Truyen3h.Co
My Little Kitty
Part 1
KimFany059
#Unicode
Chaeyoung ကို လက်ဆောင်ရတဲ့ နေ့ကစပြီး Lisa တစ်ယောက် Chaeyoung ကိုဘဲ အာရုံစိုက်မိတယ်.....
အိမ်ကနေ ကျောင်းကို ပြန်ရောက်ရင် Chaeyoungကိုဘဲ ဦးဆုံးရှာမိတယ်......သူတို့နှစ်ယောက် အတူ ထမင်းစားတယ်.....အတူ ရုပ်ရှင်ကြည့်တယ်......ရေတောင် အတူချိုးကြတယ်.....
အိမ်က အိမ်ဖော်တွေ အားလုံးကလည်း Lisa အခုလို ပြုံးပျော်နေတာ မြင်ရလို့ ဝမ်းသာနေကြတယ်........
ဒီလိုနဲ့ Lisa အသက် ၁၃နှစ်လောက်ရောက်တော့ YGမှာ audition သွားဖြေချင်တယ်လို့ သူ့မိဘတွေကို ပူဆာတယ်.......Lisa ငယ်ငယ်လေးကတည်းက ကခုန် သီချင်းဆိုရတာကို အရမ်းနှစ်သက်တယ်လေ......
သူ့မိဘတွေက အစကတော့ ခွင့်မပြုပေမယ့် နောက်ပိုင်းတော့ ခွင့်ပြုပေးလိုက်ရတယ်......
YG Entertainment Jisoo,Jennieတို့နဲ့ Trainee အတူတူဆင်းရတယ် ........
Lisaတို့ အဖွဲ့ Debutပြီး နှစ်လ သုံးလလောက်ကြာတော့ ကြော်ငြာတွေ program တွေရဲ့ ဖိတ်ခေါ်ခြင်းကို သူတို့ လက်ခံရရှိတယ်......
Fanတွေ အားလုံးနဲ့ အလုပ်များနေပေမယ့် Chaeyoung ကိုတော့ တစ်ခါမှ မမေ့ခဲ့ဘူး.......
"Chae......ငါ ပြန်ရောက်ပြီ......."
Lisaရဲ့ အသံကို ကြားတော့ ကြောင်ပေါက်လေး Chaeyoungဟာ ထိုင်ခုံပေါ်ကနေ ပြေးဆင်းလာပြီး Lisaရဲ့ ကိုယ်ပေါ်ကို တက်ကာ မျက်နှာကို အားရပါးရ နမ်းတယ်
"Babyလေး ငါ့ကို သတိရနေတာလား......"
Lisaရဲ့ လက်မောင်းထဲကနေ Lisaပြောတဲ့ စကားကို Chaeyoung နားလည်သလို အကြည့်နဲ့ကြည့်တယ်
"Aigoo ဗိုက်ဆာနေပြီလား မုန့်၀ယ်လာတယ်......"
မုန့်သံကြားတာနဲ့ Lisaရဲ့ ကိုယ်ပေါ်ကနေ ခုန်ဆင်းပြီး စားပွဲပေါ်ကို ရောက်သွားတယ်
Lisaလည်း Chaeyoung အတွက်ရော သူ့အတွက်ပါ ညစာပြင်ဆင်လိုက်တယ်.......
နှစ်ယောက်လုံး ညစာစားရင်း Lisaက စကားစပြောတယ် ......
"Chae .....မင်းသိလား..... ငါ ဒီနေ့ အရမ်းလှတဲ့ ကောင်မလေး တစ်ယောက်ကို တွေ့ခဲ့တယ်.......မိန်းကလေးချင်း စိတ်မ၀င်စားဘူးဆိုပေမယ့် သူ့ကိုတော့ စိတ်၀င်စားမိတယ်......."
Lisa ရဲ့ စကားကြောင့် ကြောင်ပေါက်စလေး Chaeyoungမှာ ထမင်းစားနေရာက ရပ်သွားတယ်....ပြီးတော့ Lisa ကို လှမ်းကြည့်လိုက်တယ်
Lisa လည်း ဇွန်းကို ချလိုက်ပြီး သူ့ဖုန်းထဲက ပုံတွေကို Chaeyoungကို ပြလိုက်တယ်
"သူ့ကို ငါ သဘောကျတယ်.....သူက ချစ်စရာလေး......အရမ်းလည်းလှတာ သိလား ...အသံလေးကလည်း ချိုသာတယ်.......သူက ငါတို့ Entertainmentကဘဲ.......သူရဲ့ နာမည်ကို သိချင်လား......."
Lisa မျက်ခုံးကို ပင့်ပြီး မေးလိုက်သည်
"Irene Bae တဲ့ ......နာမည်လေးက လှတယ်မလား....."
Lisa ပြောတာကို ဂရုမစိုက်ဘဲ Chaeyoungမှာ ထမင်းကိုသာ ငုံ့စားနေ၏
"မင်း မနာလိုသ၀န်တိုနေတာ မဟုတ်လား.....
ငါ သိပါတယ်.......စိတ်မပူပါနဲ့.. ...ငါ့မှာ ရည်းစားရှိလာရင်တောင် မင်းက ငါ့အတွက် နံပါတ်၁ပါဘဲ......."
Chaeyoung ကို ပွေ့ချီပြီး Lisa ချော့လိုက်ပေမယ့် chaeyoungမှာ Lisaဆီကနေ ရုန်းပြီး ဆင်းသွားတယ်.......
Lisa ထမင်းစားပြီးတော့ ရေချိူးဖို့ ခုံအောက်မှာ စိတ်ကောက်နေတဲ့ Chaeyoungကို ဆွဲခေါ်လိုက်တယ်
"Chae လာ ရေချိူးမယ်....."
Chaeyoung မှာ ရေမချိုးချင်လို့ ပတ်ပြေးနေတယ်......Lisa လည်း လိုက်မဖမ်းတော့ဘဲ သက်ပြင်းချပြီး
"Okလေ....မင်း ရေမချိုးချင်ဘူးဆိုရင် ငါနဲ့ လာမအိပ်နဲ့.. ....."
Lisa ပြောပြီး ထွက်သွားတော့ Chaeyoung လည်း Lisa နဲ့ မအိပ်ရမှာဆိုးလို့ အနောက်ကနေ ကုတ်ကုတ်လေး လိုက်လာတယ်
ရေချိူးပြီးနောက်
"ကဲ.....မွှေးသွားပြီ မဟုတ်လား.......အိပ်ကြစို့......"
Lisa ပင်ပန်းလို့ ကုတင်ပေါ်ကို ပစ်လှဲလိုက်တယ်......
Chaeyoungလည်း သူ့Lisaရဲ့ ရင်ခွင်ထဲကို ဝင်အိပ်ပစ်လိုက်သည်
မနက်ရောက်တော့ ကုတင်ပေါ်မှာ Chaeyoung ကို မတွေ့တာနဲ့ Lisa အော်လိုက်တယ်......
"Chae......"
Lisaရဲ့ အသံကြားတာနဲ့ Chaeyoungမှာ ကုတင်အောက်ကနေ ကုတင်ပေါ်ကို ပြေးတက်လာတယ်.......
"ဒီနေ့ ငါနဲ့အတူ practice လုပ်ဖို့ YG ​ကို လိုက်ခဲ့...မင်းကို YG ဆီ ခေါ်သွားမယ် Chae. ..........."
Chaeyoung ကို သူ သဘောကျတဲ့ ပန်းရောင် ဂါဝန်လေး ဝတ်ပေးပြီး YG Entertainment ဆီသို့ ခေါ်လာတယ်.......
Practice အခန်းထဲတွင် Jennieနဲ့ Jisooမှာ Lisa လာမယ်် အချိန်ကို စောင့်နေသည်
Lisa လည်း အခန်းထဲ ဝင်လာရော Lisa ချီထားတဲ့ ကြောင်ပေါက်လေး Chaeyoungကို ကြည့်ပြီး Jennie အသည်းယားနေတယ်
"Woo.... Chaeyoung လား ချစ်စရာလေးဘဲ......"
Chaeyoung ကို Lisa လက်ထဲကနေ Jennie ချီပြီး နမ်းလိုက်တယ်
"Yah Jennie....Chaeကို အောက်ချထားလိုက်ပါ ငါတို့ အကတိုက်ရအုံးမယ်......"
Chaeyoung လည်း Jennieပေါ် ကဆင်းပြီး ခုံအောက်လေးမှာ ငြိမ်ငြိမ်လေးထိုင်နေ၏......
သူမ သခင် အကလေ့ကျင့်နေတာကို ငြိမ်ငြိမ်လေး ထိုင်ကြည့်နေသည်
အကတိုက်ပြီး သုံးနာရီကြာပြီးနောက် Lisa တို့ ခဏ နားကြသည်
"Lisa .......ငါဗိုက်ဆာလို့ မုန့်သွားစားလိုက်အုံးမယ်......."
Jisooပြောတော့ Lisaလည်း Chaeyoungကို ချီပြီး
"Chaeလည်း ဗိုက်ဆာနေလောက်ပြီဆိုတော့ ငါလည်း လိုက်ခဲ့မယ်.. ......"
Jisooတို့လည်း YG cafeကို ထွက်လာကြတယ်.....
YG cafeတွင် Ireneကို တွေ့တော့ Lisaမှာ ကြောင်ပေါက်လေး Chaeyoung ကို ကပ်ပြောလေသည်
"Chae..Ireneဆိုတာ သူလေ ချောတယ်မလား......."
Lisa လက်ညိုးထိုးပြရာကို Chaeyoung တစ်ချက်ကြည့်လိုက်တယ်......ပြီးတော့ Lisaရဲ့ လက်ညိုးကို ကိုက်ပြီး ဆင်းပြေးသွားတယ်......
Lisaကတော့ အကိုက်ခံရတဲ့လက်ကို ကိုင်ပြီး Chaeyoung ကို ဂရုမစိုက်ဘဲ မုန့်စားနေတဲ့ Ireneကို စကားသွားပြောတယ်.......
Chaeyoungကတော့ သူ့ကို လိုက်ဖမ်းမလားဆိုပြီး နောက်လှည့်ကြည့်ပေမယ့် သူ့သခင်က တစ်ခြားမိန်းကလေးနဲ့ ရယ်ရယ်မောမော စကားပြောနေတာ မြင်တော့ ၀မ်းနည်းသွားသည်
"Aigoo. ...Lisa ဖွန်ကြောင်နေလို့ ကြောင်ပေါက်လေး ဝမ်းနည်းနေပြီ....လာ Unnieတို့နဲ့ လိုက်ခဲ့ အဲ့သခင်ဆိုးကို ပစ်ထားလိုက်......."
Jennie မှာ လုံးလုံးလုံးလုံးနဲ့ သွားနေတဲ့ ကြောင်လေးကို ပွေ့ချီပြီး Jisooနဲ့အတူ မုန့်တွေ သွားရွေးလေသည်
Lisaကတော့ သူ့ကြောင်လေးကို မေ့ပြီး သူ့ crush Ireneနဲ့ စကားပြောနေတယ်လေ
#TBC
Chaeyoung လေးက အခုကြောင်ပေါက်လေးဆိုပေမယ့် နောက်တစ်ပိုင်းကျရင် ဘာဆက်ဖြစ်မယ်ဆိုတာ စောင့်ဖတ်ပေးကြပါအုံး 🖤👀 ဒါလေးက Author နေ့တိုင်း ဒိတ်ပေးမယ်နော် ဘာလို့ဆို Author ထဲ ရေးပြီးသားရှိလို့ပါ😁
#Zawgyi
"Chae......ငါ ပြန်ရောက်ပြီ......."
Lisa ထမင်းစားပြီးတော့ ရေချိုးဖို့ ခုံအောက်မှာ စိတ်ကောက်နေတဲ့ Chaeyoungကို ဆွဲခေါ်လိုက်တယ်
"Chae လာ ရေချိုးမယ်....."
ရေချိုးပြီးနောက်
"Chae......"
Practice အခန်းထဲတွင် Jennieနဲ့ Jisooမှာ Lisa လာမယ် အချိန်ကို စောင့်နေသည်
#TBC
Bạn đang đọc truyện trên: Truyen3h.Co