Truyen3h.Co
နေ့တိုင်း အားနွဲ့ယောင်ဆောင်နေကျ သူဌေး (MM- translation)
cake 🍰 က တကယ်ကို အရသာရှိတယ် (၂)
SarkuraMiki124
Zawgyi
( tiramisu cake 🍰 )
@yuki🐱🐣
🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊
unicode
cake 🍰 က တကယ်ကိုအရသာရှိတယ် ()
"သခင်လေး... အရှေ့မှာ အတားအဆီးတစ်ခုခုကြောင့် လမ်းပိတ်နေတယ် " driver က ပြောလိုက်တယ်။
ဟဲ့ကျိုးက တစ်ခုခုမပြောခင် ကားအပြင်ဘက်က အဆောက်အအုံတွေကိုလှမ်းကြည့်ပြီး သူ့မှတ်ညဏ်ထဲကနေရှာဖွေလိုက်တယ် ၊ " ဒီနေရာက အိမ်နဲ့သိပ်မဝေးတော့ဘူး ... ကျွန်တော် လမ်းလျှောက်ပြီးပဲ ပြန်လိုက်တော့မယ် " တံခါးဖွင့်ပြီ အပြင်ကိုထွက်လိုက်တယ်။
စုန့်ချောင်က ဟဲ့ကျိုးဆင်းတာမြင်တာနဲ့ လုံခြုံရေးခါးပတ်ကိုဖြုတ်ပြီး ဆင်းဖို့ပြင်လိုက်တယ် " ဦးလေး စုန့် ကျွန်တော် တစ်ယောက်ထဲပဲ လမ်းလျှောက်ပြီးပြန်ချင်တယ် "
သူကဆေးရုံမှာ ရက်ပေါင်းများစွာနေနေရတာကြောင့် သူ့ခန္ဓာကိုယ်မှာ မှိုစွဲပြီး ဝဲတွေတောင်ပေါက်နေပြီလို့ ထင်ရတယ် ။ သို့သော်ညားလည်း သူက ဒီနည်းပညာတိုးတက်ဖွင့်ဖြိုးနေတဲ့ ကမ႓ာကြီးကို ဂရုတစိုက်လေ့လာကြည့်ရှုခြင်ခဲ့တယ် ၊ ဘာလို့လည်းဆိုတော့ အရင်တုန်းက သူ့ရဲ့အိမ်မက်တွေထဲမှာပဲ ဒီကမ႓ာကြီးကိုမြင်နိုင်တာမို့ ။
သူ ဂိုဏ်ခေါင်းဆောင်ဘဝတုန်းက ဂိုဏ်ရဲ့ကိစ္စတွေကိုဖြေရှင်းတာနဲ့ လေ့ကျင့်တာတွေနဲ့သာ အချိန်တွေကုန်နေခဲ့တာဖြစ်တယ် ၊ သူကိုယ်သူ အနားယူ အပန်းဖြေဖို့အတွက် အချိန်မရှိခဲ့ဘူး ။ ဒါကြောင့်သူက မူလပိုင်ရှင်ရဲ့ ဘဝကို ကြည့်လိုက်တဲ့အခါ သူစိတ်ထဲမှာ မနာလိုဖြစ်မိတယ် ။ ဘဝရဲ့ခါးသီးမှုတွေကိုမသိတဲ့ ရွှေဇွန်းကိုက်ပြီးမွေးဖွားလာတဲ့သခင်လေး၏ဘဝကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခံစားနိုင်မယ့်နေ့ ရောက်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးမိခဲ့ဘူး ။
ဒီခန္ဓာကိုယ်ရဲ့ မူလပိုင်ရှင်ကဘာကိုမှ ဂရုစိုက်စရာမလိုဘူး ၊ သူ့ကိုသူ အပန်းဖြေဖို့အတွက် ငွေတွေထိုင်ဖြုံးနေဖို့ပဲ လိုတယ်။ ဟဲ့ကျိုးရဲ့ ရုပ်ရည်က ကြည့်ကောင်းတဲ့အထဲမှာပါတယ်။ ကျင်းမြို့မှာရှိတဲ့ ချမ်းသာတဲ့သခင်လေးတွေကြားမှာ သူရုပ်ရည်က ထိပ်တန်းအဆင့်အဖြစ်သတ်မှတ်လို့ရတယ်။
သူ့ရဲ့ မျက်လုံး၊ နှာခေါင်း နှင့် နှုတ်ခမ်းတွေက အရမ်းကိုကြည့်ကောင်းလွန်းတယ် ။ သူက ရိုးရိုးတီရှပ်နှင့် ဂျင်းကို ဝတ်ပြီး လမ်းမကြီးပေါ်လျှောက်သွားနေမယ်ဆိုရင်တောင် မရေမတွက်နိုင်တဲ့ လူအများရဲ့ အာရုံစိုက်ခြင်းကိုလက်ခံရရှိဖို့ လုံလောက်တယ်။ အချို့ရဲ့တင်းတဲ့ အမျိုးသမီးငယ်လေးတွေဆိုရင် သူ့ကိုဓါတ်ပုံရိုက်ဖို့အတွက် သူတို့ရဲ့ဖုန်းတွေကိုတောင် ထုတ်လိုက်ကြသေးတယ်။
သခင်လေးဟဲ့က လူအများရဲ့ အာရုံစိုက်မှုကိုခံနေရတာ ဖြစ်သော်လည်း လမ်းဘေးက ကိတ်မုန့်ဆိုင်လေးကိုဖြတ်လျှောက်လာချိန်မှာ သူ့ခြေလှမ်းတွေက ရပ်တန့်သွားတယ်။ အရင် ကမ႓ာမှာတုန်းက ဒီလိုမုန့်မျိုးမရှိခဲ့ဘူး ၊ မူလပိုင်ရှင်က ကိတ်မုန့်စားနေတာကိုမြင်တိုင်း သူလည်းပဲ အဲ့ဒီဟာကို စားကြည့်ချင်ခဲ့တယ် ။
သူ့၏ ရှည်လျားတဲ့ခြေတံတွေအတူ ဆိုင်ထဲကို ဖြည်းဖြည်းခြင်းဝင်သွားလိုက်တယ်။ အမျိုးသမီး ဝန်ထမ်းက ဤမျှချောမောသောယောက်ျားတစ်ယောက်ဝင်လာသည်ကို မြင်တာနဲ့ သူမက ချက်ချင်းပဲ အပြုံးလေးနဲ့ ကြိုဆိုလိုက်တယ် ။ " အရမ်းချောတဲ့အကိုကြီး ဘယ်လိုမုန့်မျိုးလိုချင်ပါသလဲ "
ဟဲ့ကျိုးက ကိတ်မုန့်ကောင်တာထဲကို လှမ်းကြည့်လိုက်ပြီးနောက် tiramisu ကိတ်မုန့်လေးကို လက်ညှိုးထိုးလိုက်ပြီး " ကျေးဇူးပြုပြီ ... အဲ့ဒီကိတ်လေးပေးပါ " ။ ဟဲ့ကျိုးဖုန်းကိုထုတ်နေတဲ့အချိန်မှာပဲ ဝန်ထမ်းက ကိတ်မုန့်ကို ကောင်တာပေါ်တင်ပေးလိုက်တယ်။ ဖုန်းထဲကနေ တစ်ဆင့် ငွေရှင်းလို့ရလား ။ ဝန်ထမ်းက ကောင်တာပေါ်က QR code လေးကို ညွှန်ပြလိုက်ပြီး " ရပါတယ် "
( tiramisu cake 🍰 )
ဟဲ့ကျိုးက ကိတ်မုန့်နှင့် ဇွန်းကိုကိုင်ပြီး ဆိုင်ထဲကနေထွက်လာလိုက်တယ် ။ သူက ကိတ်မုန့်ကို ဇွန်းနဲ့ ခပ်ယူပြီးစားလိုက်တယ် ။ ချက်ချင်းဆိုသလိုပဲ သူ့ နှလုံးသားလေး အရည်ပျော်သွားသလိုတောင်ခံစားလိုက်ရတယ် " အရမ်းအရသာရှိတာပဲ "
ဟဲ့ကျိုး ဂိုဏ်းခေါင်းဆောင်ဘဝတုန်းက သူ့ရဲ့ နေတာထိုင်တာ ၊ စားတာ သောက်တာ၊ အစစအရာရာကို ပညာရှင်တွေအသီးသီးကပဲ ပြင်ဆင်ပေးခဲ့ကြတာဖြစ်တယ် ။ သူစိတ်ဝင်စားရဲ့လားဆိုတာကို ဘယ်သူကမှမမေးခဲ့သလို သူကလည်း လုပ်စရာတာဝန်တွေအများကြီးရှိနေတဲ့အတွက် ဒီကိစ္စတွေကို အရေးတကြီးဂရုစိုက်မနေတော့ဘူး။ ကိစ္စမရှိဘူး ၊ သူကလည်း တစ်စုံတစ်ရာကို ကြိုက်နှစ်သက်ဖို့အတွက် အချိန်မရှိဘူး ။
သူတို့ ဂိုဏ် တိုက်ခိုက်ခံရစဉ် ၊ ဂိုဏ်သားတွေကိုကာကွယ်ဖို့ရာနှင့် ရန်သူတွေကိုတိုက်ခိုက်ဖို့အတွက် သူရဲ့ ဒန်တန်းကို သူကိုယ်တိုင် ဖောက်ခွဲပစ်ခဲ့တယ် ။ ယခုချိန်ထိ သူရဲ့ ရွှေအမာခံနယ်မြေ (သိုင်းအဆင့်ကို ပြောတယ်ထင်ပါတယ် ) ပေါက်ကွဲခြင်း ဝေဒနာကို မှတ်မိနေတုန်းပဲ။ ဂိုဏ်အတွက် အသက်စွန့်ပြီး တာဝန်ထန်းဆောင်ခဲ့တဲ့အတွက် ကောင်းကင်ကသူ့ကို သနားပြီး ဟဲ့ကျိုးအဖြစ်ဆက်လက်နေထိုင်ရန် ဤကမ႓ာသို့ ဝင်ခွင့်ပေးလိုက်တာဖြစ်မည်။
သူ သေဆုံးသွားပြီးတဲ့နောက် သူ့ရဲ့ဂိုဏ် မည်သို့ဖြစ်ပျက်သွားမှန်း မသိသော်လည်း သူပြန်သွားဖို့က မဖြစ်နိုင်တော့သလို ၊ သိဖို့လည်း သူ့မှာ အခွင်အရေးမရှိနိုင်တော့ဘူး ။
ဟဲ့ကျိုးက အလိုက်အထိုက်နေတတ်ပြီး ဖော်ရွေသူတစ်ဦးဖြစ်တယ် ။ တိုးတက်လာတဲ့ ကမ႓ာကြီးမှာ လူအများစုက တစ်သီးတစ်သန့်နေထိုင်လာကြပြီး စကားအပြောအဆိုနည်းလာကြတယ် ။ ဟဲ့ကျိုးနဲ့ သူ့မိဘတွေကလည်း တဖြည်းဖြည်းဝေးကွာလာပြီး ခံစားချက်တွေကို သိပ်မထုတ်ပြကြတော့ဘူး။ ဒါပေမယ့် ဟဲ့ကျိုးကတော့ သူ့ဂိုဏ်ကိုကာကွယ်ဖို့နှင့် သူ့တာဝန်တွေအတွက် အကောင်းဆုံးကြိုးစားနေတယ်။
သူက နောက်ထပ် ကိတ်မုန့်တစ်ဇွန်း စားလိုက်ပြီး ကိတ်ရဲ့ ချိုမြိန်မှုကို ဖြည်းဖြည်းခြင်းခံစားလိုက်တယ်။ သူ့မျက်ဝန်းလေးတွေ တဖြည်းဖြည်းတောက်ပ့လာတယ်။ ဒီကိတ်မုန့်က အရမ်းကို အရသာရှိတာပဲ ။
သူက ပျော်ရွှင်မှုအရသာကို ခံစားနေဆဲဖြစ်သော်လည်း ကောင်းကင်ဘုံက လူတွေရဲ့ဆန္ဒအတိုင်း အမြဲမလုပ်ပေးနိုင်ဘူး ။ ကြမ်းတမ်းခက်ထန်တဲ့ ပုံပန်းသဏ္ဌာန်ရှိတဲ့လူတစ်ယောက် လမ်းဘေးကနေပြီး သူ့စီကိုတည့်တည့်ကြီးပြေးလာပြီး ဝင်တိုက်လိုက်တယ်။ သူက ချက်ချင်းရှောင်လွှဲချင်ပေမယ့် အရေးကြီးတာကိုမေ့သွားတယ် ။ သူမှာ နတ်ဘုရား အာရုံတွေရှိပေမယ့် ဒီခန္ဓာကိုယ်ရဲ့ ထိန်းချုပ်နိုင်စွမ်းက အရမ်းကိုအားနည်းလွန်းနေတယ် ၊ ဒါကြောင့် သူ့ခန္ဓာကိုယ်ကပဲ ရှောင်လိုက်နိုင်ပြီး သူ့လက်ထဲကမုန့်လေးကတော့ အောက်ကိုပြုတ်ကျသွားတယ် ။
"ဟေး... အဲ့ဒီမှာရပ်လိုက်" စိတ်တိုနေတဲ့မျက်နှာနဲ့လူငယ်တစ်ယောက်က သူ့ကိုဝင်တိုက်သွားတဲ့လူနောက်ကို ပြေးလိုက်သွားတယ်။
ဟဲ့ကျိုးလည်း ပြုတ်ကျသွားတဲ့ သူ့မုန့်လေးကိုကြည့်ပြီး ခေါင်းပြန်မော့လိုက်တဲ့ချိန် ဟိုလူနှစ်ယောက်က အဝေးကိုရောက်သွားကြပြီ။ သူလည်းဘာမှစဉ်းစားမနေပဲ သူတို့နောက်ကိုအပြေးလိုက်သွားတယ်။
ဆေးရုံမှာ ရောဂါပျောက်အောင် တစ်လလောက်နေရချိန် ဒီခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်ပြီး မူလပိုင်ရှင်က ဘာကြောင့် ဟဲ့မိသားစုရဲ့ မျိုးရိုးစဉ်ဆက်လက်ဆင့်ကမ်းလာတဲ့ သိုင်းကြမ်းကို မလေ့လာနိုင်တာလည်းဆိုတာ တွေ့ရှိခဲ့တယ် ။
ဟဲ့ကျိုး ငယ်ငယ်တုန်းကလည်း (အရင်ဘဝကပါ) ဒီခန္ဓာကိုယ်ပိုင်ရှင်လို အခြေအနေမျိုးကို အမှန်တကယ်ကြုံတွေ့ခဲ့ဖူးတယ်။ ရှန်းယန်ဂိုဏ်ရဲ့ သိုင်းကြမ်းကလည်း သူနဲ့မကိုက်ညီခဲ့ဘူး ။ ဒါကြောင့် ဂိုဏ်ထဲက အကြီးအကဲတွေက သူနဲ့သင့်တော်မယ့် သိုင်းကြမ်းကို ရှာဖွေတွေ့ရှိခဲ့ကြပြီး အဲ့ဒီသိုင်းကြမ်းကို " နတ်လျှို့ဝှက်ချက် ကိုးပါး " လို့ အမည်ပေးခဲ့တယ် ။
သို့သော်လည်းပဲ မူလပိုင်ရှင်က ဒီလောကထဲမှာ ကံမကောင်းခဲ့ဘူး ၊ နောက်ပိုင်း ဒီကမ႓ာမှာ နည်းပညာအဆမတန်တိုးတက်လာတာနဲ့အမျှ ဂူးဝူ ကျင့်ကြံခြင်းကို ငြင်းဆန်လာကြတယ် ၊ အရင်တုန်းက အဝါရောင်နယ်မြေအဆင့်ရောက်တဲ့လူတောင် မြို့ပိုင်မင်းဖြစ်လာနိုင်သော်လည်း နောက်ပိုင်းပေါ်လာတယ့် အဆင့်မြင့်လူသတ်လက်နက်တွေကို ရွှမ်အဆင့်ရှိ သိုင်းပညာရှင်တွေတောင် ယှဉ်ချလို့မရနိုင်တော့ဘူး ။ ဟဲ့ မိသားစုက ဒီမူလပိုင်ရှင်နှင့်အတူ ကျင့်စဉ်အသစ်တွေကိုရှာဖွေဖို့ သုတေသနပြုလုပ် နေကြတယ်၊ ကံကောင်းတာက ဒီမတော်တဆမှုဖြစ်ပြီးတဲ့နောက် တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီခန္ဓာကိုယ်က သူ့ရဲ့ " နတ်လျှို့ဝှက်ချက် ကိုးပါး " နှင့် ကိုက်ညီနေတာပဲဖြစ်တယ် ။
သူ ဆေးရုံမှာ နေနေရစဉ်အတောအတွင်း တဖန်ပြန်ပြီး ကျင့်ကြံခဲ့တယ် ၊ အခုဆိုသူက အဝါရောင်နယ်မြေကို ခြေချနိုင်ခဲ့ပြီ။ ဟဲ့ကျိုးက နည်းလမ်းများစွာရဲ့ အကူအညီဖြင့် အလျှင်အမြန်ပဲ လူအုပ်စုအများပြားကို ကျော်ဖြတ်ပြီး သူ့မုန့်ပြုတ်ကျသွားအောင်လုပ်ခဲ့တဲ့လူတွေနောက်ကို လိုက်သွားတယ်။ cream တွေပွနေတဲ့ ဇွန်းနဲ့ အဲ့ဒီလူရဲ့ ဂုတ်ကို ထိုးလိုက်တယ် ။
" သတိထားးး" လူငယ်တစ်ယောက်ရဲ့ အော်သံကိုကြားလိုက်တယ် ၊ ဒါပေမယ့် ဟဲ့ကျိုးက သူဘယ်လိုလူမျိုးကို လိုက်ဖမ်းနေလည်းဆိုတာ သူသိနေခဲ့တယ်လေ ၊ အဲ့ဒီလူက စီမံခန့်ခွဲရေးအဖွဲ့တစ်ခုက နာမည်ပျက်စာရင်းသွင်းထားတဲ့ " လင်းနို့ " ဆိုတဲ့လူဖြစ်ပြီး အဝါရောင်နှောင်းပိုင်းနယ်မြေအဆင့်ကိုရောက်နေတဲ့သူလည်းဖြစ်တယ် ၊ ဒါကြောင့် သူမာန်လူတစ်ယောက်က သူ့ကို ဘယ်လိုမှ တားဆီးနိုင်မှာမဟုတ်ဖူး ။ ဟဲ့ကျိုးက ဇွန်းကို အမှိုက်ပုံထဲပစ်လိုက်ပြီး ခုနက လှမ်းအော်လိုက်တဲ့ လူငယ်ကို ကြည့်ရန် ခေါင်းကိုလှည့်လိုက်တယ် ။
အရှေ့မှာ လဲကျသွာတဲ့ ရှုပ်ထွေးတဲ့အမူအရာဖြစ်နေတဲ့ " လင်းနို့" ကို လက်ညှိုးထိုးပြလိုက်ပြီး " မင်းသူ့ကိုမတားပဲနဲ့ ဘာလို့ သတိထားလို့ ပြောရတာလဲ" လို့ လူငယ်ကိုဆူလိုက်တယ် ။
Bạn đang đọc truyện trên: Truyen3h.Co