Part 10
#Unicode
"ဗိုက်ဆာနေပြီလား........"
ဓာတ်လှေကားကို စောင့်ရင်း Chaeyoungကို Lisa မေးလိုက်သည်။
Chaeyoung ခေါင်းညိတ်ပြတော့
"Ok.....ဒါဆိုလည်း ညစာအရင်စားကြတာပေါ့......"
ဓာတ်လှေကားထဲရောက်တော့ Chaeyoungမှာ Lisaရဲ့ အနောက်မှာနေပြီး Lisaရဲ့ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားတယ်.....
သုံးထပ်က ဂျောင်ကျတဲ့ စားသောက်ဆိုင်ဘက်ကို Lisa သွားလိုက်သည်။
ကံကောင်းချင်တော့ အဲ့ဆိုင်မှာ မိသားစုသုံးယောက်ဘဲရှိလို့ Lisa သူ့maskကို ချွတ်လိုက်ပြီး ဆိုင်ထဲ၀င်သွားလိုက်သည်။
" ဘာစားချင်လည်း............."
"အသား......"
Chaeyoung အဖြေကြောင့် Lisa ရယ်လိုက်ပြီး Waiterကို လှမ်းခေါ်လိုက်သည်။
"အမဲသားကင် နှစ်ပွဲ....အစိမ်းကြော်နဲ့ Orange Juice နှစ်ခွက်....."
"အချိုပွဲရော သုံးဆောင်အုံးမလား ခင်ဗျာ့....."
"မမှာတော့ဘူး.....ခုနပြောထားတာဘဲ မြန်မြန်လေးလုပ်ပေးပါ....."
Waiterလည်း ထွက်သွားရော သူ့ဘေးနား ထိုင်နေတဲ့ Chaeyoungရဲ့ နားလေးသို့ကပ်ပြီး Lisa မေးလိုက်သည်
"အခုထိ ကြောက်နေသေးလား......."
Chaeyoungမှာ Lisaရဲ့ ပခုံးကို မှီပြီး
"နည်းနည်း...."
"အမှန်က သူ့ရဲ့မျက်နှာကို ဆွဲကုတ်လိုက်ရမှာ....."
"သူ ကျွန်မရဲ့ ဒီနေရာကို လာထိတုံးက သူ့ကိုစိုက်ကြည့်နေခဲ့တာ....ပြီးတော့......"
Chaeyoung စကားပြောရင်း ခုနကောင်လေး သူ့ကိုထိခဲ့တဲ့နေရာကို ပြဖို့လုပ်တော့ Lisaမှာ အလန့်တကြားနဲ့ တားလိုက်သည်
"Yah အဲ့လိုမလုပ်ရဘူးလေ......"
ဘေးနားကို တစ်ချက်ကြည့်တော့ ဘယ်သူမ သူတို့ကို သတိမထားမိမှဘဲ သက်ပြင်းချပြီး
"နောက် အဲ့လိုမျိုး မလုပ်ရဘူး ကြားလား မင်းရဲ့ ခြေထောက်ကို ဘယ်သူကိုမှ မပြနဲ့....."
Chaeyoungရဲ့ လက်ကိုကိုင်ပြီး Lisa တိုးတိုးလေးပြောလိုက်သည်။
"ဒါပေမယ့် Liliကရော ...Liliလည်း ကျွန်မ ခြေထောက်ကို မြင်ခဲ့တယ်လေ...."
Chaeyoungရဲ့ စကားကြောင့် Lisa ချောင်းဟန့်ပြီး တစ်ခြားတစ်နေရာကို ကြည့်လိုက်တယ်...
"ငါနဲ့ဆိုရင်တောင် ဘယ်သူ့ကိုမှမပြနဲ့....အထူးသဖြင့် ဒီလိုလူမြင်ကွင်းမှာ....."
"Nae...ဒါနဲ့လေ....ခုနက ကောင်လေး ကျွန်မကို ထိတော့ ဘာလို့ ဒေါသထွက်နေတာလည်းဟင်.....
ကျွန်မ အရင် ကြောင် ဘ၀တုံးကဆို Jennieတို့ က ကျွန်မကို ပွေ့ချီပြီးနမ်းတာတို့ ထိတွေ့တာတောင် Liliက ဘာမှမပြောခဲ့ဘူးလေ....."
"ငါပြောတာ နားထောင် ဘယ်သူ့ကိုမှ ဘယ်နေရာမှ ကိုင်တာကို ခွင့်မပြုနဲ့ ဟုတ်ပြီလား.....အထူးသဖြင့် .....သူတို့အနမ်းလည်း မခံရဘူး....အကယ်၍ မင်းက အနမ်းခံရင် ခုနကောင်လို့ သူတို့ကိုကိုငါထိုးမှာ...."
Lisa အံကြိတ်ပြီး ပြောလိုက်သည်။
တစ်ခြားတစ်ယောက်က Chaeyoungကို နမ်းနေတာလေး တွေးမိတာနဲ့ ဘာလို့ ဒေါသတွေထွက်လာမှန်း Lisa မသိပါ......
မှာထားတာတွေရတော့ Waiterက လာချပေးသောအခါ Chaeyoung ကတော့ အစားကိုဘဲ ကြည့်နေပေမယ့် Lisaကတော့ Waiter ကို စိုက်ကြည့်ပြီး
"မင်းမျက်လုံးတွေက ဘယ်ရောက်နေတာလည်း......."
Lisaဆီက အငေါက်ခံရတော့ Waiter ချက်ချင်းဘဲ ခေါင်းငုံ့ပြီး ထွက်သွားတယ်
"Lili....ဘာလို့ ဒေါသထွက်နေတာလည်း...."
"အဲ့ကောင်က မင်းကို စိုက်ကြည့်နေလို့....."
"စိုက်ကြည့်လို့ ဒေါသထွက်နေတာလား......."
"အေး....."
"Oh....."
"စား လေမပေါနဲ့......."
"Lili....ကျွန်မ လက်တွေ နာနေလို့ ခက်ရင်းကိုင်လို့မရဘူး....."
Lisa သူ စားနေတာရပ်ပြီး Chaeyoung ကို ခွံ့ကျွေးလိုက်သည်။
အသားတွေကုန်သွားတော့ Lisa juiceကို မော့သောက်လိုက်တယ်.....
Lisa သောက်သလို Chaeyoung လိုက်သောက်ပြတော့
"Woo....တက်မြောက်တာ လွယ်သားဘဲ...."
Chaeyoungရဲ့ ခေါင်းလေးကို ပုတ်ပေးပြီး
"ရော့ ဒါလေးစား..."
အစိမ်းကြော်ကို Lisa ခွံ့ကျွေးတော့ Chaeyoungခေါင်းခါလိုက်သည်။
"နည်းနည်းဘဲ မြည်းကြည့် စားလို့ကောင်းတယ်....."
"မစားချင်ဘူး "
Chaeyoung မစားချင်ဘူးဆိုပြီး ငြင်းတယ်......
"ဘာလို့လည်း "
"ကြောင်တွေက မြက်တွေ မစားဘူး........."
"ဒါ မြက်မဟုတ်ဘူး အရွက်ကြော်တွေ......"
"အဲ့အရွက်လည်း မစားဘူး.. ........"
"မင်းက လူဖြစ်နေပြီလေ "
Chaeyoungရဲ့ ပါးစပ်ထဲကို အရွက်ကြော်တွေ ထိုးထည့်ပြီး Lisa ပြောလိုက်သည်။
ညစာစားပြီးနောက် သူတို့ Mallထဲကို လျှောက်ပတ်ကြတယ်........အရုပ်ဆိုင်တစ်ဆိုင်ရှေ့ကို ရောက်တော့ Chaeyoungကို အရုပ်ဆိုင်ထဲ Chaeyoung ဆွဲခေါ်သွားသည်။
"Lili....Teddy Bear လေးလိုချင်တယ် ၀ယပြေးပါ့လား ပြီးတော့ Unicorn လေးရော......"
ကလေးတစ်ယောက်လို လက်ညိုးထိုးပြီး ပူဆာနေတဲ့ Chaeyoungကို Lisa သဘောကျစွာ ကြည့်နေ၏
"လိုချင်တယ်ပေါ့ ......"
Chaeyoung ခေါင်းညိတ်ပြတော့ Lisa သူ့အိတ်ထဲက ကတ်ကိုထုတ်ပြီး ရှင်းလိုက်သည်။
Unicornကို Lisaက ကိုင် ၀ကျဝံရုပျ ကို Chaeyoungက ကိုင်ပြီး အရုပ်ဆိုင်ထဲက ထွက်လာကြတယ်....
"Lili....ဒါပြီးရင် ဘယ်သွားအုံးမှာလည်း......"
"ဘာလို့လည်း ပင်ပန်းနေပြီလား......."
"မဟုတ်ဘူး အရုပ်တွေနဲ့ ဆော့ချင်လို့......"
Chaeyoungရဲ့ အဖြေကြောင့် နှုတ်ခမ်းစူလိုက်ပြီး
"ငါနဲ့ကျ အတူ ရှိမနေချင်ဘူးပေါ့လေ....."
"အဲ့လိုမဟုတ်ပါဘူး......."
"ဒါဆို ဘယ်လိုလည်း......."
"ဘယ်လိုပြောရမလည်းဆိုတော့ Liliက ပထမ ၀ကျဝံလေးက ဒုတိယ Unicornက တတိယ...."
"တကယ်လား......"
"Omm....."
Chaeyoungနဲ့ စကားပြောရင်း သူ့အမဆီက ဖုန်း၀င်လာတယ်
"Hello Dara Unnie....."
"Lisa နင့်ရဲ့ ကားထဲ ငါတို့အကုန်ထည့်ပြီးပြီ သော့ကို လုံခြုံရေး ဦးလေးဆီ အပ်ထားတယ်......ငါ့နာမည်ပြောပြီး သော့ယူလိုက် အိုကေ...."
"Gomawo Unnie.."
"Okay...ဒါနဲ့ သူမက လှတယ်နော် ငါ နင့်အတွက် သူမကို သဘောကျတယ်....."
"ဘယ်သူလဲ.. ...."
Dara စနေတာကို မသိဘဲ Lisa မေးလိုက်သည်။
"Chaeyoungလေ..."
"Unnie ထင်သလိုမဟုတ်ဘူး ....."
"ဘာဘဲဖြစ်ဖြစ် နင်နဲ့ သူက လိုက်တယ် အိုကေ....."
"Unnie....."
"Bye "
Dara ph ချသွားတော့ Lisaလည်း phချလိုက်ပြီး အရုပ်ကြီးကို ပိုက်ထားတဲ့ Chaeyoungကို ခေါ်ပြီး ကားပါကင်ဘက်သွားလိုက်သည်။
#TBC
Update တောင်းတာထက် ဒီ Ficလေးနဲ့ ပတ်သက်တဲ့ cmtလေးတွေပေးမယ်ဆိုရင် Author ပိုပျော်မိမှာဗျာ🤕🖤 အဲ့ကျ ပိုပြီး Update လုပ်ပေးမိမှာ
#Zawgyi
"ဗိုက္ဆာေနၿပီလား........"
ဓာတ္ေလွကားကို ေစာင့္ရင္း Chaeyoungကို Lisa ေမးလိုက္သည္။
Chaeyoung ေခါင္းညိတ္ျပေတာ့
"Ok.....ဒါဆိုလည္း ညစာအရင္စားၾကတာေပါ့......"
ဓာတ္ေလွကားထဲေရာက္ေတာ့ Chaeyoungမွာ Lisaရဲ႕ အေနာက္မွာေနၿပီး Lisaရဲ႕ လက္ကို တင္းၾကပ္စြာ ဆုပ္ကိုင္ထားတယ္.....
သုံးထပ္က ေဂ်ာင္က်တဲ့ စားေသာက္ဆိုင္ဘက္ကို Lisa သြားလိုက္သည္။
ကံေကာင္းခ်င္ေတာ့ အဲ့ဆိုင္မွာ မိသားစုသုံးေယာက္ဘဲရွိလို႔ Lisa သူ႕maskကို ခြၽတ္လိုက္ၿပီး ဆိုင္ထဲ၀င္သြားလိုက္သည္။
" ဘာစားခ်င္လည္း............."
"အသား......"
Chaeyoung အေျဖေၾကာင့္ Lisa ရယ္လိုက္ၿပီး Waiterကို လွမ္းေခၚလိုက္သည္။
"အမဲသားကင္ ႏွစ္ပြဲ....အစိမ္းေၾကာ္နဲ႕ Orange Juice ႏွစ္ခြက္....."
"အခ်ိဳပြဲေရာ သုံးေဆာင္အုံးမလား ခင္ဗ်ာ့....."
"မမွာေတာ့ဘူး.....ခုနေျပာထားတာဘဲ ျမန္ျမန္ေလးလုပ္ေပးပါ....."
Waiterလည္း ထြက္သြားေရာ သူ႕ေဘးနား ထိုင္ေနတဲ့ Chaeyoungရဲ႕ နားေလးသို႔ကပ္ၿပီး Lisa ေမးလိုက္သည္
"အခုထိ ေၾကာက္ေနေသးလား......."
Chaeyoungမွာ Lisaရဲ႕ ပခုံးကို မွီၿပီး
"နည္းနည္း...."
"အမွန္က သူ႕ရဲ႕မ်က္ႏွာကို ဆြဲကုတ္လိုက္ရမွာ....."
"သူ ကြၽန္မရဲ႕ ဒီေနရာကို လာထိတုံးက သူ႕ကိုစိုက္ၾကည့္ေနခဲ့တာ....ၿပီးေတာ့......"
Chaeyoung စကားေျပာရင္း ခုနေကာင္ေလး သူ႕ကိုထိခဲ့တဲ့ေနရာကို ျပဖို႔လုပ္ေတာ့ Lisaမွာ အလန့္တၾကားနဲ႕ တားလိုက္သည္
"Yah အဲ့လိုမလုပ္ရဘူးေလ......"
ေဘးနားကို တစ္ခ်က္ၾကည့္ေတာ့ ဘယ္သူမ သူတို႔ကို သတိမထားမိမွဘဲ သက္ျပင္းခ်ၿပီး
"ေနာက္ အဲ့လိုမ်ိဳး မလုပ္ရဘူး ၾကားလား မင္းရဲ႕ ေျခေထာက္ကို ဘယ္သူကိုမွ မျပနဲ႕....."
Chaeyoungရဲ႕ လက္ကိုကိုင္ၿပီး Lisa တိုးတိုးေလးေျပာလိုက္သည္။
"ဒါေပမယ့္ Liliကေရာ ...Liliလည္း ကြၽန္မ ေျခေထာက္ကို ျမင္ခဲ့တယ္ေလ...."
Chaeyoungရဲ႕ စကားေၾကာင့္ Lisa ေခ်ာင္းဟန့္ၿပီး တစ္ျခားတစ္ေနရာကို ၾကည့္လိုက္တယ္...
"ငါနဲ႕ဆိုရင္ေတာင္ ဘယ္သူ႕ကိုမွမျပနဲ႕....အထူးသျဖင့္ ဒီလိုလူျမင္ကြင္းမွာ....."
"Nae...ဒါနဲ႕ေလ....ခုနက ေကာင္ေလး ကြၽန္မကို ထိေတာ့ ဘာလို႔ ေဒါသထြက္ေနတာလည္းဟင္.....
ကြၽန္မ အရင္ ေၾကာင္ ဘ၀တုံးကဆို Jennieတို႔ က ကြၽန္မကို ေပြ႕ခ်ီၿပီးနမ္းတာတို႔ ထိေတြ႕တာေတာင္ Liliက ဘာမွမေျပာခဲ့ဘူးေလ....."
"ငါေျပာတာ နားေထာင္ ဘယ္သူ႕ကိုမွ ဘယ္ေနရာမွ ကိုင္တာကို ခြင့္မျပဳနဲ႕ ဟုတ္ၿပီလား.....အထူးသျဖင့္ .....သူတို႔အနမ္းလည္း မခံရဘူး....အကယ္၍ မင္းက အနမ္းခံရင္ ခုနေကာင္လို႔ သူတို႔ကိုကိုငါထိုးမွာ...."
Lisa အံႀကိတ္ၿပီး ေျပာလိုက္သည္။
တစ္ျခားတစ္ေယာက္က Chaeyoungကို နမ္းေနတာေလး ေတြးမိတာနဲ႕ ဘာလို႔ ေဒါသေတြထြက္လာမွန္း Lisa မသိပါ......
မွာထားတာေတြရေတာ့ Waiterက လာခ်ေပးေသာအခါ Chaeyoung ကေတာ့ အစားကိုဘဲ ၾကည့္ေနေပမယ့္ Lisaကေတာ့ Waiter ကို စိုက္ၾကည့္ၿပီး
"မင္းမ်က္လုံးေတြက ဘယ္ေရာက္ေနတာလည္း......."
Lisaဆီက အေငါက္ခံရေတာ့ Waiter ခ်က္ခ်င္းဘဲ ေခါင္းငုံ႕ၿပီး ထြက္သြားတယ္
"Lili....ဘာလို႔ ေဒါသထြက္ေနတာလည္း...."
"အဲ့ေကာင္က မင္းကို စိုက္ၾကည့္ေနလို႔....."
"စိုက္ၾကည့္လို႔ ေဒါသထြက္ေနတာလား......."
"ေအး....."
"Oh....."
"စား ေလမေပါနဲ႕......."
"Lili....ကြၽန္မ လက္ေတြ နာေနလို႔ ခက္ရင္းကိုင္လို႔မရဘူး....."
Lisa သူ စားေနတာရပ္ၿပီး Chaeyoung ကို ခြံ႕ေကြၽးလိုက္သည္။
အသားေတြကုန္သြားေတာ့ Lisa juiceကို ေမာ့ေသာက္လိုက္တယ္.....
Lisa ေသာက္သလို Chaeyoung လိုက္ေသာက္ျပေတာ့
"Woo....တက္ေျမာက္တာ လြယ္သားဘဲ...."
Chaeyoungရဲ႕ ေခါင္းေလးကို ပုတ္ေပးၿပီး
"ေရာ့ ဒါေလးစား..."
အစိမ္းေၾကာ္ကို Lisa ခြံ႕ေကြၽးေတာ့ Chaeyoungေခါင္းခါလိုက္သည္။
"နည္းနည္းဘဲ ျမည္းၾကည့္ စားလို႔ေကာင္းတယ္....."
"မစားခ်င္ဘူး "
Chaeyoung မစားခ်င္ဘူးဆိုၿပီး ျငင္းတယ္......
"ဘာလို႔လည္း "
"ေၾကာင္ေတြက ျမက္ေတြ မစားဘူး........."
"ဒါ ျမက္မဟုတ္ဘူး အ႐ြက္ေၾကာ္ေတြ......"
"အဲ့အ႐ြက္လည္း မစားဘူး.. ........"
"မင္းက လူျဖစ္ေနၿပီေလ "
Chaeyoungရဲ႕ ပါးစပ္ထဲကို အ႐ြက္ေၾကာ္ေတြ ထိုးထည့္ၿပီး Lisa ေျပာလိုက္သည္။
ညစာစားၿပီးေနာက္ သူတို႔ Mallထဲကို ေလွ်ာက္ပတ္ၾကတယ္........အ႐ုပ္ဆိုင္တစ္ဆိုင္ေရွ႕ကို ေရာက္ေတာ့ Chaeyoungကို အ႐ုပ္ဆိုင္ထဲ Chaeyoung ဆြဲေခၚသြားသည္။
"Lili....Teddy Bear ေလးလိုခ်င္တယ္ ၀ယပြေးပါ့လား ၿပီးေတာ့ Unicorn ေလးေရာ......"
ကေလးတစ္ေယာက္လို လက္ညိုးထိုးၿပီး ပူဆာေနတဲ့ Chaeyoungကို Lisa သေဘာက်စြာ ၾကည့္ေန၏
"လိုခ်င္တယ္ေပါ့ ......"
Chaeyoung ေခါင္းညိတ္ျပေတာ့ Lisa သူ႕အိတ္ထဲက ကတ္ကိုထုတ္ၿပီး ရွင္းလိုက္သည္။
Unicornကို Lisaက ကိုင္ ၀ကျဝံရုပျ ကို Chaeyoungက ကိုင္ၿပီး အ႐ုပ္ဆိုင္ထဲက ထြက္လာၾကတယ္....
"Lili....ဒါၿပီးရင္ ဘယ္သြားအုံးမွာလည္း......"
"ဘာလို႔လည္း ပင္ပန္းေနၿပီလား......."
"မဟုတ္ဘူး အ႐ုပ္ေတြနဲ႕ ေဆာ့ခ်င္လို႔......"
Chaeyoungရဲ႕ အေျဖေၾကာင့္ ႏႈတ္ခမ္းစူလိုက္ၿပီး
"ငါနဲ႕က် အတူ ရွိမေနခ်င္ဘူးေပါ့ေလ....."
"အဲ့လိုမဟုတ္ပါဘူး......."
"ဒါဆို ဘယ္လိုလည္း......."
"ဘယ္လိုေျပာရမလည္းဆိုေတာ့ Liliက ပထမ ၀ကျဝံလေးက ဒုတိယ Unicornက တတိယ...."
"တကယ္လား......"
"Omm....."
Chaeyoungနဲ႕ စကားေျပာရင္း သူ႕အမဆီက ဖုန္း၀င္လာတယ္
"Hello Dara Unnie....."
"Lisa နင့္ရဲ႕ ကားထဲ ငါတို႔အကုန္ထည့္ၿပီးၿပီ ေသာ့ကို လုံၿခဳံေရး ဦးေလးဆီ အပ္ထားတယ္......ငါ့နာမည္ေျပာၿပီး ေသာ့ယူလိုက္ အိုေက...."
"Gomawo Unnie.."
"Okay...ဒါနဲ႕ သူမက လွတယ္ေနာ္ ငါ နင့္အတြက္ သူမကို သေဘာက်တယ္....."
"ဘယ္သူလဲ.. ...."
Dara စေနတာကို မသိဘဲ Lisa ေမးလိုက္သည္။
"Chaeyoungေလ..."
"Unnie ထင္သလိုမဟုတ္ဘူး ....."
"ဘာဘဲျဖစ္ျဖစ္ နင္နဲ႕ သူက လိုက္တယ္ အိုေက....."
"Unnie....."
"Bye "
Dara ph ခ်သြားေတာ့ Lisaလည္း phခ်လိဳက္ၿပီး အ႐ုပ္ႀကီးကို ပိုက္ထားတဲ့ Chaeyoungကို ေခၚၿပီး ကားပါကင္ဘက္သြားလိုက္သည္။
#TBC
Update ေတာင္းတာထက္ ဒီ Ficေလးနဲ႕ ပတ္သက္တဲ့ cmtေလးေတြေပးမယ္ဆိုရင္ Author ပိုေပ်ာ္မိမွာဗ်ာ အဲ့က် ပိုၿပီး Update လုပ္ေပးမိမွာ 🤕🖤
Bạn đang đọc truyện trên: Truyen3h.Co