနေထဲ ဆွဲသွင်းခဲ့ပေမယ့်... တို့မင်းကို လက်မလွှတ်နိုင်ဘူး Minjeong...တို့ မင်းကို လိုအပ်တယ်...တို့ဘဝမှာ လူတစ်ယောက်ကို ခုလောက်ထိ ရူးရူးမိုက်မိုက် မချစ်ဖူးခဲ့ဘူး.....ဘုရားသခင် အသိဆုံးပါ တို့ မင်းကို ဘယ်လောက်ထိ ချစ်လည်းဆိုတာ  ...တို့ မင်းမရှိဘဲ မနေနိုင်ဘူး မနေချင်ဘူး ထပ်ပြီး မင်းမရှိဘဲ နေရမယ်ဆိုရင် တို့ကိုယ်တို့ သတ်သေမိမယ်ထင်တယ်...တို့...ရူးတော့မယ်ထင်တယ်....ဘာဖြစ်ခဲ့လည်း အကုန်မြင်ပြီးနောက်မှာ မင်းတို့ကို မုန်းသွားမှာ အရမ်းကြောက်ခဲ့တာ မင်းအရှေ့မှာ ပေါ်လာဖို့ အရမ်းကြောက်နေခဲ့တာ...ဒါပေမယ့် မင်းက...တို့ကို လိုအပ်နေကြောင်း ပြခဲ့တော့ တို့အရမ်းပျော်သွားတာသိလား  "

"Jimin...."




"ငါနင်နဲ့ အတူနေမယ် "


#tbc

Bạn đang đọc truyện trên: Truyen3h.Co