Intro
#Unicode
အသက် ၇နှစ်အရွယ် ကောင်မလေးတစ်ယောက် အိမ်အနီးအနားရှိ ကစားကွင်းက ဒန်းပေါ်မှာ တစ်ယောက်တည်း ထိုင်ပြီး ငိုနေ၏
ဒီနေ့က သူမရဲ့ မွေးနေ့ဖြစ်ပေမယ့် သူမရဲ့ မိဘတွေက အလုပ်ကိစ္စကြောင့် အနားမှာ ရှိမပေးနိုင်ဘူး......
နှစ်တိုင်းလိုလို သူမရဲ့မွေးနေ့ကို တစ်ယောက်တည်း ဒါမှမဟုတ် အိမ်ဖော်တွေနဲ့ဘဲ ကုန်ဆုံးခဲ့ရတယ်......
အဲ့ကောင်မလေးရဲ့ နာမည်က Lalisa Manoban တဲ့....သူမဟာ ကြင်နာသနားတတ်တဲ့ စိတ်ထားရှိသူလေးပါ......
Thai မှာရှိတဲ့ နာမည်ကြီး Manoban လုပ်ငန်းစုရဲ့ တစ်ဦးတည်းသော သမီးပါ.......သူလိုချင်တာ လက်ညိုးထိုးရုံနဲ့ ချက်ချင်း သူ့မိဘတွေက ၀ယ်ပေးနိုင်ကြတယ်.....
ဒါပေမယ့် Lisaက ဈေးကြီးတဲ့ အရုပ်တွေ အ၀တ်အစားတွေကို မနှစ်သက်ဘူး ......
သူလိုချင်တာ တစ်ခုကတော့ သူ့ဘေးမှာ အမြဲရှိနေပေးပြီး သူ့ကို ဂရုစိုက်ကြင်နာပေးပြီး သူ့ကို အမြဲချစ်ပေးတဲ့သူကို လိုချင်တာပါ....
သူ့မွေးနေ့......ခရစ္စမတ်နေ့.....နှစ်သစ်ကူးနေ့တွေမှာ မိဘတွေနဲ့အတူ ဖြတ်သန်းချင်ပေမယ့် သူ့မိဘတွေက သူ့ကို အချိန်မပေးနိုင်ခဲ့ဘူး......
Lisa ဒန်းပေါ်မှာ ထိုင်ရင်း ကောင်းကင်ကြီးကို မော့ကြည့်ကာ တိတ်တဆိတ် ငိုနေမိသည်......
"ငါ့မွေးနေ့ကစပြီး ကျန်တဲ့ ငါ့ရဲ့ နေ့ရက်တွေကို...........အတူတူ ဖြတ်သန်းပေးမယ့်သူ ရှိရင် ကောင်းမှာဘဲ......"
Lisa မျက်လုံးမှိတ်ပြီး ဆုတောင်းလိုက်သည်.......
ထိုစဉ် သူ့ပခုံးကို တစ်စုံတစ်ယောက်က လာထိသောကြောင့် အိမ်ဖော်တစ်ယောက်က လာခေါ်တယ်ထင်ပြီး မျက်လုံးဖွင့်ကြည့်တော့ သူ ထင်ထားသလို မဟုတ်ချေ......
အသက်ကြီးကြီး အဒေါ်ကြီး တစ်ယောက်က ခွက်တစ်လုံးကို ကိုင်ပြီး သူ့ရှေ့မှာ ရပ်နေသည်........
Lisaလည်း ဒန်းပေါ်က ဆင်းပြီး နှုတ်ဆက်လိုက်သည်.....ပြီးတော့ ပါးပေါ်က သူ့မျက်ရည်တွေကို သုတ်ပြီး ဘောင်းဘီအိတ်ထဲက သူ့မုန့်ဖိုးကို ထုတ်ကာ အဒေါ်ကြီးရဲ့ ခွက်ထဲ ထည့်လိုက်သည်........
အဒေါ်ကြီးလည်း ပြုံးပြီး Lisaရဲ့ ခေါင်းကို ဖြည်းဖြည်းလေးပုတ်ကာ
"သမီးက သနားကြင်နာတတ်တဲ့ မိန်းကလေးဘဲ.. ...."
"Gomawo Adjumma.....ဒီနေ့က chawရဲ့ မွေးနေ့လေ......"
"Omo Jinja....."
Lisa ပြုံးပြီး ခေါင်းညိတ်ပြလိုက်သည်
"သမီးက ပိုက်ဆံထည့်ထားတော့ အဒေါ်ကလည်း သမီးကို မွေးနေ့လက်ဆောင် ပြန်ပေးရမှာပေါ့ .......မွေးနေ့လက်ဆောင်ရရင် မငိုနဲ့တော့နော်......"
အဒေါ်ကြီးက ပြောပြီး သူ့လက်တစ်ဖက်က သေတ္တာလေးကို ဖွင့်လိုက်သည်
"ရော့....ဒီမှာ သမီးအတွက် လက်ဆောင်.. .....သူက သမီးလိုချင်သမျှ အချစ်တွေ ပေးလိမ့်မယ်......ပြီးတော့ သမီးဘေးနားမှာ သူသေတဲ့အထိ ရှိပေးလိမ့်မယ်......"
Lisa အဒေါ်ကြီးရဲ့ လက်ထဲက သေတ္တာလေးကို ယူလိုက်သည်......
သေတ္တာထဲက ကြောင်ပေါက်စဖြူ ဖြူ လုံးလုံးလေးကို မြင်တော့ Lisa ရဲ့ မျက်လုံးအရောင်လက်သွားတယ်
"ဒီ ကြောင်ပေါက်စလေးက chawအတွက်ပေါ့......."
Lisa စိတ်လှုပ်ရှားစွာ မေးလိုက်တော့ အဒေါ်ကြီးက ပြုံးပြီး ခေါင်းညိတ်ပြတယ်.....
Lisa သေတ္တာထဲက ကြောင်ပေါက်စလေးကို ပွေ့ဖက်ပြီး အဒေါ်ကြီးကို ဦးညွတ်ကာ အကြိမ်ကြိမ်အခါခါ ကျေးဇူတင်စကား ပြောလိုက်သည်......
"သမီးလေး သူ့ကို သေချာ ဂရုစိုက်ပေးနော်.....သမီးလေး သူ့ကို သေချာဂရုစိုက်ပေးရင် နောက်ထပ် သမီးလေး လိုချင်တဲ့ ဆုနှစ်ခု ပြည့်အောင် လုပ်ပေးမယ်........
အဒေါ်ကြီး ပြောတဲ့စကားကို Lisa သိပ်ပြီး စိတ်မ၀င်စားဘဲ ကြောင်လေးဆီသာ အာရုံရောက်နေသည်.......
"Chaeyoungတဲ့......မှတ်ထားနော်.. ...သူက သမီးဘေးနားအမြဲရှိပြီး အချစ်တွေပေးလိမ့်မယ်......သေချာတော့ ဂရုစိုက်ပေးနော် ပစ်မထားနဲ့....."
"Chaeyoung. ........."
Lisaမှာ နာမည်ခေါ်လိုက်ပြီး ကြောင်ဖြူ လုံးလေးရဲ့ ခေါင်းကို နမ်းလိုက်သည်
"စိတ်မပူပါနဲ့ Adjumma.....chaw သေချာဂရုစိုက်ပေးမှာပါ....."
Lisa ကြည့်လိုက်တော့ အဒေါ်ကြီးက မရှိတော့ချေ.....ပတ်၀န်းကျင်ကို တစ်ချက်ပတ်ကြည့်တော့လည်း အဒေါ်ကြီးကို မတွေ့ရတော့ပေ
"Umm......Adjumma ဘယ်ရောက်သွားတာလည်း.....သူ အလျင်လိုနေတာထင်တယ်.....ဘာဘဲဖြစ်ဖြစ် Chaeyoung အတွက် ကျေးဇူးတင်ပါတယ်.. ...."
Lisa ကျေးဇူးတင်စကား အော်ပြောလိုက်သည်
"Chaeyoung ....umm....Chae လို့ဘဲ ခေါ်မယ်နော်....ဒီနေ့ကစပြီး မင်း ငါနဲ့အတူ နေရမယ်နော်....."
Lisaရဲ့ စကားကို Chaeyoung နားလည်ပုံရသည်.....Lisaကို တစ်ချက်ကြည့်ပြီး သူ့ရဲ့ ရင်ခွင်ထဲသို့ ခေါင်းလေးတိုးဝှေ့လိုက်သည်......
Hee Hee အားလုံးက ဖတ်ချင်တယ်ဆိုလို့ ကျွန်တော် Taeny Version ကနေ Chaelisa version ပြောင်းတင်လိုက်ပါပြီ.....Chaeyoungကို ကြောင်ပေါက်လေးလုပ်လို့ စိတ်မဆိုးကြပါနဲ့နော်😁😁နောက်ကျ Chaeyoungဘာဖြစ်လာမလည်းဆိုတာ စောင့်ဖတ်ပေးပါလို့.......Taeny version ဖတ်ဖူးတဲ့ သူတွေကလည်း Chaelisa ver တစ်ဖြတ်ဖတ်ပေးပါကြ xD
#Zawgyi
အသက္ ၇နှစ်အရွယ် ေကာင္မေလးတစ္ေယာက္ အိမ္အနီးအနားရွိ ကစားကြင္းက ဒန္းေပၚမွာ တစ္ေယာက္တည္း ထိုင္ၿပီး ငိုေန၏
ဒီေန႕က သူမရဲ႕ ေမြးေန႕ျဖစ္ေပမယ့္ သူမရဲ႕ မိဘေတြက အလုပ္ကိစၥေၾကာင့္ အနားမွာ ရွိမေပးနိုင္ဘူး......
ႏွစ္တိုင္းလိုလို သူမရဲ႕ေမြးေန႕ကို တစ္ေယာက္တည္း ဒါမွမဟုတ္ အိမ္ေဖာ္ေတြနဲ႕ဘဲ ကုန္ဆုံးခဲ့ရတယ္......
အဲ့ေကာင္မေလးရဲ႕ နာမည္က Lalisa Manoban တဲ့....သူမဟာ ၾကင္နာသနားတတ္တဲ့ စိတ္ထားရွိသူေလးပါ......
Thai မွာရွိတဲ့ နာမည္ႀကီး Manoban လုပ္ငန္းစုရဲ႕ တစ္ဦးတည္းေသာ သမီးပါ.......သူလိုခ်င္တာ လက္ညိုးထိုး႐ုံနဲ႕ ခ်က္ခ်င္း သူ႕မိဘေတြက ၀ယ်ပေးနိုင်ကြတယ်.....
ဒါေပမယ့္ Lisaက ေဈးႀကီးတဲ့ အ႐ုပ္ေတြ အ၀တ္အစားေတြကို မႏွစ္သက္ဘူး ......
သူလိုခ်င္တာ တစ္ခုကေတာ့ သူ႕ေဘးမွာ အၿမဲရွိေနေပးၿပီး သူ႕ကို ဂ႐ုစိုက္ၾကင္နာေပးၿပီး သူ႕ကို အၿမဲခ်စ္ေပးတဲ့သူကို လိုခ်င္တာပါ....
သူ႕ေမြးေန႕......ခရစၥမတ္ေန႕.....ႏွစ္သစ္ကူးေန႕ေတြမွာ မိဘေတြနဲ႕အတူ ျဖတ္သန္းခ်င္ေပမယ့္ သူ႕မိဘေတြက သူ႕ကို အခ်ိန္မေပးနိုင္ခဲ့ဘူး......
Lisa ဒန္းေပၚမွာ ထိုင္ရင္း ေကာင္းကင္ႀကီးကို ေမာ့ၾကည့္ကာ တိတ္တဆိတ္ ငိုေနမိသည္......
"ငါ့ေမြးေန႕ကစၿပီး က်န္တဲ့ ငါ့ရဲ႕ ေန႕ရက္ေတြကို...........အတူတူ ျဖတ္သန္းေပးမယ့္သူ ရွိရင္ ေကာင္းမွာဘဲ......"
Lisa မ်က္လုံးမွိတ္ၿပီး ဆုေတာင္းလိုက္သည္.......
ထိုစဥ္ သူ႕ပခုံးကို တစ္စုံတစ္ေယာက္က လာထိေသာေၾကာင့္ အိမ္ေဖာ္တစ္ေယာက္က လာေခၚတယ္ထင္ၿပီး မ်က္လုံးဖြင့္ၾကည့္ေတာ့ သူ ထင္ထားသလို မဟုတ္ေခ်......
အသက္ႀကီးႀကီး အေဒၚႀကီး တစ္ေယာက္က ခြက္တစ္လုံးကို ကိုင္ၿပီး သူ႕ေရွ႕မွာ ရပ္ေနသည္........
Lisaလည္း ဒန္းေပၚက ဆင္းၿပီး ႏႈတ္ဆက္လိုက္သည္.....ၿပီးေတာ့ ပါးေပၚက သူ႕မ်က္ရည္ေတြကို သုတ္ၿပီး ေဘာင္းဘီအိတ္ထဲက သူ႕မုန့္ဖိုးကို ထုတ္ကာ အေဒၚႀကီးရဲ႕ ခြက္ထဲ ထည့္လိုက္သည္........
အေဒၚႀကီးလည္း ၿပဳံးၿပီး Lisaရဲ႕ ေခါင္းကို ျဖည္းျဖည္းေလးပုတ္ကာ
"သမီးက သနားၾကင္နာတတ္တဲ့ မိန္းကေလးဘဲ.. ...."
"Gomawo Adjumma.....ဒီေန႕က chawရဲ႕ ေမြးေန႕ေလ......"
"Omo Jinja....."
Lisa ၿပဳံးၿပီး ေခါင္းညိတ္ျပလိုက္သည္
"သမီးက ပိုက္ဆံထည့္ထားေတာ့ အေဒၚကလည္း သမီးကို ေမြးေန႕လက္ေဆာင္ ျပန္ေပးရမွာေပါ့ .......ေမြးေန႕လက္ေဆာင္ရရင္ မငိုနဲ႕ေတာ့ေနာ္......"
အေဒၚႀကီးက ေျပာၿပီး သူ႕လက္တစ္ဖက္က ေသတၱာေလးကို ဖြင့္လိုက္သည္
"ေရာ့....ဒီမွာ သမီးအတြက္ လက္ေဆာင္.. .....သူက သမီးလိုခ်င္သမွ် အခ်စ္ေတြ ေပးလိမ့္မယ္......ၿပီးေတာ့ သမီးေဘးနားမွာ သူေသတဲ့အထိ ရွိေပးလိမ့္မယ္......"
Lisa အေဒၚႀကီးရဲ႕ လက္ထဲက ေသတၱာေလးကို ယူလိုက္သည္......
ေသတၱာထဲက ေၾကာင္ေပါက္စျဖဴ ျဖဴ လုံးလုံးေလးကို ျမင္ေတာ့ Lisa ရဲ႕ မ်က္လုံးအေရာင္လက္သြားတယ္
"ဒီ ေၾကာင္ေပါက္စေလးက chawအတြက္ေပါ့......."
Lisa စိတ္လႈပ္ရွားစြာ ေမးလိုက္ေတာ့ အေဒၚႀကီးက ၿပဳံးၿပီး ေခါင္းညိတ္ျပတယ္.....
Lisa ေသတၱာထဲက ေၾကာင္ေပါက္စေလးကို ေပြ႕ဖက္ၿပီး အေဒၚႀကီးကို ဦးၫြတ္ကာ အႀကိမ္ႀကိမ္အခါခါ ေက်းဇူတင္စကား ေျပာလိုက္သည္......
"သမီးေလး သူ႕ကို ေသခ်ာ ဂ႐ုစိုက္ေပးေနာ္.....သမီးေလး သူ႕ကို ေသခ်ာဂ႐ုစိုက္ေပးရင္ ေနာက္ထပ္ သမီးေလး လိုခ်င္တဲ့ ဆုႏွစ္ခု ျပည့္ေအာင္ လုပ္ေပးမယ္........
အေဒၚႀကီး ေျပာတဲ့စကားကို Lisa သိပ္ၿပီး စိတ္မ၀င္စားဘဲ ေၾကာင္ေလးဆီသာ အာ႐ုံေရာက္ေနသည္.......
"Chaeyoungတဲ့......မွတ္ထားေနာ္.. ...သူက သမီးေဘးနားအၿမဲရွိၿပီး အခ်စ္ေတြေပးလိမ့္မယ္......ေသခ်ာေတာ့ ဂ႐ုစိုက္ေပးေနာ္ ပစ္မထားနဲ႕....."
"Chaeyoung. ........."
Lisaမွာ နာမည္ေခၚလိုက္ၿပီး ေၾကာင္ျဖဴ လုံးေလးရဲ႕ ေခါင္းကို နမ္းလိုက္သည္
"စိတ္မပူပါနဲ႕ Adjumma.....chaw ေသခ်ာဂ႐ုစိုက္ေပးမွာပါ....."
Lisa ၾကည့္လိုက္ေတာ့ အေဒၚႀကီးက မရွိေတာ့ေခ်.....ပတ္၀န္းက်င္ကို တစ္ခ်က္ပတ္ၾကည့္ေတာ့လည္း အေဒၚႀကီးကို မေတြ႕ရေတာ့ေပ
"Umm......Adjumma ဘယ္ေရာက္သြားတာလည္း.....သူ အလ်င္လိုေနတာထင္တယ္.....ဘာဘဲျဖစ္ျဖစ္ Chaeyoung အတြက္ ေက်းဇူးတင္ပါတယ္.. ...."
Lisa ေက်းဇူးတင္စကား ေအာ္ေျပာလိုက္သည္
"Chaeyoung ....umm....Chae လို႔ဘဲ ေခၚမယ္ေနာ္....ဒီေန႕ကစၿပီး မင္း ငါနဲ႕အတူ ေနရမယ္ေနာ္....."
Lisaရဲ႕ စကားကို Chaeyoung နားလည္ပုံရသည္.....Lisaကို တစ္ခ်က္ၾကည့္ၿပီး သူ႕ရဲ႕ ရင္ခြင္ထဲသို႔ ေခါင္းေလးတိုးေဝွ႕လိုက္သည္......
Hee Hee အားလုံးက ဖတ္ခ်င္တယ္ဆိုလို႔ ကြၽန္ေတာ္ Taeny Version ကေန Chaelisa version ေျပာင္းတင္လိုက္ပါၿပီ.....Chaeyoungကို ေၾကာင္ေပါက္ေလးလုပ္လို႔ စိတ္မဆိုးၾကပါနဲ႕ေနာ္😁😁ေနာက္က် Chaeyoungဘာျဖစ္လာမလည္းဆိုတာ ေစာင့္ဖတ္ေပးပါလို႔.......Taeny version ဖတ္ဖူးတဲ့ သူေတြကလည္း Chaelisa ver တစ္ျဖတ္ဖတ္ေပးပါၾက xD
Bạn đang đọc truyện trên: Truyen3h.Co