Part 9
#Unicode
Chaeyoungရဲ့ လက်ကို ဆွဲပြီး Car Parkingဘက်ကို Lisa ထွက်လာတယ်
ကားတံခါးကို ဖွင့်ပြီး Chaeyoungကို ကားထဲအရင် ၀င် ခိုင်း လိုက်သည်
"အထဲ၀င်......."
Lisaကတော့ ဖုန်းတစ်ခုကို အပြင်မှာရပ်ကာ ခေါ်နေ၏
"Hello Unnie............Chaw အခု အဲ့ကိုလာမလို့လေ......Chaw သူငယ်ချင်းအတွက် အ၀တ်အစားတွေ စီစဉ်ပေးထားလို့ရမလား.....ကောင်မလေးပါနော် ......Chawနဲ့အတူ ပါလာမှာ.......Nae....အခုထွက်လာပြီနော်....."
Lisa ph ပြောပြီးနောက် ကားထဲ ၀င် ထိုင် လိုက်သည် Chaeyoung ကို ခါးပတ်ပတ်ပေးရင်း
"ကားစီးမယ်ဆို အမြဲတမ်း ခါးပတ်ပတ်ထားရမယ် ဟုတ်ပြီလား......"
Chaeyoung ခေါင်းညိတ်ပြီး သူ့ကို ခါးပတ်ပတ်ပေးတဲ့ Lisaရဲ့ ပါးကို ရွတ်ခနဲနမ်းလိုက်တယ် ......
Lisaမှာ အနမ်းခံရတော့ ပြုံးလိုက်ပြီး Chaeyoungရဲ့ ဆံပင်လေးကို ဖွလိုက်ပြီး mall ဘက်ကို မောင်းလိုက်တယ်.. ...
"Lili...ကားအသစ် ၀ယ်ထားတာလား........"
ကားတစ်စီးလုံးက အသစ်အတိုင်း ဖြစ်နေလို့ Chaeyoung သိချင်လို့ မေးလိုက်သည်။
"အက်လဲ့ ကြောင်လေးဖြစ်တဲ့ မင်းက ဒါမျိူးလည်း သတိထားမိတယ်ပေါ့...."
Lisa ရယ်ပြီး စလိုက်တော့ Chaeyoung နှုတ်ခမ်းစူသွားတယ်
"Haha စတာပါ....ဒီကားအသစ်ကို မနေ့ကမှ ၀ယ်ထားတာ.. ...မင်းနဲ့ အတူ စီးချင်လို့လေ....ငါ့ကားမှာ ငါနဲ့ပထမဆုံးစီးမယ့်သူက မင်းဘဲ ဖြစ်စေချင်တာ....."
Chaeyoung ပျော်ပြီး သူ့မျက်နှာကို Lisa ပခုံးပေါ်တင်ကာ သူ့နှာခေါင်းလုံးလုံးလေးနဲ့ Lisa ပခုံးကို ပွတ်နေ၏
"Chae.....အဲ့လိုလုပ်ပြန်ပြီလား မင်းက လူလေ ပြီးတော့ ငါ ကားမောင်းနေတယ်ဟ...."
Chaeyoung သူ့နေရာသူ ပြန်ပြီးထိုင်ကာ နှုတ်ခမ်းထပ်စူပြန်သည်။
"Lili....ကြွက်လေ........"
Lisa ကားမောင်းရင်းနဲ့ သူ့ Chaeyoung ကို တစ်ချက်ကြည့်ပြီး
"ကြွက် အကြောင်း မေ့လိုက်တော့...."
"ဒါပေမယ့် Liliရဲ့ အ၀တ်အစားတွေ......"
"ငါ့အ၀တ်အစားတွေက ဘာဖြစ်လို့လဲ.. ..."
"ကြွက်က ကိုက်လိမ့်မယ်......"
"What? Ah.... ငါ ဘာလို့ မတွေးမိတာလည်း..........."
"အဲ့တာကြောင့် အစကတည်းက ကျွန်မကို ဖမ်းခွင့်ပေးရမှာကို....."
"ငါ့အ၀တ်အစားတွေကို ဖျက်စီးကြည့် ထောင်ချောက်ဆင်ပြီး ဖမ်းပြမယ်....."
'မလိုပါဘူး ကျွန်မ ဖမ်းပေးပါမယ်...."
Lisa ခေါင်းခါပြီး ကားကိုသာ အာရုံစိုက်မောင်းလိုက်တယ်
၄၅မိနစ်လောက် ကားမောင်းပြီးနောက် Mallရှေ့ကို သူတို့ရောက်လာတယ် ....Lisa ကားကို ပါးကင်ထိုးပြီး ဦးထုပ်ဆောင်းကာ Maskတပ်ပြီး ကားထဲက ဆင်းလိုက်တယ်.....
Chaeyoung ကို ကားတံခါးဖွင့်ပေးတော့ Chaeyoungမှာ ခါးပတ်ကြိုးဖြုတ်နေရတာနဲ့ အလုပ်ရှုပ်နေ၏.....Chaeyoungကို ကြည့်ပြီး ရယ်ရင်း
"ငါပြမယ် ဘယ်လိုလုပ်ရတယ်ဆိုတာ ခါးပတ်ကို ကိုင်ပြီး ဒီခလုတ်လေးကို နှိပ်ရုံဘဲ....."
"Oh လွယ်သားဘဲ ....ဒါနဲ့ Liliက ဘာလို့ မျက်နှာကို ကာထားတာလည်း...."
'ဒီအတိုင်းပဲ ငါ့မျက်နှာကို ဘယ်သူမှ မမြင်စေချင်လို့ "
Lisaက သူဟာ နာမည်ကြီးအဖွဲ့က အဆိုတော်ဆိုတာ Chaeyoungကို မသိစေချင်လို့ ညာပြောလိုက်တယ်
Chaeyoung လည်း ခေါင်းညိတ်ပြပြီး ဘာမှဆက်မမေးတော့ဘဲ Lisa ရဲ့ လက်ကို တွဲပြီး mall ဘက်ကို လျှောက်လာတယ်
"Wow.....အရမ်းလှတာဘဲ......"
သူ့အရှေ့က အဆောက်အဦး အကြီးကြီးကို ကြည့်ပြီး Chaeyoung သဘောကျနေ၏
"သဘောကျနေတယ်ပေါ့....."
"Onn အကြီးကြီးဘဲ ပြီးတော့ အရမ်းလှတယ်"
"အင်းပါ.....လျှောက်မသွားခင် တစ်ယောက်ယောက်ကို သွားတွေ့ရအောင်....."
Chaeyoungရဲ့ လက်ကို Lisa သေချာတွဲပြီး ဓာတ်လှေကားထဲ ၀ငခ သွားတယ်.......
ဓာတ်လှေကားထဲမှာ လူတွေအများကြီးရှိနေလို့ Chaeyoung နေရခက်နေတယ်.........
Lisaရဲ့ လက်ကို သေချာကို ဆုပ်ကိုင်ထားတယ်.....Lisa လည်း Chaeyoungက လူတွေနဲ့မထိတွေ့ရတော့ ကြောက်နေမယ်ဆိုတာသိတော့ လက်ကိုသေချာဆုပ်ကိုင်ထားတယ်.....
ဓာတ်လှေကားထဲက လူတစ်ချို့ထွက်သွားကြပြီး ကောင်လေးတယောက် ၀ငျလာတယျ...
Chaeyoung မှာ ရုတ်တရက် ကောင်လေးရဲ့ လက်မောင်းကို လက်သည်းနဲ့ကုတ်လိုက်တယ်
"Ah Shit ....."
ကောင်လေးမှာ သွေးထွက်သွားတဲ့ သူ့လက်မောင်းကို ကိုင်ပြီး Chaeyoungကို ဆဲလိုက်တယ်....
ပြီးတော့ Chaeyoungကို ရိုက်ဖို့ လက်ရွယ်တော့ Lisa အရှေ့ကနေကာပြီး ကောင်လေးရဲ့ လက်ကို ဖမ်းဆုပ်လိုက်သည်။
"Chae မင်း ဘာလို့ အဲ့လိုလုပ်တာလည်း....."
ကောင်လေးရဲ့ လက်ကို ချုပ်ထားပြီး Chaeyoungကို မေးလိုက်သည်။
"သူက ကျွန်မရဲ့ ဖင်ကို လာကိုင်လို့....."
"ဘာ...... ခွေးမသား......"
Lisa ဒေါသထွက်ပြီး ကောင်လေးရဲ့ လည်ပင်းကို ညှစ်ထားပြီး မျက်နှာကို လက်သီးနဲ့ပိတ်ထိုးလိုက်သည်။
Chaeyoungကတော့ ကြောက်ပြီး ထောင့်မှာကပ်နေသည်......ဓာတ်လှေကားပွင့်လာတော့ ဓာတ်လှေကားထဲ ရန်ဖြစ်နေတဲ့ ကောင်လေးနှစ်ယောက်(Lisaက ကောင်လေးလို ၀တျထားတာလေ)ကို မြင်တော့ Mallက လူတွေက အော်ကြတယ်.....
လုံခြုံရေးတွေလည်း ဓာတ်လှေကားဘက်ကို ပြေးလာကြပြီး Lisa တို့ကို ဆွဲထုတ်တယ်......
Chaeyoungရဲ့ လက်ကို လုံခြုံရေးက လှမ်းဆွဲတော့ လုံခြုံရေးလက် အကုတ်ခံရမှာဆိုးလို့ Lisa လှမ်းတားတယ်
"သူ့ကို မထိနဲ့....."
လုံခြုံရေးလက်က ရုန်းထွက်ပြီး ငိုနေတဲ့ Chaeyoungကို သူ့ရင်ခွင်ထဲ ဆွဲသွင်းပြီး ချော့လိုက်သည်
"Shuuu....မငိုနဲ့တော့နော်....."
"Sir....ကျွန်တော်တို့နဲ့အတူ ရုံးခန်းကို လိုက်ခဲ့ပါ....."
"Ok....."
လုံခြုံရေးကို ပြောပြီး Chaeyoungကို ပြုံးပြရင်း Chaeyoungပါးပေါ်က မျက်ရည်တွေကို သုတ်ပေးလိုက်သည်။
"Chae. ....မကြောက်နဲ့တော့နော် ငါရှိနေတာဘဲ...."
Chaeyoung မှာ ခုနက ကိစ္စကြောင့် ကြောက်ပြီး ဘာဆိုဘာမှမပြောနိုင်ချေ
ရုံးခန်းထဲ ရောက်တော့ လုံခြုံရေး ခေါင်းဆောင်က Chaelisaနဲ့ နှာဘူးကောင်ကို ထိုင်ခိုင်းတယ်....ပြီးနောက် Lisa ကို ကြည့်ပြီး
"Sir....Mask လေး ဖြုတ်ပေးလို့ရမလား......"
Lisa Maskကို ဖြုတ်လိုက်တော့ လုံခြုံရေးမှာ အံ့သြသွားလေ၏
"ငါ ဘယ်သူလဲဆိုတာ သိတယ်မလား ဒီကောင်က နှာဘူး..ဖင်ကိုလာကိုင်လို့ ငါ ထိုးလိုက်တာ........နောက်တစ်ခါဒီလိုနှာဘူးကို အ၀င်မခံနဲ့......သွားခွင့်ပြုပါအုံး......"
Lisaကို လုံခြုံရေးတွေက ဘာမှပြန်မပြောရဲပေ ဘာလို့ဆို Lisaရဲ့အဖေက ဒီ mall ပိုင်ရှင် ဖြစ်နေသောကြောင့် ဖြစ်သည်
Lisaလည်း maskကို ပြန်တပ်ပြီး Chaeyoungလက်ကို ဆွဲပြီး ခုနှစ်ထပ်ကို တက်သွားတယ်
"Chae....ဘာလို့ ငြိမ်နေတာလည်း အိမ်ပြန်ချင်ပြီလား....."
"ကျွန်မ ဒီမှာနေရတာ ကြောက်တယ် "
"ဒီမှာ ငါရှိတာဘဲ မကြောက်ပါနဲ့ ငါမင်းကို ကာကွယ်ပေးမယ်...."
ခုနှစ်ထပ်ကို ရောက်တော့ အခန်း တစ်ခန်းထဲကို lisa တို့ ၀ငျသှားတယျ
"Lisa ....."
ကောင်မလေးတစ်ယောက်မှာ Lisa ကို ပြေးဖက်ပြီး ပါးကို နမ်းလိုက်လို့ Chaeyoungမှာ မျက်မှောင်ကြုတ်ကာ ကောင်မလေးကို စိုက်ကြည့်နေ၏
"Hey....ငါက သူ့ရဲ့အမ၀မ်းကွဲ Sandara ပါ"
သူ့ကို ဝါးစားလုမတတ်စိုက်ကြည့်နေတဲ့ Chaeyoung ကို လက်ဆွဲနှုတ်ဆက်ဖို့ လက်ကမ်းလိုက်သော်လည်း Chaeyoung ကတော့ ဒီအတိုင်းဘဲ စိုက်ကြည့်နေ၏
"လက်ဆွဲနှုတ်ဆက်လိုက်လေ....Chae......"
Lisa နားနားလေးကပ်ပြောမှ လက်ဆွဲနှုတ်ဆက်လိုက်သည်.....
"အဲ့ကောင်မလေးက ဘယ်သူလဲ.. ...."
Sandaraမှာ ထိုင်ခုံပေါ် ထိုင်လိုက်ပြီး မေးလိုက်သည်။
"Chaeတဲ့ ကျွန်တော့် သူငယ်ချင်းလေ...."
"Wow နင့်ရဲ့ ကြောင်လေးနဲ့နာမည်တူတာဘဲ....."
"Oh....တကယ်က သူ့နာမည်က Chaeyoung .....Chaeyoungနဲ့ နာမည်တူလို့ ကျွန်တော့်သူငယ်ချင်းဖြစ်နေတာပေါ့ အဟီး...."
"သူငယ်ချင်း....ဒါကို သူငယ်ချင်းလို့ခေါ်တယ်ပေါ့...."
Lisaရဲ့ လက်မောင်းကို တွဲပြီး ပခုံးပေါ်မှီကာ အခန်းထဲလျှောက်ကြည့်နေတဲ့ Chaeyoungကို လက်ညှိုးထိုးပြီး Sandara အံ့သြတကြီးမေးလိုက်သည်။
"ဓာတ်လှေကားထဲမှာ နှာဘူးတစ်ကောင်လုပ်ရပ်ကြောင့် သူကြောက်နေလို့ပါ "
"သူက နင်ပြောနေတဲ့ကောင်မလေးလား......"
"Unnie ....အမေးအမြန်းထူတာ ရပ်ပြီး သူ့အဝတ်အစားတွေ ပြပါဗျာ....."
"Okay...ငါ သူ့ရဲ့ body sizeကို သိချင်တာ..... Su Jin သူ့ကို လာတိုင်းပေး......"
"Chae....မင်းအတွက် အ၀တ်အစားလုပ်ပေးမှာမို့ အတိုင်းခံလိုက်နော် မကြောက်နဲ့သိလား....."
Chaeyoung ခေါင်းညိတ်ပြီး မတ်တပ်ရပ်လိုက်သည်။
"Unnie.....အ၀တ်အစားတွေ စီစဉ်ပြီးရင် ကျွန်တော့်ကားထဲ ထည့်ပေးနော် ဒီမှာကားသော့ ကျွန်တော်တို့ဒီထဲ ခဏပတ်လိုက်အုံးမယ်"
Lisa ပစ်ပေးတဲ့ ကားသော့ကို Sandara ဖမ်းလိုက်တယ်
"Finally.. ...Lisa မှာ ချစ်သူကောင်မလေးရလာပြီဘဲ......"
အခန်းထဲက ထွက်သွားတဲ့ သူ့ညီမကိုကြည့်ပြီး Sandara ရေရွတ်လိုက်သည်။
#Tbc
#zawgyi
ကားတံခါးကို ဖွင့်ပြီး Chaeyounfကို ကားထဲအရင် ၀ငျ ခိုင်း လိုက်သည်
"အထဲဝင်......."
Lisa ph ပြောပြီးနောက် ကားထဲ ၀ငျ ထိုင် လိုက်သည် Chaeyoung ကို ခါးပတ်ပတ်ပေးရင်း
"Lili...ကားအသစ် ၀ယျထားတာလား........"
"အက်လဲ့ ကြောင်လေးဖြစ်တဲ့ မင်းက ဒါမျိုးလည်း သတိထားမိတယ်ပေါ့...."
"Haha စတာပါ....ဒီကားအသစ်ကို မနေ့ကမှ ၀ယျထားတာ.. ...မင်းနဲ့ အတူ စီးချင်လို့လေ....ငါ့ကားမှာ ငါနဲ့ပထမဆုံးစီးမယ့်သူက မင်းဘဲ ဖြစ်စေချင်တာ....."
"Lili....ကြွက်လေ........"
"ကြွက်က ကိုက်လိမ့်မယ်......"
"Wow.....အရမ်းလှတာဘဲ......"
"သဘောကျနေတယ်ပေါ့....."
ဓာတ်လှေကားထဲက လူတစ်ချို့ထွက်သွားကြပြီး ကောင်လေးတယောက် ၀ငလြာတယြ...
"Ah Shit ....."
"ဘာ...... ခွေးမသား......"
Chaeyoungကတော့ ကြောက်ပြီး ထောင့်မှာကပ်နေသည်......ဓာတ်လှေကားပွင့်လာတော့ ဓာတ်လှေကားထဲ ရန်ဖြစ်နေတဲ့ ကောင်လေးနှစ်ယောက်(Lisaက ကောင်လေးလို ၀တထြားတာလေ)ကို မြင်တော့ Mallက လူတွေက အော်ကြတယ်.....
"သူ့ကို မထိနဲ့....."
"Ok....."
ခုနှစ်ထပ်ကို ရောက်တော့ အခန်း တစ်ခန်းထဲကို lisa တို့ ၀ငသြှားတယြ
"Lisa ....."
#Tbc
Bạn đang đọc truyện trên: Truyen3h.Co