ေန႔တိုင္း အားႏြဲ႕ေယာင္ေဆာင္ေနက် သူေဌး (MM- translation)
cake 🍰 က တကယ္ကိုအရသာရွိတယ္ (၁)
Zawgyi
cakeက တကယ္ကို အရသာရွိတယ္ (၁)
က်င္း ၿမိဳ႕ ရဲ႕ နံပါတ္တစ္ ေဆးရံု (VIP) အခန္းထဲက ခုတင္ေပၚ၌ ဟဲ့က်ိဳးကေခါင္းအံုးကို မွီၿပီး သူ႔ဖုန္းထဲက wechat ကို စိတ္ဝင္တစ္စားၾကည့္ေနခဲ့တယ္ ။ ေဘးဘက္ျပတင္းေပါက္ကေနဝင္လာတဲ့ ေနေရာင္ျခည္ေလးေတြက သူ႔ရဲ႕ ေျကာ့ရွင္းတဲ့ ေဘးတိုက္ပံုရိပ္ကေလးကို ၿငိမ္သက္စြာနဲ႔ ေထာက္ပံ့ေပးေနၾကတယ္ ။
အိမ္ေတာ္ထိန္း စုန္႔ေခ်ာင္ က တိတ္တဆိပ္ သက္ပ်င္းခ်လိုက္တယ္ ။ သခင္ေလးသာ အရင္အခ်ိန္ေတြတုန္းက ယခုလိုမ်ိဳးေလး တိတ္ဆိပ္ၿပီးလိမၼာပါးနပ္ခဲ့မယ္ဆိုရင္ မိသားစုထဲက အႀကီးအကဲေတြက စိတ္ပ်က္ၾကမွာ မဟုတ္ဘူး။
သူက ခုတင္ေရွ႕ကို ေလွ်ာက္လာခဲ့ၿပီး ေလးစားသမႈႏွင့္ "သခင္ေလး" အခု ေဆးရံုကေနဆင္းလို႔ ရပါၿပီ ။
ဟဲ့က်ိဳးက ဒီစကားကိုၾကားတာနဲ႔ သူ႔ရဲ႕ဖုန္းကို ခ်က္ခ်င္းပိတ္လိုက္တယ္။ သူက ေခါင္းကိုေမာ့လိုက္ၿပီး စုန္႔ေခ်ာင္ကို အျပံဳးေလးျဖင့္ " ေက်းဇူးတင္ပါတယ္ ဦးေလး စုန္႔ "
ငယ္တုန္းထဲက အက်င့္ကေတာ့ေဖ်ာက္ဖ်က္လို့မရဘဲ က်န္ရွိေနဦးမွာပဲ ၊ ေနာက္ဆုံးမွာေတာ့ မေကာင္းတာကို ျပဳျပင္ေျပာင္းလဲခ်င္စိတ္ေလးရွိလာပါလိမ့္မယ္လို႔ ေမွ်ာ္လင့္ရတာပဲ။
စုန္႔ေခ်ာင္က စိတ္ထဲမွာပဲ ထပ္ၿပီးသက္ပ်င္း ခ်လိုက္တယ္။ သခင္ေလးက ျပန္ႏိုးလာကထဲက အျခားတစ္ေယာက္လိုမ်ိဳး လံုးဝကိုေျပာင္းလဲသြားခဲ့တယ္။ သို႔ေသာ္ သခင္ေလးက ေသလုေမ်ာပါးအထိ ထိခိုက္ဒဏ္ရာ ရခဲ့တာေၾကာင့္ ဒီလိုမ်ိဳးေျပာင္းလဲသြားတာက ပံုမွန္ပဲလို႔ ေျပာလို႔ရတယ္။ မိသားစုအႀကီးအကဲေတြက သခင္ေလးကိုျမင္တာနဲ႔ သူတို႔စိတ္ထဲမွာ သက္ေသာင့္သက္သာခံစားရလိမ့္မယ္ ။
ဟဲ့က်ိဳးက ျဖဴစြတ္ေနတဲ့ တီရွပ္ႏွင့္ အျပာႏုေရာင္ ဂ်င္းေဘာင္းဘီကို ဝတ္လိုက္တယ္ ။ သူက ေဆးရံုဝန္းထဲမွာ ရပ္ေနၿပီး အျပင္ဘက္က လူစည္ကားေနတဲ့ ကားလမ္းမႀကီးကိုၾကည့္လိုက္တယ္ ။ ကံၾကမၼာက တကယ့္ကို အံ့ၾသစရာေကာင္းၿပီး တုန္လႈပ္ဖို႔ေကာင္းတယ္လို႔ ခံစားလိုက္ရတယ္ ။
သူသည္ အျခားကမ႓ာက ရွန္းယန္ ဂိုဏ္း၏ လူငယ္ေဆာင္ေခါင္ျဖစ္တယ္ ။ သူသည္ ငယ္စဥ္ကထဲက အလြန္ထူးျခားေသာပါရမီရွင္ျဖစ္ခဲ့တယ္ ။ ဂူးဝူ ကိုယ္ခံပညာကို ေလ့လာေနၾကတဲ့ သူႏွင့္သက္တူရြယ္တူကေလးေတြၾကားထဲမွာေတာ့ သူက စံျပပုဂိၢဳလ္ ျဖစ္တယ္။ ဒါေပမယ့္ သူမွာ မည္သူ႔ကိုမွမေျပာျပဖူးတဲ့ လွိ်႕ဝွက္ခ်က္တစ္ခုရွိခဲ့တယ္ ၊ အဲ့တာက " သူက ညတိုင္းအိမ္မက္မက္ေလ့ရွိတယ္ အဲ့ဒီအိမ္မက္ထဲမွာ သူက အျခား အၿပိဳင္ကမ႓ာတစ္ခုကို ျမင္ေနရတယ္ "
ပိုၿပီးတိတိက်က်ေျပာရမယ္ဆိုရင္ " ညတိုင္း သူရဲ႕အိမ္မက္ထဲမွာ တျခားသူတစ္ေယာက္ရဲ႕ ဘဝကို ျမင္ေနရတာျဖစ္တယ္ " ။ အဲ့ဒီလူက ဘယ္သူလည္းဆိုရင္ အခုသူရဲ႕ ဝိညာဥ္ဝင္ေရာက္ထားတဲ့ ဟဲ့က်ိဳးဆိုတဲ့ သခင္းေလးပဲျဖစ္တယ္ ။ ဘာလို႔ ဒီလိုမ်ိဳးျဖစ္ပ်က္သြားလည္းဆိုတာ သူမသိေပမယ့္ စိတ္အေႏွာက္အယွက္ေတာ့မျဖစ္မိဘူး ။ ရွန္းယန္ဂိုဏ္ရဲ႕ ဂိုဏ္ေခါင္းေဆာင္တစ္ေယာက္အေနနဲ႔ သူက ဒီလိုကိစၥကို မည္သူ႔ကိုမွ ေျပာျပလိမ့္မည္မဟုတ္။ အဲ့ဒီထူးဆန္းတဲ့ ကမ႓ာထဲက ဒီခႏၶာကိုယ္ရဲ႕ သူနားမလည္ႏိုင္တဲ့ အျပဳအမူေတြကို ၾကည့္ရင္းနဲ႔ပဲ သူက ညတိုင္းစိတ္႐ွဳပ္စြာျဖင့္ အိပ္ေပ်ာ္ခဲ့ရတာျဖစ္တယ္။
ဥပမာအေနနဲ႔ သူ ဒီခႏၶာကိုယ္ထဲမေရာက္လာခင္ ညက ၊ သူက ရွန္းယန္ဂိုဏ္ ကပ္ေဘးဆိုၾကံဳခဲ့ရခ်ိန္ ဂိုဏ္သားေတြကို ကာကြယ္ရန္ႏွင့္ ရန္သူေတြကို သူနဲ႔အတူတူေသဆံုးသြားေစရန္ သူ႔ရဲ႕ ဒန္တန္းကို သူကိုယ္တိုင္ေဖာက္ခြဲပစ္လိုက္တယ္၊ အဲ့ဒီအခ်ိန္ သူျမင္လိုက္တယ္ ဒီခႏၶာကိုယ္ပိုင္ရွင္က အျခားသူတစ္ေယာက္နဲ႔ အေကြ႕အေကာက္လမ္းေတြရွိတဲ့ ေတာင္ေပၚမွာ ကားေမာင္းၿပိဳင္ေနခဲ့တယ္ ၊ ေနာက္ဆံုးေတာ့ သူရဲ႕ကားက မေဆာ္တဆမႈျဖစ္ပီး ေခ်ာက္ထဲကိုထိုးက်သြားခဲ့တယ္ ။
ဘယ္ဟာက ပိုၿပီးအံ့ၾသဖို႔ေကာင္းလည္းဆိုရင္ သူမ်က္လံုးဖြင့္လိုက္တာနဲ႔ သူက အျခားကမ႓ာက ေဆးရံုတစ္ခုရဲ႕ ခုတင္ေပၚမွာ လဲေလ်ာင္းေနတာျဖစ္ၿပီး သူနာျပဳရဲ႕ စကားေၾကာင့္ ဒီ ခႏၶာကိုယ္ပိုင္ရွင္ေမ့ေျမာေနသည္မွာ ၃လေလာက္ရွိေနၿပီဆိုတာ သိလိုက္ရတယ္။
" သခင္ေလး ေက်းဇူးျပဳၿပီး ဝင္ပါ" စုန္႔ေခ်ာင္ရဲ႕ အသံကိုၾကားေတာ့မွ သူ႔ရဲ႕အေတြးေတြဟာ ရပ္တန္႔သြားေတာ့တယ္ ။
ဟဲ့က်ိဳးက သူ႔ရဲ႕အိမ္မက္ထဲမာ သူအၿမဲတမ္းျမင္ေတြ႕ေနရတာေတြကို အတုခိုးလိုက္ၿပီး ကားထဲကို ဝင္ထိုင္လိုက္တယ္ ။ တံခါးပိတ္ၿပီးတာႏွင့္ driverက စက္ႏွိုးလိုက္ၿပီး ဟဲ့မိသားစုရဲ႕ စံအိမ္သို႔ ေမာင္းလိုက္တယ္။
ဟဲ့က်ိဳးက ထိုင္ခံုကိုမွီလိုက္ၿပီး ခဏအၾကာမွာ သူရဲ႕မ်က္လံုးေတြကိုေမွးလိုက္တယ္ ။ သူရဲ႕ အေတြးေတြကိုဖံုးကြယ္ၿပီး အိမ္ေတာ္ထိန္းအား ေမးခြန္းတစ္ခုကို ႐ုတ္တရက္ထေမးလိုက္တယ္ " ဦးေလးစုန္႔ မေတာ္မတမျဖစ္ခင္ ကၽြန္ေတာ္ေမာင္းခဲ့တဲ့ရကားက ဘာျဖစ္ခဲ့တာလည္း ?"
အေရွ႕ခံုမွာ ထိုင္ေနတဲ့ စုန္႔ေခ်ာင္က ေခါင္းလွည့္လာၿပီး "သခင္ေလး ..မေတာ္တဆမႈျဖစ္ၿပီးတဲ့ေနာက္ပိုင္း ကားကလံုးဝကိုပ်က္စီးသြားၿပီ ဒါ့ေၾကာင့္မို႔ ကားသခ်ႋဳင္ကို တစ္ခါထဲပို႔လိုက္ရတယ္...ျပသနာတစ္ခုခုရွိလို႔လား?"
ဟဲ့က်ိဳးက ကားမွန္ရဲ႕အျပင္ဘက္ျမင္ကြင္းကိုၾကည့္ရင္ ျပံဳးလိုက္တယ္ " ဘာမွမျဖစ္ပါဘူး... အဲ့ဒီေန႔ကအေၾကာင္းကို သတိရမိသြားလို႔ပါ"
ဒီကိစၥက လံုးဝကို မ႐ိုးရွင္းဘူး၊ တစ္စံုတစ္ေယာက္က သူ႔ကားကို တစ္ခုခုလုပ္ထားပံုရတယ္ ၊ အဲ့ဒီကားမေတာ္တဆမႈေၾကာင့္သာ သူက ကိုမာ ဝင္ခဲ့တာျဖစ္တယိ ။ သိုေသာ္လည္း မေတာ္တဆမႈျဖစ္တာက လအနည္းငယ္ၾကာေနၿပီျဖစ္တာေၾကာင့္ ဒီကိစၥကို ဘယ္လိုမွ ရွာေဖြလို႔ရမွာမဟုတ္ေတာ့ဘူး။ ကားကလည္း အဲ့ခ်ိန္ကထဲက စြန္းပစ္လိုက္ၿပီျဖစ္တယ္။
စုန္႔ေခ်ာင္က " သခင္ေလး ကားၿပိဳင္ေမာင္းတာက အရမ္းကို အႏၲရာယ္မ်ားတယ္၊ သခင္ေလးက ကံေကာင္းလြန္းလို႔သာ ဒီလိုမေတာ္တဆျဖစ္မႈမွာ အသက္ရွင္လာတာ ၊ ဒါေၾကာင့္မို႔ ေနာက္ဆိုရင္ ကားၿပိဳင္တာေတြ ထပ္ၿပီးေတာ႔မလုပ္ပါနဲ႔ေတာ့လား??" လို႔ ဂ႐ုတစိုက္နဲ႔အၾကံေပးၿပီးတဲ့ေနာက္ တိတ္တဆိပ္ေနလိုက္တယ္။
ဟဲ့က်ိဳးက ေစာင္ေခ်ာင္ရဲ႕ဂ႐ုဏာမ်က္လံုးေတြနဲ႔ ေတြ႕စံုၿပီးတဲ့ေနာက္ သူကေခါင္းၿငိမ့္ျပလိုက္တယ္ ။ " ေက်းဇူးတင္ပါတယ္ ဦးေလး စုန္႔ ၊ အနာဂတ္မွာ ကၽြန္ေတာ္ ဒီလို မဆင္မခ်င္အျပဳမူေတြ ထပ္လုပ္ေတာ့မွာ မဟုတ္ပါဘူး" ။
စုန္႔ေခ်ာင္က စိတ္သက္သာရာရသြားၿပီး ခ်က္ခ်င္းပဲျပံဳးလိုက္ေတာ့တယ္။ သခင္ေလးက သူ႔မ်က္စိေရွ႕တင္ပဲ တေျဖးေျဖးနဲ႔ အရြယ္ေရာက္လာခဲ့တယ္ ။ ဒါ့ေၾကာင့္ သူက သခင္ေလးကို ဂ႐ုမစိုက္ဖူးဆိုတာက မျဖစ္ႏိုင္တဲ့အရာပဲ (သူက သူ႔သခင္ေလးကို ဂ႐ုစိုက္တယ္လို႔ ေျပာခ်င္တာပါ)။ သခင္ေလးက ကိုယ္ခံပညာကို မေလ့က်င့္ႏိုင္ဘူး၊ ဒါ့ေၾကာင့္ မိသားစုထဲကအႀကီးအကဲေတြက သခင္ေလးရဲ႕ လံုျခံဳေရးကိုအၿမဲႏွလံုးသြင္းထားခဲ့ၾကေပမယ့္ သခင္ေလးက ဒါကို လံုးဝနားမလည္ခဲ့ဘူး။
ဒီခ်ိန္မွာပဲ ဖုန္းက ျမည္လာခဲ့တယ္။ ဟဲ့က်ိဳးက သူအိတ္ကပ္ထဲကေန ဖုန္းကိုထုတ္လိုက္ၿပီး ဂူဝူ ဖိုရမ္မွာ သူ႔ကို တစ္စံုတစ္ေယာက္က reply ျပန္ထားတာကိုၾကည့္လိုက္တယ္။
ဒီဖိုရမ္မွာ အေကာင့္တစ္ခုကို ဒီခႏၶာကိုယ္ရဲ႕ မူလပိုင္ရွင္က ဖြင့္ထားတာျဖစ္တယ္ ။ မူလပိုင္ရွင္က ကိုယ္ခံပညာကိုမေလ့က်င့္ႏိုင္ဘူး၊ ဒါေပမယ့္ သူက ေလ့က်င့္ႏိုင္ဖို႔ရာအတြက္ အၿမဲေတာင့္တေနခဲ့တာျဖစ္တယ္ ။ ဒါ့ေၾကာင့္ပဲသူက အေကာင့္တစ္ခုဖြင့္ၿပီး ေန႔တိုင္းလိုလို ဒီဖိုရမ္ ထဲမွာ ေစာင့္ၾကည့္ေနတာျဖစ္တယ္။
ဟဲ့က်ိဳးႏိုးလာၿပီးတဲ့ေနာက္ သူက ေဆးရံုေပၚမွာေနရတဲ့အခ်ိန္ေတြက အလြန္ညည္းေငြ႕ဖြယ္ေကာင္းတယ္လို႔ ခံစားလိုက္ရတယ္ ။ ဒါေၾကာင့္သူက ဒီဖိုရမ္ထဲကို ဝင္ၿပီး လူေတြေတာ္ေတာ္မ်ားမ်ားက ျငင္းခုန္ေနၾကတာကို ၾကည့္ေနလိုက္တယ္။
သူက အျခားသူေတြရဲ႕ ကိုယ္ေရးကိုယ္တာ အလုပ္ကိစၥေတြကို လိုက္ၿပီး ေဝဖန္ေျပာဆိုရတာကို သေဘာမက်ေပမယ့္လည္း ၊ ဒီခႏၶာကိုယ္ရဲ႕ မူလပိုင္ရွင္ သခင္ေလးဟဲ့ရဲ႕ လုပ္ေနက်ပံုစံအတိုင္း ဒီ ဂူးဝူ ဖိုရမ္ေပၚက သူမ်က္လံုးထဲ စိတ္တိုင္းမက်တဲ့ အေၾကာင္းအရာတစ္ခုေအာက္မွာ မွတ္ခ်က္တစ္ခုေရးလိုက္တယ္။
သူရဲ႕ " ေငြေတြမ်ားမ်ားထည့္ပါ" အေကာင့္က အဆင့္နိမ့္ေနေသာေၾကာင့္ သူ မန္႔လိုက္တဲ့ မွတ္ခ်က္ေတြကို ဘယ္သူကမွ သတိမထားမိၾကဘူး။ ဒါေပမယ့္ သူမန္႔လိုက္တဲ့ "အျမင့္ျမတ္ဆံုးကိုယ္ခံစြမ္းရည္" ဆိုတဲ့ အေကာင့္ပိုင္ရွင္က ဆတ္ဆတ္ထိမခံဖစ္လာၿပီး သူ႔ကို ျပန္ၿပီးလွံု႔ေဆာ္ဖို႔ႀကိဳးစားလာတယ္။ မည္သို႔ပင္ဆိုေစ ဟဲ့က်ိဳးက ဂိုဏ္တစ္ခုရဲ႕ သခင္ေလးတစ္ေယာက္ျဖစ္တဲ့အျပင္ သူကေရႊအမာခံနယ္ေျမထိ ေရာက္ရွိေနၿပီးသားျဖစ္တယ္ ။ သူက ဒီလိုဘာမဟုတ္တဲ့ကိစၥေလးေတြနဲ႔ ျပႆနာမျဖစ္ခ်င္ေသာ္လည္း သူအခု ေဒါသထြက္ေနၿပီျဖစ္တယ္။ တစ္ဖက္လူရဲ႕ မဆုပ္မနစ္လိုက္လိုက္တိုက္ခံတာကို ခံေနရတဲ့အခါ သူက ခက္တည္တည္ပဲ တစ္ဖက္လူကို ဘာမွမသိနားမလည္ေသာ လူငယ္ေလးတစ္ေယာက္အျဖစ္နဲ႔ ေျပာဆိုဆက္ဆံေပးလိုက္တယ္ ။ ဒီလိုလုပ္လိုက္တာက သူ႔ကို ေပ်ာ္ရႊင္ေစၿပီး တစ္ဖက္လူကိုေတာ့ ေဒါသထြက္သြားေစတယ္ ။ ဒါ့ေၾကာင့္သူက တစ္ဖက္လူကို ပိုၿပီးေတာ့ေသြးဆူသြားေအာင္ ထက္ဆူေပးလိုက္တယ္ ။
သို႔ေသာ္ ဒီကိစၥကပိုပိုၿပီးဆိုးလာတယ္ ၊ " အျမင့္ျမတ္ဆံုးကိုယ္ခံစြမ္းရည္" အေကာင့္က ေဒါသထြက္ေနတဲ့ မွတ္ခ်က္ေတြကို ဆက္တိုက္မန္႔ျပီး ျဖတ္သြားျဖတ္လာေတြကို သတိထားမိေအာင္ လွံု႔ေဆာ္ေနတယ္ ။ အဲ့ဒီေနာက္မွာေတာ့ ဟဲ့က်ိဳးရဲ႕ "ေငြမ်ားမ်ားထည့္ပါ" အေကာင့္ေလးက လူထုေဝဖန္မႈရဲ႕ ပစ္မွတ္ျဖစ္လာခဲ့ေတာ့တယ္။
မွ်မွ်တတေျပာရမယ္ဆိုရင္ သူအရင္ေနခဲ့တဲ့ကမ႓ာက ဂူးဝူက ဒီကမ႓ာက ဂူးဝူထက္ ပိုၿပီးေတာ့ေလးနက္သည္။ ဒါ့ေၾကာင့္ပဲ ဒီကမ႓ာက လူေတြက သူ႔ရဲ႕စကားေတြကို လံုးဝအဓိပၸာယ္မရွိဘူးလို႔ ေဝဖန္ေနၾကတာက ပံုမွန္ပဲလို႔ေတာင္ ဆိုလို႔ရတယ္။
ကိစၥမရွိဘူး ၊ သူစကားလံုးေတြ ျပန္ဖ်က္လို႔မရမွေတာ့ သူထပ္ၿပီးမေျပာေတာ့ဘူး ။
သူ ဖုန္းကို အိပ္ကပ္ထဲျပန္ထည့္လိုက္ၿပီး ေက်ာမွီကာ မ်က္လံုးေတြကိုပိတ္ၿပီးအနားယူလိုက္ေတာ့တယ္ ။ ႐ုတ္တရက္ ကားကထိုးရပ္သြားတယ္ ၊ ဟဲ့က်ိဳးက မ်က္လံုးေတြကို ဖြင့္ၾကည့္လိုက္တယ္။
စာလံုးေပါင္း အမွားေလးေတြပါခဲ့ရင္ ခြင့္လြတ္ေပးၾကပါအုန္း 😽
@yuki 🐱🐣
26.8.2021
🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊
Unicode
cakeက တကယ်ကို အရသာရှိတယ် (၁)
ကျင်း မြို့ ရဲ့ နံပါတ်တစ် ဆေးရုံ (VIP) အခန်းထဲက ခုတင်ပေါ်၌ ဟဲ့ကျိုးကခေါင်းအုံးကို မှီပြီး သူ့ဖုန်းထဲက wechat ကို စိတ်ဝင်တစ်စားကြည့်နေခဲ့တယ် ။ ဘေးဘက်ပြတင်းပေါက်ကနေဝင်လာတဲ့ နေရောင်ခြည်လေးတွေက သူ့ရဲ့ ကြော့ရှင်းတဲ့ ဘေးတိုက်ပုံရိပ်ကလေးကို ငြိမ်သက်စွာနဲ့ ထောက်ပံ့ပေးနေကြတယ် ။
အိမ်တော်ထိန်း စုန့်ချောင် က တိတ်တဆိပ် သက်ပျင်းချလိုက်တယ် ။ သခင်လေးသာ အရင်အချိန်တွေတုန်းက ယခုလိုမျိုးလေး တိတ်ဆိပ်ပြီးလိမ္မာပါးနပ်ခဲ့မယ်ဆိုရင် မိသားစုထဲက အကြီးအကဲတွေက စိတ်ပျက်ကြမှာ မဟုတ်ဘူး။
သူက ခုတင်ရှေ့ကို လျှောက်လာခဲ့ပြီး လေးစားသမှုနှင့် "သခင်လေး" အခု ဆေးရုံကနေဆင်းလို့ ရပါပြီ ။
ဟဲ့ကျိုးက ဒီစကားကိုကြားတာနဲ့ သူ့ရဲ့ဖုန်းကို ချက်ချင်းပိတ်လိုက်တယ်။ သူက ခေါင်းကိုမော့လိုက်ပြီး စုန့်ချောင်ကို အပြုံးလေးဖြင့် " ကျေးဇူးတင်ပါတယ် ဦးလေး စုန့် "
ငယ်တုန်းထဲက အကျင့်ကတော့ဖျောက်ဖျက်လို့မရဘဲ ကျန်ရှိနေဦးမှာပဲ ၊ နောက်ဆုံးမှာတော့ မကောင်းတာကို ပြုပြင်ပြောင်းလဲချင်စိတ်လေးရှိလာပါလိမ့်မယ်လို့ မျှော်လင့်ရတာပဲ။
စုန့်ချောင်က စိတ်ထဲမှာပဲ ထပ်ပြီးသက်ပျင်း ချလိုက်တယ်။ သခင်လေးက ပြန်နိုးလာကထဲက အခြားတစ်ယောက်လိုမျိုး လုံးဝကိုပြောင်းလဲသွားခဲ့တယ်။ သို့သော် သခင်လေးက သေလုမျောပါးအထိ ထိခိုက်ဒဏ်ရာ ရခဲ့တာကြောင့် ဒီလိုမျိုးပြောင်းလဲသွားတာက ပုံမှန်ပဲလို့ ပြောလို့ရတယ်။ မိသားစုအကြီးအကဲတွေက သခင်လေးကိုမြင်တာနဲ့ သူတို့စိတ်ထဲမှာ သက်သောင့်သက်သာခံစားရလိမ့်မယ် ။
ဟဲ့ကျိုးက ဖြူစွတ်နေတဲ့ တီရှပ်နှင့် အပြာနုရောင် ဂျင်းဘောင်းဘီကို ဝတ်လိုက်တယ် ။ သူက ဆေးရုံဝန်းထဲမှာ ရပ်နေပြီး အပြင်ဘက်က လူစည်ကားနေတဲ့ ကားလမ်းမကြီးကိုကြည့်လိုက်တယ် ။ ကံကြမ္မာက တကယ့်ကို အံ့သြစရာကောင်းပြီး တုန်လှုပ်ဖို့ကောင်းတယ်လို့ ခံစားလိုက်ရတယ် ။
သူသည် အခြားကမ႓ာက ရှန်းယန် ဂိုဏ်း၏ လူငယ်ဆောင်ခေါင်ဖြစ်တယ် ။ သူသည် ငယ်စဉ်ကထဲက အလွန်ထူးခြားသောပါရမီရှင်ဖြစ်ခဲ့တယ် ။ ဂူးဝူ ကိုယ်ခံပညာကို လေ့လာနေကြတဲ့ သူနှင့်သက်တူရွယ်တူကလေးတွေကြားထဲမှာတော့ သူက စံပြပုဂ္ဂိုလ် ဖြစ်တယ်။ ဒါပေမယ့် သူမှာ မည်သူ့ကိုမှမပြောပြဖူးတဲ့ လှိျ့ဝှက်ချက်တစ်ခုရှိခဲ့တယ် ၊ အဲ့တာက " သူက ညတိုင်းအိမ်မက်မက်လေ့ရှိတယ် အဲ့ဒီအိမ်မက်ထဲမှာ သူက အခြား အပြိုင်ကမ႓ာတစ်ခုကို မြင်နေရတယ် "
ပိုပြီးတိတိကျကျပြောရမယ်ဆိုရင် " ညတိုင်း သူရဲ့အိမ်မက်ထဲမှာ တခြားသူတစ်ယောက်ရဲ့ ဘဝကို မြင်နေရတာဖြစ်တယ် " ။ အဲ့ဒီလူက ဘယ်သူလည်းဆိုရင် အခုသူရဲ့ ဝိညာဉ်ဝင်ရောက်ထားတဲ့ ဟဲ့ကျိုးဆိုတဲ့ သခင်းလေးပဲဖြစ်တယ် ။ ဘာလို့ ဒီလိုမျိုးဖြစ်ပျက်သွားလည်းဆိုတာ သူမသိပေမယ့် စိတ်အနှောက်အယှက်တော့မဖြစ်မိဘူး ။ ရှန်းယန်ဂိုဏ်ရဲ့ ဂိုဏ်ခေါင်းဆောင်တစ်ယောက်အနေနဲ့ သူက ဒီလိုကိစ္စကို မည်သူ့ကိုမှ ပြောပြလိမ့်မည်မဟုတ်။ အဲ့ဒီထူးဆန်းတဲ့ ကမ႓ာထဲက ဒီခန္ဓာကိုယ်ရဲ့ သူနားမလည်နိုင်တဲ့ အပြုအမူတွေကို ကြည့်ရင်းနဲ့ပဲ သူက ညတိုင်းစိတ်ရှုပ်စွာဖြင့် အိပ်ပျော်ခဲ့ရတာဖြစ်တယ်။
ဥပမာအနေနဲ့ သူ ဒီခန္ဓာကိုယ်ထဲမရောက်လာခင် ညက ၊ သူက ရှန်းယန်ဂိုဏ် ကပ်ဘေးဆိုကြုံခဲ့ရချိန် ဂိုဏ်သားတွေကို ကာကွယ်ရန်နှင့် ရန်သူတွေကို သူနဲ့အတူတူသေဆုံးသွားစေရန် သူ့ရဲ့ ဒန်တန်းကို သူကိုယ်တိုင်ဖောက်ခွဲပစ်လိုက်တယ်၊ အဲ့ဒီအချိန် သူမြင်လိုက်တယ် ဒီခန္ဓာကိုယ်ပိုင်ရှင်က အခြားသူတစ်ယောက်နဲ့ အကွေ့အကောက်လမ်းတွေရှိတဲ့ တောင်ပေါ်မှာ ကားမောင်းပြိုင်နေခဲ့တယ် ၊ နောက်ဆုံးတော့ သူရဲ့ကားက မဆော်တဆမှုဖြစ်ပီး ချောက်ထဲကိုထိုးကျသွားခဲ့တယ် ။
ဘယ်ဟာက ပိုပြီးအံ့သြဖို့ကောင်းလည်းဆိုရင် သူမျက်လုံးဖွင့်လိုက်တာနဲ့ သူက အခြားကမ႓ာက ဆေးရုံတစ်ခုရဲ့ ခုတင်ပေါ်မှာ လဲလျောင်းနေတာဖြစ်ပြီး သူနာပြုရဲ့ စကားကြောင့် ဒီ ခန္ဓာကိုယ်ပိုင်ရှင်မေ့မြောနေသည်မှာ ၃လလောက်ရှိနေပြီဆိုတာ သိလိုက်ရတယ်။
" သခင်လေး ကျေးဇူးပြုပြီး ဝင်ပါ" စုန့်ချောင်ရဲ့ အသံကိုကြားတော့မှ သူ့ရဲ့အတွေးတွေဟာ ရပ်တန့်သွားတော့တယ် ။
ဟဲ့ကျိုးက သူ့ရဲ့အိမ်မက်ထဲမာ သူအမြဲတမ်းမြင်တွေ့နေရတာတွေကို အတုခိုးလိုက်ပြီး ကားထဲကို ဝင်ထိုင်လိုက်တယ် ။ တံခါးပိတ်ပြီးတာနှင့် driverက စက်နှိုးလိုက်ပြီး ဟဲ့မိသားစုရဲ့ စံအိမ်သို့ မောင်းလိုက်တယ်။
ဟဲ့ကျိုးက ထိုင်ခုံကိုမှီလိုက်ပြီး ခဏအကြာမှာ သူရဲ့မျက်လုံးတွေကိုမှေးလိုက်တယ် ။ သူရဲ့ အတွေးတွေကိုဖုံးကွယ်ပြီး အိမ်တော်ထိန်းအား မေးခွန်းတစ်ခုကို ရုတ်တရက်ထမေးလိုက်တယ် " ဦးလေးစုန့် မတော်မတမဖြစ်ခင် ကျွန်တော်မောင်းခဲ့တဲ့ရကားက ဘာဖြစ်ခဲ့တာလည်း ?"
အရှေ့ခုံမှာ ထိုင်နေတဲ့ စုန့်ချောင်က ခေါင်းလှည့်လာပြီး "သခင်လေး ..မတော်တဆမှုဖြစ်ပြီးတဲ့နောက်ပိုင်း ကားကလုံးဝကိုပျက်စီးသွားပြီ ဒါ့ကြောင့်မို့ ကားသချႋုင်ကို တစ်ခါထဲပို့လိုက်ရတယ်...ပြသနာတစ်ခုခုရှိလို့လား?"
ဟဲ့ကျိုးက ကားမှန်ရဲ့အပြင်ဘက်မြင်ကွင်းကိုကြည့်ရင် ပြုံးလိုက်တယ် " ဘာမှမဖြစ်ပါဘူး... အဲ့ဒီနေ့ကအကြောင်းကို သတိရမိသွားလို့ပါ"
ဒီကိစ္စက လုံးဝကို မရိုးရှင်းဘူး၊ တစ်စုံတစ်ယောက်က သူ့ကားကို တစ်ခုခုလုပ်ထားပုံရတယ် ၊ အဲ့ဒီကားမတော်တဆမှုကြောင့်သာ သူက ကိုမာ ဝင်ခဲ့တာဖြစ်တယိ ။ သိုသော်လည်း မတော်တဆမှုဖြစ်တာက လအနည်းငယ်ကြာနေပြီဖြစ်တာကြောင့် ဒီကိစ္စကို ဘယ်လိုမှ ရှာဖွေလို့ရမှာမဟုတ်တော့ဘူး။ ကားကလည်း အဲ့ချိန်ကထဲက စွန်းပစ်လိုက်ပြီဖြစ်တယ်။
စုန့်ချောင်က " သခင်လေး ကားပြိုင်မောင်းတာက အရမ်းကို အန္တရာယ်များတယ်၊ သခင်လေးက ကံကောင်းလွန်းလို့သာ ဒီလိုမတော်တဆဖြစ်မှုမှာ အသက်ရှင်လာတာ ၊ ဒါကြောင့်မို့ နောက်ဆိုရင် ကားပြိုင်တာတွေ ထပ်ပြီးတော့မလုပ်ပါနဲ့တော့လား??" လို့ ဂရုတစိုက်နဲ့အကြံပေးပြီးတဲ့နောက် တိတ်တဆိပ်နေလိုက်တယ်။
ဟဲ့ကျိုးက စောင်ချောင်ရဲ့ဂရုဏာမျက်လုံးတွေနဲ့ တွေ့စုံပြီးတဲ့နောက် သူကခေါင်းငြိမ့်ပြလိုက်တယ် ။ " ကျေးဇူးတင်ပါတယ် ဦးလေး စုန့် ၊ အနာဂတ်မှာ ကျွန်တော် ဒီလို မဆင်မချင်အပြုမူတွေ ထပ်လုပ်တော့မှာ မဟုတ်ပါဘူး" ။
စုန့်ချောင်က စိတ်သက်သာရာရသွားပြီး ချက်ချင်းပဲပြုံးလိုက်တော့တယ်။ သခင်လေးက သူ့မျက်စိရှေ့တင်ပဲ တဖြေးဖြေးနဲ့ အရွယ်ရောက်လာခဲ့တယ် ။ ဒါ့ကြောင့် သူက သခင်လေးကို ဂရုမစိုက်ဖူးဆိုတာက မဖြစ်နိုင်တဲ့အရာပဲ (သူက သူ့သခင်လေးကို ဂရုစိုက်တယ်လို့ ပြောချင်တာပါ)။ သခင်လေးက ကိုယ်ခံပညာကို မလေ့ကျင့်နိုင်ဘူး၊ ဒါ့ကြောင့် မိသားစုထဲကအကြီးအကဲတွေက သခင်လေးရဲ့ လုံခြုံရေးကိုအမြဲနှလုံးသွင်းထားခဲ့ကြပေမယ့် သခင်လေးက ဒါကို လုံးဝနားမလည်ခဲ့ဘူး။
ဒီချိန်မှာပဲ ဖုန်းက မြည်လာခဲ့တယ်။ ဟဲ့ကျိုးက သူအိတ်ကပ်ထဲကနေ ဖုန်းကိုထုတ်လိုက်ပြီး ဂူဝူ ဖိုရမ်မှာ သူ့ကို တစ်စုံတစ်ယောက်က reply ပြန်ထားတာကိုကြည့်လိုက်တယ်။
ဒီဖိုရမ်မှာ အကောင့်တစ်ခုကို ဒီခန္ဓာကိုယ်ရဲ့ မူလပိုင်ရှင်က ဖွင့်ထားတာဖြစ်တယ် ။ မူလပိုင်ရှင်က ကိုယ်ခံပညာကိုမလေ့ကျင့်နိုင်ဘူး၊ ဒါပေမယ့် သူက လေ့ကျင့်နိုင်ဖို့ရာအတွက် အမြဲတောင့်တနေခဲ့တာဖြစ်တယ် ။ ဒါ့ကြောင့်ပဲသူက အကောင့်တစ်ခုဖွင့်ပြီး နေ့တိုင်းလိုလို ဒီဖိုရမ် ထဲမှာ စောင့်ကြည့်နေတာဖြစ်တယ်။
ဟဲ့ကျိုးနိုးလာပြီးတဲ့နောက် သူက ဆေးရုံပေါ်မှာနေရတဲ့အချိန်တွေက အလွန်ညည်းငွေ့ဖွယ်ကောင်းတယ်လို့ ခံစားလိုက်ရတယ် ။ ဒါကြောင့်သူက ဒီဖိုရမ်ထဲကို ဝင်ပြီး လူတွေတော်တော်များများက ငြင်းခုန်နေကြတာကို ကြည့်နေလိုက်တယ်။
သူက အခြားသူတွေရဲ့ ကိုယ်ရေးကိုယ်တာ အလုပ်ကိစ္စတွေကို လိုက်ပြီး ဝေဖန်ပြောဆိုရတာကို သဘောမကျပေမယ့်လည်း ၊ ဒီခန္ဓာကိုယ်ရဲ့ မူလပိုင်ရှင် သခင်လေးဟဲ့ရဲ့ လုပ်နေကျပုံစံအတိုင်း ဒီ ဂူးဝူ ဖိုရမ်ပေါ်က သူမျက်လုံးထဲ စိတ်တိုင်းမကျတဲ့ အကြောင်းအရာတစ်ခုအောက်မှာ မှတ်ချက်တစ်ခုရေးလိုက်တယ်။
သူရဲ့ " ငွေတွေများများထည့်ပါ" အကောင့်က အဆင့်နိမ့်နေသောကြောင့် သူ မန့်လိုက်တဲ့ မှတ်ချက်တွေကို ဘယ်သူကမှ သတိမထားမိကြဘူး။ ဒါပေမယ့် သူမန့်လိုက်တဲ့ "အမြင့်မြတ်ဆုံးကိုယ်ခံစွမ်းရည်" ဆိုတဲ့ အကောင့်ပိုင်ရှင်က ဆတ်ဆတ်ထိမခံဖစ်လာပြီး သူ့ကို ပြန်ပြီးလှုံ့ဆော်ဖို့ကြိုးစားလာတယ်။ မည်သို့ပင်ဆိုစေ ဟဲ့ကျိုးက ဂိုဏ်တစ်ခုရဲ့ သခင်လေးတစ်ယောက်ဖြစ်တဲ့အပြင် သူကရွှေအမာခံနယ်မြေထိ ရောက်ရှိနေပြီးသားဖြစ်တယ် ။ သူက ဒီလိုဘာမဟုတ်တဲ့ကိစ္စလေးတွေနဲ့ ပြဿနာမဖြစ်ချင်သော်လည်း သူအခု ဒေါသထွက်နေပြီဖြစ်တယ်။ တစ်ဖက်လူရဲ့ မဆုပ်မနစ်လိုက်လိုက်တိုက်ခံတာကို ခံနေရတဲ့အခါ သူက ခက်တည်တည်ပဲ တစ်ဖက်လူကို ဘာမှမသိနားမလည်သော လူငယ်လေးတစ်ယောက်အဖြစ်နဲ့ ပြောဆိုဆက်ဆံပေးလိုက်တယ် ။ ဒီလိုလုပ်လိုက်တာက သူ့ကို ပျော်ရွှင်စေပြီး တစ်ဖက်လူကိုတော့ ဒေါသထွက်သွားစေတယ် ။ ဒါ့ကြောင့်သူက တစ်ဖက်လူကို ပိုပြီးတော့သွေးဆူသွားအောင် ထက်ဆူပေးလိုက်တယ် ။
သို့သော် ဒီကိစ္စကပိုပိုပြီးဆိုးလာတယ် ၊ " အမြင့်မြတ်ဆုံးကိုယ်ခံစွမ်းရည်" အကောင့်က ဒေါသထွက်နေတဲ့ မှတ်ချက်တွေကို ဆက်တိုက်မန့်ပြီး ဖြတ်သွားဖြတ်လာတွေကို သတိထားမိအောင် လှုံ့ဆော်နေတယ် ။ အဲ့ဒီနောက်မှာတော့ ဟဲ့ကျိုးရဲ့ "ငွေများများထည့်ပါ" အကောင့်လေးက လူထုဝေဖန်မှုရဲ့ ပစ်မှတ်ဖြစ်လာခဲ့တော့တယ်။
မျှမျှတတပြောရမယ်ဆိုရင် သူအရင်နေခဲ့တဲ့ကမ႓ာက ဂူးဝူက ဒီကမ႓ာက ဂူးဝူထက် ပိုပြီးတော့လေးနက်သည်။ ဒါ့ကြောင့်ပဲ ဒီကမ႓ာက လူတွေက သူ့ရဲ့စကားတွေကို လုံးဝအဓိပ္ပာယ်မရှိဘူးလို့ ဝေဖန်နေကြတာက ပုံမှန်ပဲလို့တောင် ဆိုလို့ရတယ်။
ကိစ္စမရှိဘူး ၊ သူစကားလုံးတွေ ပြန်ဖျက်လို့မရမှတော့ သူထပ်ပြီးမပြောတော့ဘူး ။
သူ ဖုန်းကို အိပ်ကပ်ထဲပြန်ထည့်လိုက်ပြီး ကျောမှီကာ မျက်လုံးတွေကိုပိတ်ပြီးအနားယူလိုက်တော့တယ် ။ ရုတ်တရက် ကားကထိုးရပ်သွားတယ် ၊ ဟဲ့ကျိုးက မျက်လုံးတွေကို ဖွင့်ကြည့်လိုက်တယ်။
စာလုံးပေါင်း အမှားလေးတွေပါခဲ့ရင် ခွင့်လွတ်ပေးကြပါအုန်း 😽
@yuki 🐱🐣
26.8.2021
Bạn đang đọc truyện trên: Truyen3h.Co