Truyen3h.Co

Mine

Part 15

KimFany059

Unicode

Karinaမှာ သူတို့အခန်းထဲက ကုတင်ပေါ် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ Winterကို ငေးကြည့်နေမိသည်

အခုချိန်ထိ ဖြစ်ပျက်ခဲ့တာတွေကို မယုံနိုင်ဖြစ်နေတယ်

အထူးသဖြင့် သူမရဲ့ Winterကို ပြန်ရခဲ့တာလေ လူရော နှလုံးသားပါ Karina ပြန်ရခဲ့ပြီလေ

Karina သက်ပြင်းချလိုက်ပြီးနောက် Winterက သူမဘက်ကို လှည့်လာလို့ Karina ပြုံးလိုက်မိသည်

Winterရဲ့ အပြုံးဟာ တကယ်ကို Karinaရဲ့ အသက်ပါဘဲ

သို့သော်လည်း Winterရဲ့ အိပ်နေရင်း  ကြောက်လန့်သွားတဲ့ မျက်နှာကို မြင်တော့ Karinaရဲ့ အပြုံးဟာ ပျောက်ကွယ်သွားသည်

Karinaမှာ အိပ်ရာခင်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး ကြောက်လန့်နေတဲ့ အိပ်ပျော်နေသော Winterဆီသို့ ချက်ချင်းသွားလေသည်

ကုတင်ဘေးနား ထိုင်ပြီး Winterရဲ့ လက်ကို Karina ဆုပ်ကိုင်လိုက်သည်

"Minjeong....Minjeong "

Winterကို Karina လှုပ်နှိုးလိုက်ပေမယ့် Winterကတော့ အိမ်မက်ဆိုးထဲက မနိုးထနိုင်သေးပေ

"မလုပ်ပါနဲ့ "

Winterကတော့ ဆက်ပြီး အော်ဟစ်နေတဲ့အပြင် မျက်ရည်တွေကလည်း စီးကျလာနေသည်

"Minjeong...."

Karinaမှာ Winterရဲ့ ပခုံးကို ခပ်ကြမ်းကြမ်း ဆောင့်ရမ်းပြီး အော်လိုက်သောအခါမှ Winter အိမ်မက်ဆိုးကနိုးလာသည်

Winter အိမ်မက်ဆိုးက လန့်နိုးပြီး အသက်ခပ်ပြင်းပြင်းရှူလိုက်သည်

Karinaကို မြင်လိုက်ရလို့ သူမလုံခြုံတယ်ဆိုတာ သိပေမယ့်လည်း ငိုနေတာကိုတော့ မရပ်နိုင်ပေ

"Minjeong မင်း လုံခြုံပါတယ်ကွယ် မငိုနဲ့နော် "

"Jimin..."

Winterမှာ ငိုရင်း Karinaရဲ့ ရင်ခွင်ထဲ တိုးဝင်လိုက်သည်

"Jimin သူ့ကို နှင်ထုတ်ပေး.... ငါ့ခေါင်းထဲမှာ သူရှိနေတယ်... သူ့ကို နှင်ထုတ်ပေး ...."

Karinaမှာ သူမရင်ခွင်ထဲ ငိုနေတဲ့ Winterကို တင်းတင်းကြပ်ကြပ်ဖက်ထားသည်

"သူက သေသွားပြီလေ အချစ်ရယ် စိတ်မပူပါနဲ့ သူတို့အားလုံးကို တို့အသေသတ်ပေးပါမယ် "

"ဒါပေမယ့် သူတို့က နင့်ကိုလည်း နာကျင်အောင်လုပ်နိုင်တယ်လေ ..."

Karinaမှာ သူမရင်ခွင်ထဲက ထွက်လာပြီး နှုတ်ခမ်းလေးထော်ကာ ပြောနေတဲ့ Winterကို အသည်းတွေယားလာသည်

"ဘယ်သူမှ တို့ကို နာကျင်အောင် မလုပ်နိုင်ဘူး Minjeong....မင်းကလွဲလို့ ဘယ်သူမှ တို့ကို နာကျင်အောင် မလုပ်နိုင်ဘူး "

Karinaမှာ သူမနှာခေါင်းလေးကို Winterရဲ့ နှာခေါင်းနဲ့ ထိတို့ပြီး ပြောလိုက်သည်

"ပေါက်ကရပြောမနေနဲ့ "

Winter နှာခေါင်းရှုံကာ ရန်လုပ်ပြီး Winterကို တွန်းလွှတ်လိုက်သည်

Karinaလည်း ရယ်ပြီး Winter ဘေးနားဝင်အိပ်လိုက်သည်

"အတည်ပြောတာ တို့ကို ဘယ်သူမှ မလွှမ်းမိုးနိုင်ဘူး "

"ကိုယ့်ကိုကိုယ် အထင်ကြီးနေတာများ မုန်းစရာကြီး "

Winterမှာ ပြောပြီး ကုတင်ပေါ်က ဆင်းလိုက်သည်

"Hey baby "

Karina လှဲအိပ်ရာက ထပြီး Winterကို လှမ်းခေါ်တော့ Winterမှာ Karinaရဲ့ လက်ကိုရိုက်လိုက်သည်

"ouch နာလိုက်တာ "

"အမလေး လူသတ်နိုင်တဲ့ ရှင်က ဒီလောက်လေး ရိုက်တာကို နာတယ်တဲ့လား "

Winter ရန်လုပ်ပြီး ရေချိုးခန်းထဲ ဝင်သွားတော့ Karinaလည်း ရယ်ပြီး ရေချိုးခန်းထဲ လိုက်ဝင်လိုက်သည်

သို့သော်လည်း ရေချိုးခန်းထဲတွင် မှန်ကို ရှောင်နေတဲ့ Winterကို မြင်ပြီး Karina စိတ်မကောင်းဖြစ်ရပြန်သည်

ပြဿနာတွေ ဖြစ်ပြီးကတည်းက အခုထိ Winterမှာ မှန်ထဲက သူမပုံရိပ်ကို မကြည့်ဘဲ မကြည့်နိုင်သေးတာလည်း Karinaအတွက် နာကျင်စရာကောင်းလှသည်

"Minjeong... မှန်ထဲကို ကြည့်ပါအုံး မင်းက အရမ်းလှတာဘဲသိလား "

Karinaက ပြောပေမယ့် Winterကတော့ မှန်ထဲကို မကြည့်နိုင်ပေ

"ဟင့်အင်း ငါ မကြည့်နိုင်ဘူး မှန်ထဲက ငါ့ပုံရိပ်ကို မြင်ရင် ပျက်စီးစုတ်ပြတ်နေတဲ့အရာတစ်လို တွေးထင်မိတယ်...."

"မဟုတ်တာ Minjeongရယ် ကဲ ဒါဆို မင်းကိုယ်မင်း မကြည့်နိုင်ရင် တို့ကို ကြည့် Minjeong မင်း ဘာမြင်ရလည်း "

Winterမှာ Karinaရဲ့ မျက်ဝန်းတွေကို စိုက်ကြည့်လိုက်သည်

"နွေးထွေးမှုတွေနဲ့ ပြီးတော့ ငါ့ရဲ့ Jimin......"

"ဒါပေါ့ တို့ အမြဲတမ်း မင်းအနားမှာဘဲ ရှိနေမှာ "

Winterကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်ပြီး Karina ပြောလိုက်သည်

Flashback

"Jimin...."

Mr.Yuမှာ Karinaကို မြင်တော့ လက်ပြပြီး ခေါ်နေသည်

Karinaမှာ သူမမိသားစုရဲ့ business meetingကို တက်ရတာ အရမ်းမုန်းသည်

Taeyeonလည်း တူတူဘဲ ...Taeyeonက ပိုမုန်းမှာပေါ့ ..ဒါပေမယ့် နောက်တစ်နှစ်ဆို မိသားစု လုပ်ငန်းထဲ Taeyeon ဝင်လုပ်ရမှာလေ

Karinaလည်း သူမအဖေနားသို့ ခံစားချက်ကင်းမဲ့တဲ့ ခန္ဓာကိုယ်နဲ့ သွားရပ်လိုက်သည်

"Kim မိသားစုက ကလေးနဲ့ သမီးကို တွေ့စေချင်တယ် "

Karinaမှာ သူမအဖေပြောတာကို အာရုံမစိုက်ဘဲ သူမကို ပြုံးပြနေတဲ့ အမျိုးသားနဲ့ အမျိုးသမီးကိုဘဲ ငေးကြည့်နေသည် ထိုလင်မယားမှာ သူမအဖေလို မဟုတ် အပြုံးတွေကအစ နွေးထွေးလွန်းတယ်

"သမီးက Jimin ဖြစ်မယ်ထင်တယ် "

ထိုအမျိုးသားက လာနှုတ်ဆက်တော့ Karinaက ခေါင်းညိတ်ပြသည်

"ဦးက သမီးအဖေနဲ့ အလုပ်တွဲလုပ်မယ့် ပါတနာပေါ့ "

Karina အသက် ဆယ့်ခြောက်နှစ်ရှိပြီဆိုတော့ business တစ်ချို့ကိုတော့ နားလည်နေပြီလေ

ဒါပေမယ့် ဘယ်လိုလုပ်ငန်းတွေလုပ်လည်းလို့ Karina မေးချင်ပေမယ့် အဲ့လိုမေးလိုက်ရင် ပြဿနာဖြစ်မှာကို Karina သိသည် ဒါကြောင့် Karina မမေးဘဲနေလိုက်သည်

"တွေ့ရတာဝမ်းသာပါတယ် Sir "

"ဟားဟားဟား ဟုတ်ပါပြီ.... ဦးမှာလည်း သမီးနှစ်ယောက်တောင်ရှိတယ် ...အင်း Minjeongက သမီးနဲ့ဆို ရွယ်တူလောက်ဘဲ နှစ်ယောက်သား သက်တောင့်သက်သာဖြစ်လောက်တယ်.....သမီးတို့က မဟုတ်လည်း နောက်ဆို ခဏခဏတွေ့ရတော့မယ့် လူတွေဘဲလေ "

Minjeong?

Karinaမှာ သိချင်စိတ်နဲ့ လူအုပ်ထဲတွင် သူမနဲ့ရွယ်တူ ကလေးမလေးတစ်ယောက်ကို လိုက်ရှာကြည့် မိသည်

Karinaမှာ Minjeongကို လိုက်ရှာနေမှန်း Mr.Kimက သိသည် ဒါကြောင့်မို့လို့ Minjeong ရှိနိုင်မယ့်နေရာကို ပြောပြလိုက်သည်

"Minjeongက အပြင်မှာ ရှိတယ် သမီး သူခုနက လေကောင်းလေသန့်ရှူချင်တယ်လို့ ပြောသေးတယ် သမီး သူ့ကိုတွေ့ချင်ရင် အပြင်လိုက်ရှာကြည့် ဂါဝန်အဖြူလေးကိုမှ ပန်းပွင့်လေးတွေပါရင် အဲ့တာ Minjeongဘဲ "

"ကျေးဇူးတင်ပါတယ် "

Karinaမှာ Mr.Kimကို နှုတ်ဆက်ပြီး ဂျာကင်အိတ်ထဲ လက်နှစ်ဖက်ကို ထည့်ကာ အပြင်သို့ထွက်လာသည်

Minjeongဆိုတဲ့ ကောင်မလေး ဘယ်မှာပါလိမ့်

Karina အိမ်နောက်ဖေးဘက်ကို သွားတော့ နည်းနည်းမှောင်နေပေမယ့် ဂါဝန်အဖြူကိုမှ ပန်းပွင့်လေးတွေပါတာလေး ဝတ်ထားတဲ့ ကောင်မလေးကို တွေ့လိုက်ရသည်

ထိုကောင်မလေးမှာ ခုံတန်းရှည်ပေါ် ထိုင်ပြီး ပန်းခင်းကြီးကို ကြည့်နေသည်

Karinaမှာ ဘေးနားဝန်းကျင် ဘယ်သူရှိလည်း တစ်ချက်ကြည့်ပြီး ထိုကောင်မလေးဆီ လျှောက်လာသည်

ထိုကောင်မလေးမှာ သူမဘေးနား လာရပ်တဲ့ Karinaကို မော့ကြည့်သည်

"ဟို မင်းအဖေက တို့ကို လာကြည့်ခိုင်းလို့ "

"အသက်ကြီးတဲ့လူတွေနဲ့ ရောနှောနေရတာမျိုး ငါမကြိုက်ဘူးရယ် "

ပခုံးတွန့်ပြီး ပြောလိုက်တဲ့ ကောင်မလေးရဲ့ စကားကြောင့် Karinaမှာ စိတ်မဆိုးနိုင်ဘဲ သဘောကျလို့ ရယ်လိုက်သည်

"နင်က ငါနဲ့ရွယ်တူလား.... နင့်နာမည်က ဘယ်သူလည်း ဘယ်ကလည်း ဒီကိုဘာလာလုပ်တာလည်း "

Karinaမှာ မေးခွန်းတွေအများကြီးမေးတဲ့ ကောင်မလေးကို အူကြောင်ကြောင်နဲ့ ကြည့်နေမိသည်

"ငါ့အသက်က ၁၆နှစ် နာမည်က Jimin....ငါ့မိသားစုက ဒီကဘဲ Yu familyလေ "

"Aww Yu မိသားစုကိုး ငါ့အဖေပြောတာကြားဖူးတယ် "

"ဒီတော့ ပန်းပွင့်တွေပါတဲ့ ဂါဝန်လေး ဝတ်ထားတဲ့ မင်းက Minjeongလား "

"အင်း ဟုတ်တယ် ငါဘဲ "

Minjeongက ပြုံးပြလိုက်ချိန်တွင် Karinaမှာ နှလုံးခုန်နှုန်းအရမ်းမြန်လာသည်

"hey ဒီမှာလာထိုင်လေ...."

Minjeongက သူမဘေးနားကို လာထိုင်ဖို့ ခေါ်သည်

"ပန်းပွင့်တွေနဲ့ ကြယ်တွေကို ကြည့်ပြီး တစ်ယောက်အကြောင်းတစ်ယောက်သိဖို့ စကားပြောကြမယ်လေ... ပုံမှန်ဆို ငါက လူတွေနဲ့ရောနှောနေရတာမျိုးမကြိုက်ဘူးရယ် "

Minjeongကခေါ်တော့ Karinaမှာ ခေါင်းညိတ်ပြီး Minjeongဘေးနားဝင်ထိုင်သည်

"မင်းအဖေက တို့ကို မင်းနဲ့ရင်းရင်းနှီးနှီးနေဖို့ ပြောတယ် "

"အင်း ငါ့မှာ သူငယ်ချင်းသိပ်မရှိဘူးလေ အဲ့လိုသူငယ်ချင်းတွေနဲ့လျှောက်လည်တာမျိုးမရှိတော့ အများကြီးမရှိဘူး....နင်နဲ့ သူငယ်ချင်း ဖြစ်ခွင့်ရတာ ကောင်းမယ်ထင်တာဘဲ "

"တို့မှာလည်း သူငယ်ချင်း မရှိဘူးရယ် တို့သူငယ်ချင်း အများစုက အီတလီမှာ "

"နင်က အီတလီကလား "

Minjeongက အံ့သြပြီးမေးသည်

"အဲ့မှာ တို့အဖေ လုပ်ငန်းတွေ အများကြီးရှိတယ်လေ..."

"နင့်အဖေက ဘာလုပ်တာလည်း.... "

Minjeongမေးတဲ့ မေးခွန်းကို Karina ဘယ်လိုဖြေရမှန်းမသိလို့ ကောင်းကင်ကြီးကိုသာ ကြည့်နေမိသည်

"အီတလီလိုပြောတတ်လား နင်အီတလီလို တစ်ခွန်းလောက်ပြောကြည့် ...."

"Minjeong မင်း မေးခွန်းထပ်မေးစရာရှိသေးလား "

Karinaကမေးတော့ Minjeongကရယ်တယ်

"မေးခွန်းတွေ အများကြီး ရှိသေးတယ် "

"မင်းအဖေပြောတာ မှန်သားဘဲ တို့တွေက အချင်းချင်း သက်တောင့်သက်သာဖြစ်စေတာဘဲ "

"ဟုတ်တယ်နော် ရှေ့လျှောက် ဒီထက်ပိုပြီး အဆင်ပြေမယ်လို့ထင်တယ် Yu Jimin "

End of Flashback

ဒီလိုနဲ့ Business လုပ်ငန်းတွေကြောင့် သိခွင့်ရတဲ့  Winterဟာ Karinaရဲ့ ရင်ခွင်ထဲသို့ တစ်ဖြည်းဖြည်း ဝင်ရောက်လာလေရဲ့

#tbc

Zawgyi

Karinaမွာ သူတို႔အခန္းထဲက ကုတင္ေပၚ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေနတဲ့ Winterကို ေငးၾကည့္ေနမိသည္

အခုခ်ိန္ထိ ျဖစ္ပ်က္ခဲ့တာေတြကို မယုံနိုင္ျဖစ္ေနတယ္

အထူးသျဖင့္ သူမရဲ႕ Winterကို ျပန္ရခဲ့တာေလ လူေရာ ႏွလုံးသားပါ Karina ျပန္ရခဲ့ၿပီေလ

Karina သက္ျပင္းခ်လိဳက္ၿပီးေနာက္ Winterက သူမဘက္ကို လွည့္လာလို႔ Karina ၿပဳံးလိုက္မိသည္

Winterရဲ႕ အၿပဳံးဟာ တကယ္ကို Karinaရဲ႕ အသက္ပါဘဲ

သို႔ေသာ္လည္း Winterရဲ႕ အိပ္ေနရင္း  ေၾကာက္လန့္သြားတဲ့ မ်က္ႏွာကို ျမင္ေတာ့ Karinaရဲ႕ အၿပဳံးဟာ ေပ်ာက္ကြယ္သြားသည္

Karinaမွာ အိပ္ရာခင္းကို က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္ၿပီး ေၾကာက္လန့္ေနတဲ့ အိပ္ေပ်ာ္ေနေသာ Winterဆီသို႔ ခ်က္ခ်င္းသြားေလသည္

ကုတင္ေဘးနား ထိုင္ၿပီး Winterရဲ႕ လက္ကို Karina ဆုပ္ကိုင္လိုက္သည္

"Minjeong....Minjeong "

Winterကို Karina လႈပ္ႏွိုးလိုက္ေပမယ့္ Winterကေတာ့ အိမ္မက္ဆိုးထဲက မနိုးထနိုင္ေသးေပ

"မလုပ္ပါနဲ႕ "

Winterကေတာ့ ဆက္ၿပီး ေအာ္ဟစ္ေနတဲ့အျပင္ မ်က္ရည္ေတြကလည္း စီးက်လာေနသည္

"Minjeong...."

Karinaမွာ Winterရဲ႕ ပခုံးကို ခပ္ၾကမ္းၾကမ္း ေဆာင့္ရမ္းၿပီး ေအာ္လိုက္ေသာအခါမွ Winter အိမ္မက္ဆိုးကနိုးလာသည္

Winter အိမ္မက္ဆိုးက လန့္နိုးၿပီး အသက္ခပ္ျပင္းျပင္းရႉလိုက္သည္

Karinaကို ျမင္လိုက္ရလို႔ သူမလုံၿခဳံတယ္ဆိုတာ သိေပမယ့္လည္း ငိုေနတာကိုေတာ့ မရပ္နိုင္ေပ

"Minjeong မင္း လုံၿခဳံပါတယ္ကြယ္ မငိုနဲ႕ေနာ္ "

"Jimin..."

Winterမွာ ငိုရင္း Karinaရဲ႕ ရင္ခြင္ထဲ တိုးဝင္လိုက္သည္

"Jimin သူ႕ကို ႏွင္ထုတ္ေပး.... ငါ့ေခါင္းထဲမွာ သူရွိေနတယ္... သူ႕ကို ႏွင္ထုတ္ေပး ...."

Karinaမွာ သူမရင္ခြင္ထဲ ငိုေနတဲ့ Winterကို တင္းတင္းၾကပ္ၾကပ္ဖက္ထားသည္

"သူက ေသသြားၿပီေလ အခ်စ္ရယ္ စိတ္မပူပါနဲ႕ သူတို႔အားလုံးကို တို႔အေသသတ္ေပးပါမယ္ "

"ဒါေပမယ့္ သူတို႔က နင့္ကိုလည္း နာက်င္ေအာင္လုပ္နိုင္တယ္ေလ ..."

Karinaမွာ သူမရင္ခြင္ထဲက ထြက္လာၿပီး ႏႈတ္ခမ္းေလးေထာ္ကာ ေျပာေနတဲ့ Winterကို အသည္းေတြယားလာသည္

"ဘယ္သူမွ တို႔ကို နာက်င္ေအာင္ မလုပ္နိုင္ဘူး Minjeong....မင္းကလြဲလို႔ ဘယ္သူမွ တို႔ကို နာက်င္ေအာင္ မလုပ္နိုင္ဘူး "

Karinaမွာ သူမႏွာေခါင္းေလးကို Winterရဲ႕ ႏွာေခါင္းနဲ႕ ထိတို႔ၿပီး ေျပာလိုက္သည္

"ေပါက္ကရေျပာမေနနဲ႕ "

Winter ႏွာေခါင္းရႈံကာ ရန္လုပ္ၿပီး Winterကို တြန္းလႊတ္လိုက္သည္

Karinaလည္း ရယ္ၿပီး Winter ေဘးနားဝင္အိပ္လိုက္သည္

"အတည္ေျပာတာ တို႔ကို ဘယ္သူမွ မလႊမ္းမိုးနိုင္ဘူး "

"ကိုယ့္ကိုကိုယ္ အထင္ႀကီးေနတာမ်ား မုန္းစရာႀကီး "

Winterမွာ ေျပာၿပီး ကုတင္ေပၚက ဆင္းလိုက္သည္

"Hey baby "

Karina လွဲအိပ္ရာက ထၿပီး Winterကို လွမ္းေခၚေတာ့ Winterမွာ Karinaရဲ႕ လက္ကိုရိုက္လိုက္သည္

"ouch နာလိုက္တာ "

"အမေလး လူသတ္နိုင္တဲ့ ရွင္က ဒီေလာက္ေလး ရိုက္တာကို နာတယ္တဲ့လား "

Winter ရန္လုပ္ၿပီး ေရခ်ိဳးခန္းထဲ ဝင္သြားေတာ့ Karinaလည္း ရယ္ၿပီး ေရခ်ိဳးခန္းထဲ လိုက္ဝင္လိုက္သည္

သို႔ေသာ္လည္း ေရခ်ိဳးခန္းထဲတြင္ မွန္ကို ေရွာင္ေနတဲ့ Winterကို ျမင္ၿပီး Karina စိတ္မေကာင္းျဖစ္ရျပန္သည္

ျပႆနာေတြ ျဖစ္ၿပီးကတည္းက အခုထိ Winterမွာ မွန္ထဲက သူမပုံရိပ္ကို မၾကည့္ဘဲ မၾကည့္နိုင္ေသးတာလည္း Karinaအတြက္ နာက်င္စရာေကာင္းလွသည္

"Minjeong... မွန္ထဲကို ၾကည့္ပါအုံး မင္းက အရမ္းလွတာဘဲသိလား "

Karinaက ေျပာေပမယ့္ Winterကေတာ့ မွန္ထဲကို မၾကည့္နိုင္ေပ

"ဟင့္အင္း ငါ မၾကည့္နိုင္ဘူး မွန္ထဲက ငါ့ပုံရိပ္ကို ျမင္ရင္ ပ်က္စီးစုတ္ျပတ္ေနတဲ့အရာတစ္လို ေတြးထင္မိတယ္...."

"မဟုတ္တာ Minjeongရယ္ ကဲ ဒါဆို မင္းကိုယ္မင္း မၾကည့္နိုင္ရင္ တို႔ကို ၾကည့္ Minjeong မင္း ဘာျမင္ရလည္း "

Winterမွာ Karinaရဲ႕ မ်က္ဝန္းေတြကို စိုက္ၾကည့္လိုက္သည္

"ႏြေးေထြးမႈေတြနဲ႕ ၿပီးေတာ့ ငါ့ရဲ႕ Jimin......"

"ဒါေပါ့ တို႔ အၿမဲတမ္း မင္းအနားမွာဘဲ ရွိေနမွာ "

Winterကို တင္းတင္းၾကပ္ၾကပ္ေပြ႕ဖက္ၿပီး Karina ေျပာလိုက္သည္

Flashback

"Jimin...."

Mr.Yuမွာ Karinaကို ျမင္ေတာ့ လက္ျပၿပီး ေခၚေနသည္

Karinaမွာ သူမမိသားစုရဲ႕ business meetingကို တက္ရတာ အရမ္းမုန္းသည္

Taeyeonလည္း တူတူဘဲ ...Taeyeonက ပိုမုန္းမွာေပါ့ ..ဒါေပမယ့္ ေနာက္တစ္ႏွစ္ဆို မိသားစု လုပ္ငန္းထဲ Taeyeon ဝင္လုပ္ရမွာေလ

Karinaလည္း သူမအေဖနားသို႔ ခံစားခ်က္ကင္းမဲ့တဲ့ ခႏၶာကိုယ္နဲ႕ သြားရပ္လိုက္သည္

"Kim မိသားစုက ကေလးနဲ႕ သမီးကို ေတြ႕ေစခ်င္တယ္ "

Karinaမွာ သူမအေဖေျပာတာကို အာ႐ုံမစိုက္ဘဲ သူမကို ၿပဳံးျပေနတဲ့ အမ်ိဳးသားနဲ႕ အမ်ိဳးသမီးကိုဘဲ ေငးၾကည့္ေနသည္ ထိုလင္မယားမွာ သူမအေဖလို မဟုတ္ အၿပဳံးေတြကအစ ႏြေးေထြးလြန္းတယ္

"သမီးက Jimin ျဖစ္မယ္ထင္တယ္ "

ထိုအမ်ိဳးသားက လာႏႈတ္ဆက္ေတာ့ Karinaက ေခါင္းညိတ္ျပသည္

"ဦးက သမီးအေဖနဲ႕ အလုပ္တြဲလုပ္မယ့္ ပါတနာေပါ့ "

Karina အသက္ ဆယ့္ေျခာက္ႏွစ္ရွိၿပီဆိုေတာ့ business တစ္ခ်ိဳ႕ကိုေတာ့ နားလည္ေနၿပီေလ

ဒါေပမယ့္ ဘယ္လိုလုပ္ငန္းေတြလုပ္လည္းလို႔ Karina ေမးခ်င္ေပမယ့္ အဲ့လိုေမးလိုက္ရင္ ျပႆနာျဖစ္မွာကို Karina သိသည္ ဒါေၾကာင့္ Karina မေမးဘဲေနလိုက္သည္

"ေတြ႕ရတာဝမ္းသာပါတယ္ Sir "

"ဟားဟားဟား ဟုတ္ပါၿပီ.... ဦးမွာလည္း သမီးႏွစ္ေယာက္ေတာင္ရွိတယ္ ...အင္း Minjeongက သမီးနဲ႕ဆို ႐ြယ္တူေလာက္ဘဲ ႏွစ္ေယာက္သား သက္ေတာင့္သက္သာျဖစ္ေလာက္တယ္.....သမီးတို႔က မဟုတ္လည္း ေနာက္ဆို ခဏခဏေတြ႕ရေတာ့မယ့္ လူေတြဘဲေလ "

Minjeong?

Karinaမွာ သိခ်င္စိတ္နဲ႕ လူအုပ္ထဲတြင္ သူမနဲ႕႐ြယ္တူ ကေလးမေလးတစ္ေယာက္ကို လိုက္ရွာၾကည့္ မိသည္

Karinaမွာ Minjeongကို လိုက္ရွာေနမွန္း Mr.Kimက သိသည္ ဒါေၾကာင့္မို႔လို႔ Minjeong ရွိနိုင္မယ့္ေနရာကို ေျပာျပလိုက္သည္

"Minjeongက အျပင္မွာ ရွိတယ္ သမီး သူခုနက ေလေကာင္းေလသန့္ရႉခ်င္တယ္လို႔ ေျပာေသးတယ္ သမီး သူ႕ကိုေတြ႕ခ်င္ရင္ အျပင္လိုက္ရွာၾကည့္ ဂါဝန္အျဖဴေလးကိုမွ ပန္းပြင့္ေလးေတြပါရင္ အဲ့တာ Minjeongဘဲ "

"ေက်းဇူးတင္ပါတယ္ "

Karinaမွာ Mr.Kimကို ႏႈတ္ဆက္ၿပီး ဂ်ာကင္အိတ္ထဲ လက္ႏွစ္ဖက္ကို ထည့္ကာ အျပင္သို႔ထြက္လာသည္

Minjeongဆိုတဲ့ ေကာင္မေလး ဘယ္မွာပါလိမ့္

Karina အိမ္ေနာက္ေဖးဘက္ကို သြားေတာ့ နည္းနည္းေမွာင္ေနေပမယ့္ ဂါဝန္အျဖဴကိုမွ ပန္းပြင့္ေလးေတြပါတာေလး ဝတ္ထားတဲ့ ေကာင္မေလးကို ေတြ႕လိုက္ရသည္

ထိုေကာင္မေလးမွာ ခုံတန္းရွည္ေပၚ ထိုင္ၿပီး ပန္းခင္းႀကီးကို ၾကည့္ေနသည္

Karinaမွာ ေဘးနားဝန္းက်င္ ဘယ္သူရွိလည္း တစ္ခ်က္ၾကည့္ၿပီး ထိုေကာင္မေလးဆီ ေလွ်ာက္လာသည္

ထိုေကာင္မေလးမွာ သူမေဘးနား လာရပ္တဲ့ Karinaကို ေမာ့ၾကည့္သည္

"ဟို မင္းအေဖက တို႔ကို လာၾကည့္ခိုင္းလို႔ "

"အသက္ႀကီးတဲ့လူေတြနဲ႕ ေရာႏွောေနရတာမ်ိဳး ငါမႀကိဳက္ဘူးရယ္ "

ပခုံးတြန့္ၿပီး ေျပာလိုက္တဲ့ ေကာင္မေလးရဲ႕ စကားေၾကာင့္ Karinaမွာ စိတ္မဆိုးနိုင္ဘဲ သေဘာက်လိဳ႕ ရယ္လိုက္သည္

"နင္က ငါနဲ႕႐ြယ္တူလား.... နင့္နာမည္က ဘယ္သူလည္း ဘယ္ကလည္း ဒီကိုဘာလာလုပ္တာလည္း "

Karinaမွာ ေမးခြန္းေတြအမ်ားႀကီးေမးတဲ့ ေကာင္မေလးကို အူေၾကာင္ေၾကာင္နဲ႕ ၾကည့္ေနမိသည္

"ငါ့အသက္က ၁၆ႏွစ္ နာမည္က Jimin....ငါ့မိသားစုက ဒီကဘဲ Yu familyေလ "

"Aww Yu မိသားစုကိုး ငါ့အေဖေျပာတာၾကားဖူးတယ္ "

"ဒီေတာ့ ပန္းပြင့္ေတြပါတဲ့ ဂါဝန္ေလး ဝတ္ထားတဲ့ မင္းက Minjeongလား "

"အင္း ဟုတ္တယ္ ငါဘဲ "

Minjeongက ၿပဳံးျပလိုက္ခ်ိန္တြင္ Karinaမွာ ႏွလုံးခုန္ႏႈန္းအရမ္းျမန္လာသည္

"hey ဒီမွာလာထိုင္ေလ...."

Minjeongက သူမေဘးနားကို လာထိုင္ဖို႔ ေခၚသည္

"ပန္းပြင့္ေတြနဲ႕ ၾကယ္ေတြကို ၾကည့္ၿပီး တစ္ေယာက္အေၾကာင္းတစ္ေယာက္သိဖို႔ စကားေျပာၾကမယ္ေလ... ပုံမွန္ဆို ငါက လူေတြနဲ႕ေရာႏွောေနရတာမ်ိဳးမႀကိဳက္ဘူးရယ္ "

Minjeongကေခၚေတာ့ Karinaမွာ ေခါင္းညိတ္ၿပီး Minjeongေဘးနားဝင္ထိုင္သည္

"မင္းအေဖက တို႔ကို မင္းနဲ႕ရင္းရင္းႏွီးႏွီးေနဖို႔ ေျပာတယ္ "

"အင္း ငါ့မွာ သူငယ္ခ်င္းသိပ္မရွိဘူးေလ အဲ့လိုသူငယ္ခ်င္းေတြနဲ႕ေလွ်ာက္လည္တာမ်ိဳးမရွိေတာ့ အမ်ားႀကီးမရွိဘူး....နင္နဲ႕ သူငယ္ခ်င္း ျဖစ္ခြင့္ရတာ ေကာင္းမယ္ထင္တာဘဲ "

"တို႔မွာလည္း သူငယ္ခ်င္း မရွိဘူးရယ္ တို႔သူငယ္ခ်င္း အမ်ားစုက အီတလီမွာ "

"နင္က အီတလီကလား "

Minjeongက အံ့ၾသၿပီးေမးသည္

"အဲ့မွာ တို႔အေဖ လုပ္ငန္းေတြ အမ်ားႀကီးရွိတယ္ေလ..."

"နင့္အေဖက ဘာလုပ္တာလည္း.... "

Minjeongေမးတဲ့ ေမးခြန္းကို Karina ဘယ္လိုေျဖရမွန္းမသိလို႔ ေကာင္းကင္ႀကီးကိုသာ ၾကည့္ေနမိသည္

"အီတလီလိုေျပာတတ္လား နင္အီတလီလို တစ္ခြန္းေလာက္ေျပာၾကည့္ ...."

"Minjeong မင္း ေမးခြန္းထပ္ေမးစရာရွိေသးလား "

Karinaကေမးေတာ့ Minjeongကရယ္တယ္

"ေမးခြန္းေတြ အမ်ားႀကီး ရွိေသးတယ္ "

"မင္းအေဖေျပာတာ မွန္သားဘဲ တို႔ေတြက အခ်င္းခ်င္း သက္ေတာင့္သက္သာျဖစ္ေစတာဘဲ "

"ဟုတ္တယ္ေနာ္ ေရွ႕ေလွ်ာက္ ဒီထက္ပိုၿပီး အဆင္ေျပမယ္လို႔ထင္တယ္ Yu Jimin "

End of Flashback

ဒီလိုနဲ႕ Business လုပ္ငန္းေတြေၾကာင့္ သိခြင့္ရတဲ့  Winterဟာ Karinaရဲ႕ ရင္ခြင္ထဲသို႔ တစ္ျဖည္းျဖည္း ဝင္ေရာက္လာေလရဲ႕

#tbc

Bạn đang đọc truyện trên: Truyen3h.Co